Wednesday, June 30, 2021

ရန်ကုန်က မြေအောက်ပြောက်ကျား တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ ပေါင်းစည်း

 ရန်ကုန်က မြေအောက်ပြောက်ကျား တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ ပေါင်းစည်း

ရန်ကုန်၊ ဇွန် ၃၀
မြန်မာနိုင်ငံမှာ စစ်တပ်ကအကြမ်းဖက်အာဏာသိမ်းထားတာ ၅လနီးပါးကြာမြင့်လာချိန်မှာတော့ ရန်ကုန်မြို့က တော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့ အသွင်သဏ္ဌာန်တစ်မျိုးကိုဖော်ဆောင်ပြီး အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးကို ကြိုးပမ်းဆောင်ရွက်လာကြပါတယ်။
ရန်ကုန်မှာ ပြောက်ကျားစနစ်ကိုကိုင်စွဲပြီးအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး တော်လှန်ဆောင်ရွက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်း ၁၁ခုက ပူးပေါင်းလိုက်ပြီးတော့ သူတိုဘယ်လိုဆက်ပြီးတော်လှန်‌မယ်ဆိုတာကို ဒီကနေ့ ဇွန်လ ၃၀ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (Yangon Urban Guerrillas- YUG) ဆိုတဲ့ တော်လှန်ရေးအစုအဖွဲ့အနေနဲ့ ရန်ကုန်မြို့မှာအ‌ခြေစိုက်တဲ့ မြေအောက်တော်လှန်ရေးအဖွဲ့ ၁၁ဖွဲ့ကို ပေါင်းစည်းထားပြီး သူတို့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရာမှာ ဘယ်လိုမူဝါဒတွေနဲ့တော်လှန်မယ်ဆိုတာကို ဒီထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ပူးပေါင်းပြီး ရန်ကုန်မြို့အပါအဝင် ရန်ကုန် တိုင်း တစ်ခုလုံးကို မြန်မာဖက်စစ်စစ်တပ်ရဲ့ အုပ်ချုပ်မှုကနေ‌ကာကွယ်ဖို့ဆောင်ရွက်မယ်လို့လဲ သူတို့ကဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ငန်းစဉ်နဲ့ကြိုးစားအားထုတ်မှုတွေကို ပျက်ပြားအောင်ဆောင်ရွက်မယ်လို့လည်း သူတို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
လက်နက်ကိုင်တော်လှန်မယ့်မြေအောက်ပျောက်ကျားအဖွဲ့တွေဖြစ်တာကြောင့် သူတို့ရဲ့တော်လှန်‌ ‌ရေး လုပ်ငန်းစဉ်ကို လမ်းညွှန်ချက်ချမှတ်တာတွေမှာ ပြည်သူတွေအထိမနာဖို့၊ ဆေးရုံ ၊ ကျောင်း၊တက္ကသိုလ်၊ ပန်းခြံ၊ ဈေးနဲ့ဈေးဝယ်ကုန်တိုက်လို အများပြည်သူပို‌င် နေရာတွေမှာ လူထုထိခိုက်နာကျင်မှု့မရှိအောင်ဆောင်ရွက်ဖို့၊ အများပြည်သူပိုင် ပစ္စည်းတွေမဖျက်ဆီးဖို့၊ ပြည်သူလူထုအပေါ်အကြေက်တရာမသွတ်သွင်းဖို့နဲ့ အမျိုးသမီး ကလေး သက်ကြီးရွယ်အိုနဲ့ လိင်စိတ်ကွဲပြားတဲ့ LGBTQအစုအဖွဲ့တွေကို အနိုင့်အထက်ပြုမှုညှင်းပန်းတာတွေမလုပ်ဆောင်ဖို့ စတဲ့အချက်တွေကို လမ်းညွှန်ချက်အနေနဲ့ကိုင်စွဲထားပါတယ်။
ဒီ‌ပျောက်ကျားတော်လှန်ရေးအစုအဖွဲ့အနေနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဆောင်ရွက်မယ်လို့လည်းသူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဥပဒေနဲ့မညီတဲ့ အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူလူထုကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်တာ လူပေါင်း၉၀၀ကျော်အသက်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)ရဲ့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။
အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာတွေအပါအဝင် စစ်တပ်ရဲ့မတရားအာဏာသိမ်းမှု့‌ကြောင့်ဖြစ်ပေါ်လာတဲ့ လူထုထိခိုက်နစ်နာမှု့တွေကြောင့် မခံမရပ်နိုင်တဲ့ပြည်သူတွေဟာ လက်နက်ကိုင်စွဲ တော်လှန်နေကြပါတယ်။
အခုလို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (Yangon Urban Guerrillas- YUG)ရဲ့ ထုတ်ပြန်ချက်ဟာ အကြမ်းဖက်စစ်တပ်ကိုတော်လှန်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပေါင်းစည်းတဲ့အခါ ပိုမိုအားကောင်းတဲ့တော်လှန်မှုကိုဆောင်ရွက်နိုင်ဖို့ရည်ရွယ်တယ်လို့ Yangon Urban Guerrillas- YUG)ထဲမှာပါဝင်နေသူ တွေကဆိုပါတယ်။

https://www.facebook.com/khitthitnews/posts/1235135686923775?__cft__[0]=AZW6blcSP8lSJLAuwfSHN17ZQGN1E84BS3Uh-vOJrkyYzdVLvcV3zj3e7Z2_MPuMTBL_R2kf5ar8dBjuHPRH7ur8c9lIyc_uejiKHV8X7Pnu9eVVfUv283Q0tNHvSl7_5Fps-wK_ERxqvdQgOFJsnv6I&__tn__=%2CO%2CP-R

မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းနှင့် မြတောင်သပိတ် စစ်ကြောင်းဖြိုခွင်းခံရပြီး ၁ ဦးဖမ်းဆီးခံရ

 မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းနှင့် မြတောင်သပိတ် စစ်ကြောင်းဖြိုခွင်းခံရပြီး ၁ ဦးဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၃၀
စစ်ကောင်စီက ဖမ်းဆီးခံရသူများကို လွှတ်ပေးသည်ဟု ကြေညာနေချိန်တွင် မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းနှင့် မြတောင် သပိတ်စစ်ကြောင်းကို ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် ဖြိုခွင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် မန္တလေးအခြေစိုက်လုထုသပိတ် စစ်ကြောင်းကို သပိတ်မစတင်မီ ၃၂ ×၈၃ လမ်းတွင်လည်းကောင်း၊ မြတောင်သပိတ်စစ်ကြောင်းကို ၆၂ လမ်းမနော်တွင်လည်းကောင်း စစ်ကောင်စီတပ်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။
" မြတောင်သပိတ်စစ်ကြောင်းက ၁ ဦးပါသွားတယ်" ဟု ဖမ်းဆီးခံရသူများ၏ အခြေအနေကို သိရှိထားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက​ ပြောဆိုသည်။
မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းတွင်မူ ဖြိုခွင်းခံရသော်လည်း တစ်ဦးမှ ဖမ်းဆီးခံရခြင်းမရှိဟု သပိတ်တွင်ပါဝင်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ-မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းနှင့် မြတောင် သပိတ်စစ်ကြောင်း။ (ပုံဟောင်းအသုံးပြုထားသည်)

https://www.facebook.com/khitthitnews/posts/1235178116919532?__cft__[0]=AZVT72whumLz2BO2u5TJsqv41kjutk-ezn3snLtkqMobWT46YTFMW8rW511JIDM--c-1apDv8E7X22_Em1HzqYXMmiVbAzMu4fIZodN1V0dzFp6oev2NXwrKgrWQ9z9NT85vNjmJ6psX2Skj2M8K0Hd8&__tn__=%2CO%2CP-R

မင်းတပ်စစ်ဒုက္ခသည်တွေ ကိုဗစ်ကူးစက်မယ့်အန္တရာယ်စိုးရိမ်

 မင်းတပ်စစ်ဒုက္ခသည်တွေ ကိုဗစ်ကူးစက်မယ့်အန္တရာယ်စိုးရိမ်

(Unicode)

မြန်မာနိုင်ငံမှာ တကျော့ပြန် ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာချိန်မှာပဲ ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်း ယောမြို့နယ်ထဲကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကြားမှာ ကိုဗစ်ကပ်ရောဂါကူးစက်မယ့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူတွေကတော့ တတ်နိုင် သလောက် ကာကွယ် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်းထဲက ယောမြို့နယ်ကို ထွက်ပြေးတိမ်းရှောင် ကြတဲ့ စစ်ဘေး ဒုက္ခသည်တွေ ထောင်နဲ့ချီရှိခဲ့ပါတယ်။

အခု ဇွန်လထဲမှာပဲ မြန်မာနိုင်ငံတဝှမ်း တကျော့ပြန် ကိုဗစ်ကူးစက်မှု မြင့်တက်လာချိန်မှာ စစ်ပွဲကြောင့် တိမ်းရှောင် ခိုလှုံနေရတဲ့ ဒုက္ခသည်စခန်းတွေမှာပါ ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့ ကူးစက်မှာကို ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ ယောမြို့နယ်ထဲက စစ်ဘေးဒုက္ခသည် စခန်းတခုမှာ ခိုလှုံနေရသူတယောက်က သူတို့ စိုးရိမ်မှုကို ခုလိုပြောပြပါတယ်။

