Wednesday, June 30, 2021

မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းနှင့် မြတောင်သပိတ် စစ်ကြောင်းဖြိုခွင်းခံရပြီး ၁ ဦးဖမ်းဆီးခံရ

 မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းနှင့် မြတောင်သပိတ် စစ်ကြောင်းဖြိုခွင်းခံရပြီး ၁ ဦးဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၃၀
စစ်ကောင်စီက ဖမ်းဆီးခံရသူများကို လွှတ်ပေးသည်ဟု ကြေညာနေချိန်တွင် မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းနှင့် မြတောင် သပိတ်စစ်ကြောင်းကို ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် ဖြိုခွင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် မန္တလေးအခြေစိုက်လုထုသပိတ် စစ်ကြောင်းကို သပိတ်မစတင်မီ ၃၂ ×၈၃ လမ်းတွင်လည်းကောင်း၊ မြတောင်သပိတ်စစ်ကြောင်းကို ၆၂ လမ်းမနော်တွင်လည်းကောင်း စစ်ကောင်စီတပ်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။
" မြတောင်သပိတ်စစ်ကြောင်းက ၁ ဦးပါသွားတယ်" ဟု ဖမ်းဆီးခံရသူများ၏ အခြေအနေကို သိရှိထားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက​ ပြောဆိုသည်။
မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းတွင်မူ ဖြိုခွင်းခံရသော်လည်း တစ်ဦးမှ ဖမ်းဆီးခံရခြင်းမရှိဟု သပိတ်တွင်ပါဝင်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ-မန္တလေးအခြေစိုက် လူထုသပိတ်စစ်ကြောင်းနှင့် မြတောင် သပိတ်စစ်ကြောင်း။ (ပုံဟောင်းအသုံးပြုထားသည်)

https://www.facebook.com/khitthitnews/posts/1235178116919532?__cft__[0]=AZVT72whumLz2BO2u5TJsqv41kjutk-ezn3snLtkqMobWT46YTFMW8rW511JIDM--c-1apDv8E7X22_Em1HzqYXMmiVbAzMu4fIZodN1V0dzFp6oev2NXwrKgrWQ9z9NT85vNjmJ6psX2Skj2M8K0Hd8&__tn__=%2CO%2CP-R

No comments:

Post a Comment