Monday, November 30, 2020

တပ်မတော်ဘက်က ဒီဇင်ဘာလကုန်အထိ အပစ်ရပ် ထပ်တိုး

 တပ်မတော်ဘက်က ဒီဇင်ဘာလကုန်အထိ အပစ်ရပ် ထပ်တိုး

ရွှေဖီမြေ၊ ဒီဇင်ဘာ ၁ ရက်၊ လားရှိုး

ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ အပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်ကြောင်း တပ်မတော်ဘက်က ဒီနေ့ ဒီဇင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ်တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ် ရေးထားထားတဲ့အဖွဲ့အပြင် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း လက်မှတ်ရေးထိုးနိုင်အောင် အပစ်ရပ်တိုးတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာတွေမှအပ ကျန်နယ်မြေတွေမှာသာ အပစ်ရပ်တာ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ အပစ်ရပ်ကြေညာလာတာ လက်ရှိအကြိမ်အပါအဝင် ၅ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

#အပစ်ရပ် #သက်တမ်းတိုး #တပ်မတော်

#ဓာတ်ပုံ- Google

https://www.facebook.com/451214215694715/posts/850161109133355/


https://www.facebook.com/shwepheemyaynews/posts/850161109133355

ကချင်စစ်ရှောင်များ အတွက် မိုင်းရှင်းပေးမည်ဟု တပ်ချုပ် ကတိပြု

 ကချင်စစ်ရှောင်များ အတွက် မိုင်းရှင်းပေးမည်ဟု တပ်ချုပ် ကတိပြု

ယနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KBC တို့ တွေ့ဆုံစဉ် / KBC

7.2k

By နန်းလွင်နှင်းပွင့် 1 December 2020

Want create site? Find Free WordPress Themes and plugins.

ကချင် စစ်ဘေးရှောင်များ နေရပ်ပြန်ရေး လုပ်ငန်းစဉ်တလျှောက်တွင် တပ်မတော်ဘက်မှ မိုင်းရှင်းလင်းရေးလုပ်ပေးမည် ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ကို ကတိပြု ပြောဆိုသည်ဟု သတင်းရရှိသည်။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်ရှိ မလိခရိပ်သာ၌ KBC ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို ခေါ်ယူတွေ့ ဆုံရာတွင် ထိုသို့ ကတိပြုပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။


ဒေါက်တာ ခလမ်ဆမ်ဆွန်က “အဓိကတော့ စစ်တပ်နဲ့ မိုင်းရှင်းလင်းရေးမှာ ကျနော်တို့က အကူအညီ တောင်းတယ်။ တချို့ မှာတော့ KIO နဲ့ တပ်မတော်ကြား ပူးပေါင်းပြီး အတူ လုပ်ဆောင်ဖို့လည်း လိုတာပေါ့။ မိုင်းရှင်းလင်းရေးမှာလေ။ အဓိက က တော့ နေရပ်ပြန်ရေးက KIO ထိန်းချုပ်နယ်မြေမှာရော၊ အစိုးရနယ်မြေကရော IDPs နေရပ်ပြန်ရေးကို အမြန်ဆုံး လုပ်စေ ချင်တဲ့သဘောနဲ့ ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဘက်ကလည်း ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေးတွင် မိုင်းရှင်းလင်း ရေးကို ကူညီမည်ဟု ကတိပြုသည့်အပြင် အခြားလိုအပ်သည်များရှိပါကလည်း အကူအညီတောင်းနိုင်ပါသည်ဟု ပြန်လည် ပြောဆိုကြောင်း သိရသည်။


ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ကချင်စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ဦးဆောင်ပြုလုပ်နေသည့် ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ (KHCC) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။


KHCC တွင် ကချင်နှစ်ခြင်း ခရစ်ယာန်၊ ကတ်သလစ်နှင့် အင်္ဂလိကန် အသင်းတော်တို့မှ ဘာသာရေး ခေါင်းဆောင်ကြီးများ ပါဝင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ပြည်ထောင်စုအဆင့် လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့နှင့်လည်း ချိတ်ဆက်ကာ ဒုက္ခသည်များ နေရပ်ပြန်ရေးကို လုပ်ဆောင်လျက် ရှိသည်။


ဒေါက်တာ ခလမ်ဆမ်ဆွန်က “ငြိမ်းချမ်းရေးတောင် ဒီကနေ စဖြစ်နိုင်တယ်လို့ ကျနော်က မြောက်ပိုင်းတိုင်း တိုင်းမှူးကို တောင် ပြောပါသေးတယ်။ ဒီလို စစ်ဘေးရှောင် နေရပ်ပြန်ရေးမှာ ပူးပေါင်းလုပ်ဆောင်ရင်းနဲ့ ငြိမ်းချမ်းရေးကို ရယူသွားရ အောင်လို့ ပြောခဲ့တယ်။ ဒါကြောင့် IDPs နေရပ်ပြန်ရေးက ငြိမ်းချမ်းရေးအတွက် လှေကားထစ် တခုပါ” ဟုလည်း ပြောဆို သည်။


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ၊ တပ်မတော်တို့က ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ဆွေးနွေးနေရာ KIA ဘက်မှ နံပါတ် ၁ ဦးစားပေး ဆွေးနွေးနေသည့် အချက်သည် စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေး ဖြစ်သည်။


၂၀၁၉ ခုနှစ် ဧပြီတွင် ပြုလုပ်သည့် ဧရာဝတီ ၏ အမေးအဖြေကဏ္ဍတွင် KIO ၏ ထိပ်သီးခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ် ဂွန်မော်က အပစ်ရပ်စာချုပ် ချုပ်ဆိုရန်အတွက် ကချင်ပြည်နယ်၌ နှစ်ဖက် အပစ်ရပ်ဆိုင်းထားကာ တည်ငြိမ်သည့် အခြေ အနေတခုကို ပထမဆုံး ဖန်တီးပြီး၊ ဒုတိယအဆင့်အနေဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေးကို ဝိုင်းဝန်းကြိုး ပမ်းလိုသည်ဟု ဖြေဆိုထားသည်။


ထိုစဉ်ကတည်းက KIO က ရွာပေါင်း ၆၅ ရွာကို နေရပ်ပြန်နိုင်ရေး စီစဉ်ပေးရန် အစိုးရထံသို့ တင်ပြခဲ့ဖူးပြီး နေရပ်ပြန်မည့် နေရာများကို စစ်ရေးအရ ထပ်မံ တိုက်ခိုက်မှုများ မရှိရန် အာမခံကြောင်းကိုလည်း တပူးတွဲတည်း ဆွေးနွေးခဲ့ဖူးသည်။


ထိုကဲ့သို့ စတင် ဆွေးနွေးစဉ်ကတည်းက ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် KHCC ကို ဦးဆောင် လုပ်ကိုင်ပေးရန် ထိုစဉ်ကတည်းက KIO ကလည်း သဘောတူ လက်ခံထားသည်။


ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်းကလည်း ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေးတွင် အသုံးပြုရန် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒေါ်လာ ၅ သန်း အလှူငွေ ပေးအပ်ထားသည်။


လက်ရှိတွင် ကချင်စစ်ဘေးရှောင်ဒုက္ခသည် ၁ သိန်းကျော်အနက် ၁ သောင်းကျော်မှာ နေရပ်ပြန်ကာ နေထိုင်နေကြပြီ ဖြစ် ပြီး ကျန်စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန်အတွက်လည်း KHCC က စီစဉ်လျက် ရှိသည်။


ကချင်စစ်ဘေးရှောင်ဒုက္ခသည် ၁ သိန်းကျော်မှာ တပ်မတော်နှင့် KIA ကြား တိုက်ပွဲ စဖြစ်သည့် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စ၍ နေရပ် စွန့်ခွာထွက်ပြေးလာရပြီး ယခုအခါ စစ်ဘေးရှောင် စခန်းများတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေရသည်မှာ ၉ နှစ် ကျော်ပြီ ဖြစ်သည်။


တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကာလက နိုင်ငံတကာ အဖွဲ့အစည်းများမှ ကချင်စစ် ဘေးရှောင်ဒုက္ခသည်များကို ဘက်စုံ ကူညီ ထောက်ပံ့သော်လည်း ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ထောက်ပံ့မှုများကို လျှော့ချခဲ့သည်။


စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် အချို့စခန်းများမှာ ထောက်ပံ့မှု အားလုံး ပြတ်တောက်လုနီးနီး ဖြစ်သွားပြီး အချို့ စခန်းများမှာ တလ စားသောက်စရိတ်အဖြစ် လူတဦးလျှင် ငွေကျပ် ၂ သောင်းမှ ၂ သောင်းခွဲခန့်သာ ရရှိကြသည်။


ထိုငွေပမာဏမှာ လူတဦးလျှင် တနေ့ကို ငွေကျပ် ၆၀၀ ဝန်းကျင်သာ သုံးစွဲခွင့် ရှိသည်။


စစ်ဘေးရှောင် စခန်းများတွင် နှစ်ကြာလာသဖြင့် အမျိုးသားများက ရရာ ကျပန်းအလုပ်များ လုပ်ကိုင်ရာ လုပ်ခလစာ ခေါင်း ပုံဖြတ်ခံရခြင်းများ ကြုံတွေ့ရပြီး ထိုထဲမှ မန်စီမြို့နယ်တွင် သစ်သယ်သည့် အလုပ်ကို သွားရောက်လုပ်ကိုင်သည့် စစ်ဘေး ရှောင် အမျိုးသား ၃ ဦးကို စစ်ဆင်ရေးနယ်မြေအတွင်းတွေ့သဖြင့် တပ်မတော်၊ တပ်ဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက်ကာ သတ် ဖြတ်သည့် အမှုလည်း ဖြစ်ပွားထားသည်။


စစ်ဘေးရှောင် အမျိုးသမီးများမှာလည်း တရုတ်နိုင်ငံဘက်သို့ အလုပ်သွားရောက် လုပ်ကိုင်ရာမှ လူကုန်ကူးခံရခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများ ရှိလာသည်။


ထို့ပြင် စစ်ဘေးရှောင်ဒုက္ခသည်များ၏ နေရပ်ရင်းရွာများရှိ နေအိမ်များမှာ ပျက်စီးပြီး ၎င်းတို့ လုပ်ကိုင်စားသောက်သည့် တောင်ယာများမှာလည်း ခြုံနွယ်ထူထပ်ကာ သစ်ပင်ကြီးများ ပေါက်လာသဖြင့် မြေလွတ်မြေရိုင်း စာရင်းဝင်ပြီး မြေယာများ ဆုံးရှုံးမည်ကိုလည်း စစ်ဘေးရှောင် ဒုက္ခသည်များက စိုးရိမ်နေကြသည်။


You may also like these stories:


https://burma.irrawaddy.com/news/2020/12/01/234165.html

ကာကွယ်​ရေးဦးစီးချုပ်နှင့် KBCအဖွဲ့ မြစ်ကြီးနားတွင် ​တွေ့ဆုံ

ကာကွယ်​ရေးဦးစီးချုပ်နှင့် KBCအဖွဲ့ မြစ်ကြီးနားတွင် ​တွေ့ဆုံ


By DVB 1 December 2020 Print Email

တပ်မ​တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC တို့ဟာ  ဒီဇင်ဘာ ၁ ရက်​နေ့မနက်က  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့ မလိခရိပ်သာမှာ တွေ့ဆုံပါတယ်။


အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ဘေးရှောင် အိုင်ဒီပီတွေ နေရပ်ပြန်နိုင်ရေးနဲ့ တပ်မတော် အနေနဲ့ မိုင်းရှင်းလင်းရေးမှာ ပါဝင်ဖို့တင်ပြခဲ့တယ်လို့ KBC အဖွဲ့ချုပ်ဥက္ကဋ္ဌ  ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။



 

“ငြိမ်းချမ်းရေးကတော့  အန်စီအေကိစ္စပေါ့။ လိုင်ဇာကနေပေါ်လာတဲ့ ဒီ အန်စီအေခေါင်းစဉ်က။ ကေအိုင်အေ မပါလာတဲ့အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းပြောပါတယ်။ ဆက်လက်ပြီးမှ ဒါကိုအကောင်အထည်ဖော်နိုင်ဖို့ သူတို့ဘက်က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားတဲ့အကြောင်းလည်းပြောပါတယ်။ ကိုဗစ်ကြောင့်လည်း သွားလာရတာအဆင်မပြေတဲ့အတွက် တွေ့ဆုံမှုတွေနည်းသွားတဲ့အ ကြောင်းလည်း ပြောပါတယ်။”



တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ကြည်း၊ရေ၊လေ တပ်မတော်အရာရှိတွေအပါအဝင်  KBC က ၆ ယောက်ပါအဖွဲ့တို့  မနက်၁၀ နာရီကနေ  ၁၁ နာရီခွဲအထိတွေ့ ဆုံခဲ့ကြတယ်လို့သိရပါတယ်။


သတင်း- မီးမီး


http://burmese.dvb.no/archives/426813

သမ္မတအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ကို ကြပ်မတ်ထိန်းကျောင်းရန် တပ်မတော်တိုက်တွန်း

သမ္မတအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ကို ကြပ်မတ်ထိန်းကျောင်းရန် တပ်မတော်တိုက်တွန်း 


By DVB 1 December 2020 Print Email

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ဥပဒေနဲ့ ညီညွတ်စေရေးနဲ့ ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရှိစေရေးအတွက် နိုင်ငံတော်သမ္မတအနေနဲ့ လိုအပ်သလို ကြပ်မတ် ထိန်းကျောင်းပေးသင့်တယ်လို့  တပ်မတော်က  နိုဝင်ဘာ ၃၀ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။ 


ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုဝန်ကြီးတွေဟာ နိုင်ငံတော် သမ္မတကို တာဝန်ခံရသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံတော် သမ္မတကို တာဝန်ခံရမယ်လို့ သဘောရှိတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 



 

ဒါ့အပြင် တပ်မတော် အနေနဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ်  ဥပဒေနဲ့အညီ နည်းလမ်းတကျ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိကို ပြန်လည်စိစစ် သုံးသပ်နေပြီး လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့လည်း ဆိုပါတယ်။ 