“စစ်ဘေးရှောင်စခန်းမှာ ဆရာဝန်ရှိတယ်။ ဆရာဝန်ရှိတဲ့အခါကျတော့ ဒေသခံတွေပေါ့လေ နယ်မြေဒေသခံတွေက စစ်ဘေးရှောင်စခန်းမှာ ဆေးခန်းလာပြတာမျိုးရှိတယ်။ နောက်တခုက အထဲက IDP Camp မှာ ရှိနေတဲ့ IDP တွေက အပြင်ထွက်လို့မရပေမယ့် အပြင်ကနေ ဆေးခန်းလာလာပြတဲ့ လူနာတွေက ရှိနေတဲ့အခါကျတော့ သူတို့တွေကနေတဆင့် IDP Camp မှာရှိနေတဲ့ လူတွေကို ကူးမှာ အကြောက်ဆုံး ဖြစ်လာပြီပေါ့လေ။ သူတို့ဆီကနေတဆင့် IDP Camp မှာရှိတဲ့ လူတယောက်သာ ကူးသွားခဲ့မယ်ဆိုရင် တယောက်မှ ကျန်မှာ မဟုတ်ဘူးပေါ့နော်။ ဒီမှာက စစ်ဘေးရှောင်စခန်းမှာရှိနေတာက သက်ကြီးရွယ်အိုနဲ့ ကလေးတွေရှိတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက ပိုများနေတဲ့အခါမှာ တယောက်ကူးပြီဆိုရင်တော့ တောက်လျှောက် အကုန်လွတ်မှာ မဟုတ်ဘူးပေါ့နော်။ အဲ့ဒါတော့ နည်းနည်းစိုးရိမ်ရတဲ့အပိုင်းပေါ့။ တခုရှိလာပြန်တာကလည်း Covid 19 နဲ့ ဆိုင်တဲ့ အသိပညာ ဗဟုသုတ မရှိဘူးပေါ့နော်။ စစ်ဘေးရှောင်တွေမှာ ကောင်းကောင်း မရှိတဲ့အခါကျတော့ လိုက်နာမှုအားနည်းတယ်။ နောက်တခုက အဲ့လိုမျိုး ဖြစ်နေတဲ့ကြားထဲက တကယ်လို့သာ အပြင်ကနေ ေ ဆးခန်းလာပြတဲ့ လူနာတွေဆီကနေ ကူးပြီဆိုရင် သွားပြီပေါ့ ကျွန်တော်တို့ စခန်းတခုလုံးက ကူးနိုင်စရာ အကြောင်းရှိတယ်။”

ကိုဗစ်အန္တရာယ်ကာကွယ်တဲ့အနေနဲ့ ဒုက္ခသည် စခန်းအဝင်အထွက်ကို တင်းကြပ်ထားပါတယ်။ တကယ်လို့ ကပ်ရောဂါ ကူးစက်လာရင်တော့ ကုသဖို့ ပေးနိုင်ဖို့ အခက်အခဲရှိတယ်လို့ စခန်းတာဝန်ခံတဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့က စိုးရိမ်စိတ်တော့ရှိတာပေါ့။ ကူးစက်လာရင် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ ဒီမှာ ဆေးလည်းမရှိ ဆရာဝန်လည်း မရှိဆိုတော့။ သတ်သတ်ခွဲထားဖို့ပဲရှိတာ ကွာရတင်းသဘောမျိုး သတ်သတ် ခွဲထားဖို့ပဲနေရာရှိတာ။ ကျွန်တော်တို့ ဒီမှာ ဟန်းဂျဲလ်ဘူးလေးရှိတယ်။ နှာခေါင်းစည်းတွေရှိတယ်။ ရွာထဲကို သွားရင် နှာခေါင်းစည်းနဲ့သွား ပြန်လာရင် လက်ဆေး ရွာထဲကိုလည်း အများကြီးမသွားဖို့ ၁ ဆောင်ကို ၁ ယောက်စီ သွားဖို့ ပြောထားတယ်။ အဲ့လိုပဲ ရွာထဲကလာရင်လည်း နှာခေါင်းစည်းတွေနဲ့ ဒီထဲကို ဝင်လာရင် ဆပ်ပြာနဲ့ဆေးဖို့ ဒါပဲရှိတာ ကိုယ့်အစီစဉ်နဲ့ ကိုယ်ဒါပဲရှိတာလေ။”

စစ်ပွဲတွေကြောင့် ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်း ယောမြို့နယ်ထဲက ယာယီစခန်း ၁၀ ခုမှာ လာရောက်ခိုလှုံနေသူ ဒုက္ခသည် ၃ ထောင်ကျော်ရှိပါတယ်။ ကိုဗစ်ကာကွယ်တဲ့အနေနဲ့ ယာယီခိုလှုံရေးစခန်းတွေထဲ အဝင်အထွက် တင်းကြပ်ထားတဲ့အတွက် စခန်းအတွင်း တကိုယ်ရေးသုံး ပစ္စည်းတွေအပါအဝင် လိုအပ်တာတွေ ဝယ်ယူဖို့ အခက်ကြုံနေကြပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဇွန် ၁ ရက်ကနေ ၂၈ ရက်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးကို နှာခေါင်းစည်း ၁၂ သန်းကျော် ဖြန့်ဝေထားတယ်လို့ ပြောကြားထားပါတယ။် ကျန်းမာရေး ဝန်ကြီးဌာနက ဖြန့်ဝေထားတဲ့ နှာခေါင်းစည်းတွေဟာ ယောမြို့နယ်ထဲက ဒုက္ခသည် စခန်းတွေဆီ မရောက်တာကြောင့် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဝယ်ယူ နေရတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

နိုင်ငံတဝှမ်းလုံးမှာ ကိုဗစ်ကူးစက်တာတွေ မြင့်တက်လာနေတာမှာ ဇွန် ၂၇ ရက် ညကနေ ၂၈ ရက်ညအထိ ဓါတ်ခွဲနမူနာ ၆၅၀၀ ကျော် စစ်ဆေးခဲ့တဲ့ထဲက ၁၂၂၅ ဦး ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စတင်ဖြစ်ပေါ်တဲ့အချိန်က စပြီး ဒီနေ့အထိ ကူးစက်သူကတော့ ၁ သိန်း ၅ သောင်း ၄ ထောင်ကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၃၃၀၉ ဦးရှိပါတယ်။

မင်းတပ်စစ်ဒုက္ခသည်တွေ ကိုဗစ်ကူးစက်မယ့်အန္တရာယ်စိုးရိမ် (voanews.com)

ကချင်စစ်ဘေးဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးအဖြစ်များနေ

 ကချင်စစ်ဘေးဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးအဖြစ်များနေ

(Unicode)

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကချင်ဗန်းမော်ခရိုင်နဲ့ ချင်းပြည်နယ်ထဲက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးရောဂါတွေ ဖြစ်နေကြပါတယ်။ လူတွေပြွတ်သိပ်နေကြရတဲ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းထဲက ကလေးငယ်တွေ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နေကြပါတယ်။ ချင်းပြည်နယ် ကလက်ဝမြို့နယ်ဖက်မှာလည်း ရာသီတုပ်ကွေးရောဂါတွေဖြစ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီအခြေအနေတွေအကြောင်းကိုတော့ မဆုမွန်ပြောပြပါမယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲက ဒုက္ခသည်စခန်းနဲ့ ကျေးရွာတွေမှာ ကလေးငယ် အများအပြား သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနေကြပါတယ်။ ဗန်းမော်မြို့က ပြည်တွင်းဒုက္ခသည်စခန်းမှာဆိုရင် ကလေးတွေ ရာဂဏန်းလောက်ရှိပြီး ခန့်မှန်းခြေတဝက်လောက်က သွေးလွန်တုပ်ကွေးဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတယောက်က ပြောပြပါတယ်။

“ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်နေကြတယ်၊ အခုဒီရက်ပိုင်းပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေအဖြစ်များနေတာ၊ လူငယ်ကလေးတွေ တော်တော်များများဖြစ်နေကြတာပေ့ါနော် ဒီလိုဖျားနားပြီးတော့မှ တုပ်ကွေးဖြစ်နေတာ အဲ့ဒါမျိုးပဲရွာတွေဘက်မှာ အဲ့ဒီ အခုစစ်ဘေးရှောင်တွေဘက်မှာ စစ်ဘေးရှောင်ရယ်လို့လည်း မဟုတပါ်ဘူး၊ ဒီအားလုံးဖြစ်နေကြတာ ရွာတွေဘက်မှာ အခုရာသီကြောင့်လည်းဖြစ်မယ်ထင်တယ်၊ စစ်ဘေးရှောင်တဲ့ နေရာမှာကျတော့ နည်းနည်းလူတွေက ပို၊ ကလေးတွေရော လူတွေကပိုပြွတ်သိပ် ပြီးနေကြတော့ အဲ့ဒါပိုပြီးတော့ အခြေအနေဆိုးသွားတာပေါ့နော်၊ အခုလောလောဆယ်တော့ ကလေးတွေ ဘယ်လိုခေါ်မလဲ ဒီထက်ဝက်လောက်က ဖြစ်နေမယ်၊ ဖြစ်တဲ့ဟာလည်းဖြစ် တချို့လည်းပြန်ပျောက်ကြတာပေါ့နော် အဲ့လိုမျိုးတွေ ကလေးတွေကတော့ ရာဂဏန်းရှိမှာပေါ့နော် ဒါပေမယ့် ဒါပေမယ့် အကုန်လုံး (နေတာ) ပြန့်ကျဲနေတာ တချို့နေရာတွေ ဆယ်ဂဏန်းပဲရှိမယ်တချို့နေရာလည်း လေး၊ ငါးဆယ် အဲ့လိုမျိုးသူက စစ်ရှောင်တွေက စုစည်းနေတာမဟုတ်ဘူး”

ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းပြီး စုပြုံနေထိုင်နေကြရတဲ့ အခြေအနေကိုလည်း အဲ့ဒီအကူအညီပေးနေသူက ဆက်ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောင့်မှုရယ်လို့ ဘာခေါ်မလဲ သေချာစနစ်တကျ ရရှိတာတော့ မရှိဘူးပေါ့။ ဖြစ်လို့ရှိရင် အဲ့ရွာမှာရှိတဲ့ ကျန်းမာရေးဆေးပေးခန်းတွေသွားကြတယ်၊ အဲ့လိုလောက်ပဲ ရှိတယ်ပေါ့နော် နောက်တော့ ဒီအလှူရှင်တွေက တချို့ပို့လာတဲ့ အဲ့ဆေးတွေဘာတွေ နည်းနည်းပါးပါးရှိတယ်၊ အဲ့ဒါမျိုးနဲ့ပဲ ဟိုဟာလုပ်ကြတယ်။ ဒီစနစ်တကျစောင့်ရှောင့်မှု ကာကွယ်စောင့်ရှောင့်မှုကတော့ မရှိဘူး။”

