တပ်မတော်ဘက်က ဒီဇင်ဘာလကုန်အထိ အပစ်ရပ် ထပ်တိုး
ရွှေဖီမြေ၊ ဒီဇင်ဘာ ၁ ရက်၊ လားရှိုး
ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ အပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်ကြောင်း တပ်မတော်ဘက်က ဒီနေ့ ဒီဇင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ်တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ် ရေးထားထားတဲ့အဖွဲ့အပြင် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း လက်မှတ်ရေးထိုးနိုင်အောင် အပစ်ရပ်တိုးတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာတွေမှအပ ကျန်နယ်မြေတွေမှာသာ အပစ်ရပ်တာ ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ အပစ်ရပ်ကြေညာလာတာ လက်ရှိအကြိမ်အပါအဝင် ၅ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။
#အပစ်ရပ် #သက်တမ်းတိုး #တပ်မတော်
#ဓာတ်ပုံ- Google
https://www.facebook.com/451214215694715/posts/850161109133355/
https://www.facebook.com/shwepheemyaynews/posts/850161109133355
No comments:
Post a Comment