ရန်ကုန်က မြေအောက်ပြောက်ကျား တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ ပေါင်းစည်း
ရန်ကုန်၊ ဇွန် ၃၀
မြန်မာနိုင်ငံမှာ စစ်တပ်ကအကြမ်းဖက်အာဏာသိမ်းထားတာ ၅လနီးပါးကြာမြင့်လာချိန်မှာတော့ ရန်ကုန်မြို့က တော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့ အသွင်သဏ္ဌာန်တစ်မျိုးကိုဖော်ဆောင်ပြီး အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးကို ကြိုးပမ်းဆောင်ရွက်လာကြပါတယ်။
ရန်ကုန်မှာ ပြောက်ကျားစနစ်ကိုကိုင်စွဲပြီးအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး တော်လှန်ဆောင်ရွက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်း ၁၁ခုက ပူးပေါင်းလိုက်ပြီးတော့ သူတိုဘယ်လိုဆက်ပြီးတော်လှန်မယ်ဆိုတာကို ဒီကနေ့ ဇွန်လ ၃၀ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (Yangon Urban Guerrillas- YUG) ဆိုတဲ့ တော်လှန်ရေးအစုအဖွဲ့အနေနဲ့ ရန်ကုန်မြို့မှာအခြေစိုက်တဲ့ မြေအောက်တော်လှန်ရေးအဖွဲ့ ၁၁ဖွဲ့ကို ပေါင်းစည်းထားပြီး သူတို့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရာမှာ ဘယ်လိုမူဝါဒတွေနဲ့တော်လှန်မယ်ဆိုတာကို ဒီထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ပူးပေါင်းပြီး ရန်ကုန်မြို့အပါအဝင် ရန်ကုန် တိုင်း တစ်ခုလုံးကို မြန်မာဖက်စစ်စစ်တပ်ရဲ့ အုပ်ချုပ်မှုကနေကာကွယ်ဖို့ဆောင်ရွက်မယ်လို့လဲ သူတို့ကဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ငန်းစဉ်နဲ့ကြိုးစားအားထုတ်မှုတွေကို ပျက်ပြားအောင်ဆောင်ရွက်မယ်လို့လည်း သူတို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
လက်နက်ကိုင်တော်လှန်မယ့်မြေအောက်ပျောက်ကျားအဖွဲ့တွေဖြစ်တာကြောင့် သူတို့ရဲ့တော်လှန် ရေး လုပ်ငန်းစဉ်ကို လမ်းညွှန်ချက်ချမှတ်တာတွေမှာ ပြည်သူတွေအထိမနာဖို့၊ ဆေးရုံ ၊ ကျောင်း၊တက္ကသိုလ်၊ ပန်းခြံ၊ ဈေးနဲ့ဈေးဝယ်ကုန်တိုက်လို အများပြည်သူပိုင် နေရာတွေမှာ လူထုထိခိုက်နာကျင်မှု့မရှိအောင်ဆောင်ရွက်ဖို့၊ အများပြည်သူပိုင် ပစ္စည်းတွေမဖျက်ဆီးဖို့၊ ပြည်သူလူထုအပေါ်အကြေက်တရာမသွတ်သွင်းဖို့နဲ့ အမျိုးသမီး ကလေး သက်ကြီးရွယ်အိုနဲ့ လိင်စိတ်ကွဲပြားတဲ့ LGBTQအစုအဖွဲ့တွေကို အနိုင့်အထက်ပြုမှုညှင်းပန်းတာတွေမလုပ်ဆောင်ဖို့ စတဲ့အချက်တွေကို လမ်းညွှန်ချက်အနေနဲ့ကိုင်စွဲထားပါတယ်။
ဒီပျောက်ကျားတော်လှန်ရေးအစုအဖွဲ့အနေနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဆောင်ရွက်မယ်လို့လည်းသူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဥပဒေနဲ့မညီတဲ့ အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူလူထုကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်တာ လူပေါင်း၉၀၀ကျော်အသက်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)ရဲ့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။
အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာတွေအပါအဝင် စစ်တပ်ရဲ့မတရားအာဏာသိမ်းမှု့ကြောင့်ဖြစ်ပေါ်လာတဲ့ လူထုထိခိုက်နစ်နာမှု့တွေကြောင့် မခံမရပ်နိုင်တဲ့ပြည်သူတွေဟာ လက်နက်ကိုင်စွဲ တော်လှန်နေကြပါတယ်။
အခုလို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ (Yangon Urban Guerrillas- YUG)ရဲ့ ထုတ်ပြန်ချက်ဟာ အကြမ်းဖက်စစ်တပ်ကိုတော်လှန်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပေါင်းစည်းတဲ့အခါ ပိုမိုအားကောင်းတဲ့တော်လှန်မှုကိုဆောင်ရွက်နိုင်ဖို့ရည်ရွယ်တယ်လို့ Yangon Urban Guerrillas- YUG)ထဲမှာပါဝင်နေသူ တွေကဆိုပါတယ်။
https://www.facebook.com/khitthitnews/posts/1235135686923775?__cft__[0]=AZW6blcSP8lSJLAuwfSHN17ZQGN1E84BS3Uh-vOJrkyYzdVLvcV3zj3e7Z2_MPuMTBL_R2kf5ar8dBjuHPRH7ur8c9lIyc_uejiKHV8X7Pnu9eVVfUv283Q0tNHvSl7_5Fps-wK_ERxqvdQgOFJsnv6I&__tn__=%2CO%2CP-R
No comments:
Post a Comment