ဒုက္ခသည်တွေ ခိုလှုံနေကြရတဲ့ စခန်းတွေမှာ ရေအိမ်တွေ မလုံလောက်တာ၊ နေရာထိုင်ခင်း အခက်အခဲရှိတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့အတွက် ကူးစက်မှုတွေ တိုးလာမှာကိုလည်း ကူညီပေးနေသူတွေက စိုးရိမ်နေပါတယ်။ ချောင်းတွေထဲ ရေသွားချိုးကြရသူတွေမှာလည်း ရေမသန့်တဲ့အတွက် အရေပြားရောဂါတွေ ဖြစ်နေကြပါတယ်။ အများအပြားက အမျိုးသမီးတွေဖြစ်ကြပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကြားမှာလည်း ရာသီတုပ်ကွေးဖြစ်နေကြပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ နေရာတွေမှာ ကျန်းမာရေးပညာပေးမှုတွေ ရေသန့်အောင် ဆေးခတ်တာတွေ လုပ်ပေးနေတယ်လို့ ပလက်ဝမြို့နယ် ကုသရေးဦးစီးဌာက ဆရာဝန်တစ်ဦးက ပြောပါတယ်။

“ရာသီတုပ်ကွေးကတော့ ရှိတော့ရှိမယ် ခင်ဗျ၊ အဲ့ရာသီတုပ်ကွေးကတော့ ရိုးရိုးတုပ်ကွေးကတော့ စစ်ရှောင်ကပဲ ဖြစ်တာများတယ်။
အဲ့လိုအများကြီးမရှိဘူးခင်ဗျ၊ အများကြီးဆိုတာ ဟိုလိုပမာဏနဲ့ ပြောရလောက်အောင် မရှိဘူး၊ ပုံမှန်ကို တစ်ရက်ကို တစ်ယောက် နှစ်ယောက်၊ အဲ့လိုဆေးရုံးလာပြတာလောက်ပဲရှိမယ်။ ဟုတ်ကဲ့ ကျနော်တို့ကတော့ ပုံမှန် အဲ့စစ်ရှောင်စခန်းတွေကို ဆေးခန်းသွားတာရှိတယ်ဗျ၊ ကျနော်တို့ ဒီဆရာမနေတွေနဲ့လေး အဲ့ဖွင့်တဲ့အချိန်မှာ တစ်ခါတစ်လေ ကျန်းမာရေးပညာပေးတဲ့ ကိစ္စတွေလုပ်တယ်၊ ပြီးလို့ရှိရင် ကျနော်တို့ ဒီတစ်မြို့လုံးကို အဆိတ်ဆေးပေါ့ ပိုးလောက်လန်သေတဲ့ ဆေးပေါ့နော်၊ အဲ့ကောင်ခပ်ပြီးပါပြီး နယ်တွေကိုလည်း ပိုးလောက်လန်သေတဲ့ ဆေး အဆိတ်ဆေးခပ်ဖို့အတွက် ဖြန့်ထားပြီးပါပြီခင်ဗျ။”

ချင်းပြည်နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား အခုဇွန်လဆန်းအထိ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရာက လူပေါင်း ၂ သောင်းကျော် အိုးအိမ်ပစ် ထွက်ပြေးနေကြရပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာလည်း မတ်လလယ်ကစ လူပေါင်း ၁ သောင်းကျော် နေရပ်စွန့် ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြီးခဲ့ ကြသပတေးနေ့ သတင်းရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ကချင်စစ်ဘေးဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးအဖြစ်များနေ (voanews.com)

ဒုက္ခသည်များဆိုင်ရာ ကုလ မဟာမင်းကြီးရုံး

 ဒုက္ခသည်များဆိုင်ရာ ကုလ မဟာမင်းကြီးရုံး

(Unicode)

ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စုစုပေါင်းရဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ အဲဒီ ဒုက္ခသည်တွေဟာ မြောက် Sumatera ပြည်နယ်မြို့တော် Medan မှာ မသေချာ မရေရာတဲ့အခြေအနေတွေအောက်မှာ နေထိုင်နေကြတာပါ။ အများစုဟာ ခိုလှုံခွင့်ရဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေကြပြီး တတိယနိုင်ငံတခုမှာ အခြေနေထိုင်နိုင်ဖို့ မျှော်လင့်နေကြတာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခု ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးထားခြင်းမရှိတာကြောင့် နိုင်ငံအတွင်း ရောက်နေကြတဲ့ ဒုက္ခသည် စုစုပေါင်း ၁၄,၀၀၀ အတွက် နေရာထိုင်ခင်းအသစ် မထောက်ပံ့ပေးနိုင်ပါဘူး။ ဒီအကြောင်း အင်ဒိုနီးရှားဌာနက Anugerah Ardiansyah ပေးပို့ထားတဲ့သတင်းကို တင်ပြပေးပါမယ်။

အသက် ၃၃ နှစ်အရွယ် Mouhammad Noor ဟာ မြန်မာနိုင်ငံ၊ မောင်တောမြို့က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်ပြီး လက်ရှိမှာ မြောက် Sumatera ပြည်နယ်မြို့တော် Medan မှာ နေထိုင်ပါတယ်။

၂၀၀၈ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်တဲ့အချိန်မှာ ဘဝသစ်ကို ထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့နေရပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အချိန်မှာ မျှော်လင့်ထားတာနဲ့ လက်တွေ့အခြေအနေ ကွာခြားနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီမှာ အိုင်ဒီကဒ်ရဖို့တောင် မလွယ်ကူတဲ့အခြေအနေမို့ ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားနိုင်ငံကို လှေနဲ့ ထပ်မံ ထွက်ပြေးခဲ့ပါတယ်။

စာရွက်စာတမ်းအထောက်အထားမပါဘဲ ရောက်လာတဲ့ Noor ဟာ မလေးရှားမှာရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ ကျနော် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ကြိုးစားခဲ့ပါတယ်။ မလေးရှားမှာ ဘာအထောက်အထားမှမရှိဘဲ အလုပ်လုပ်နေတာပါ။ မလေးရှားမှာ ကျနော်တို့လူမျိုးတွေ ပညာသင်ခွင့်လည်း မရကြတာကြောင့် ဒီမှာဆက်နေလဲ ဘာမှမထူးဘူးဆိုတာကို ကျနော် ၂၀၁၁ ခုနှစ်မှာ သဘောပေါက်လာတယ်။”

အဲဒီနောက်မှာတော့ Noor ဟာ ရိုဟင်ဂျာဒုက္ခသည် တဒါဇင်လောက်စုပြီး မလေးရှားက ထွက်ပြေးဖို့ စီစဉ်ခဲ့ပါတယ်။ သူတို့ဟာ သြစတေးလျကိုသွားပြီး ခိုလှုံခွင့်လျှောက်ထားလိုကြပေမယ့် အဲဒီလို သွားဖို့အတွက် အင်ဒိုနီးရှားကို အရင်သွားရမယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။

ပွဲစားကတဆင့် သြစတေးလျကို သွားဖို့အတွက် သူတို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ Noor က ပြောပါတယ်။ လူ ၁၁ ဦးပါတဲ့ သူတို့အဖွဲ့ထံက ပွဲစားကငွေတွေယူသွားပြီး သြစတေးလျကိုသွားနိုင်ဖို့အတွက် အခု သူတို့ရောက်နေတဲ့ Medan မြို့မှာ စောင့်ခိုင်းထားတယ်လို့ ဆိုပါတယ်။ သူတို့ကို ကားနဲ့လာခေါ်ပြီး Java ကျွန်းကတဆင့် သြစတေးလျကို ပို့ပေးမယ်လို့ ပွဲစားက ပြောထားတယ်လို့ ဆိုပါတယ်။

ပွဲစားရဲ့ အလိမ်ခံရပြီးတဲ့နောက် စာရွက်စာတမ်း အထောက်အထားမပါတဲ့ သူတို့အုပ်စုဟာ Medan မြို့က လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ သူတို့ကို အင်ဒိုနီးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခံရပြီး တနှစ်လောက်ကြာတဲ့အခါမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီး Medan မှာရှိတဲ့ ဒုက္ခသည်စခန်းကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

သူတို့ကို UNHCR နဲ့ IOM နိုင်ငံတကာရွေ့ပြောင်းနေထိုင်သူများအရေး အကူအညီပေးနေတဲ့အဖွဲ့အစည်းတို့က ကူညီပေးခဲ့ပြီး တခြားနေရာတွေကို ထွက်မပြေးကြဖို့ ပြောတယ်လို့ Noor က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်ပေမယ့် ဒုက္ခသည်တွေက အင်ဒိုနီးရှားကို မျက်စိကျနေကြပါတယ်။

ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးမထားပေမယ့် အင်ဒိုနီးရှားအစိုးရက ရောက်လာတဲ့ဒုက္ခသည်တွေကို ကြည့်ရှု စောင့်ရှောက်ထားတာ၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်ဆလင်တွေကို စောင့်ရှောက်ပေးထားတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ IOM ရုံးရဲ့ ဌာနေကိုယ်စားလှယ် Louis Hoffmann က ချီးကျူးပါတယ်။

“လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ အင်ဒိုနီးရှားအစိုးရက အသက်ကယ်တဲ့ အကူအညီတွေပေးနေတယ်ဆိုတာ သိသာပါတယ်။ ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးမထားပေမယ့် ဒုက္ခသည်တွေကို အကူအညီပေးတဲ့အစဉ်အလာက ဒီနိုင်ငံမှာ ရှိနေပါတယ်။”

