Wednesday, June 30, 2021

 

ကချင်စစ်ဘေးရှောင်ပြည်သူတို့၏ နေအိမ်များ ဖျက်ဆီး ခိုးယူခံရ

စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် ပြည်သူတွေ စီးပွားရေး ကျပ်တည်းလာတာနဲ့အတူ ကချင်ပြည်နယ်မှာ ခိုးဆိုးလုယက်မှုတွေ ပိုမိုများပြားလာတာတွေ့ရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်ပြည်တွင်းစစ်ပွဲကြောင့် အသက်ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကချင်စစ်ရှောင်တွေရဲ့ နေအိမ်တွေပါမချန် ခိုးယူ လုယက် ဖျက်ဆီးလာကြတာ  ဖြစ်ပါတယ်။

ဇွန်လ ၂၅  ရက်နေ့က ဝိုင်းမော်မြို့နယ် ဂါးယားယာန်ကျေးရွာရှိ စစ်ရှောင်နေအိမ်တစ်ခုမှာ မြစ်ကြီးနား အေးမြသာယာဘက်မှ ကွမ်းယာသည်  ဦးရဲထက်အောင် ဆိုသူက နေအိမ် သံပန်းတွေ တံခါးတွေကို ဖျက်ပြီး စုပုံထားကာ ခိုးသယ်ဖို့ ကြိုးပမ်းနေစဉ် စစ်ရှောင်ကော်မတီတွေက ဖမ်းဆီးရမိခဲ့ပါတယ်။

“ဒီလူက တော်တော်ဆိုးတယ်။ လက်ပူးလက်ကြပ်မိတာတောင် ပိုင်ရှင် ယူခိုင်းသလိုလိုနဲ့ ဗြောင်လိမ် ဗြောင်စား၊ နေ့ခင်းကြောင်တောင်ကြီး လုပ်စားနေတာ။ ပြီးတော့ အိမ်ပေါ်တွေမှာလည်း ကျင်ကြီး ကျင်ငယ်တွေနဲ့ စစ်ရှောင်ဒေသခံတွေကို စော်ကားတာပဲ” လို့ ကော်မတီ၀င်လူကြီးတစ်ဦးက ဆိုပါတယ်။

အရင်ကလည်း ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်ရွာတွေမှာ မသမာသူတွေက စစ်ရှောင်နေအိမ်တွေ ဖျက်ဆီးတာ၊ ကျွဲ နွားတွေ ခိုးယူတာ၊ လိမ္မော် အစရှိတဲ့ စားပင်သီးတွေ ခိုးယူ‌ ရောင်းစားတာနဲ့ အိမ်ခေါင်မိုးသွပ်တွေ ခွာပြီး ခိုးယူခံရတာတွေ ရှိပါတယ်။

http://burmese.dvb.no/archives/472535

No comments:

Post a Comment