ရွေးကောက်ပွဲဖြစ်စဉ်တွေကို ပြန်လည်စိစစ် သုံးသပ်တဲ့အခါမှာလည်း လိုအပ်တဲ့စာရွက်စာတမ်းတွေ ကူးယူခွင့်တောင်းခံတဲ့အခါ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့စာရွက်စာတမ်းများကို ဥပဒေနဲ့အညီ ကူးယူခွင့်ပေးဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လိုအပ်သလိုညွှန်ကြား ပေးဖို့လည်း တပ်မတော်က မေတ္တာရပ်ခံ‌ထားပါတယ်။ 


အခုလို လုပ်ဆောင်တာဟာ လွတ်လပ်ပြီး တရားမျတမှုရှိတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူ သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေး၊ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရား ဥပဒေကို လေးစားလိုက်နာတဲ့ အလေ့အထကောင်းရရေးအတွက်  ရည်ရွယ်လုပ်ဆောင်တာလို့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့  ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၉၂၀ အနိုင်ရပြီး အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ ၇၁ နေရာ အနိုင်ရခဲ့ပါတယ်။



 

ကြံ့ခိုင်ရေးပါတီ အဓိကအနိုင်ရတဲ့မဲဆန္ဒနယ်တွေဟာ  ကိုကိုးကျွန်းနဲ့ နေပြည်တော်လို တပ်မတော် အခြေစိုက်တဲ့နေရာတွေနဲ့ တပ်မတော်သားတွေ အများစု ဆန္ဒမဲပေးခဲ့တဲ့  မဲရုံတွေ ဖြစ်ပါတယ်။ 


အဆိုပါရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ခုအချိန်အထိ လက်မခံသေးဘဲ  ကန့်ကွက်မှုတွေ တရားစွဲမှုတွေပြုလုပ်နေသလို တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင်ပူးပေါင်းပြီး ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ တောင်းဆိုမှုတွေလည်း လုပ်နေပါတယ်။


ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေပါတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ဖို့လည်း ကြံ့ခိုင်ရေးပါတီ အပါအဝင် မဟာမိတ်ပါတီတွေပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။


ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန် လုပ်ဆောင်နေတယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့  ကြံ့ခိုင်ရေးပါတီအပါအဝင် မဟာမိတ်  ၁၉ ပါတီက နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးဖို့ တောင်းဆိုထားပါတယ်။


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကတော့   ကြံ့ခိုင်ရေးပါတီရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့က နေပြည်တော်ရှိ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။


ရွေးကောက်ပွဲဆိုင်ရာ  အငြင်းပွားမှုတွေ၊  တရားမဲ့ပြုကျင့်မှုတွေကို  ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် ၄၅ ရက် အတွင်းတိုင်ကြားနိုင်တဲ့အကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကလည်း နိုင်ငံပိုင် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောထားပါတယ်။ 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်လို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီတို့ရဲ့ ထုတ်ပြန်ပြောဆိုတိုက်တွန်းမှုတွေကို သမ္မတနဲ့ အစိုးရဘက်ကတော့ ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။


ဓာတ်ပုံ- DSINFO


http://burmese.dvb.no/archives/426695

ကာကွယ်ရေးဦးစီးချုပ်နဲ့ ကချင်နှစ်ခြင်းအသင်းဥက္ကဋ္ဌ တွေ့ဆုံ

 မြန်မာဌာန | သတင်းများ

ကာကွယ်ရေးဦးစီးချုပ်နဲ့ ကချင်နှစ်ခြင်းအသင်းဥက္ကဋ္ဌ တွေ့ဆုံ

2020-12-01

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်

ကာကွယ်ရေးဦးစီးချုပ်နဲ့ ကချင်နှစ်ခြင်းအသင်းဥက္ကဋ္ဌ တွေ့ဆုံဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ဥက္ကဋ္ဌ ‌ဒေါက်တာ ခလမ်ဆမ်ဆွန် ဦးဆောင်တဲ့အဖွဲ့ ၂၀၂၀ ဒီဇင်ဘာ ၁ ရက်နေ့က မြစ်ကြီးနားမှာတွေ့ဆုံစဉ်KBC Photo

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ဥက္ကဋ္ဌ ‌ဒေါက်တာ ခလမ်ဆမ်ဆွန်ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတွေ့ဆုံခဲ့ပြီး မြစ်ဆုံ စီမံကိန်းအပါအဝင် ကိုဗစ်ရောဂါကူးစက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒုက္ခသည် နေရပ်ပြန်လည်အခြေချရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ KBC ဥက္ကဋ္ဌက RFA ကို ပြောပါတယ်။

 

ပြည်သူတွေကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံစီမံကိန်း ကိစ္စအကြောင်း ဆွေးနွေးရာမှာ မြစ်ဆုံမှာမဟုတ်ဘဲ မြစ်အထက်ပိုင်းမှာ စီမံကိန်းလုပ်မယ်ဆိုရင် ကန့်ကွက် မှုတွေ မရှိနိုင်ဘူးလို့လည်း ဆွေးနွေးခဲ့တယ်လို့ RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

 

"မြစ်ဆုံစီမံကိန်းကိစ္စဆွေးနွေးခဲ့တာရှိပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်ကလည်း ဧရာဝတီမြစ်အထက်ပိုင်း မှာ စီမံကိန်းတွေအများကြီးလုပ်နိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပါတယ်။ ကျနော်တို့ဘက်ကလည်း မြစ်ဆုံကိုသာမထိဘဲ အထက်ဘက်ဖြစ်တဲ့ မေခ၊ မလိခဘက်မှ ာရေအားလျှပ်စစ် စီမံကိန်းလုပ်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဘာမှပြောစရာမရှိဘူးဆိုတဲ့ သဘောတူညီမှုတစ်ခုတော့ ပြောခဲ့ပါတယ်၊ ကျနော် ကြည့်ရသလောက် ကာကွယ်ရေးဦးစီးချုပ်ကလည်း မြစ်ဆုံကို တခြားနေရာမှာလုပ်တဲ့ စီမံကိန်းမျိုးဆိုရင် ပိုပြီးမှ နှစ်သက်တယ်ဆိုတဲ့ သဘောလက္ခဏာ အရိပ်အရောင်တွေ့ရတယ်"လို့ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။

 

ကချင်စစ်ဘေးဒုက္ခသည်တွေ လုံလုံခြုံခြုံနေရပ်ပြန်နိုင်ဖို့ အဓိကအခက်အခဲဖြစ်နေတဲ့ မြေမြုပ်မိုင်းကိစ္စတွေ ရှင်းလင်းရေးကို တပ်မတော်ဘက်က လုပ်ဆောင်ပေးမယ်လို့ သဘောတူညီခဲ့သလို၊ ဒုက္ခသည်တွေ နေရပ် ပြန်ဖို့ ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC က တပ်မတော်နဲ့ KIA ကြား ပါဝင်ကူညီပေးဖို့လည်း ကာကွယ်ရေးဦးစီးချုပ်ဘက်က မေတ္တာရပ်ခံခဲ့တယ်လို့သိရပါတယ်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ ၆၅ နှစ်ပြည့်ပြီး ရာထူးကနေ အနားယူရဖို့ရှိ တာကြောင့် နိုင်ငံရေးမှာ ဘယ်လိုပြန်ပါဝင်လာမလဲလို့ စိတ်ဝင်စားနေကြတဲ့အချိန်မှာ ကချင်ပြည်နယ်က အရပ်ဘက်၊ စစ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာလည်း လက်နက်ကိုင် အင်အားကြီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဝ တပ်ဖွဲ့ ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့တာရှိပါတယ်။

 

ဒီလိုကာကွယ်ရေးဦးစီးချုပ်ကနေ အနားယူရတော့မယ့်အချိန်မှာ လာရောက်တွေ့ဆုံတာနဲ့ ပတ်သက်ပြီး ‌ဒေါက်တာ ခလမ်ဆမ်ဆွန်ရဲ့ သဘောထားကို RFA ကမေးမြန်းရာမှာတော့ "ဒီနေ့ပြောသွားတဲ့အထဲမှာ တစ်ခုတော့စဉ်းစားစရာပါတယ်။ဗိုလ်ချုပ်မှူးကြီးက တပ်မတော်မှာ တာဝန်ထမ်းဆောင်ရာမှာ နှစ် ၄၀၊ အပေါင်း ၁၀ နှစ်က ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့တော့ တိုင်းပြည်ရဲ့လိုအပ်ချက်တွေ၊ စီးပွားရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီပီပြင်ရေးတွေကို အမြင်ရှိနေပုံပြောတယ်၊ သူ့ပြောပုံဆိုပုံအရတော့ သူလည်း စိတ်ထဲမှာ တထောင့်တစ်နေရာကနေပါဝင်ဖို့ စိတ်ကူးနေတယ်လို့ ကျနော်ခန့်မှန်းတယ်" လို့ RFA ကို ပြောပါတယ်။

 

ဒီနေ့တွေ့ဆုံမှုနဲ့ KBC ဥက္ကဋ္ဌရဲ့ပြောကြားချက်တွေနဲ့ပတ်သက်လို့ တပ်မတော်ဘက် တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကနေ အနားယူရေး မယူရေးဆိုတာဟာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမယ့်ကိစ္စဖြစ်တယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။


https://www.rfa.org/burmese/news/minaunghlaing-meets-kbc-president-12012020075852.html

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

 http://dsinfo.org/node/707

နယ်မြေအတွင်းရှိ တပ်စခန်းများ ဖျက်သိမ်းပေးရေး KNLA တောင်းဆို

 ကရင်ပြည်နယ်က ကျေးရွာများတွင် တပ်မတော်က စခန်းချ တပ်စွဲထားသည့် တပ်စခန်းများကို ၂၀၂၀ ပြည့်နှစ်အကုန်တွင် အပြီးအပိုင် ရုတ်သိမ်းပေးရန် ကရင်လက်နက်ကိုင်အဖွဲ့ KNLA က ဒီဇင်ဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန် တောင်းဆိုလိုက်သည်။ 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း (၃) ပါ သဘောတူညီချက်များအရ ပြည်သူလူထုနှင့် ဆက်စပ်သည့် နေရာများတွင် စစ်ရေးဆိုင်ရာ တပ်စခန်းချခြင်း မပြုလုပ်ရန်၊ အင်အားတိုးချဲ့ခြင်း၊ အင်အားသစ် ဖြည့်တင်းခြင်း၊ တပ်စခန်းသစ် ဆောက်လုပ်ခြင်းများ မပြုလုပ်ရန် သဘောတူညီထားသော်လည်း တပ်မတော်အနေဖြင့် တပ်စခန်းသစ်များ တိုးချဲခဲ့သောကြောင့် အဆိုပါ အချက်များကို ချိုးဖောက်နေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

တပ်မတော်ဘက်က တပ်စခန်းများကို မရုတ်သိမ်းဘဲ ဆက်လက် တပ်စွဲထားမယ်ဆိုပါက KNLA နယ်မြေမှာ တပ်မတော်နှင့် ထိတွေ့မှု ဖြစ်လာနိုင်သည်ဟု KNLA က ဗိုလ်မှူးချုပ် ရှာထုဝေါင်က ပြောသည်။ 

“ကျွန်တော်တို့က ဒီအပေါ်မှာ အမြဲတမ်း သံသယစိတ်တွေက ရှိတယ်လေ။ ဒီသံသယစိတ်ကို ဖြေလျှော့နိုင်ဖို့ နှစ်ဘက်အချင်းချင်း ယုံကြည်မှုတွေ ရှိလာမှ ဖြစ်မယ်။ ရှိလာဖို့အတွက်က ကျွန်တော်တို့ အခု ဒီထုတ်ပြန် ကြေညာချက်အတိုင်း မျှော်လင့်ထားသလို ဖြစ်မလာဘူး။ တပ်မတော်က ချိုးဖောက်ကျူးလွန်မှုတွေကို ရှေ့ဆက် ပြုလုပ်လာမယ်ဆို ကျွန်တော်တို့ဘက်ကပေါ့လေ၊ KNU ရဲ့ ပယောဂကြောင့် မဟုတ်ဘူး၊ တပ်မတော်ရဲ့ ပယောဂကြောင့်ပါ” ဟု ဗိုလ်မှူးချုပ် ရှာထုဝေါင်က ပြောသည်။ 

KNLA တည်ရှိရာ ဖာပွန်ခရိုင် တပ်မဟာ (၅)၊ တောင်ငူခရိုင် တပ်မဟာ (၂) စသည့် နယ်မြေများ အပါအဝင် ကရင်ပြည်နယ်အတွင်းက ကျေးရွာများတွင် တပ်မတော်ဘက်က တပ်စခန်းပေါင်း ၁၀၀ ဝန်းကျင် တိုးချဲ့ စခန်းချထားကြောင်း KNLA ဗိုလ်မှူးချုပ် ရှာထုဝေါင်က ဆိုသည်။  

KNLA ဟာ ၂၀၁၂ ခုနှစ်တွင် အပစ်အခတ် ရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။  

KNLA က NCA လက်မှတ်ရေးထိုးခဲ့ပြီး ၁၄ ရက်အတွင်း နှစ်ဖက်တပ် ကိုယ်စားလှယ်တွေ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စများကို အသေးစိတ် တွေ့ဆုံညှိနှိုင်းရန် သဘောတူထားသော်လည်း ယခု အချိန်ထိ မဆွေးနွေးရသေးကြောင်း သိရသည်။  

တပ်မတော်က ကရင်ပြည်နယ်ရှိ ကျေးရွာများတွင် တပ်စခန်းများ တိုးချဲ့ စခန်းချထားသည်ဆိုသော ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။ 


http://www.mizzimaburmese.com/article/76147

စစ်တွေထောင်မှာ နှစ်လအကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသား ၄ ဦးအား တစ်ကြိမ်မှ ရုံးထုတ်စစ်ဆေးခြင်း မရှိ

စစ်တွေထောင်မှာ နှစ်လအကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသား ၄ ဦးအား တစ်ကြိမ်မှ ရုံးထုတ်စစ်ဆေးခြင်း မရှိ 

သျှင်မင်းဇံ 

စစ်တွေ၊ ဒီဇင်ဘာလ ၁ / ၂၀၂၀ 

အစိုးရကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် စစ်တွေမှကျောင်းသား ၄ ဦးကို ယနေ့ စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမည်ဖြစ်သော်လည်း ရုံးထုတ်လာခြင်းမရှိဘဲ တတိယအကြိမ် နောက်ထပ် ၁၄ ရက်ချုပ်မိန့်ယူသွားကြောင်း သတင်းရရှိသည်။ 

