Sunday, November 29, 2020

တိုက်ပွဲကြောင့် မိုးကုတ်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေ နေရပ်ပြန်

  တိုက်ပွဲကြောင့် မိုးကုတ်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေ နေရပ်ပြန်

https://www.shwepheemyay.com/node/87

လွေးအမ်ရွှေလီ၊ ရွှေဖီမြေ

နိုဝင်ဘာလ ၃၀ ရက်၊ မိုးကုတ်

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ တပ်မတော်တို့အကြားက တိုက်ပွဲကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ မနေ့ နိုဝင်ဘာလ ၂၉ ရက်မှာ နေရပ်ဒေသကို ပြန်သွားကြပြီလို့ သိရပါတယ်။

မိုးကုတ်မြို့နယ် လီဆူစာပေယဉ်ကျေးမှု အတွင်းရေးမှူး ဦးစိုးနိုင်က “မနေ့က အားလုံးကို လိုက်ပို့လိုက်ပြီ။ ရှိသေးတာက မနေ့ည တန်ဆောင်တိုင်ဆိုတော့ မပြန်သေးတဲ့သူတွေလည်း ရှိတယ်။ ဒီနေ့ပြန်သွားကြမှာပေါ့” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၄ ရက် ည ၈ နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကျေးရွာဘက်က အခြေအနေ ငြိမ်နေပြီဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကျေးရွာဒေသခံ (၁)ထောင်ဝန်းကျင်ဟာ မိုးကုတ်မြို့ရှိ လီဆူပတ္တမြားခန်းမ၊ ပိတ်ဆည်ဘုရားကျောင်း၊ အောင်မင်္ဂလာခန်းမ၊ လီဆူဗုဒ္ဓဘာသာကျောင်း၊ ရွှေကူခန်းမနဲ့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ခိုလှုံခဲ့ကြရပါတယ်။

တပ်မတော်ဘက်က အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာမှအပ ကျန်တဲ့နယ်မြေတွေမှာ နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်ဆိုင်းမှာဖြစ်ကြောင်း ကြေညာထားသလို မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA၊ MNDAA နဲ့ AA တို့ ၃ ဖွဲ့ကလည်း ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ကြေညာထားကြပါတယ်။

#တိုက်ပွဲရှောင် #နေရပ်ပြန် #မိုးကုတ်

#ဓာတ်ပုံ- ဦးစိုးနိုင် (တိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာခံတွေ ​ေနရပ် ပြန်နေပုံ)

https://www.facebook.com/451214215694715/posts/849419809207485/


https://www.facebook.com/shwepheemyaynews/posts/849419809207485

No comments:

Post a Comment