အကျဉ်းသား နှစ်ထောင်ကျော်လွှတ်
(Unicode)
မြစ်ကြီးနား၊ ထားဝယ်၊ ဟားခါး၊ လားရှိုး အပါအဝင် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တချို့မှာထိမ်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားရာနဲ့ချီ ဒီကနေ့ ပြန်လွတ်လာပါတယ်။ သူတို့အများစုဟာ စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ အခုလွတ်မြောက်လာသူတွေထဲမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသူတွေ ပါဝင်ပါတယ်။
ဒီကနေ့ပြန်လွှတ်လိုက်တဲ့ အကျဉ်းသား အရေအတွက်ဟာ ၂၃၄၂ ယောက်ဖြစ်တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတချို့ကို အတည်ပြုပါတယ်။ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့အကျဉ်းသား ၇၅၀ ကျော်ရှိပါတ်ယ။ အကျဉ်းသားတွေ ပြန်လွှတ်မယ့် သတင်းကြောင့် ဒီကနေ့ အင်းစိန်ထောင်ရှေ့မှာ မနက်ကတည်းက သွားစောင့်ကြသူတွေ လည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။
ဒီအချိန်မှာပဲ တိုင်းရင်းသားဒေသတွေမှာတော့ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ပစ်ခတ်မှုတွေ ကြောင့်သေဆုံးဒဏ်ရာရတာတွေရှိနေပါတယ်။ မတ်လလောက်စပြီး စစ်ရေးတင်းမာလာတဲ့ ကချင်ပြည်နယ်မှာလည်း မြစ်ကြီးနားမြို့အနီး ၂၁ မိုင်၊ စစ်ဆေးရေးဂိတ်ကို KIA ကချင်တပ်ဖွဲ့က ဒီကနေ့မနက် ဝင်ပစ်တာမှာ ရဲတပ်သားတယောက်နဲ့ အနီးကပြည်သူတဦးသေဆုံးတယ်လို့်ဒေသခံတွေကပြောပါတယ်။ ချင်းပြည်နယ်ဖက်မှာဆိုရင်လည်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ အဂီါနေ့ကနှစ်ဖက်ရင်ဆိုင်တွေ့မှုမှာ စစ်ကောင်စီတပ်ကြား အင်္ဂါနေ့က ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီဖက်က အမျးအပြားထိခိုက်ဒဏ်ရာရခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက် ၄ ဦးကျဆုံးခဲ့ကြောင်း Chinland Defense Force အဖွဲ့က ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာစစ်ပွဲကြောင့်မတည်မငြိမ်ဖြစ်နေသလို မြို့ကြီးတွေမှာလည်း ဗုံးကွဲတာတွေ၊ ဥပဒေမဲ့လုပ်ကြံသတ်ဖြတ်တာတွေကြောင့်အခြေအနေမတည်မငြိမ်ဖြစ်နေသလိုပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေလည်းနိုင်ငံဒေသအတော်များများမှာ နည်းမျိုးစုံနဲ့ ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။
No comments:
Post a Comment