စစ်တွေမြို့နယ် တရားသူကြီး ဦးဝင်းလှိုင်က "ရုံးထုတ်မစစ်ဆေးဘူး။ ကပ်ရောဂါကာလတွေမို့ အကျဉ်းထောင်က တရားရုံးကို မထုတ်ပေးဘူး။ အကျဉ်းဌာနက တရားရုံးကို တရားခံတွေကို မလွှဲပေးဘူး။ ကပ်ရောဂါကြောင့် တစ်ခါမှ မစစ်ဆေးသေး။ ကပ်ရောဂါတွေ ကောင်းသွားပြီး တရားခံတွေ ခေါ်စစ်တဲ့အခါ အမှုပြန်စမယ်။ အခုက တရားရုံးမှာ ရုံးထုတ်စစ်ဆေးတာတွေ မရှိဘူး" ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။ 

ဖမ်းဆီးခံထားရသည့် ၎င်းကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူ ပညာရေး ကောလိပ်ကျောင်းသား သမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်း တို့ဖြစ်ကြသည်။ 

၎င်းတို့ ၄ ဦးကို အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေတွင် ဖြစ်ပွားခဲ့သည့် အစိုးရကို ဆန့်ကျင် ဆန္ဒပွဲအား ဦးဆောင်ခဲ့မှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် မြို့နယ်ရဲမှူးဇော်နိုင်က တရားလိုလုပ် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ 

ယင်းနောက် ၎င်းတို့အား နိုဝင်ဘာလ ၃ ရက်နေ့တွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တစ်ကြိမ်၊ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တစ်ကြိမ် ရုံးချိန်းခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ရုံးထုတ်ခြင်းမရှိသေးဟု သိရသည်။

၎င်းကျောင်းသားများ၏ အမှုကို လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က “ ဒီနေ့ ရုံးချိန်းမှာ ထွေထွေထူးထူး မရှိဘူး။ ကိုရိုနာဗိုင်းရပ်စ်နဲ့ တရားခံတွေကို လုံးဝ ရုံးမထုတ်ဘူး။ သူတို့နဲ့ အဆက်အသွယ်ရပါတယ်။ ကျန်းကျန်းမာမာနဲ့ နေကောင်းကြပါတယ်။ သူတို့အမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ထပ်ရုံးချိန်းလိုက်ပါတယ်။"ဟု ပြောသည်။ 

ဘေး/စီ/မံပုဒ်မှုဖြင့် တရားစွဲဆိုခံထားရသည့် စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်ကလည်း တရားစွဲပြီးနောက်တွင် တစ်ကြိမ်တစ်ခါမှ ရုံးထုတ်စစ်ဆေးခြင်းမရှိသေးသလို ဖမ်းဆီးခံ ကျောင်းသား ၄ ဦးနှင့်လည်း တွေ့ဆုံခွင့်မရရှိသေးကြောင်း ပြောသည်။ 

"ကျွန်တော်တို့ ရဲဘော်တွေကို ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတာ နှစ်လလောက်ရှိနေပြီ။ တစ်ခါမှ တရားရုံးတင် စစ်ဆေးတာတွေ မရှိသေးဘူး။ ကျွန်တော့်အနေနဲ့တော့ အစိုးရက ရခိုင်က ကျောင်းသားတွေကို လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းစဉ်တွေ အစိုးရကို ဝေဖန်မှုတွေကို ဆက်ပြီးတော့ မလုပ်နိုင်အောင် အခုလိုမျိုး လုပ်နေတယ်လို့ ထင်ပါတယ်"ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။ 

၎င်းကျောင်းသား ၄ ဦးသည် အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်က ကျောင်းသားများ၊ ရဟန်း သံဃာတော်များ၊ ဒေသခံပြည်သူ ၁ဝဝ ခန့်နှင့် အတူ စစ်တွေမြို့ လမ်းမများပေါ်တွင် ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး အစိုးရ အလိုမရှိ၊ နယ်ချဲ့ စစ်တပ် အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ်အစိုးရတို့ကို အလိုမရှိ စသည့် ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒပြခဲ့ကြသူတို့ဖြစ်ကြသည်။

အလားတူ ရခိုင်မှ ဖမ်းဆီးခံ ကျောင်းသားများကို ရုံးထုတ်စစ်ဆေးခြင်း မလုပ်သည်သာမက အခြားတိုင်းနှင့်ပြည်နယ်မှ ဖမ်းဆီးခံ (ဗကသ) ကျောင်းသားများကိုလည်း ရုံးထုတ်စစ်ဆေးမှုများလုပ်သည်ကို မတွေ့ရကြောင်း ကိုတိုးတိုးအောင်က ဆက်ပြောသည်။ 

-------------------------------

Unicode -















https://www.facebook.com/narinjara.info/posts/3838337846178264

ပေါက်တောရဲစခန်းမှ အချုပ်သား ၄ ဦး ထွက်ပြေးသွား၊ တစ်ဦးကို ပြန်လည်ဖမ်းမိ


Breaking News



ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မ ရဲစခန်းမှ အချုပ်သား ၄ ဦးသည် ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က ထွက်ပြေးသွားကြောင်း ပေါက်တောမြို့ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


------------------- 

Unicode:

ပေါက်တောရဲစခန်းမှ အချုပ်သား ၄ ဦး ထွက်ပြေးသွား၊ တစ်ဦးကို ပြန်လည်ဖမ်းမိ

Breaking News

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဒီဇင်ဘာ ၁ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မ ရဲစခန်းမှ အချုပ်သား ၄ ဦးသည် ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က ထွက်ပြေးသွားကြောင်း ပေါက်တောမြို့ရဲစခန်းမှ တာ၀န္ရွိသူ တစ္ဦးမွ ပြောသည်။

 “ ထွက်ပြေးသွားတာမှန်ပါတယ်။ ကင်းစောင့်တဲ့သူက သော့မေ့ကျန်ခဲ့တဲ့ အတွက် အဲဒီသော့နဲ့ ဖွင့်ပြီးတော့ ထွက်ပြေးသွားတာဖြစ်တယ်။ ထွက်ပြေးသွားတဲ့သူတွေက ဘယ်သူ/ ဘယ်ဝါဆိုတာကို မသိရသေးဘူး။ လောလောဆယ်မှာတော့ သူတို့ကို လိုက်ရှာနေကြတယ်။ တစ်ယောက်ကိုတော့ ဖမ်းမိထားပြီ ” ဟု ၎င်းက ပြောသည်။

အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည့် အဖွဲ့များရှိသည့် နေရာအပ ကျန်နယ်မြေများတွင် ၂၀၂၀ ၊ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ထပ်မံတိုးမြှင့် ရပ်ဆိုင်းသွားမည်

 

အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ၊ ဒီဇင်ဘာ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၁ ရက် (ယနေ့) ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
 
အဆိုပါထုတ်ပြန်ချက်တွင် -
 
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ၊ နိုဝင်ဘာ ၁ မှ ၃၀ ရက်အထိ တပ်မတော် အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခဲ့သည့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။
 
သို့ဖြစ်ပါ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်စေရန် ဆွေးနွေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးရန်လိုအပ်ပါက ဆက်လက်ဆွေးနွေးနိုင်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သေဘာတူစာချုပ် NCA လက်မှတ် ရေးထိုးထားရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေး နိုင်ရေး၊ လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့မျာအးနေဖြင့်လည်း လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက် ဆွေးနွေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးမြောက်သည် အထိ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး တို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ၊ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ကြေညာထားသည်။

 http://www.theladiesnewsjournal.com/news/tue-2020-12-01-1239/14116

ကချင်စစ်ဘေးရှောင်များနေရပ်ပြန်ချိန်တွင် တပ်မတော်မှ မိုင်းရှင်းလင်းရေးဆောင်ရွက်ပေးမည်

 ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်များနေရပ်ပြန်ချိန်တွင် တပ်မတော်မှ မြေမြှုပ်မိုင်းရှင်းလင်းရေးကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန် က The Ladies News သို့ ပြောကြားသည်။

 
ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ မလိခရိပ်သာ၌ KBC ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်တွင် IDP များ နေရပ်ပြန်ရေး ကိစ္စကိုဆွေးနွေးရာ၌ တပ်မတော်မှ မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ် က ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ဒေါက်တာခလမ်ဆမ်ဆွန် က '' ကျွန်တော်တို့ သဘောတူညီမှု တစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ တပ်မတော်က ပြန်တဲ့အချိန်မှာ ကျွန်တော်တို့ IDP တွေ စိုးရိမ်နေတဲ့ မိုင်းရှင်းလင်းရေး။ မြေမြှုပ်မိုင်းရှင်းလေးကို အားလုံးပြန်တဲ့ အထိ အဆုံးအထိအောင် ကူညီပါမယ်ဆိုတဲ့ သဘောတူညီချက်ကို ရရှိခဲ့ပါတယ်'' ဟု ဆိုသည်။
 
တပ်မတော်မှ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း၌ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အပါအဝင် NCA တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသော အဖွဲ့များအား လက်မှတ်ရေးထိုးစေလိုကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီချုပ်က ပြောကြားသည်ဟု လည်း ဒေါက်တာခလမ်ဆမ်ဆွန် က ပြောသည်။
 
''ထိုးပြီးမှ ဒီမိုကရေစီကို ပီပြင်အောင်။ ငြိမ်းချမ်းရေးကို အမြန်ဆုံးရအောင်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတာပေါ့ '' ဟု ဒေါက်တာခလမ်ဆမ်ဆွန် က ပြောကြားသည်။
 
နောက်နှစ် မိုးမရောက်ခင်တွင် စစ်ဘေးရှောင်များထဲမှ အိမ်ခြေ တစ်ထောင်ကျော် နှစ်ထောင်နီးပါး နေရပ်ပြန်နိုင်ရေးကို KBC မှ ဆောင်ရွက်နေကြာင်းလည်း သိရသည်။
 
http://www.theladiesnewsjournal.com/news/tue-2020-12-01-1447/14117

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များအတွက်စောင်နှင့်အနွေးထည်များ အမြန်လိုအပ်နေ

 ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များအတွက်စောင်နှင့်အနွေးထည်များ အမြန်လိုအပ်နေ

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ ဒီဇင်ဘာ ၁ / ၂ဝ၂ဝ

ဆောင်းတွင်းရာသီ ချမ်းအေးမှုများလာပြီဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများအတွက် စောင်နှင့် အနွေးထည်များ အရေးတကြီးလိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောဆိုကြသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က “ကျနော်တို့စစ်ဘေးရှောင်စခန်းမှာ အနွေးထည်တွေနဲ့ စောင်တွေတော့ လုံလောက်မှုမရှိဘူး။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်က ပိုပြီးတော့ ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ ခြင်ထောင်တွေကလည်း သိပ်တော့လုံလောက်မှုမရှိဘူး။ UNHCR က ဆိုလို့ရှိရင် အိမ်ထောင်စုတစ်စုကို ခြင်ထောင်နှစ်လုံးနှုန်းနဲ့ ပေးထားတယ်။ ဒါပေမယ့် တချို့ မိသားစုများတဲ့ အိမ်ထောင်စုတွေမှာဆိုလို့ရှိရင် လိုအပ်ချက်တွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားပျို၊ သမီးပျိုတွေနဲ့ဆိုရင် ခွဲအိပ်ရတဲ့ အနေအထားရှိတယ်။ ဒါကြောင့် ခြင်ထောင်တွေကလည်း သိပ်ပြီးတော့ လုံလောက်မှုမရှိဘူး။” ဟုပြောသည်။

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးမောင်ငန်းကလည်း စစ်ဘေးရှောင်များ အတွက် အနွေးထည်များ၊ အခင်းဖျာများ လှူဒါန်းရန် အလှူရှင်များ ရောက်လာခြင်းမရှိသေးသဖြင့် စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း ပြောသည်။

“ ဒီနှစ်မှာ အနွေးထည်လှူဒါန်းမည့်အလှူရှင်တွေ တစ်ခေါက်မှ မရောက်ကြသေးဘူး။ ဒါကြောင့် စောင်နှင့်၊ အနွေးထည်တွေက အရေးတကြီးလိုအပ်နေတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်က ပိုပြီးတော့ အရေးတကြီးလိုအပ်နေတယ်”ဟု ၎င်းက ပြောသည်။

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်အရေးအားကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သူ ကိုဘက္ကာကလည်း စစ်ဘေးရှောင်စခန်းများတွင် အနွေးထည်များလုံလောက်မှုမရှိသဖြင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး အတွက် အလွန်စိုးရိမ်ရကြောင်း ပြောသည်။

“ ဒီရာသီမှာဆိုလိုရှိရင် သက်ကြီးရွယ်အိုတွေအတွက် အလွန်စိုးရိမ်ရတယ်။ သူတို့က စစ်ဘေးရှောင်တွေ ဖြစ်နေတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကလည်း သူတို့မှာ စိတ်ဖိစီးမှုတွေကလည်း ရှိနေတယ်။ ဒီလိုအချိန်မျိုးမှာ သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် ပိုပြီးတော့ စိုးရိမ်ရတယ်။ သူတို့အတွက် စောင်တွေ၊ အနွေးထည်တွေအပြင် သူတို့အိပ်ဖို့အတွက် အခင်းတွေလည်း လိုအပ်နေတယ်။ တချို့ဆိုလိုရှိရင် မြေကြီးပေါ်မှာ တာပေါ်လင်စတွေကို ခင်းပြီးတော့ အိပ်နေရတာတွေလည်းရှိတယ်။ ဒီလူတွေအတွက်လည်း အလွန်စိုးရိမ်ရပါတယ်” ဟု ပြောသည်။

၎င်းအပြင် အမ်းမြို့နယ်သည် ရခိုင်ပြည်နယ်မှ အချမ်းများသည့် ဒေသထဲတွင် တစ်ခု အပါအဝင်ဖြစ်သဖြင့်  စစ်ဘေးရှောင်များအတွက်  အနွေးထည်များ လိုအပ်နေကြောင်း အမ်းမြို့မှ လူမှုရေးလုပ်နေသူ တစ်ဦးဖြစ်သူ ကိုမျိုးလွင်က ပြောသည်။