Medan မြို့မှာတင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ တူရကီ၊ သီရိလင်္ကာ၊ ဆိုမားလီးယား၊ ကူဝိတ်၊ အီရန်၊ အရတ်၊ ပါလက်စတိုင်း၊ အီသီယိုးပီးယားနဲ့ Ivory Coast နိုင်ငံတွေက ဒုက္ခသည် ၁၈၀၀ နီးပါး နေထိုင်နေကြတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

UNHCR က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ အင်ဒိုနီးရှားနိုင်ငံမှာ ဒုက္ခသည်စုစုပေါင်း ၁၄,၀၀၀ လောက်ရှိနေတာမှာ အဲဒီအထဲက အများစုဟာ အာဖရန်နစ္စတန်နိုင်ငံကဖြစ်ပြီး ဒုတယိအများဆုံးကတော့ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ပြီး လက်ရှိမှာ ၃၅၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ် ခင်ဗျား။

ဒုကၡသည္မ်ားဆိုင္ရာ ကုလ မဟာမင္းႀကီးရံုး (voanews.com)

စစ်ကောင်စီ အရေးယူအပြစ်ပေးပုံ ဥပဒေနဲ့ မကိုက်ညီ (ကုလပြောခွင့်ရ Dujarric)

 စစ်ကောင်စီ အရေးယူအပြစ်ပေးပုံ ဥပဒေနဲ့ မကိုက်ညီ (ကုလပြောခွင့်ရ Dujarric)


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူ ၅ ထောင်ကျော်ရှိပြီး၊ ရာနဲ့ချီတဲ့ လူတွေကိုလည်း တရားရုံး လုပ်ထုံးလုပ်နည်းနဲ့ မညီပဲ အရေးယူ အပြစ်ပေးခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

“စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးထားသူ ၅,၂၀၂ ယောက် ရှိခဲ့ပြီး၊ ဒီအထဲက ၂၀၀ ကျော်ဟာလည်း မေးခွန်းထုတ်စရာ တရားရေး လုပ်ငန်းစဉ်အောက်မှာ လုပ်ထုံးလုပ်နည်းနဲ့ မညီပဲ ဥပဒေအမျိုးမျိုးနဲ့ ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။ ၂၆ ယောက် သေဒဏ်ချမှတ်ခံရပြီး၊ ဖမ်းဝရမ်း ထုတ်ထားတဲ့အတွက် တိမ်းရှောင်နေရသူပေါင်း ၂ ထောင်လောက် ရှိနေပါတယ်။” လို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဒါဇင်နဲ့ချီတဲ့ သူတွေကိုလည်း မျက်ကွယ်မှာပဲ သေဒဏ်၊ တသက်တကျွန်း၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အပြစ်ပေးခံရတာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေက ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားသူတွေထဲက ထင်ရှားကျော်ကြားသူ ၂၄ ယောက်အပေါ် စွဲချက်တွေကို ရုပ်သိမ်းလိုက်ကြောင်း စစ်တပ်ပိုင် ရုပ်မြင်သံကြားက အင်္ဂါနေ့မှာပဲ ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လုပ်ရှားမှုတွေကို အာဏာပိုင်တွေ နှိမ်နင်းရာက နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သာမက သတင်းသမားတွေ၊ အနုပညာရှင်တွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ သတင်းသမား ၉၃ ယောက်ထက်မနည်း ရှိခဲ့ပြီး ၅၄ ယောက်ဟာလည်း ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ အရေးယူအပြစ်ပေးပုံ ဥပဒေနဲ့ မကိုက်ညီ (ကုလပြောခွင့်ရ Dujarric) (voanews.com)

စစ်ကောင်စီလက်ချက် သေဆုံးသူ လက်နက်မဲ့ အရပ်သား ၉ ၀၀ နီးပါးရှိပြီ (ကုလပြောခွင့်ရ)

 စစ်ကောင်စီလက်ချက် သေဆုံးသူ လက်နက်မဲ့ အရပ်သား ၉ ၀၀ နီးပါးရှိပြီ (ကုလပြောခွင့်ရ)


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ ရာနဲ့ချီ ရှိနေပြီး၊ ဒီအထဲမှာ ဖမ်းဆီးထားစဉ် သေဆုံးမှုတွေ ရှိနေကြောင်းလည်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ လက်နက်မဲ့ အရပ်သား ၈၈၃ ယောက်ထက်မနည်း ရှိမယ်လို့ ခန့်မှန်းထားပြီး၊ ဒီအထဲက အနည်းဆုံး ၄၀ လောက်ဟာ ဖမ်းဆီးထားစဉ် သေဆုံးခဲ့တာလို့လည်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သေဆုံးသူကလေး ၆၀ လောက် ရှိနေပြီလို့လည်း ပြောပါတယ်။ ဆေးရုံတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုပေါင်း ၅၉ ကြိမ်ထက်မနည်း ရှိခဲ့ပြီး၊ စာသင်ကျောင်းတွေ ကျောင်းဆရာ၊ ဆရာမတွေ တိုက်ခိုက်ခံရမှု အနည်းဆုံး ၁၆၃ ကြိမ် ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ထိခိုက်သေကျေ လောက်တဲ့အထိ အင်အားသုံး နှိမ်နင်းမှုတွေအပေါ် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေက အပြင်းအထန် ရှုတ်ချကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ၅ လနီးပါး ရှိလာချိန်မှာပဲ ဆန့်ကျင်လှုပ်ရှားမှုတွေ၊ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေနဲ့အတူ ထိခိုက်သေဆုံးမှု သတင်းတွေလည်း ဆက်လက်ထွက်ပေါ်နေတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ ကျည်ဆံအစစ်တွေ အပါအဝင် အင်အား အလွန်အကျွံသုံး နှိမ်နင်းမှုတွေ ချက်ခြင်းရပ်ဖို့နဲ့ အရပ်သားတွေအပေါ် လက်နက်ကြီးတွေပါ အသုံးပြု တိုက်ခိုက်တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းလည်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီလက်ချက် သေဆုံးသူ လက်နက်မဲ့ အရပ်သား ၉၀၀ နီးပါးရှိပြီ (ကုလပြောခွင့်ရ) (voanews.com)

ရခိုင်မြောက်ပိုင်း စစ်ဘေးဒုက္ခသည်စခန်းများ ရိက္ခာပြတ်လပ်

 ရခိုင်မြောက်ပိုင်း စစ်ဘေးဒုက္ခသည်စခန်းများ ရိက္ခာပြတ်လပ်

(Unicode)

ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ရိက္ခာပြတ်လပ်တာတွေ နဲ့ ရင်ဆိုင်နေရတာပါ။ ရိက္ခထောက်ပံ့သူ တွေအနေ နဲ့လည်း ငွေကြေးလည်ပတ်မှုတွေ အဆင်မပြေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံ့တဲ့အခါ ကြန့်ကြာတာတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီက ပြောပါတယ်။ ဒီအကြောင်း ရခိုင်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင် ပြောပြပါမယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မြေပုံ စတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရောက်ရှိတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။

မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ရှောင်စခန်းမှာဆိုရင် လူဦးရေ နှစ်ထောင်နီးပါး နေထိုင်ကြတာဖြစ်ပြီး စားနပ်ရိက္ခာပြတ်လတ်မှုတွေ ရှိနေတယ်လို့ ပီးပင်ရင်းစစ်ရှောင်စခန်းတာဝန်ခံ ဦးသိန်းရွှေမြတ်က ပြောပါတယ်။


“ ကျနော်တို့ စခန်းရိက္ခာပြတ်နေတာက တော်တော်ကြာနေပြီ။ ကျနော်တို့ အစိုးရဌာန ဘေးစီမံက ပေးတာဆိုရင် ၁၆ရက်လောက်ရှိပြီ မရောက်တာ။ WFP ကလည်း ရိက္ခာမရောက်တာ တစ်ပတ်လောက်ရှိနေပြီ။ စခန်းရပ်တည်ဖို့တောင် တော်တော်အခက် အခဲဖြစ်နေပြီ။ မိုးကလည်း တအားရွာနေတာ ဆိုတော့ အပြင်မှာထွက်ပြီး ရှာဖွယ်စားသောက် ဖို့လည်း အချိန်မရ၊ မိုးကလည်း ကြီးတယ်။ အလုပ်အကိုင်ကလည်း မရှိဘူးဆိုတော့ တော်တော်ခက်ခဲနေကြတယ်။”

အဲဒီ ပီပင်ရင်း စစ်ရှောင်စခန်းကို အရင်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ သဘာဝဘေး အန္တာရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနတို့က စားနပ်ရိက္ခာ ထောက်ပံ့ထားပေးနေခဲ့တာပါ။

ဒါအပြင် လူဦးရေ သုံးထောင်ကျော်ရှိတဲ့ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ရှောင်စခန်းမှာဆိုရင်လည်း စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ရပ်တန့်နေတာကြောင့် စားနပ်ရိက္ခာပြတ်လတ်မယ့် အနေအထားမှာရှိနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

မြေပုံမြို့နယ်အတွင်းက ကိုင်းကြီးစစ်ရှောင်စခန်းမှာဆိုရင်လည်း အစိုးရထောက်ပံ့မှု မရရှိတဲ့ စစ်ရှောင်စခန်းတစ်ခုဖြစ်သလို အရင်ထောက်ပံ့နေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ မရှိတော့တာကြောင့် ဖြစ်သလို ရှာကြံစားနေရတယ်လို့ ကိုင်းကြီးစစ်ရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးကပြောပါတယ်။

“ အရင်တုန်းက ရိက္ခာတွေကျတော့ ပြည်တွင်းပြည်ပက အရပ်ဖက်အဖွဲ့တွေရယ်၊ နောက်ပြီး တော့ ရက္ခိတကွန်ယှက်နဲ့ ပူးပေါင်းပြီးတော့ ပေးကြတာ။ အခု ရိက္ခာမရတော့တာက သူတို့လည်း အကျပ်အတည်းကာလ ဖြစ်နေလု့ိ ထင်ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပါကို ရှာကြံပြီးစားသောက် နေထိုင်ရတယ်ဗျာ။”

