Monday, November 30, 2020

အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည့် အဖွဲ့များရှိသည့် နေရာအပ ကျန်နယ်မြေများတွင် ၂၀၂၀ ၊ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ထပ်မံတိုးမြှင့် ရပ်ဆိုင်းသွားမည်

 

အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ၊ ဒီဇင်ဘာ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၁ ရက် (ယနေ့) ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
 
အဆိုပါထုတ်ပြန်ချက်တွင် -
 
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ၊ နိုဝင်ဘာ ၁ မှ ၃၀ ရက်အထိ တပ်မတော် အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခဲ့သည့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။
 
သို့ဖြစ်ပါ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်စေရန် ဆွေးနွေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးရန်လိုအပ်ပါက ဆက်လက်ဆွေးနွေးနိုင်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သေဘာတူစာချုပ် NCA လက်မှတ် ရေးထိုးထားရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေး နိုင်ရေး၊ လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့မျာအးနေဖြင့်လည်း လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက် ဆွေးနွေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးမြောက်သည် အထိ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး တို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ၊ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ကြေညာထားသည်။

 http://www.theladiesnewsjournal.com/news/tue-2020-12-01-1239/14116

No comments:

Post a Comment