ရခိုင်အခြေစိုက်လူမှုရေးအဖွဲ့တစ်ခုဖြစ်သည့် ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်အနေဖြင့် အဓိက ခရီးဝေးလွန်းပြီး အလှူရှင်များအရောက်နည်းသော စစ်ဘေးရှောင်စခန်းများကို အနွေးထည်နှင့် စောင်များ လှူဒါန်းသွားမည်ဟု ပြောသည်။

၎င်းအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ ကျနော်တို့ကတော့ အဓိက အလှူအတန်းနည်းတဲ့ နေရာတွေကို လှူဒါန်းသွားမယ်။ ကျနော်တို့ လျာထားတာကတော့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းနဲ့ မြေပုံမြို့နယ် ရက်ချောင်း စစ်ဘေးရှောင်စခန်းဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲစခန်းတွေမှာ အလှူရှင်တွေကလည်း နည်းတယ်။ အလှူရှင်တွေအနေနဲ့လည်း ခရီးကလည်း ဝေးလွန်းတဲ့အတွက် သိပ်မသွားဖြစ်ကြဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အဲဒီဖက်ကို သိပ်မရောက်ကြဘူး။ ဒါကြောင့် အဲဒီလို့နေရာမျိုးတွေကို အဓိကထားပြီး လှူဒါန်းသွားဖို့လို့ မှန်းထားတယ်။ လက်ရှိမှာတော့ မလှူရသေးဘူး။ လာမယ့် တနင်္ဂနွေနေ့မှာတော့ လှူဒါန်း သွားဖို့ဖြစ်ပါတယ်။” ဟုပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း ဒေသခံအုပ်ချုပ်ရေးမှူးများမှ စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့် စောင်များလိုအပ်နေသည်ဟု တင်ပြလာလျှင် စီစဉ်ပေးသွားမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ အခုထက်ထိတော့ စီစဉ်နေတယ်လို့ ပြောသံမကြားရသေးဘူး။ ဒါပေမယ့် လိုအပ်နေတယ်လို့ တင်ပြ လာရင်တော့ ဆက်စပ်ပြီးလုပ်ပေးရမယ်။ ဒါမျိုးတွေကိုတော့ နည်းနည်းလေးတော့ နှိုးဆော်ပေးဖို့ လိုအပ်တယ်လို့ ထင်တယ်။ နောက်သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက သူတို့အခက်အခဲဖြစ်တယ်။ ဒါတွေကို ဖြည့်ဆည်းပေးပါစသည်အားဖြင့် တောင်းဆိုမှုတွေရှိလာရင်တော့ လုပ်ပေးပါလိမ့်မယ်” ဟု ဝန်ကြီးက ပြောသည်။

-------------------------------------

Unicode -



နိရဉ်စရာ၊ ဒီဇငျဘာ ၁ / ၂ဝ၂ဝ












https://burmese.narinjara.com/.../5fc5e6563f8935047dbb788f


https://www.facebook.com/narinjara.info/posts/3837175499627832

ဘင်္ဂလာဒေရှ့်အစိုးရ၏ ဘာချန်ချာကျွန်းသို့ ဒုက္ခသည်ပို့ဆောင်ရေးအစီအစဉ် လာမည့်အပတ်တွင်စတင်မည်

 ဘင်္ဂလာဒေရှ့်အစိုးရ၏ ဘာချန်ချာကျွန်းသို့ ဒုက္ခသည်ပို့ဆောင်ရေးအစီအစဉ် လာမည့်အပတ်တွင်စတင်မည်

နိရဉ္စရာ၊ ဒီဇင်ဘာ၁/၂၀၂၀

ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံမှ မူဆလင်ဒုက္ခသည်များကို ကော့ဘဇားစခန်းများမှ ဘာချန်ချာကျွန်း(Bhashan Char)သို့ ပြောင်းရွှေ့ခြင်းလုပ်ငန်းကို လာမည့်အပတ်တွင်စတင်မည်ဟု UNB သတင်းကို ကိုးကားပြီး The Daily Star တွင် နိုဝင်ဘာ ၃၀ ရက်နေ့က သတင်းဖော်ပြသည်။

ဒုက္ခသည် အုပ်စုတစ်စုသည် ပထမအကြိမ် - ဘာချန်ချာကျွန်းသို့ လာမည့်အပတ်ကို နောက်ဆုံးထားပြီးသွားမည်ဟု မျှော်လင့်ရကြောင်း ကော့ဘဇားရှိ ဒုက္ခသည်များ ပြန်လည် ထူထောင်ရေးနှင့် နေရာချထားရေးကော်မရှင်နာ (RRRC) Shah Rezwan မှ ပြောကြောင်း UNB သတင်းဌာက ဖော်ပြသည်။   

ပထမအဆင့်တွင် ဒုက္ခသည် အချို့ကိုစေလွှတ်ပြီး ကျန်သူများကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပို့လိမ့်မည်ဖြစ်ကြောင်း၊  မည်သည့်နေ့ရက်တွင် ရွှေ့ပြောင်းသွားမည်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း ဒုက္ခသည်များကို ဘာချန်ချာကျွန်းသို့ ပေးပို့ရန် ပြင်ဆင်နေကြောင်း သူကပြောကြားသည်။

ယခုနှစ် သြဂုတ်လ ၅ ရက်နေ့က ဒုက္ခသည် ၄၀ ပါအဖွဲ့တစ်ခုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ရေတပ်တို့၏ကြီးကြပ်မှု အောက်ရှိ နဝါခလီခရိုင် ဟတီးယာမြို့နယ်တွင်တည်ရှိသည့် ဘာချန်ချာကျွန်းသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ကော့စ်ဘဇားခရိုင်အတွင်းရှိ စခန်းများ၌ ခိုလှုံနေသော ဒုက္ခသည် ၁၀ သိန်းနီးပါးအနက်မှ ၁ သိန်း အတွက် စတုရန်း ကီလိုမီတာ ၄၀ ရှိသော ကျွန်းပေါ်တွင် တာကာကုဋေ ၂၃၁၂ တန်ဖိုးရှိ အိမ်ရာစီမံကိန်းတစ်ခုကို ဘင်္ဂလာဒေ့ရှ် အစိုးရမှတည်ဆောက်ခဲ့သည်ဟု သတင်းက ဆိုသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မူဆလင်ဒုက္ခသည် ၇၅၀,၀၀၀ ခန့်သည် မြန်မာစစ်တပ်၏ ရက်စက်သော စစ်ဆင်ရေး များကြောင့် ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း၊ မြန်မာသို့ ပြန်ရန် ကြိုးပမ်းမှု နှစ်ခုရှိသော်လည်း ရခိုင်ပြည်နယ်ရှိ အခြေအနေများသည် ပြန်သွားရန်လုံခြုံမှု မရှိကြောင်း ပြောဆိုပြီး တစ်ဦးတစ်ယောက်ကိုမှ ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

-------------------------- 

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ၁/၂၀၂၀







https://burmese.narinjara.com/.../5fc5ba823f8935047dbb788b


https://www.facebook.com/narinjara.info/posts/3836717183006997

တပ်မတော်မှ နောက်ထပ် အပစ်ရပ်စဲရေးတစ်လတိုး၊ ရခိုင်ဒေသမပါဝင်

 တပ်မတော်မှ နောက်ထပ် အပစ်ရပ်စဲရေးတစ်လတိုး၊ ရခိုင်ဒေသမပါဝင် 

နိရဉ္စရာ၊ ဒီဇင်ဘာ ၁/၂၀၂၀

တပ်မတော်မှ နောက်ထပ် အပစ်ရပ်စဲရေးကို ဒီဇင်ဘာ ၁ ရက်မှ၃၁ ရက်ထိ နောက်ထပ် သက်တမ်းတိုးလိုက်ကြောင်း ယနေ့ထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှ အပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ တပ်မတော်မှ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံ တိုးမြှင့်ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ကြေညာအပ်သည်ဟု ဖော်ပြပါရှိသည်။

ရက္ခိုင့်တပ်တော် (AA) အား ယနေ့အချိန်ထိ အကြမ်းဖက်အဖွဲ့အဖြစ်မှ မရုပ်သိမ်းသေးသဖြင့် ၎င်းအပစ်ရပ်စဲရေးမှာ ရခိုင်ပြည်နယ်တွင် အကျုံးဝင်အုံးမည် မဟုတ်ကြောင်း သုံးသပ်တစ်ဦးက ပြောဆိုသည်။  

--------------------------- 

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၁/၂၀၂၀





https://www.facebook.com/narinjara.info/posts/3836563076355741

သံသယဖြင့် ဖမ်းဆီးခံရသူအချို့၏ မိသားစုဝင်များ အကူအညီလိုအပ်နေ

 ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်မှုရှိသည်ဟုဆိုကာ သံသဖြင့် ဖမ်းဆီးခံရသူများထဲတွင် မိသားစုအတွက် ဝမ်းစာရှာပေးနေသူများလည်းပါဝင်ပြီး ၎င်းတို့ဖမ်းဆီးခံရပြီး နောက်တွင် ရှာဖွေကျွေးမွေးမည့်သူမရှိ၍ မိသားစုဝင်များမှာ အကူအညီလိုအပ်လျက် ရှိနေသည်။

မြောက်ဦးမြို့နယ်၊ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ နိုဝင်ဘာ ၆ ရက်နေ့တွင်ဖမ်းဆီးခေါ်ဆောင်ခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ဒေါ်လှတင်နု၏ ကျန်ရှိခဲ့သော အသက် ၇၀ ကျော် အရွယ်မိဘနှစ်ဦးမှာ စားဝတ်နေရေးအဆင်မပြေ၍ တခြားသူများနေအိမ်တွင် ကပ်ခိုနေထိုင်နေရသည်။

“သမီးအဒေါ်ကို ဖမ်းဆီးသွားပြီးတဲ့နောက် အဖိုးနဲ့အဖွားက တခြားတစ်ရွာက အသိတစ်ယောက်အိမ်မှာနေတယ်။ စစ်ဘေးရှောင်စခန်းမှာ နေရတာလည်း စိုးရိမ်တဲ့အတွက်ပေါ့နော်၊ အဖိုးနဲ့အဖွားက အသက်လည်းကြီးနေပြီ၊ အလုပ်လည်းမလုပ်နိုင်တော့ဘူး။ ဆိုတော့ သမီးအဒေါ်ကို အားကိုးပြီးနေရတာ အခုပိုက်ဆံမရှိလို့ သူ့သမီးကို တွေ့ဖို့တောင်မသွားနိုင်ဘူး” ဟု ဖမ်းဆီးခံရသူ၏ တူမဖြစ်သူ မအေးမှုံချေက ပြောသည်။

စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းချုပ်နှောင်ခံထားရသည့်သမီးဖြစ်သူ ဒေါ်လှတင်နုအား တွေ့ဆုံနိုင်ရန် အတွက် မိဘနှစ်ပါးမှာ အကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

အလားတူ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဒေါ်လှလှချေမှာလည်း လင်ယောကျ်ားဖြစ်သူ သံသယဖြင့်ဖမ်းဆီးခံရပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။

ယင်းသို့ဖမ်းဆီးခံထားရသည့် လင်ယောကျ်ားမှာ စစ်တွေမြို့တွင် တရားရင်ဆိုင်နေရသဖြင့် တရားရုံးချိန်းများကို တက်ရောက်ရန် အခြားစစ်ဘေးရှောင်များ၏ အကူအညီများကိုရယူနေရပြီး ငွေကြေးအဆင်မပြေသည့် အချိန်တွင် ရုံးချိန်းမသွားရောက်နိုင်ဘဲရှိနေကြောင်း ဒေါ်လှလှချေက ဆိုသည်။

“ယောက်ျားကို ဖမ်းဆီးသွားတဲ့အချိန် ကျမ ကလေးမွေးတော့မယ့် လပါ။  ကလေးမွေးတော့လည်း သူမရှိတော့ ငွေကြေးရှာရတဲ့နေရာမှာလည်း အခက်အခဲရှိခဲ့တယ်။ တစ်လတစ်ကြိမ် ရုံးထုတ်သွားတာတောင် စစ်ဘေးရှောင် စခန်းက ပိုက်ဆံအကူအညီနဲ့သွားရတယ်” ဟု ၎င်းက ရှင်းပြသည်။

ဒေါ်လှလှချေသည် ကျောက်တော်မြို့နယ် သာစည်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ညောင်ချောင်း စစ်ဘေးရှောင်စခန်း၌ ၆ လကျော်အရွယ် ကလေးတစ်ဦး၊ ၅ နှစ်အရွယ် ကလေးတစ်ဦးတို့နှင့်အတူ နေထိုင်လျက် ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း အေအေနှင့်ပတ်သက်ပြီး သံသယဖြင့်ဖမ်းဆီးခံရသူများကို လုံခြုံရေးအခြေအနေကြောင့် စစ်တွေမြို့အပါအဝင် လုံခြံုရေးစိတ်ချရသည့်နေရာများသို့ပြောင်းရွှေ့ကာ ရုံးထုတ်စစ်ဆေးလျက်ရှိသည်။

ယင်းကြောင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ စစ်တွေမြို့အပါအဝင် ခရီးဝေးသည့်မြို့များသို့ ရုံးချိန်း လာရောက်နေကြရပြီး ဆင်းရဲချို့တဲ့သူများမှာ အခက်အခဲများကြုံတွေ့နေကြရခြင်းဖြစ်သည်။