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ စစ်ရှောင်တစ်သိန်းကျော်လောက် ရှိနေပြီး စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ ပုံမှန်ထောက်ပံ့မှုတွေနောက်ကျနေတာဟာ အစိုးရအနေနဲ့ ဘဏ်ကငွေထုတ်ရတာ အဆင်မပြေတာကြောင့်ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောပါတယ်။

“ လွန်ခဲ့တဲ့ တစ်လ နှစ်လလောက်ကစပြီးတော့ ဘဏ်ငွေထုတ်ရ အခက်အခဲဖြစ်လာ တာပေါ့နော်။ ဆန်ကုန်သည်များအသင်းကို ပေးချေရမယ့် ငွေတွေကိုလည်း သူတို့က မပေးချေနိုင်ပဲ ဖြေးဖြေးရှင်းပေးနေရတယ်။ နောက်ဆုံး တစ်လလုံးမှာမှ ငွေ သိန်းနှစ်ရာလောက်သာ ထုတ်လို့ရတဲ့ အနေအထားဖြစ်လာတယ်။ဆန်ကုန်သည်တွေကလည်း နဂိုကတည်းကအကြွေးတွေ များနေတော့ မရောင်းကြတော့ဘူး။ အဲတာကြောင့် နည်းနည်းကြာသွားတာရှိတယ်။ အခုနောက်ပိုင်းမှာတော့ အဆင်ပြေသွားမယ်ထင်တယ်။ အခုလည်း စေတီပြင်ဒုက္ခသည်စခန်း ဆန်အခက်အခဲဖြစ်နေတယ်ဆိုလို့ ဆန်ပို့ဖို့ ပြင်နေပါတယ်။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်တန့်နေတယ်ဆိုပေမယ့် မိုင်းနဲ့ စစ်ကျန်လက်နက်အန္တာရယ်ကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်လောက် စစ်ရှောင်စခန်းတွေမှာ ရှိနေတာပါ။ အစိုးရဖက်ကတော့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထား ပါတယ်။

ရခိုင်မြောက်ပိုင်း စစ်ဘေးဒုက္ခသည်စခန်းများ ရိက္ခာပြတ်လပ် (voanews.com)

“စစ်ကောင်စီတပ်ရဲ့ရက်စက်မှုများ လွတ်ငြိမ်းခွင့်မပေးဖို့အရေးကြီး” မြန်မာအထူးအကြံပေးကောင်စီ

 “စစ်ကောင်စီတပ်ရဲ့ရက်စက်မှုများ လွတ်ငြိမ်းခွင့်မပေးဖို့အရေးကြီး” မြန်မာအထူးအကြံပေးကောင်စီ

(Unicode)

နိုင်ငံတကာဥပဒေတွေကိုအကြီးအကျယ်ချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီတပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေတိုးလာနေတာနဲ့အမ ျှ သူတို့ကို ပြစ်ဒဏ်ကကင်းလွတ်ခွင့်မရအောင်လုပ်ဖို့ သိပ်ကိုအရေးကြီးနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ SAC-M ကဒီကနေ့ကြေငြာချက်ထုတ်ပြန်ပါတယ်။

မင်းတပ်၊ ဒီမောဆိုနဲ့ ကင်းမရွာနဲ့ မန္တလေးမြို့အပါအဝင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတဲ့စစ်ဆင်ရေးတွေမှာ အရင်ကလုပ်ရပ်တွေဖြစ်တဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမှာ ထပ်ပြီးအကျူံးဝင်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင်စစ်ရေးမတည်မငြိမ်ဖြစ်နေတဲ့ ဒေသတေေွက မြန်မာစစ်တပ်ရဲ့လုပ်ရပ်ကတော့ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့လည်း ဇွန်လ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အာဏာကိုဆုပ်ကိုင်ထိန်းချုပ်ထားနိုင်အောင် နိုင်ငံတဝှမ်းလုံးက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို စစ်ကောင်စီက အကြမ်းဖက်ပြီးတရားလက်လွတ် နှိမ်နှင်းလာတယ်လို့ လည်းကြေငြာချက်မှာပြောထားပါတယ်။

ဥပဒေမဲ့သတ်ဖြတ်တာတွေ၊ အကြီးအကျယ်နှိပ်စက်ညှဉ်းပန်းတာတွေ၊ မဆင်မခြင်ဖမ်းဆီးတာတွေ၊ မုဒိန်းမှုကျူးလွန်တာတွေနဲ့ လူမြင်ကွင်းမှာ ရိုက်နှက်တာမျိုးလို ရာဇဝတ်မှုမြောက်တဲ့ ရမ်းကားတဲ့လုပ်ရပ်တွေကိုနေ့စဉ်ကျူးလွန်နေတဲ့ခိုင်လုံတဲ့သတင်းတွေရထားတယ်လို့လည်း ကြေငြာချက်မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့သီတင်း ၆ ပတ်အတွင်း ကိုယ့်ဒေသကို ကာကွယ်ကြတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီဖက်က လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကပါထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့လည်းပြောထားပါတယ်။ ဒီလုပ်ရပ်တွေဟာ နိုင်ငံတဝှမ်းစစ်ဆင်ရေးတွေမှာ စစ်တပ်က ဆယ်စုနှစ်နဲ့ချီ လုပ်နေကျပုံစံတွေဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်ကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးဆီတင်ပြဖို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတိုက်တွန်းထားပါတယ်။

“စစ်ကောင်စီတပ်ရဲ့ရက်စက်မှုများ လွတ်ငြိမ်းခွင့်မပေးဖို့အရေးကြီး” မြန်မာအထူးအကြံပေးကောင်စီ (voanews.com)

မြစ်ကြီးနားအဝင် ၂၁မိုင်ဂိတ် KIA တိုက်ခိုက်

 မြစ်ကြီးနားအဝင် ၂၁မိုင်ဂိတ် KIA တိုက်ခိုက်

(Unicode)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဝင် ၂၁မိုင်စစ်ဆေးရေးဂိတ်ကို KIA က ဒီကနေ့မနက်မှာ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်သားတစ်ဦးနဲ့ အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့ မြစ်ကြီးနားမြို့အတွင်းမှာ လုံခြုံရေးတိုးမြှင့်တာတွေလည်း ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ မြစ်ကြီးနား တိုက်ခိုက်မှုသတင်းကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

မန္တလေး-မြစ်ကြီးနားလမ်း မြစ်ကြီးနားမြို့ အဝင် ၂၁မိုင် စစ်ဆေးရေးဂိတ်ကို KIA ကချင်လက်နက်ကိုင်အဖွဲ့က မနက် ၅နာရီကျော်လောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ပွဲဟာ နာရီဝက်နီးပါးလောက် ကြာမြင့်ခဲ့ပြီး ဒါဟာ ဒီလအတွင်း မြစ်ကြီးနားမြို့အနီးမှာ ဒုတိယအကြိမ်ဖြစ်တဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။

ဒီမနက် တိုက်ပွဲအတွင်းမှာ လူ၂ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံတစ်ယောက်က VOA ကို ပြောပါတယ်။

“အဲဒီဂိတ်နားမှာ စားသောက်ဆိုင် ၂ဆိုင်ရှိတယ်။ ဆိုင်ပိုင်ရှင် ၂ယောက်လုံးက ထိသွားတာပေါ့။ ဒါပေမဲ့ တစ်ယောက်ကတော့ ဒီဆေးရုံ၊ တစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်လို့ပြောတယ်။ ရဲတစ်ဦး သေတာလည်း သေချာတယ်လို့ ပြောတယ်။”

၂၁မိုင်စစ်ဆေးဂိတ် တိုက်ပွဲဖြစ်ပွားချိန်မှာ ၁၆မိုင်မှာ အခြေစိုက်တဲ့ အမှတ် ၇၀၀၄ သံချပ်ကာကားတပ်ရင်းက စစ်ကူသွားချိန် ကြားဖြတ်ပြီး မိုင်းခွဲတိုက်ခိုက်တာလည်း ရှိကြောင်း၊ ဒီတိုက်ခိုက်မှုမှာ ဂိတ်အဆောက်အဦတွေ မီးလောင်ပျက်ဆီးတာမရှိပေမဲ့ ကားတစ်စီးမီးလောင် ပျက်ဆီးခဲ့ပြီး ကား ၄စီးကို လက်နက်ငယ်နဲ့ ပစ်ခတ်ထားတာတွေရှိကြောင်း ဒေသခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA က ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့သလို တပ်မတော်ဘက်ကိုလည်း ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြည်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

KNG ကချင်သတင်းဌာန သတင်းစာမျက်နှာမှာတော့ ရဲတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာခဲ့သလို အရပ်သားတစ်ဦး သေဆုံးကြောင်း နဲ့ KIA တပ်ရင်း (၁၁) က တိုက်ခိုက်ခဲ့တာလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

နေ့ခင်း ၁နာရီခွဲလောက်မှာတော့ ဟူးကောင်းဒေသအခြေစိုက် KIA တပ်မဟာ ၂ နဲ့ တပ်ရင်း (၁၁) အခြေစိုက်ရာနေရာကို တပ်မတော်က လေကြောင်းက တိုက်ခိုက်ကြောင်း KNG က သတင်းထုတ် ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ VOA ကတော့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီနေ့မနက် ၂၁ မိုင်ဂိတ် တိုက်ခိုက်မှုအပြီးမှာ မန္တလေး-မြစ်ကြီးနားလမ်းကို ပိတ်ခဲ့ပေမဲ့ မြစ်ကြီးနား မြို့အတွင်းမှာတော့ ပုံမှန် သွားလာတာတွေ ရှိနေသလို လုံခြုံရေး တိုးမြှင်တာတွေ ရှိနေကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။