“ရုံးချိန်ကြာလာတော့ ကျန်ရှိနေတဲ့မိသားစုတွေမှာ စားဝတ်နေရေးအခက်အခဲရှိလာတယ်။ မြောက်ဦးကနေ စစ်တွေကိုသွားဖို့ငွေကြေးမရှိအတွက် ရုံးချိန်းတောင် ပုံမှန်မသွားနိုင်တော့တဲ့ အခြေအနေကို တောင်ရောက်နေပြီ”  ဟု မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်ထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်မှာ ၂ နှစ်ခန့် ကြာမြင့်လာနေပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လမှ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ သံသယဖြင့်ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀၄ ဦးအထိ ရှိနေပြီဖြစ်သည်။


https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/need-support.html

ဖမ်းဆီးခံ NLD ပါတီဝင်သုံးဦးနှင့် ရက်ပေါင်း ၄၀ ကျော်ကြာသည့်တိုင် အဆက်အသွယ်မရ

 ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်သုံးဦးကို ရခိုင်လက်နက်ကိုင် အဖွဲ့(AA)မှ ဖမ်းဆီးထားခြင်းမှာ ရက်ပေါင်း ၄၇ ရက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD ပါတီဝင်များဖြစ်ကြသည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့ သုံးဦးသည် အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲစည်းရုံးရေးခရီး သွားရောက်စဉ် AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ဘာမှ သတင်းမရပါဘူးခင်ဗျာ။ သူတို့ (AA)က ဖမ်းဆီးထားတော့ သတင်းဘာမှမရတော့ဘူး။ မိသားစုကလည်း ကျွန်တော်တို့ကို သတင်းဘာမှ ပေးတာမရှိတော့ဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်ရှိအချိန်တွင် ပါတီဝင်များကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန် AA အား ထုတ်ပြန်ချက်နှစ်စောင်ထုတ်ပြီး တောင်းဆိုမှုသာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

AA ကို အကြမ်းဖက်အဖွဲ့အစည်းဟု ကြေငြာထားသည့်အတွက် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် NLD ပါတီ အနေဖြင့် ဆက်သွယ်ရန် အဆင်မပြေကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

ဖမ်းဆီးခံရသည့် ဒေါ်နီနီမေမြင့်၏အဒေါ်ဖြစ်သူ ဒေါ်မြရီက “သူတို့ (AA) လက်ထဲမှာ ကောင်းကောင်းမွန်မွန် ထားတယ်ဆိုရင်တော့ သူတို့ကိုကျေးဇူးတင်ပါတယ်။ မသေဘဲနဲ့ပြန်ရောက်ရင် ကျေနပ်ပါပြီ။ နောက်ဘာမှ မလိုချင်ဘူး၊ ကိုယ့်သမီးလေး ကျန်းကျန်းမာမာနဲ့ ပြန်ရောက်စေချင်တာပဲရှိတယ်။ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု သူကပြောသည်။

ဖမ်းဆီးထားသည့် NLD ပါတီဝင်သုံးဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း နှစ်ဦး နှစ်ဘက်ညှိနှိုင်းမှုအဆင်ပြေကာ အပြန်အလှန်နားနည်မှုရရှိသောအခြေအနေတွင် အမြန်ဆုံးပြန်လွှတ် ပေးမည်ဖြစ်ကြောင်း AA က နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် စွပ်စွဲချက်များဖြင့် ဖမ်းဆီးအကျဉ်းချခံနေရသော ရခိုင်ပြည်သူများနှင့် ရခိုင်နိုင်ငံရေးသမားများ အပါအဝင် မတရားဖမ်းဆီးခံထားရသော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား လူသားချင်းစာနာစိတ်ဖြင့် အမြန်ဆုံးပြန်လွှတ် ပေးရန် AA က တောင်းဆိုထားသည်။


https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/3cdn-aa-arst.html

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော် သဘောထားထုတ်ပြန်

 ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော် သဘောထားထုတ်ပြန်

By The Standard Time Daily -November 30, 2020

Share on Facebook


တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခဲ့သည့်မြို့နယ်များမှ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ပြန်လည်စိစစ်လျက်ရှိဟု ထည့်သွင်းဖော်ပြ



၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် တပ်မတော်၏ သဘောထားကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။


ယင်းထုတ်ပြန်ချက်ထဲတွင်

တပ်မတော်တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များဆန္ဒမဲပေးခဲ့သည့် မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်များအပေါ်မူတည်၍ ပြန်လည်စိစစ်သုံးသပ်လျက်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့ပြီး ထိုသို့ စိစစ်ရခြင်းမှာ လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲအဖြစ် ပြည်သူများ သံသယ ကင်းစွာ အသိအမှတ်ပြုနိုင်ရေးနှင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော တရားဥပဒေကိုလေးစားလိုက်နာခြင်း အလေ့အထ ကောင်းများဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို ပိုမိုဖြောင့်ဖြူးစွာ တက်လှမ်းသွားနိုင်ရေးအတွက် ရည်ရွယ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။


ပြန်လည်စိစစ် သုံးသပ်တွေ့ရှိချက်များအရ လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းမည်ဖြစ်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။


လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲတစ်ခုအဖြစ် သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေးအတွက်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဖြစ်စဉ်အားစိစစ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကို ကူးယူတောင်းခံ သည့်အခါသက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အနေဖြင့် သက်သေခံဥပဒေပုဒ်မ ၇၄.နှင့် ၇၆ တို့အရ အများပြည်သူနှင့် သက်ဆိုင်သည့် စာအမှတ်အသားများကို ဥပဒေနှင့်အညီကူးယူခွင့်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လိုအပ်သလိုညွှန်ကြားပေးနိုင်ရန်လည်း မေတ္တာရပ်ခံထားသည်။

http://sdtimedaily.com/2020/11/30/kz078-9/

ကျေးသီးမြို့နယ် ဝမ်ကျောင်းကျေးရွာခံ (၆)ဦးနဲ့ စွမ်းတောင်ကျေးရွာခံ (၃)ဦးကို မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်သူတွေဆိုပြီး RCSS တပ်ဖွဲ့က ဖမ်းဆီး

  ကျေးသီးမြို့နယ် ဝမ်ကျောင်းကျေးရွာခံ (၆)ဦးနဲ့ စွမ်းတောင်ကျေးရွာခံ (၃)ဦးကို မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်သူတွေဆိုပြီး RCSS တပ်ဖွဲ့က ဖမ်းဆီး

လွေးပိုးဆငယ်၊ ရွှေဖီမြေ

နိုဝင်ဘာ ၃ဝ ရက်၊ ကျေးသီး

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ကျောင်းကျေးရွာခံ ၆ ဦးနဲ့ စွမ်းတောင်ကျေးရွာခံ ၃ ဦးတို့ကို နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)တပ်ဖွဲ့က မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်သူတွေဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဝမ်ကျောင်းရွာခံ ၆ ဦးနဲ့ စွမ်းတောင်ကျေးရွာခံ ၃ ဦးတို့ဟာ ပြောင်းဖူးခြံမှာ ပြောင်းဖူးသွားချွေရင်း ဖမ်းဆီးခေါ်ဆောင်ခံရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာခံတစ်ဦးက ပြောပါတယ်။

“ဦးအိုက်ဗီး(ပြောင်းဖူးခြံပိုင်ရှင်)က ကျွန်တော်တို့ ရွာသားတွေကို ပြောင်းဖူးသွားချွေပေးဖို့အတွက် လာခေါ်တယ်။ ခြံမှာသွားအိပ်လည်း ဘာမှမဖြစ်ဘူးတဲ့။ သူက စားစရိတ် ကုန်ကျခံပေးမယ်တဲ့။ ကျွန်တော်တို့လည်း မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်နေတာလေ”

ဖမ်းဆီးခေါ်ဆောင်းသွားခံရသူတွေကတော့ ဝမ်ကျောင်းရွာက ဦးကျန်ဆာ(၄၀ နှစ်)၊ ဦးမောင်ဦး(၃၀ နှစ်)၊ ဦးအိုက်ဦး(၂၅ နှစ်)၊ ဦးအိုက်ကျင်(၃၀ နှစ်)၊ ဦးအိုက်ကင်း(၃၀ နှစ်)နဲ့ မိုင်းအိုက်ညွှန့်(၂၅ နှစ်)တို့ပဲ ဖြစ်ပါတယ်။

စွမ်းတောင်ရွာခံ ၃ ဦးကတော့ ဝမ်းကျောင်းရွာခံတွေ မဟုတ်တဲ့အတွက်ကြောင့် နာမည်တွေ မသိရဘူးလို့ ၎င်းရွာခံက ပြောပါတယ်။

ရွာခံ ၆ ဦးရဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပြီး မိသားစုအတွက် လုပ်ကျွေးပေးမယ့်သူလည်း မရှိတော့ဘူးလို့ ဖမ်းဆီးခံရတဲ့ ဦးအိုက်ဆာရဲ့ ဇနီးဖြစ်သူက ဆိုပါတယ်။

RCSS တပ်ဖွဲ့ ဖမ်းဆီးသွားတဲ့ ရွာသား ၆ ဦးရဲ့ မူလဇာတိဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာနေထိုင်သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

သီပေါမြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ စတင်ဖြစ်ပွားကတည်းက ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးဘက်မှာ သွားရောက်နေထိုင်ကြတာ ဖြစ်ပါတယ်။

ဦးအိုက်ဆာရဲ့ ဇနီးဖြစ်သူက “သူတို့က ကျွန်မအမျိုးသားကို မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး ဖမ်းသွားတာတဲ့။ မနေ့ ကျွန်မတို့က ခြံပိုင်ရှင်ကို သွားမေးတဲ့အခါမှာ အခုကျွန်မအမျိုးသားက ဖမ်းသွားခံရပြီ။ ခြံပိုင်ရှင်အနေနဲ့ ဘယ်လို လုပ်ပေးမှာလဲပေါ့။ သူက ဒါတော့ ကျွန်တော်လည်း တာဝန်မယူရဲဘူးတဲ့။ ခင်ဗျားတို့ ရွာသား ၆ ဦးရဲ့ မိသားစုဝင်တွေကိုလည်း မကျွေးနိုင်ဘူးလို့ ပြန်ပြောတယ်” လို့ ပြောပါတယ်။

အခုလို ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးတော့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးကို ဒီနေ့မွန်းလွဲပိုင်းမှာ ဖုန်းနဲ့ ၃ ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ​ဖြေကြားခြင်း မရှိခဲ့ပါဘူး။

#ဖမ်းဆီးခံရ #ကျေးရွာဒေသခံ #ကျေးသီး

#ဓာတ်ပုံ- Local (ဖမ်းဆီးခံထားရတဲ့ ကျေးရွာဒေသခံများ)

https://www.facebook.com/451214215694715/posts/849538182528981/


https://www.facebook.com/shwepheemyaynews/posts/849538182528981

Sunday, November 29, 2020

တိုက်ပွဲကြောင့် မိုးကုတ်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေ နေရပ်ပြန်

  တိုက်ပွဲကြောင့် မိုးကုတ်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေ နေရပ်ပြန်

https://www.shwepheemyay.com/node/87

လွေးအမ်ရွှေလီ၊ ရွှေဖီမြေ

နိုဝင်ဘာလ ၃၀ ရက်၊ မိုးကုတ်

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ တပ်မတော်တို့အကြားက တိုက်ပွဲကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ မနေ့ နိုဝင်ဘာလ ၂၉ ရက်မှာ နေရပ်ဒေသကို ပြန်သွားကြပြီလို့ သိရပါတယ်။

မိုးကုတ်မြို့နယ် လီဆူစာပေယဉ်ကျေးမှု အတွင်းရေးမှူး ဦးစိုးနိုင်က “မနေ့က အားလုံးကို လိုက်ပို့လိုက်ပြီ။ ရှိသေးတာက မနေ့ည တန်ဆောင်တိုင်ဆိုတော့ မပြန်သေးတဲ့သူတွေလည်း ရှိတယ်။ ဒီနေ့ပြန်သွားကြမှာပေါ့” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၄ ရက် ည ၈ နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကျေးရွာဘက်က အခြေအနေ ငြိမ်နေပြီဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကျေးရွာဒေသခံ (၁)ထောင်ဝန်းကျင်ဟာ မိုးကုတ်မြို့ရှိ လီဆူပတ္တမြားခန်းမ၊ ပိတ်ဆည်ဘုရားကျောင်း၊ အောင်မင်္ဂလာခန်းမ၊ လီဆူဗုဒ္ဓဘာသာကျောင်း၊ ရွှေကူခန်းမနဲ့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ခိုလှုံခဲ့ကြရပါတယ်။

တပ်မတော်ဘက်က အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာမှအပ ကျန်တဲ့နယ်မြေတွေမှာ နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်ဆိုင်းမှာဖြစ်ကြောင်း ကြေညာထားသလို မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA၊ MNDAA နဲ့ AA တို့ ၃ ဖွဲ့ကလည်း ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ကြေညာထားကြပါတယ်။

#တိုက်ပွဲရှောင် #နေရပ်ပြန် #မိုးကုတ်

#ဓာတ်ပုံ- ဦးစိုးနိုင် (တိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာခံတွေ ​ေနရပ် ပြန်နေပုံ)

https://www.facebook.com/451214215694715/posts/849419809207485/


https://www.facebook.com/shwepheemyaynews/posts/849419809207485

ရခိုင်ဒေသ တိုက်ပွဲရပ်နေတာကနေ ငြိမ်းချမ်းရေးရဖို့ တပ်မတော် မျှော်လင့်

 ရခိုင်ဒေသ တိုက်ပွဲရပ်နေတာကနေ ငြိမ်းချမ်းရေးရဖို့ တပ်မတော် မျှော်လင့်

2020-11-30

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်တွေရပ်တန့်ပြီး ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA ရဲ့ တောင်းဆိုချက်ကို တပ်မတော်ဘက်က ကြိုဆိုကြောင်း အပြန်အလှန်ကြေငြာချက်တွေ ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်း ရခိုင်ပြည်နယ်မှာ လက်တွေ့ တိုက်ပွဲတွေမဖြစ်တာ ရက်ပေါင်း ၂၀ ကျော်လာပါပြီ။


အခုလိုအခြေအနေဟာ အရင်က တစ်ခါမှ မရှိခဲ့ဖူးတာကြောင့်၊ ဒီအခြေအနေကနေတဆင့် ငြိမ်းချမ်းရေးအတွက် ပိုကောင်းလာဖို့ မျှော်လင့်တယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။