“ အခု မြို့ထဲတော့ သွားတာ၊ လာတာတွေ ကျနော်တို့ လူထုတော့ ပုံမှန်သွားလာနေတာပဲ။ ဒါပေမဲ့ စစ်ကားတွေ၊ ရဲကားတွေ ဒါတွေတော့ ရှိတယ်။ နေရာတကာနည်းနည်းတွေ့တယ်။ သွားလာနေတာတော့ တွေ့တယ်။ ခါတိုင်းထက် များတယ်လို့ ပြောရမလိုဖြစ်တာပေါ့ ဒီနေ့က။ ခါတိုင်းက သိပ်မသွားကြဘူးလေနော။ ခုက ပတ်နေတာလေ အဲလိုမျိုးဖြစ်တယ်။ ”

အခြား မြို့ခံတစ်ဦးကလည်း မြစ်ကြီးနားမြို့ပေါ်မှာ ရဲစခန်းတွေရှေ့မှာ လမ်းပိတ်ပြီး လုံခြုံရေးကို တိုးမြှင်တာတွေ တွေ့ရကြောင်း ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ မတ်လတည်းက တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်မှာ ဒေသအတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့သလို ဒီလ ၂၃ရက်နေ့ညကလည်း မြစ်ကြီးနားက ဝိုင်းမော်အထွက် ဗလမင်းထင်တံတားက စုပေါင်းဂိတ်ကို KIA က တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဗလမင်းထင်တံတားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်ရာမှာ ၂၃ ရက်နေ့ည ၇နာရီ ၅၀မိနစ်မှာ လက်နက်ကိုင် ၂၀လောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဘက်က ပြန်လှန်ပစ်ခတ်ရာမှာ ၈နာရီ ၅မိနစ်မှာ ပြန်လည် ဆုတ်ခွာသွားကြောင်း သတင်းထုတ် ပြန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအပြီးမှာတော့ ဗလမင်းထင်တံတား ဖြတ်သန်းချိန်ကို ဖွင့်ချိန်နဲ့ ပိတ်ချိန်ကို ၁နာရီစီ လျော့ချပြီး လုံခြုံရေး ပိုမိုတင်းကျပ်ထားခဲ့ပါတယ်။

မြစ်ကြီးနားအ၀င် ၂၁မိုင်ဂိတ် KIA တိုက်ခိုက် (voanews.com)

အကျဉ်းသား နှစ်ထောင်ကျော်လွှတ်

 အကျဉ်းသား နှစ်ထောင်ကျော်လွှတ်

(Unicode)

မြစ်ကြီးနား၊ ထားဝယ်၊ ဟားခါး၊ လားရှိုး အပါအဝင် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တချို့မှာထိမ်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားရာနဲ့ချီ ဒီကနေ့ ပြန်လွတ်လာပါတယ်။ သူတို့အများစုဟာ စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ အခုလွတ်မြောက်လာသူတွေထဲမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသူတွေ ပါဝင်ပါတယ်။

ဒီကနေ့ပြန်လွှတ်လိုက်တဲ့ အကျဉ်းသား အရေအတွက်ဟာ ၂၃၄၂ ယောက်ဖြစ်တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတချို့ကို အတည်ပြုပါတယ်။ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့အကျဉ်းသား ၇၅၀ ကျော်ရှိပါတ်ယ။ အကျဉ်းသားတွေ ပြန်လွှတ်မယ့် သတင်းကြောင့် ဒီကနေ့ အင်းစိန်ထောင်ရှေ့မှာ မနက်ကတည်းက သွားစောင့်ကြသူတွေ လည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။

ဒီအချိန်မှာပဲ တိုင်းရင်းသားဒေသတွေမှာတော့ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ပစ်ခတ်မှုတွေ ကြောင့်သေဆုံးဒဏ်ရာရတာတွေရှိနေပါတယ်။ မတ်လလောက်စပြီး စစ်ရေးတင်းမာလာတဲ့ ကချင်ပြည်နယ်မှာလည်း မြစ်ကြီးနားမြို့အနီး ၂၁ မိုင်၊ စစ်ဆေးရေးဂိတ်ကို KIA ကချင်တပ်ဖွဲ့က ဒီကနေ့မနက် ဝင်ပစ်တာမှာ ရဲတပ်သားတယောက်နဲ့ အနီးကပြည်သူတဦးသေဆုံးတယ်လို့်ဒေသခံတွေကပြောပါတယ်။ ချင်းပြည်နယ်ဖက်မှာဆိုရင်လည်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ အဂီါနေ့ကနှစ်ဖက်ရင်ဆိုင်တွေ့မှုမှာ စစ်ကောင်စီတပ်ကြား အင်္ဂါနေ့က ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီဖက်က အမျးအပြားထိခိုက်ဒဏ်ရာရခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက် ၄ ဦးကျဆုံးခဲ့ကြောင်း Chinland Defense Force အဖွဲ့က ပြောပါတယ်။

တိုင်းရင်းသားဒေသတွေမှာစစ်ပွဲကြောင့်မတည်မငြိမ်ဖြစ်နေသလို မြို့ကြီးတွေမှာလည်း ဗုံးကွဲတာတွေ၊ ဥပဒေမဲ့လုပ်ကြံသတ်ဖြတ်တာတွေကြောင့်အခြေအနေမတည်မငြိမ်ဖြစ်နေသလိုပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေလည်းနိုင်ငံဒေသအတော်များများမှာ နည်းမျိုးစုံနဲ့ ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။

အကျဉ်းသား နှစ်ထောင်ကျော်လွှတ် (voanews.com)

ရခိုင်မြောက်ပိုင်း စစ်ဘေးဒုက္ခသည်စခန်းများ ရိက္ခာပြတ်လပ်

 ရခိုင်မြောက်ပိုင်း စစ်ဘေးဒုက္ခသည်စခန်းများ ရိက္ခာပြတ်လပ်

(Unicode)

ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ရိက္ခာပြတ်လပ်တာတွေ နဲ့ ရင်ဆိုင်နေရတာပါ။ ရိက္ခထောက်ပံ့သူ တွေအနေ နဲ့လည်း ငွေကြေးလည်ပတ်မှုတွေ အဆင်မပြေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံ့တဲ့အခါ ကြန့်ကြာတာတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီက ပြောပါတယ်။ ဒီအကြောင်း ရခိုင်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင် ပြောပြပါမယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မြေပုံ စတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရောက်ရှိတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။

မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ရှောင်စခန်းမှာဆိုရင် လူဦးရေ နှစ်ထောင်နီးပါး နေထိုင်ကြတာဖြစ်ပြီး စားနပ်ရိက္ခာပြတ်လတ်မှုတွေ ရှိနေတယ်လို့ ပီးပင်ရင်းစစ်ရှောင်စခန်းတာဝန်ခံ ဦးသိန်းရွှေမြတ်က ပြောပါတယ်။


“ ကျနော်တို့ စခန်းရိက္ခာပြတ်နေတာက တော်တော်ကြာနေပြီ။ ကျနော်တို့ အစိုးရဌာန ဘေးစီမံက ပေးတာဆိုရင် ၁၆ရက်လောက်ရှိပြီ မရောက်တာ။ WFP ကလည်း ရိက္ခာမရောက်တာ တစ်ပတ်လောက်ရှိနေပြီ။ စခန်းရပ်တည်ဖို့တောင် တော်တော်အခက် အခဲဖြစ်နေပြီ။ မိုးကလည်း တအားရွာနေတာ ဆိုတော့ အပြင်မှာထွက်ပြီး ရှာဖွယ်စားသောက် ဖို့လည်း အချိန်မရ၊ မိုးကလည်း ကြီးတယ်။ အလုပ်အကိုင်ကလည်း မရှိဘူးဆိုတော့ တော်တော်ခက်ခဲနေကြတယ်။”

အဲဒီ ပီပင်ရင်း စစ်ရှောင်စခန်းကို အရင်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ သဘာဝဘေး အန္တာရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနတို့က စားနပ်ရိက္ခာ ထောက်ပံ့ထားပေးနေခဲ့တာပါ။

ဒါအပြင် လူဦးရေ သုံးထောင်ကျော်ရှိတဲ့ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ရှောင်စခန်းမှာဆိုရင်လည်း စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ရပ်တန့်နေတာကြောင့် စားနပ်ရိက္ခာပြတ်လတ်မယ့် အနေအထားမှာရှိနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

မြေပုံမြို့နယ်အတွင်းက ကိုင်းကြီးစစ်ရှောင်စခန်းမှာဆိုရင်လည်း အစိုးရထောက်ပံ့မှု မရရှိတဲ့ စစ်ရှောင်စခန်းတစ်ခုဖြစ်သလို အရင်ထောက်ပံ့နေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ မရှိတော့တာကြောင့် ဖြစ်သလို ရှာကြံစားနေရတယ်လို့ ကိုင်းကြီးစစ်ရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးကပြောပါတယ်။

“ အရင်တုန်းက ရိက္ခာတွေကျတော့ ပြည်တွင်းပြည်ပက အရပ်ဖက်အဖွဲ့တွေရယ်၊ နောက်ပြီး တော့ ရက္ခိတကွန်ယှက်နဲ့ ပူးပေါင်းပြီးတော့ ပေးကြတာ။ အခု ရိက္ခာမရတော့တာက သူတို့လည်း အကျပ်အတည်းကာလ ဖြစ်နေလု့ိ ထင်ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပါကို ရှာကြံပြီးစားသောက် နေထိုင်ရတယ်ဗျာ။”

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ စစ်ရှောင်တစ်သိန်းကျော်လောက် ရှိနေပြီး စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ ပုံမှန်ထောက်ပံ့မှုတွေနောက်ကျနေတာဟာ အစိုးရအနေနဲ့ ဘဏ်ကငွေထုတ်ရတာ အဆင်မပြေတာကြောင့်ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောပါတယ်။