"ကောင်းတဲ့အခြေအနေလို့ မြင်တယ်၊ကျ‌နော်တို့အနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုမျိုးပေါ့နော်၊ နယ်မြေဒေသကြီး တစ်ခုလုံးကို ဒီနေ့ဆိုရင် ၂၀ ရက်ကျော်ပြီဆိုတော့ စစ်မြေပြင်မှာတော့ တိုက်ပွဲမဖြစ်ပွားခြင်းကတော့ ကျနော်တို့ စစ်သားတွေ အယူအဆအနေနဲ့ကတော့ တိုက်ပွဲမဖြစ်ပွားခြင်းက တစ်မိနစ်တိုက်ပွဲ မဖြစ်ပွားလေ တစ်မိနစ် အကျိုးရှိလေပဲ ဒေသခံပြည်သူတွေလည်း အဲလိုပဲ ဖြစ်မှာပဲ ။ ဒါမျိုး အထိ လုပ်နိုင်တာသည် မရှိခဲ့ဖူးပါဘူး။ မရှိခဲ့ဘူးတဲ့အတွက်ကြောင့် တချို့နေရာတွေမှာ အခုချိန်ထိ ရနေပြီပြောတယ်၊ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲထားတယ် ပြောတယ် ဖြစ်နေစဲပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေထိ လဝက်ကျော်လောက်ထိ ဒီအခြေအနေကို ထိန်းသိမ်းထားနိုင်တယ် ဆိုတာသည် နည်းတဲ့ အဆင့်မဟုတ်ဘဲ နှစ်ဖက် လိုက်နာဆောင်ရွက်မှု ကောင်းလို့ဖြစ်ပါတယ်။ ဒီကနေ တဆင့် ပိုပြီးတော့ ကောင်းလာနိုင်မယ်လို့ မျှော်လင့်တယ်။"


တပ်မတော်နဲ့ AA အကြားမှာ လတ်တလော တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းတာမျိုး မရှိပေမယ့် ကြားခံအဖွဲ့အစည်းတွေကတဆင့် ညှိနှိုင်းဆောင်ရွက်တာတွေ ရှိနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။


ဘယ်အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေက ညှိနှိုင်းဆောင်ရွက်ပေးနေသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။


“ပထမဆုံး အရေးကြီးတာက နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေမှာ သေနတ်သံတိတ်သွားဖို့နဲ့ အဲလိုသေနတ်သံတိတ်ဖို့အတွက် နှစ်ဖက်လုံးက လိုက်နာစောင့်ထိန်းဖို့လိုကြောင်း၊ ဒီလို လိုက်နာနိုင်ဖို့ကလည်း တကယ်မြေပြင်မှာ ထိတွေ့နေတဲ့ တပ်နှစ်တပ် မြေပြင်မှာ အပစ်ရပ်ဖို့ ညှိနှိုင်းဆွေးနွေးရမှာဖြစ်ကြောင်းနဲ့ အောက်ခြေမှာ ပြေလည်မှ မူဝါဒပိုင်း ဆောင်ရွက်သူတွေလည်း ဆောင်ရွက်လို့ အဆင်ပြေမှာဖြစ်တာကြောင့် အောက်ခြေအဆင့်မှာ အရင်ဆုံး ပြေလည်အောင် ဆောင်ရွက်သင့်တယ်လို့ လည်း “ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။"


ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ တိုက်ခိုက်မှုတွေကို နှစ်ဖက်လုံးက ရပ်ထားတဲ့အကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း အတည်ပြုပါတယ်။


ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ တစ်နှစ်လုံးနီးပါး AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက်၊ ၂၀၂၀ မတ်လ ၂၃ ရက်နေ့မှာ အစိုးရက AA ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရကသတ်မှတ်ကြေငြာခဲ့ပါတယ်။


နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကတော့ လက်ရှိ ကောင်းမွန်နေတဲ့ အခြေအနေကတဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုရေးအထိလုပ်နိုင်ရင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာ အပါအဝင် ရခိုင်မှာရှိတဲ့ ကျန်တဲ့ပြဿနာတွေပါ ဖြေရှင်းဖို့ ပိုအဆင်ပြေသွားနိုင်မယ်လို့ ခန့်မှန်းပါတယ်။


"ရခိုင်က ပြဿနာတွေ အများကြီးပဲ၊ အဲဒီအများကြီးထဲမှာ ကျတော်အမြင်ကတော့ ပထမဦးဆုံး ဖြေရှင်းသင့်တဲ့ ပြဿနာသည် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေး ဖြစ်ပါလိမ့်မယ်၊ အဲဒါချုပ်ဆိုပြီးရင် ကျန်တဲ့ဟာတွေကို ဖြေလျော့ပြီးတော့ ဖြေရှင်းသွားလို့ ရပါတယ်၊ အရင်တုန်းကလည်း KNU တို့ဘာတို့ဆိုတာ မတရားအသင်း ကြေညာထားတာပါ နောက်ဆုံး သဘောတူညီချက်တွေ ရသွားပြီးတဲ့ အချိန်ကြတော့ ဒါတွေအကုန်ဖျက်ပစ်တာပါဘဲ ဦးသိန်းစိန် လက်ထက်ကလည်းပဲ၊ အလားတူပဲ NLD အစိုးရလက်ထက်မှာလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်၊ ဦးစွာအားဖြင့် အရင်ဆုံးကိုင်ဖြေရှင်းဖို့ လိုအပ်တာကတော့ ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ၊ ဘာလို့ဆို ရခိုင်ရဲ့ ကိစ္စအများကြီးထဲကမှ အရေးကြီးဆုံးအချက်ကို ကိုင်ဖြေရှင်းလိုက်ရင် ကျန်တဲ့ ပြဿနာတွေကို တစ်ခုချင်းစီ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်"


ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲမဖြစ်ဘဲ ဒေသတွင်း တည်ငြိမ်အေးချမ်းနေတဲ့အတွက် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်အပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်ကို ပြန်နေကြပြီလို့ စစ်ဘေးရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက RFA ကို ပြောထားပါတယ်။


ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲတွေ အမြန်ပြုလုပ်ပေးရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ တိုက်ပွဲရပ်တန့်မှုတွေကနေ၊ ငြိမ်းချမ်ရေး ဆွေးနွေးလာကြတဲ့အထိ ဖြစ်လာဖို့ကို ရခိုင်ဒေသခံတွေက မျှော်လင့်နေကြပါတယ်။


https://www.rfa.org/burmese/news/military-hopes-peace-in-rakhine-11302020074542.html

ရခိုင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အခက်အခဲရှိနေ

 ရခိုင်ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အခက်အခဲရှိနေ

နီမင်းထွန်း

2020-11-30

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်


ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်နိုင်ဖို့ အစိုးရက စာရင်းတွေ စတင်ကောက်ယူနေပါတယ်။


ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သိရအောင် စာရင်းကောက်ယူနေတာဖြစ်ပြီး အခြေအနေသိရမှ ဘယ်လိုကူညီဆောင်ရွက်ပေးနိုင်မလဲဆိုတာ ဆက်လက်ဆွေးနွေးရမယ်လို့ ပြောပါတယ်။


ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒီနေ့အထိ နှစ်နှစ်ဝန်းကျင်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို အစိုးရက စာရင်းတွေကို ဒီရက်ပိုင်းမှာ စတင်ကောက်ယူနေတာပါ။


စစ်ဘေးဒုက္ခသည်တွေကတော့ နေရပ်ကိုအမြန်ဆုံးပြန်ချင်နေကြမယ့် အမှန်တကယ် နေရပ်ပြန်နိုင်ဖို့က အခက်အခဲတွေ တော်တော်များများရှိနေပါတယ်။


ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလုံနေတဲ့ တင်းမကြီးကျေးရွာက ဒေါ်မလှရီကတော့ နေအိမ်တွေမီးလောင်သွားတာကြောင့် ပြန်စရာအိမ်မရှိတော့ဘူးလို့ ပြောပါတယ်။


“ကျွန်မတို့မှာ အိမ်ပြန်လို့တော့ မရဘူး။ အိမ်ပြန်လို့မရတာက ရွာမှာအိမ်လည်းမီးလောင်သွားပြီ။ အိမ်မရှိတော့ဘူး။ ဒီမှာစားဝတ်နေရေး ခက်ခဲပေမယ့် အိမ်ပြန်လို့ မရဘူး။ ကျွန်မတို့မှာ ဆုံးရှုံးသွားတာဆိုရင် တင်းမရွာတစ်လုံးမှာ ဆုံးရှုံးသွားတာအများကြီးပဲ။ ကျွန်မအတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ကျွန်မမှာ နွား(၂၅)ကောင်ရှိတယ်။ စပါး နှစ်ထောင်ကျော်ရှိတယ်။ အိမ်ထဲမှာ အာလူးအမောင်း(၆၀)ရှိတယ်။ အပြင်မှာလည်း အာလူးစိုက်ထားတဲ့မြေ ဝါးပြန် ၄၀ ရှိသေးတယ်။ အိမ်ထဲမှာကျန်ခဲ့တဲ့ဟာ မပါသေးဘူး။ မုဆိုးမတစ်ယောက်အနေနဲ့ ဘဝကိုအဲဒီလောက်အထိ ဘဝကိုရုန်းကန်ခဲ့ရတာ။ သမီးကလည်း တက္ကသိုလ်ပထမနှစ် ကျောင်းတက်နေတာ။ ၈ တန်းကျောင်းသား တစ်ယောက်လည်းရှိသေးတယ်။ ကျွန်မရွာကိုပြန်သွားရင်လည်း မုဆိုးမတစ်ယောက်အနေနဲ့ ဘဝကို ဘယ်လို ရုန်းကန်ရမလဲ”


ဒီညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ပလက်ဝမြို့နယ်က ကျေးရွာ(၆)ရွာနဲ့ ကျောက်တော်မြို့နယ်က ကျေးရွာ ၁၆ ရွာက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု တစ်ထောင်ကျော်နဲ့ လူဦးရေ လေးထောင်ကျော် ခိုလှုံနေတာပါ။


အဲဒီအထဲမှာ တင်းမကြီး၊ အထက်တင်းမ၊ ပြိုင်းတိုင်း စတဲ့ကျေးရွာသုံးရွာကတော့ တစ်ရွာလုံး မီးရှို့ခံထားရတဲ့ ကျေးရွာတွေဖြစ်ပြီး မျောက်တောင်၊ သာစည်စတဲ့ ကျေးရွာတွေကတော့ နေအိမ်တချို့ မီးရှို့ခံလိုက်ရတဲ့ ရွာတွေဖြစ်တယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။


စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရင် အကြီးမားဆုံး အခက်အခဲနောက်တစ်ခုကတော့ မြေမြှုပ်မိုင်းနဲ့ တခြားမပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ဖြစ်ပါတယ်။


တင်းမကြီးကျေးရွာက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ဦးဦးစံသောင်းကလည်း မိုင်းအန္တရာယ်နဲ့ တခြားအန္တရာယ်တွေ ရှိနေသေးတာကြောင့် နေရပ်ကိုပြန်သွားဖို့ ကြောက်လန့်နေပါတယ်။


“ကျွန်တော်တို့မှာက နေရပ်ပြန်ဖို့ အခက်အခဲအများကြီးရှိပါတယ်။ ကျွန်တော်တို့မှာ အိမ်လည်းမရှိတော့ဘူး။ ပြီးတော့ ရွာနားမှာစစ်တပ်ရှိတော့ မိုင်းတွေကိုလည်း ကြောက်ရပါတယ်။ အန္တရာယ်တွေအမျိုးမျိုးကြောင့်လည်း ကျွန်တော်တို့ အိမ်ပြန်ရမှာကို ကြောက်နေရပါတယ်။ အမှန်တကယ်အေးချမ်းပြီး အားလုံးရှင်းရှင်းလင်းလင်းဖြစ်ရင် ကျွန်တော်တို့ အိမ်ပြန်ချင်ပါတယ်။ အခုက အန္တရာယ်များတယ်။ ပြီးတော့ သူတို့တွေလည်းရှိတယ်။ အသက်အန္တရာယ်နဲ့ နောက်တစ်ခေါက်ကြုံရမှာကိုလည်း ကျွန်တော်တို့ ကြောက်ရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အိမ်ပြန်မှာကို ကြောက်ရပါတယ်”


ဦးဦးစံသောင်းဟာ ရွာမှာသူပိုင်ဆိုင်တဲ့နေအိမ်နဲ့ စပါးတောင်းနှစ်ထောင်လောက် မီးလောင်ဆုံးရှုံးခဲ့တဲ့သူဖြစ်သလို တပ်မတော် စစ်ကြောင်းတစ်ခုက သံသယနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံကြောင့် တပ်မတော်သားတွေကို ကြောက်လန့်ပြီး အိမ်မပြန်ရဲဘူးဖြစ်နေတာပါ။


ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ကိုခိုင်မျိုးအောင်ကတော့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အခက်အခဲတွေရှိနေပြီး အကူအညီတွေလိုအပ်နေသေးတယ်လို့ ပြောပါတယ်။


“ဆောင်းရာသီရောက်လာပြီဆိုတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်ရော အကုန်လုံးအတွက်ပေါ့နော်။ ဆောင်းတွင်းအခါကျတော့ တအားချမ်းတဲ့အခါကျတော့ အနွေးထည်တွေ လိုတယ်ပေါ့နော်။ စောင်တွေလိုတယ်ပေါ့။ အဲဒီအပိုင်းတွေတော့ ရှိပါတယ်။ လိုအပ်ချက်တွေကတော့”


ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲနဲ့ပတ်သက်လို့ အချက်အလက် ကောက်ယူနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။


ဒုက္ခသည်တွေရဲ့ အခက်အခဲကို ဖြေရှင်းရမယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ အချက်အလက်တွေ ကောက်ယူပြီးချိန်မှာ ဆက်လက်ဆွေးနွေးရဦးမယ်လို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။


“စာရင်းကောက်တယ်ဆိုတာက ပြန်ဖို့အခက်အခဲရှိတဲ့သူတွေကို ကောက်တာ။ ဘယ်လိုအခက်အခဲရှိနိုင်လဲ ဥပမာအားဖြင့် နေဖို့အတွက်နေရာတွေ မရှိတော့ဘူး။ စတဲ့ဟာမျိုးတွေ ရှိကောင်းရှိမယ်။ အဲဒီလိုလူတွေကို စာရင်းကောက်ခိုင်းထားတာ။ ဘယ်ရွာတွေက မီးလောင်တဲ့အထဲကို ပါသွားတယ်။ အဲဒီပါသွားတဲ့သူတွေထဲမှာ အခက်အခဲရှိလို့ရှိရင် ဘယ်လိုကူညီပေးလို့ရှိရင်ရနိုင်မလဲ။ ဒါကိုသိချင်လို့ စာရင်းကောက်တာ။ စာရင်းတွေက မရောက်သေး။ ရောက်လာမှပဲ အဲဒီစာရင်းတွေကိုကြည့်ပြီးတော့ စဉ်းစားလို့ရအောင်အတွက်၊ နောက်ကူညီဖို့အတွက် ဘယ်လိုအပ်ချက်တွေရှိနေတယ် ဒါတွေကိုစဉ်းစားပြီးတော့ လုပ်ဆောင်နိုင်ဖို့အတွက် အဲဒါကြောင့်မို့ စာရင်းကောက်ထားတာ”