“ လွန်ခဲ့တဲ့ တစ်လ နှစ်လလောက်ကစပြီးတော့ ဘဏ်ငွေထုတ်ရ အခက်အခဲဖြစ်လာ တာပေါ့နော်။ ဆန်ကုန်သည်များအသင်းကို ပေးချေရမယ့် ငွေတွေကိုလည်း သူတို့က မပေးချေနိုင်ပဲ ဖြေးဖြေးရှင်းပေးနေရတယ်။ နောက်ဆုံး တစ်လလုံးမှာမှ ငွေ သိန်းနှစ်ရာလောက်သာ ထုတ်လို့ရတဲ့ အနေအထားဖြစ်လာတယ်။ဆန်ကုန်သည်တွေကလည်း နဂိုကတည်းကအကြွေးတွေ များနေတော့ မရောင်းကြတော့ဘူး။ အဲတာကြောင့် နည်းနည်းကြာသွားတာရှိတယ်။ အခုနောက်ပိုင်းမှာတော့ အဆင်ပြေသွားမယ်ထင်တယ်။ အခုလည်း စေတီပြင်ဒုက္ခသည်စခန်း ဆန်အခက်အခဲဖြစ်နေတယ်ဆိုလို့ ဆန်ပို့ဖို့ ပြင်နေပါတယ်။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်တန့်နေတယ်ဆိုပေမယ့် မိုင်းနဲ့ စစ်ကျန်လက်နက်အန္တာရယ်ကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်လောက် စစ်ရှောင်စခန်းတွေမှာ ရှိနေတာပါ။ အစိုးရဖက်ကတော့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထား ပါတယ်။

ဆန္ဒပြမှုနဲ့ဆက်စပ်တဲ့ ၅၀၅(က) စွဲဆိုခံထားရသူအများစု ပြန်လွတ်

ဆန္ဒပြမှုနဲ့ဆက်စပ်တဲ့ ၅၀၅(က) စွဲဆိုခံထားရသူအများစု ပြန်လွတ်

(Unicode)

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ အများဆုံးဖမ်းဆီးခံရတဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက အကျဉ်းသား ၂၀၀၀ ကျော်ကို ဒီနေ့ဇွန်လ ၃၀ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ ဒီကနေ့ ပြန်လွတ်လာသူတချို့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကိုတော့ ကိုသားညွန့်ဦး. ပြောပြပေးမှာပါ။

နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ ဒီနေ့ပြန်လွှတ်လိုက်တဲ့ အကျဉ်းသားအရေအတွက်ဟာ စုစုပေါင်း ၂၂၉၆ ယောက်ရှိတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်တာပါ။

အကျဉ်းထောင်ထဲမှာ လူ့ခွင့်အရေးချိုးဖောက်မှုတွေရှိကြောင်း ဒီနေ့ပြန်လွတ်လာတဲ့ လူငယ်တဦးက ဗွီအိုအေကို ပြောပါတယ်။

" လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အထဲထဲမှာဘာမှ အခွင့်အရေးမရှိဘူး။ ဒီ ၅၀၅ တွေကို သီးသန့်မှာထားပြီးတော့ အထဲထဲမှာ ဘာမှပြောခွင့်လည်းမရှိဘူး တင်ပြခွင့်လည်းမရှိဘူး။ ဘာဆို ဘာတခုမှလုပ်ခွင့်မရှိဘူး။ သူတို့က ကိုယ်တင်ပြချက်ကိုလည်း အသိအမှတ်မပြုဘူး။"

ဒီနေ့မနက်အစောပိုင်းမှာ ပြန်လွှတ်မယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ပြန်လွှတ်မယ့် အရေအတွက်ကို အခုမနက်ပိုင်းမှ ထောင်အာဏာပိုင်တွေက စိစစ်မှုတွေလုပ်ခဲ့ရတာပါ။ ဒီအတွက်ကြောင့် အချိန်ကြန့်ကြာမှုတွေဖြစ်ခဲ့ပြီး ညနေပိုင်းအထိ အကျဉ်းသားတွေကို ပြန်မလွှတ်နိုင်ခဲ့ကြောင်း အင်းစိန်ထောင်ရဲ့ ဒီနေ့အခြေအနေကို တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပြပါတယ်။

“ အင်းစိန်အကျဉ်းထောင်ကတော့ ထုတ်ပြောတာကတော့ ကျမကို ၇၅၀ ပတ်ဝန်းကျင်လို့ ပြောပါတယ်။ လွှတ်မယ့်အချိန်ကို သူတို့အတိအကျ မပြောနိုင်ဘူး။ အထဲက ပြောတာကတော့ ဒီနေ့မနက် ၇နာရီလောက်မှ ထောင်ဝန်ထမ်းတွေရဲ့ လက်ထဲကို လွှတ်မယ့်သူရဲ့ စာရင်းပေါ့နော် ရောက်တာဖြစ်တဲ့အတွက် စိစစ်နေရတယ်ပေါ့နော်။”

ရန်ကုန်အင်းစိန်ထောင်အပြင် ကချင်ပြည်နယ် မြစ်ကြီးနား၊ ချင်းပြည်နယ် ဟားခါး၊ မန္တလေး အိုးဘို၊ တနင်္သာရီတိုင်း ထားဝယ်၊ ဧရာဝတီတိုင်း ပုသိမ် စတဲ့အကျဉ်းထောင်တွေရှေ့မှာလည်း မိသားစုဝင်တွေက ပြန်လွတ်လာသူတွေကို ညနေပိုင်းအထိ စောင့်ဆိုင်းခဲ့ရတာပါ။

အများစုက စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ပဲ အမှုဖွင့် ဖမ်းဆီးခံရတာဖြစ်ကြောင်း ရန်ကုန်က ဖမ်းဆီးခံလူငယ်တွေရဲ့အမှုကို လိုက်ပါကူညီပေးနေတဲ့ "သင့်အတွက်ရှေ့နေများအဖွဲ့" က တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုးက ပြောပါတယ်။

“ ( ရန်ကုန်က) ၇၅၀ လို့တော့ထပ်ကြားတယ်၊ ဒါပေမဲ့ မနက်တုန်းက ကြားတုန်းကတော့ ၇၂၀ ကြားတာ။ ဒီအင်းစိန်ထောင်ကနေ လွှတ်တာဆိုရင် ဒါ ၄ ကြိမ်မြောက်။ အများစုက ၅၀၅- က၊ လက်နက်တွေ မပါတဲ့သူတွေပေါ့နော် အဓိကထားပြီး လွှတ်တယ်လို့ကြားတယ်။ ပြီးရင် သွားရင်းလာရင်း ဖမ်းဆီးခံရတဲ့ သူတွေပေါ့။”

ရန်ကုန်အင်းစိန်ထောင်က ပြန်လွတ်လာသူ ၇၂၁ ဦး ရှိခဲ့တာမှာ ပြန်လွတ်လာသူအားလုံးကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေဆီ ဘတ်စ်ကားနဲ့ ခွဲပို့ပြီး ပြန်လွှတ်ပေးခဲ့တာလို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

“ ထောင်ကနေလွှတ်ရင် လူအင်အားများပြီး ထောင်ရှေ့မှာဟို အစုအဝေး ဖြစ်မှာစိုးလို့ပါ။ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေကို ကျနော်တို့ ဒီ YBS တွေနဲ့တင်ပြီး ခေါ်သွားပေးမှာပေါ့။ အဲဒီရဲစခန်းတွေကပဲ သက်ဆိုင်ရာ မိသားစုတွေက လာခေါ်ကြရမှာ။ Confirm ဖြစ်သွားပြီပေါ့နော်။ ထောက်လှမ်းရေးနဲ့ ကျနော်တို့ အတည်ပြုပြီးပါပြီ။”

စစ်တပ်က ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းမှာ လူပေါင်း ၆၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၂၀၀ ကျော်ကိုတော့ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
တချို့က စစ်ကြောရေးစခန်းတွေမှာ စစ်ဆေးမေးမြန်းခံရပြီးမှ အကျဉ်းထောင်ကို ရောက်လာကြတာပါ။ အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်လို့ ပြန်လွတ်လာသူတွေက ပြောဆိုနေတာလည်း ရှိပါတယ်။

AAPP ရဲ့ မှတ်တမ်းနှင့် သုတေသနဌာနက ဦးစံမင်းကတော့ ပြည်သူတွေရဲ့ လုံခြုံမှုအခြေအနေဟာ စိုးရိမ်ရေမှတ်အဆင့်ကို ရောက်ရှိနေပြီလို့ ပြောပါတယ်။

“ မည်သူတဦးတယောက်ကိုမှ လက်လွတ်စပယ် ဖမ်းပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေက လုပ်စရာကိုအကြောင်း မရှိတာလေ။ အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်တွေကို အကုန်လုံးချိုးဖောက်ခံရတဲ့ ကိစ္စကြီးဖြစ်ပါတယ်။ ဒါတွေဟာ တကယ်ဖြစ်နေတာပါ မြန်မာပြည်မှာ။”

၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ အနုပညာရှင် ၂၄ ယောက်ကိုလည်း အမှုရုပ်သိမ်းကြောင်း စစ်ကောင်စီက မနေ့ကကြေညာခဲ့ပြီး ဆန္ဒပြလှုံ့ဆော်မှုတွေ ထပ်လုပ်မယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ကြေညာချက်မှာ သတိပေး ရေးသားထားပါတယ်။ ဖမ်းဝရမ်း ထုတ်ခံထားရသူလည်း ၂,၀၀၀ နီးပါး ရှိနေပါတယ်။

 

စစ်ဘေးရှောင်နှင့် ထိခိုက်လွယ်မိသားစုများအတွက် ငွေကျပ်သိန်း ၁၄၀၀ ကျော် ထောက်ပံ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက နိုင်ငံတဝန်း စစ်ဘေးရှောင်ပြည်သူတွေ၊ ထိခိုက် လွယ်မိသားစုတွေအတွက် ငွေကျပ်သိန်း ၁၄၀၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့  စစ်ကောင်စီတပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှာ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် ထောက်ပံ့မှုတွေကို အခက်အခဲတွေကြားကနေ အမြန်ဆုံး ရောက်ရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်းနဲ့ ပြည်တွင်းပြည်ပ မြန်မာပြည်သူတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လှူ ဒါန်းမှုတွေနဲ့ ခုလိုထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