အစိုးရက ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ စာရင်းကောက်ယူနေသလို ဒီလအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေတာကြောင့် ဒုက္ခသည်တချို့ဟာ နေရပ်တွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်သွားတာလည်း ရှိပါတယ်။


နေရပ်တွေကို အပြီးပြန်သွားကြသူတွေရှိသလို စပါးရိတ်သိမ်းချိန်ဖြစ်တာကြောင့် ခေတ္တပြန်ပြီး စိုက်ပျိုးထားတာတွေကို သွားရောက်ရိတ်သိမ်းသူတွေလည်း ပါဝင်ပါတယ်။


နေရပ်ပြန်သွားသူ စုစုပေါင်း သုံးသောင်းဝန်းကျင်ရှိမယ်လို့ ဒုက္ခသည်အရေးကူညီသူတွေက ပြောပါတယ်။


တိုက်ပွဲတွေ ပြန်မဖြစ်နိုင်ဘူးလို့ အာမခံချက်ပေးနိုင်တဲ့ အခြေအနေမဟုတ်သေးဘဲ တိုက်ပွဲအတွင်း အသုံးပြုခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေ ရှင်းလင်းပြီးမှ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ လုံခြုံစိတ်ချမှုရှိမှာလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က ဦးဇော်ဇော်ထွန်းက ပြောပါတယ်။


“သူတို့က တိုက်ပွဲတွေ မရှိလာတော့တဲ့အတွက်ကြောင့်မို့လို့ ပြန်ကြတယ်ပေါ့လေနော်။ အဲဒီလိုပဲ သူတို့က သူတို့ဒေသမှာဖြစ်နေတဲ့ အခြေအနေကိုအခြေခံပြီးတော့မှ စုံစမ်းတာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာကတော့ တိုက်ပွဲတွေရှိဆိုပေမယ့် တိုက်ပွဲတွေလုံးဝချုပ်ငြိမ်းသွားနိုင်တဲ့ အာမခံချက်ရှိတဲ့ အခြေအနေမျိုးတော့မဟုတ် သေးဘူးပေါ့။ နောက်တစ်ခုကကျတော့ သူတို့အတွက် အသက်အန္တရာယ်လုံခြုံမှုရှိသလား ဒါကိုစဉ်းစားရမယ်ပေါ့လေနော်။ စွန့်စားပြီးတော့မှ ဘယ်လိုအခြေအနေရှိရှိပြန်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ကစိတ်ပူတယ်ပေါ့လေနော်။ အထူးသဖြင့် မြေမြှုပ်မိုင်းအန္တရာယ်တို့ နောက်ပြီးအနီးအနားမှာ တိုက်ပွဲတစ်ခုခုဖြစ်လို့ ထိခိုက်မှာကို ကျွန်တော်တို့ စိုးရိမ်မှုတွေရှိတာပေါ့”


ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။


အစိုးရရဲ့စာရင်းတွေမှာတော့ ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ စစ်ဘေးဒုက္ခသည် ၉၈၄၆၇ ဦးရှိတယ်လို့ဖော်ပြထားပါတယ်။


https://www.rfa.org/burmese/news/rakhine-refugees-return-11302020054224.html

အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးအောင်မြင်ဖို့ မျှော်လင့်နေ

 အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးအောင်မြင်ဖို့ မျှော်လင့်နေ

နေမျိုးထွန်း၊ အောင်သိင်္ခ

2020-11-30

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်


လက်ရှိအစိုးရ သက်တမ်း ၅ နှစ်တာကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ပြီး အစိုးရသစ် ပြန်လည်ဖွဲ့စည်းမယ့် လာမယ့် ၅ နှစ်တာကာလမှာ နိုင်ငံရေးအရ တန်းတူဆွေးနွေးတာတွေ လုပ်ဆောင်ပေးဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက လိုလားနေကြပါတယ်။


ပြီးခဲ့တဲ့ လကအထိ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း တိုက်ပွဲတွေ ရပ်တန့်သွားပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေမဖြစ်အောင် အောက်ခြေမှာ ဆွေးနွေးမှုတွေလည်း ရှိလာပါတယ်။


ရခိုင်ဒေသ တိုက်ပွဲပြန်မဖြစ်ရင် လာမယ့် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး အောင်မြင်နိုင်ခြေရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။


မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ တပ်မတော်တို့ ပဏာမ အပစ်အခတ်ရပ်စဲဖို့ အောက်ခြေမှာ အပြုသဘော ဆောင်ဆွေးနွေးမှုတွေ ရှိပေမယ့် တရားဝင်လုပ်ဆောင်တာတော့ မရှိသေးဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။


“တရားဝင်ဆိုတာထက် ပထမဦးဆုံး ထိတွေ့ဆက်ဆံပြီးတော့ ညှိနှိုင်းနေတဲ့ဟာတွေတော့ ရှိတယ်။ အဲဒါတွေတော့ ရှိလိမ့်မယ်။ အဲဒါတွေကြ တရားဝင်မလုပ်သေးတာ မဟုတ်ဘဲ ကျွန်တော်တို့လည်း မသိသေးဘူးဖြစ်တယ် အဲဒါတွေက။ ကျွန်တော်မြင်တာကတော့ အခုလောလောဆယ် ရခိုင်ဘက်မှာတော့ အဲလိုလုပ်ခဲ့တာမြင်တယ်။ ဟိုဟာတော့ ကျွန်တော် မသိသေးဘူး။ သို့သော် ကျွန်တော်မြင်တာကတော့ အကုန်လုံးကတော့ အပြုသဘောဆောင်လိမ့်မယ်လို့တော့ ကျွန်တော်မြင်ပါတယ်”


ဗိုလ်ချုပ် ဇော်မင်းထွန်း ဘယ်သူတွေ ဆွေးနွေးတယ်ဆိုတာကိုတော့ တိတိကျကျ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေလျော့ချဖို့အတွက် ဂျပန်နိုင်ငံက ကြားဝင် ညှိနှိုင်းဆွေးနွေးတာတွေရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို နိုဝင်ဘာ ၁၉ ရက်နေ့က ပြောပါတယ်။


ဂျပန်နိုင်ငံရဲ့ ကြားဝင် စေ့စပ်ကူညီပေးမှုကြောင့် အခုဆိုရင် ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှု လျော့ကျလာပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ခြေ အလားအလာတွေ ရှိနေတာပါ။


ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ ဂျပန်သံရုံးကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။


ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် Mr. Yohei Sasakawa နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama တို့ ပါဝင်တဲ့အဖွဲ့ဟာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပခဲ့တဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်အချို့ကို နိုဝင်ဘာ ၂၈ ရက်နေ့က စစ်တွေမြို့ကနေတစ်ဆင့် တပ်မတော်ရဟတ်ယာဉ်နဲ့ သွားရောက် လေ့လာခဲ့တာရှိပါတယ်။


ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်ဆိုရင် ရှမ်းပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေကိုလည်း တစ်ခါတည်း ကျင်းပပေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။


“တစ်ဆက်တည်းပါပဲ ကျွန်တော်တို့ မိုင်းကိုင်မလုပ်ရသေးဘူး။ ပြီးတော့ တန့်ယန်းမြို့နယ်အချို့လည်း မလုပ်ရသေးဘူး။ ရခိုင်နဲ့တော့ သိပ်မတူဘူးပေါ့ ပြောမယ်ဆိုရင်တော့။ ဒါပေမဲ့လည်း ချန်လှပ်ထားခြင်းခံရတယ်ဆိုတာကို ပြန်ပြုလုပ်ပေးဖို့ပေါ့နော် ကျွန်တော်တို့က တိုက်တွန်းလိုပါတယ်။ ရခိုင်မှာပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ အတူတူပေါ့နော်။ တစ်ကြိမ်တည်း လုပ်သွားမယ်ဆိုတဲ့ သတင်းလည်း ကျွန်တော်တို့ ကြားနေရပါတယ်။ ဒါကောင်းတာပေါ့။ ပြုလုပ်သွားဖို့လည်း တိုက်တွန်းပါတယ်”


NLD အနေနဲ့ လာမယ့် အစိုးရသစ်ဖွဲ့စည်းပြီးချိန်မှာလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆက်လက်ဖြေရှင်းသွားစေချင်ကြောင်း လက်ရှိတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေ ရပ်တန့်နေတာကိုလည်း ကြိုဆိုတယ်လို့ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောပါတယ်။


၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရ ဖွဲ့စည်းခွင့် ရခဲ့တာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ရှေ့ကိုပိုရောက်နိုင်မယ်လို့ အများပြည်သူက ယူဆခဲ့ကြပါတယ်။


လက်ရှိ NLD အစိုးရသက်တမ်း ၅ နှစ်ပြည့်ဖို့ ၄ လဝန်းကျင်သာ လိုတော့တဲ့ အချိန်ထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက သိသိသာသာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေတယ်လို့ ဝေဖန်မှုတွေလည်း ရင်ဆိုင်နေရတာပါ။


လာမယ့် အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေ အောင်မြင်နိုင်ဖို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အပြင် အခြားနည်းလမ်းတွေနဲ့ပါ ကြိုးစားသင့်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောတာဒိုမူးက ပြောပါတယ်။


“ဒီနိုင်ငံရဲ့ အဖြေက NCA တစ်ခုတည်းပဲ ရှိတယ်ဆိုတာတော့ ကျွန်တော်ထင်တယ် အဲဒါ ပြည့်ပြည့်စုံစုံတော့ မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ NCA နဲ့သာ ကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်နိုင်တယ်ဆိုရင် ငါးနှစ်တာကာလက ညှိခွင့်တွေ အများကြီးရှိမှာပါ။ အခုဟာက NCA ထိုးထားတဲ့ဟာတောင်မှ အောင်မြင်စွာ အကောင်အထည် မဖော်နိုင်သေးတဲ့ကာလမှာ NCA ကပဲ သွားရမယ်ဆိုတော့ အကောင်အထည်မဖော်နိုင်တဲ့ လမ်းကြောင်းကို နောက်ထပ်အဖွဲ့တွေ ထပ်လျှောက်ခိုင်းတဲ့ပုံစံဆိုရင် ဘာမှလက်တွေ့မကျဘူးပေါ့နော်။ အဲအတွက်ကြောင့် ကျွန်တော်တို့ အကောင်အထည်မဖော်နိုင်တဲ့ NCA လမ်းကြောင်းကိုလည်း ဖော်နိုင်အောင် ကြိုးစားရမယ်။ ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဘုံဆုံရပ်တစ်ခုအနေနဲ့ထားပြီးတော့ အဲဒီဘက်ကို ဦးတည်ပြီး ပေါ်လစီချပြီးတော့ အဖြေရှာဖို့လိုတယ်”


မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ ဒီမိုကရေစီ လမ်းကြောင်း တစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အရေးကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်တယ်လို့ ဖဒိုစောတာဒိုမူးက ပြောပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ပါတီက အစိုးရဖွဲ့စည်းဖို့လိုအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို သိသိသာသာ ကျော်လွန်အနိုင်ရထားတာကြောင့် လာမယ့် အစိုးရသစ်ကိုလည်း NLD ပါတီကပဲ ဖွဲ့စည်းခွင့်ရမှာဖြစ်ပါတယ်။


ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အမျိုးသား ညီညွတ်ရေး အစိုးရကို ဖွဲ့စည်းသွားမယ်လို့ NLD ပါတီ ခေါင်းဆောင်တွေက ပြောထားပါတယ်။


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အတော်များများကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ပူးပေါင်းဆောင်ရွက်ပြီး နောင်လာမယ့် အစိုးရသစ် ၅ နှစ်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ လိုလားနေကြပါတယ်။


လာမယ့် အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်စေချင်ပြီး နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ ဆွေးနွေးမှုတွေဖြစ်ဖို့ လိုအပ်တယ်လို့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။


“အထူးသဖြင့်ကတော့ ကျွန်တော်တို့ လိုချင်တာကတော့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ဟာပေါ့။ ဒီတစ်ဖက်သတ်ပိတ်ပြီးမှာ ဒီဘောင်အတွင်း ကြိုတင်ကဏ္ဍထည့်ထားပြီးမှ ဘောင်တွင်းကနေ ဆွေးနွေးမှုမျိုး အဲဒါမျိုး အရင်ကလည်း အဲဒီလိုမျိုးလုပ်လာတဲ့အခါကျတော့ ဒီငြိမ်းချမ်းရေးက ကြန့်ကြာနှောင့်နှေးနေတယ်။ အခုလည်း ဆွေးနွေးပွဲတွေရှိရင် နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အတိုင်းအတာ ဆောင်ရွက်မယ်ဆိုရင်တော့ ကျွန်တော်တို့က အရင်ကလည်း ဒီအတိုင်းပဲ အခုလည်း ဒီအတိုင်းပါပဲ။ အပစ်မရပ်သေးတဲ့အတွက် ကျွန်တော်တို့ အပစ်ရပ် အရင်လုပ်ဖို့လိုတယ်။ တိုက်ပွဲရပ်မှပဲ ဒီဆွေးနွေးပွဲက ပိုပြီးအဆင်ပြေမယ်ပေါ့ နိုင်ငံရေးဆွေးနွေးပွဲ။ ဦးစွာကတော့ ကျွန်တော်တို့က အပစ်ရပ်လက်မှတ် သဘောတူညီချက်ရှိဖို့တော့ အရင်လိုတယ်”


၂၀၀၈ အခြေခံ ဥပဒေ အောက်ကနေသွားတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုပေမယ့် ဒီမိုကရေစီ နည်းလမ်းအရ ရွေးကောက်ပွဲ ကျင်းပတဲ့အပေါ် ပြည်သူတွေက မဲပေးရွေးချယ်တာကို ဝင်ရောက်နှောင့်ယှက်တာမျိုး လုပ်ခဲ့တာမရှိဘူးလို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။


NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပပြီး နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲဆောင်ရွက်လိုကြောင်း တိုင်းရင်းသားပါတီ ၄၈ ပါတီ နာမည်တွေနဲ့တွဲပြီး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။


အဲဒီကြေညာချက်ဟာ ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြောပါတယ်။


နယ်ခြားစောင့်တပ်ဖွဲ့ BGF အနေနဲ့ လာမယ့် အစိုးရအဖွဲ့သစ် လက်ထက်မှာ စစ်ဘက်နယ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်စေချင်ပြီး တိုင်းရင်းသား အားလုံးအပေါ် တန်းတူဆက်ဆံရေး ရှိစေချင်တယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။


“ကျွန်တော်ကတော့ မြင်နေတာကတော့ တစ်ယောက်နဲ့တစ်ယောက် အာဃာတ တွေမထားဘဲ ရှေ့ဆက်သွားမယ်ဆို ကျွန်တော်တို့နိုင်ငံ မှောင်နေတဲ့အရာတွေကတော့ လင်းထွက်လာမယ်လို့ ကျွန်တော်က ခံယူပါတယ်။ ကျွန်တော်တို့အနေနဲ့ အဓိကက နိုင်ငံတစ်နိုင်ငံမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဖြစ်သွားတဲ့အခါကျတော့ ပြည်ထောင်စုခံထားတဲ့အတွက် တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တော့ တိုင်းရင်းသားတွေရဲ့ သဘောထားတွေ၊ တစ်ယောက်နဲ့တစ်ယောက်ပေါ၊့ ဥပမာ မဖြစ်နိုင်တာတွေလည်း မတောင်းဆိုကြနဲ့ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းပြီးတော့မှ ဆက်သွားမယ် အဲလိုမျိုး ကျွန်တော်တို့ကလည်း လိုချင်တာ”


NLD အစိုးရဟာ လက်ရှိ ၅ နှစ်တာ သက်တမ်းမှာ တာဝန်ယူထားပြီး အဲဒီအတွေ့အကြုံတွေနဲ့ လာမယ့်အစိုးရသစ် သက်တမ်း ၅ နှစ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။


အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက နိုဝင်ဘာ ၂၅၊ ၂၆ ရက်နေ့တွေမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကနေ တိုင်းရင်းသားပါတီတွေ အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်မှုကို ဂုဏ်ပြုကြောင်း၊ လာမယ့် အနာဂတ် နိုင်ငံရေး အခင်းအကျင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အတူတကွ လက်တွဲပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်ဆိုတာကို အလေးအနက် ယုံကြည်ကြောင်း နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


NCA အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေကလည်း ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အောင်မြင်ဖို့ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA " ဝ" အပါအဝင် AA ရက္ခိုင့်တပ်တော်တို့က ထုတ်ပြန်ထားပါတယ်။


နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်မဖြစ်အောင် ထိန်းထားနိုင်မယ်ဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေလည်း NCA လမ်းကြောင်းပေါ်ကို ရောက်လာနိုင်တာကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေရှိနေတယ်လို့ သုံးသပ်ပါတယ်။


“မြန်မာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ရဲ့ အကြီးဆုံးအကျပ်အတည်းဖြစ်တဲ့ ရခိုင်ပြည်နယ်က စစ်ရေးလှုပ်ရှားမှုတွေ လျှော့ချပစ်လိုက်နိုင်တာ ထူးခြားတဲ့ အောင်မြင်တိုးတက်မှုပါ။ အဲဒီအခြေအနေတွေကို သေချာကောင်းမွန်အောင် ကိုင်တွယ်ဆက်လုပ်ဆောင်သွားမယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်အတွင်းက အခက်အခဲ အကျပ်အတည်းမျိုးနဲ့ အဟန့်တားအမျိုးမျိုးအောက်မှာ ရပ်ဆိုင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုမိုပြီပြင်အောင်မြင်လာလိမ့်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။ FPNCC မြောက်ပိုင်းအဖွဲ့တွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ကြားထဲမှာ ဆွေးနွေးမှုတွေပြီးလို့ NCA လမ်းကြောင်းပေါ် သူတို့ လျှောက်လာပြီဆိုရင်တော့ ဒီငြိမ်းချမ်းရေးအတွက် ရွှေတံခါးကြီးပွင့်ပြီလို့ ဒီလိုမှန်းဆလို့ရနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်”


AA အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အိမ်တော် သတင်းသမားများ ဖေ့ဘွတ်စ် ဂရုကနေ ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ညနေ ၅ နာရီအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုလာမယ့် ၂၀၂၁ ခုနှစ်ဆန်းကစပြီး နောက်ထပ်သက်တမ်း ၅ နှစ်ကို အစိုးရတာဝန် ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်း တိုင်းရင်းသားတွေနဲ့ မပြေလည်တာတွေရှိခဲ့ပြီး ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေမှာလည်း သိသာတဲ့ရလဒ်တွေ မထွက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေမတွေကနေ တိုးတက်မှုတွေရှိလာအောင် လာမယ့်အစိုးသစ်သက်တမ်းမှာ လုပ်ဆောင်လိမ့်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအတော်တော်များက မျှော်လင့်နေကြပါတယ်။


https://www.rfa.org/burmese/news/new-govt-peace-in-myanmar-11302020025332-1.html

ရွေးကောက်ပွဲမှတစ်ဆင့် ြ့ငိမ်းချမ်းရေးလမ်းစပေါ်လာအောင် ကြိုးစားပေးမည်ဟု ဂျပန်အထူးကိုယ်စားလှယ်ပြော

 မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာဟိုဟေးဆာဆာကာဝါသည် နိုဝင်ဘာလ ၂၈ ရက်နေ့က တပ်မတော်ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

 
ထို့အပြင် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်သည် ရခိုင်အမျိုးသားပါတီ (ANP) နှင့်လည်း တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ The Lasdies News က ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေအား နိုဝင်ဘာ ၂၉ က ဆက်သွယ်မေးမြန်းထားပါသည်။
 
မေး - မနေ့ကတုန်းက ဆရာမတို့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါတို့ တွေ့ဆုံတယ်လို့ သိရတယ်ခင်ဗျ။ အဓိက ဘယ်လို အကြောင်းအရာမျိုးတွေကို ဆွေးနွေးကြလဲ ခင်ဗျ။
 
ဖြေ - သူကတော့ သုံးချက်ပေါ့။ ပထမအချက်ကတော့ ၉ မြို့နယ် ပြန်လည်ကျင်းပဖို့အခြေအနေကိုပေါ့နော်။ ပြည်သူတွေရဲ့အခြေအနေကို လာကြည့်တယ်ဆိုတာကတစ်ချက်ပါ။ နောက်တစ်ချက်ကတော့ရွေးကောက် ပွဲကနေစပြီးတော့ ငြိမ်းချမ်းရေးလမ်းစပေါ်နိုင်အောင် ဆိုပြီး သူပေါ့နော်။ ကြိုးစားပေးဖို့ တစ်ချက်။ နောက် တစ်ချက်ကတော့ လူသားချင်းစာနာမှုမှာလည်း တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကျွန်မတို့ဘက် က စစ်ဘေးရှောင်တွေကို လှူဖို့ဒေါ်လာနှစ်သိန်း တန် ဖိုးရှိတဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို သူ လှူပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်ကို လာတယ်လို့ပြောပြပါတယ်။
 
မေး - ဆရာမတို့ဘက်ကရော မစ္စတာဆာဆာကာဝါ ကို ဘာတွေ ပြန်ဆွေးနွေးလဲ ခင်ဗျ။
 
ဖြေ - ကျွန်မတို့ကလည်း သူ ဒီကိုလာတာကို ကျွန်မတို့အနေနဲ့ ကြိုဆိုတဲ့အကြောင်းပြောပြပါတယ်။ ရခိုင့်ပြည်နယ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်း တအား နောက်ကျတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့အတွက် ကျွန်မတို့ဘက်မှာ လိုအပ်နေတဲ့ စက်ရုံတွေဆိုတာလည်း လုံးဝ မရှိဘူးပေါ့လေ။ လူသား အရင်းအမြစ်တွေ ဒီမှာရှိနေပြီးတော့စက်ရုံတွေမှာ အလုပ်,လုပ် ဖို့အတွက် စက်ရုံတွေမရှိတဲ့အကြောင်းတွေပေါ့လေ။
 
နောက်တစ်ခါ ကျွန်မတို့ဘက်က သူတို့ကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ဒီလိုပစ္စည်းတွေ လှူဒါန်းတဲ့အတွက်ကြောင့်ရော၊ နောက်တစ်ခါ ကျွန်မတို့ ရခိုင်ပြည်နယ်ကို သူ့အနေနဲ့ စိတ်ဝင်တစားနဲ့ ရွေးကောက်ပွဲမလုပ်ခဲ့တဲ့ နေရာတွေကို နိုင်ငံသားတွေ ရဲ့အခွင့်အရေးတွေမဆုံးရှံူးအောင် သူ့အနေနဲ့ ဝင်ရောက် ကြိုးစားပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ကျေး ဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
 
မေး - မစ္စတာဆာဆာကာဝါက ဂျပန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ယောက်အနေနဲ့ တပ်မတော်နဲ့ AA ကြားမှာ ကြားဝင်စေ့စပ် ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ အဲဒီအခြအနေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ ဘာတွေများဆွေးနွေးတာရှိလဲ။ ဆရာမတို့ဘက်ကရော ဘာတွေပြန်ဆွေးနွေးလဲ ခင်ဗျ။
 
ဖြေ - သူကလည်း ငြိမ်းချမ်းရေးကို ဖြစ်စေချင်တယ်။ ကျွန်မတို့ဘက်ကလည်း ငြိမ်းချမ်းရေးကို ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် သူလည်း ဘယ်လောက် အတိုင်းအတာအထိပေါ့နော်။ထဲထဲဝင်ဝင်ကိုတော့ ကျွန်မတို့ က မပြောဖြစ်ပါဘူး။ သူ့အနေနဲ့တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နဲ့တွေ့တယ်။နောက်ပြီးတော့ရွေးကောက် ပွဲလုပ်ပေးဖို့ တောင်းဆိုတယ်။ AAက တောင်း ဆိုပြီး တော့ တပ်မတော်ကလည်း ဒီလို ကြိုဆိုလိုက်တဲ့ အပေါ်မှာ သူ့အနေနဲ့ လည်းဝမ်းသာဆိုတဲ့ အကြောင်းပေါ့။
 
ဒီလိုပေါ့နော်။ လမ်းစပေါ်လာတယ်။ ရွေးကောက်ပွဲဖြစ်ဖို့ တစ်ဖက်နဲ့ တစ်ဖက် ကြိုဆိုတဲ့ပုံစံတွေဖြစ်လာတဲ့အတွက် ဒါသည် ငြိမ်းချမ်းရေးသွားဖို့ လမ်းစဖြစ်တဲ့အတွက် သူ့အနေနဲ့လည်း အတတ်နိုင်ဆုံးပေါ့။ ကျွန် မတို့ကလည်း ငြိမ်းချမ်းရေးကိုရအောင်တော့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အတိုင်းအတာတစ်ခုတော့ ကျွန်မတို့မပြောဖြစ်ဘူး။ ဒါပေမယ့် ငြိမ်းချမ်းကတော့ ရဖို့လိုအပ်တယ်ပေါ့လေ။
 
နောက်တစ်ခါ ကျွန်မတို့ရဲ့တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာဆိုရင်လည်း တိုက်ပွဲရှောင်တွေလည်း အများကြီးဖြစ်နေတယ်။ သူတို့ရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ ဝတ်ရေးတွေလည်း အခက်အခဲတွေရှိနေတယ်။ အဲဒီအတွက်ကြောင့်ပေါ့နော်။ ရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုက်ပွဲတွေ အကုန်လုံးရပ်စဲဖို့။ ငြိမ်းချမ်းဖို့အတွက်ပေါ့နော်။ သူ့အနေနဲ့ လုပ်ပေးမယ်ဆိုရင် ကျွန်မတို့က ကျေးဇူး တင်တဲ့အကြောင်းကိုလည်း ပြောဖြစ်ခဲ့တာပါ။
 
မေး - မစ္စတာဆာဆာကာဝါက သူ့အနေနဲ့ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ဆွေးနွေးသွားသေးလည်း ခင်ဗျ။
 
ဖြေ - အဲဒါကိုတော့ ကျွန်မ ခုနက ပြောခဲ့သလိုပါပဲ။ သူ  ဘယ်လောက်အဆင့်အထိ ဘယ်လိုလုပ်ထားလဲ။  အတိုင်းအတာအထိကိုတော့ ကျွန်မတို့ကို သူမပြောခဲ့ပါဘူး။ အဲလောက်အထိတော့ သတင်းကိုပေါ့နော်။ သူတို့လုပ်နေတဲ့ အတိုင်းအတာကိုတော့ အကြောင်းစုံချပြခဲ့တာမရှိပါဘူး။ သူတို့ဘယ်လောက် အတိုင်းအတာထိ လုပ်နေတယ်ဆိုတာကိုတော့ ကျွန် မတို့ဘက်ကလည်း မမေးပါဘူး။ ကျေးဇူးတင်ပါတယ် ဆိုတဲ့ အကြောင်းပဲပေါ့နော်။
 
ပထမဆုံးအနေနဲ့တော့ ရွေးကောက်ဖို့ပေါ့နော်။ ရွေးကောက်မယ့် နေရာ ၉ နေရာကိုတော့ သူ့အနေနဲ့ဖြစ်အောင် လုပ်ဖို့ပေါ့လေ။ အဲဒါကိုပဲ သူထည့်ပြောသွားတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတာလည်း သူက ဒီလိုမျိုးစကားကို ထည့်သွားတယ်။ ဒါပေမယ့် သူတို့ကြားထဲမှာ ဘယ်လောက်အတိုင်းအတာအထိ လုပ်ထားပြီဆိုတာကိုတော့ အဲလိုမျိုးတော့ ဆွေးနွေးခဲ့တာလည်း မရှိပါဘူး။

http://www.theladiesnewsjournal.com/news/mon-2020-11-30-0458/14112