လှူဒါန်းခဲ့တဲ့ ဒေသတွေထဲမှာတော့ ကရင်ပြည်နယ်၊ ဖလူးဒေသ စစ်ဘေးရှောင် ပြည်သူတွေအတွက် ငွေကျပ် ၈၁ သိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ အပြင် ငွေကျပ် ၉၇ သိန်း ၄ သောင်း၊ ကရင်ပြည်နယ် တခြားဒေသတွေက  စစ်ဘေးရှောင် စခန်းတွေကို ငွေကျပ်သိန်း ၁၅၀ ခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ စစ်ဘေးရှောင်တွေအတွက် ငွေကျပ် ၂၀၉ သိန်းခန့် တန်ဖိုး ရှိ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ၊ ကယားပြည်နယ် စစ်ဘေးရှောင် ပြည်သူတွေ အတွက် ငွေကျပ် ၃၂၅ သိန်း၊ ချင်းပြည်နယ် စစ်ဘေးရှောင် ပြည်သူတွေအတွက် ငွေကျပ် ၄၆၈ သိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေအပြင် ငွေကျပ် ၁၀ သိန်း၊ ပြည်တွင်း ဒေသအသီးသီးက ထိခိုက်လွယ်မိသားစုတွေအတွက် ငွေကျပ် ၉၂ သိန်း ၁ သောင်း ၅ ထောင် အသီးသီး ထောက်ပံ့ပေးပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလိုလှူဒါန်းမှုတွေကိုတော့ ဇွန် ၆ရက်နေ့ကနေ  ၂၈ရက်နေ့အတွင်း လှူဒါန်းခဲ့တာ ဖြစ်ပြီး လုံခြုံရေးအခြေအနေတွေကြောင့် ထောက်ပံ့မှုသတင်းတွေကို အချိန်နဲ့ တပြေးညီ မထုတ်ပြန်နိုင်တာကို နားလည်ပေးဖို့လည်း မေတ္တာရပ်ခံထားတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ မတရားစစ်အာဏာသိမ်းမှုအပေါ် ပြည်သူတွေက လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ အချိန် ၅ လတာကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ကျဆုံး ပြည်သူ ၈၈၀ ကျော်နဲ့ ဖမ်းဆီးခံရသူပေါင်း ၆၄၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာရှင် မလိုလားကြတဲ့ ဒေ သခံတွေကြား ပဋိပက္ခတိုက်ပွဲတွေကြောင့် ကရင်၊ ချင်း၊ ကယား၊ ရှမ်း စတဲ့ ဒေသအသီးသီး မှာ ကျဆုံးရသူတွေ၊ ဖမ်းဆီးခံရသူတွေနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း အများအပြား ရှိနေပါတယ်။

http://burmese.dvb.no/archives/472485

 

ဆေးတက္ကသိုလ်-မကွေးက ဖမ်းဆီးခံကျောင်းသား ၃ ဦး ပြန်လွတ်

ဆေးတက္ကသိုလ်-မကွေးက ဖမ်းဆီးခံကျောင်းသား ၃ ယောက် ဇွန်လ ၂၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ မကွေးမြို့ခံတွေဆီကနေ သိရပါတယ်။

ဆေးတက္ကသိုလ်-မကွေးမှ မသွယ်ရတီသီဦး၊ ကိုမင်းသိမ်းကျော်နဲ့ ကိုစည်ဟိန်းတို့ ၃ ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖမ်းဆီးခံရတာဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့ ပြန်လည်လွတ်မြောက်လာတာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီဆေးတက္ကသိုလ်ကျောင်းသား ၃ ယောက်စလုံးကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ-၅၀၅(က) နဲ့ တရားစွဲဆိုခဲ့ပြီး ရက်ပေါင်း ၁၂၁ ရက်အကြာ ၁၃ ကြိမ်မြောက်ရုံးချိန်မှာ ပြန်လည်လွတ်မြောက်လာတာလို့ ဆိုပါတယ်။

မကွေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းဖမ်းဆီးခဲ့တာကြောင့် ကျဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့ပြီးတော့ လူဦးရေ ရာနဲ့ချီ မကွေးအကျဥ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ သိရပါတယ်။

http://burmese.dvb.no/archives/472505

 

ကချင်စစ်ဘေးရှောင်ပြည်သူတို့၏ နေအိမ်များ ဖျက်ဆီး ခိုးယူခံရ

စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် ပြည်သူတွေ စီးပွားရေး ကျပ်တည်းလာတာနဲ့အတူ ကချင်ပြည်နယ်မှာ ခိုးဆိုးလုယက်မှုတွေ ပိုမိုများပြားလာတာတွေ့ရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်ပြည်တွင်းစစ်ပွဲကြောင့် အသက်ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကချင်စစ်ရှောင်တွေရဲ့ နေအိမ်တွေပါမချန် ခိုးယူ လုယက် ဖျက်ဆီးလာကြတာ  ဖြစ်ပါတယ်။

ဇွန်လ ၂၅  ရက်နေ့က ဝိုင်းမော်မြို့နယ် ဂါးယားယာန်ကျေးရွာရှိ စစ်ရှောင်နေအိမ်တစ်ခုမှာ မြစ်ကြီးနား အေးမြသာယာဘက်မှ ကွမ်းယာသည်  ဦးရဲထက်အောင် ဆိုသူက နေအိမ် သံပန်းတွေ တံခါးတွေကို ဖျက်ပြီး စုပုံထားကာ ခိုးသယ်ဖို့ ကြိုးပမ်းနေစဉ် စစ်ရှောင်ကော်မတီတွေက ဖမ်းဆီးရမိခဲ့ပါတယ်။

“ဒီလူက တော်တော်ဆိုးတယ်။ လက်ပူးလက်ကြပ်မိတာတောင် ပိုင်ရှင် ယူခိုင်းသလိုလိုနဲ့ ဗြောင်လိမ် ဗြောင်စား၊ နေ့ခင်းကြောင်တောင်ကြီး လုပ်စားနေတာ။ ပြီးတော့ အိမ်ပေါ်တွေမှာလည်း ကျင်ကြီး ကျင်ငယ်တွေနဲ့ စစ်ရှောင်ဒေသခံတွေကို စော်ကားတာပဲ” လို့ ကော်မတီ၀င်လူကြီးတစ်ဦးက ဆိုပါတယ်။

အရင်ကလည်း ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်ရွာတွေမှာ မသမာသူတွေက စစ်ရှောင်နေအိမ်တွေ ဖျက်ဆီးတာ၊ ကျွဲ နွားတွေ ခိုးယူတာ၊ လိမ္မော် အစရှိတဲ့ စားပင်သီးတွေ ခိုးယူ‌ ရောင်းစားတာနဲ့ အိမ်ခေါင်မိုးသွပ်တွေ ခွာပြီး ခိုးယူခံရတာတွေ ရှိပါတယ်။

http://burmese.dvb.no/archives/472535

 

ကသာ အထက ၁ ရှေ့ ပေါက်ကွဲမှုဖြစ်

စစ်ကိုင်းတိုင်း၊ ကသာမြို့ အထက ၁ ကျောင်းရှေ့မှာ ဇွန်လ ၃၀ ရက် မနက် ၅ နာရီလောက်က  ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ကျောင်းရဲ့ ဝင်ပေါက် ဘယ်ဘက်ခြမ်းမှာရှိတဲ့ အုတ်နံရံ အနည်းငယ်ပျက်စီး သွားပြီး လူတွေ သေဆုံးထိခိုက် ဒဏ်ရာရသူ မရှိဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ 

ကသာဘက်မှာတော့ အခုလပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေ ၊ PDF ပူးပေါင်း မဟာမိတ်တပ်တွေဟာ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်တွေဘက်က အထိအခိုက်၊ အကျအဆုံး များပြားနေပါတယ်။

Photo- CJ

http://burmese.dvb.no/archives/472549

 

မြန်မာစစ်တပ်က အရပ်သားအနည်းဆုံး ၈၈၃ ဦးအား သတ်ဖြတ်ခဲ့ဟု ကုလပြော

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအစောပိုင်းမှာ စစ်တပ်က အာဏာသိမ်းယူပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့တွေဟာ လက်နက်မဲ့ အရပ်သား အနည်းဆုံး ၈၈၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၁၂၆ ယောက်ကို သေဒဏ်ချမှတ်လိုက်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ဇွန် ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြောင်း Sputnik သတင်းမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာပြည်အဖွဲ့က ပြောကြားရာမှာ လုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်လိုက်တဲ့ လက်နက်မဲ့ အရပ်သား အနည်းဆုံး ၈၈၃ ယောက်ရှိပြီး၊ စစ်ကြောထိန်းသိမ်းရင်း သေဆုံးသွားသူ အနည်းဆုံး အယောက် ၄၀ လောက် ရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေ ရှိတယ်လို့ ဆိုတယ်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက ကလေးငယ် အယောက် ၆၀ အသတ်ခံခဲ့ရတယ်လို့လည်း အဖွဲ့က ပြောကြားတယ်လို့ ဒူဂျားရစ်က ပြောဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းမှုကို အတိုက်အခံလုပ် ဆန့်ကျင်ခဲ့ကြတဲ့ ရလဒ်အနေနဲ့ အနည်းဆုံး လူပေါင်း ၅၂၀၂ ယောက် အထိန်းသိမ်းခံနေရသလို အဲ့ဒီလူတွေထဲက ၁၂၆ ယောက်ကတော့ သေဒဏ်ကျခံနေရတယ်လို့ ဒူဂျားရစ်က ပြောဆိုပါတယ်။ 

ကုလသမဂ္ဂအဖွဲ့ဟာ လူသတ်လက်နက်တွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့အင်အား အလွန်အကျွံ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲထားခြင်းကို ပြင်းပြင်းထန်ထန် ဆက်လက်ကန့်ကွက်နေပါတယ်။ 

http://burmese.dvb.no/archives/472557