Friday, April 30, 2021

စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း ကျွဲ ၂ ကောင်နင်းမိ၊ ၁ ကောင် သေဆုံးပြီး တစ်ကောင် ဒဏ်ရာရ

 စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း ကျွဲ ၂ ကောင်နင်းမိ၊ ၁ ကောင် သေဆုံးပြီး တစ်ကောင် ဒဏ်ရာရ

ရွှေဖီမြေ၊ မေလ ၁ ရက်၊ နမ့်ခမ်း
နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဟာ ကျေးရွာသားတွေကို ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ လက်ဖက်ခြံသွားတဲ့လမ်းမှာ မိုင်းထောင်ထားတဲ့အတွက် ပန်ဟန်ကျေးရွာက ဦးနိုင်စွမ်ရဲ့ ကျွဲ ၂ ကောင် မိုင်းနင်းမိပြီး ၁ ကောင်သေဆုံးကာ တစ်ကောင်က ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ဧပြီလ ၁၉ ရက်မှာ မိုင်းစထောင်ခဲ့တာဖြစ်ပြီး ကျွဲမိုင်းနင်းပြီး ဧပြီလ ၂၀ ရက် နောက်ပိုင်းမှ မိုင်းဝီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားစာ ရောက်လာခဲ့တာဖြစ်ပါတယ်။
“မိုင်းထောင်တဲ့နေရာက သူတို့တပ်စခန်းနဲ့ အဝေးကြီးပဲ။ အဲထောင်ထားတဲ့နေရာလည်း လူတွေသွားလာတဲ့နေရာတွေ။ ပြီးတော့ ကျွဲတွေလည်း အမြဲတမ်း သွားလာနေကျနေရာတွေ။ အခုတော့ ဘာအကြောင်းမကြားဘဲ မိုင်းထောင်တော့ နင်းမိကုန်တယ်။ တော်သေးတယ်။ ကျွဲသာမနင်းမိရင် လူတွေသွားနင်းမိတော့မှာ” လို့ ကျွဲပိုင်ရှင်ဖြစ်သူ ဦးနိုင်စွမ်က ပြောပါတယ်။
ကျွဲ ၂ ကောင်ရဲ့ တန်ဖိုးဟာ ကျပ်သိန်း (၄၀)လောက်ရှိပြီး မိုင်းနင်းမိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ခေါ်ယူပြောဆိုတာတွေ မရှိသေးပါဘူး။
သေဆုံးသွားတဲ့ တစ်ကောင်ကို ပိုင်ရှင်ဖြစ်သူက မြေမြှုပ်သဂြိုလ်လိုက်ပြီး ကျန်တစ်ကောင်ကိုတော့ ဆေးကုသပေးနေပါတယ်။
အခုလို စစ်ကောင်စီတပ်ဘက်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လူသွားလမ်းပေါ်မှာ မိုင်းထောင်တဲ့အတွက် သေဆုံးသွားတဲ့ ကျွဲတွေအတွက် လျော်ကြေးရလိုတယ်လို့ ဦးနိုင်စွမ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်လည်း စစ်ကောင်စီတပ်ရဲ့ မိုင်းကြောင့် ကျွဲတစ်ကောင် သေဆုံးခဲ့ဖူးပြီး သေဆုံးမှုအတွက် လျော်ကြေးတစ်စုံတစ်ရာ ပေးထားတာမျိုး မရှိခဲ့ပါဘူး။
https://www.facebook.com/shwepheemyaynews/posts/945003192982479?__cft__[0]=AZWVM7TA63xYnApNRIMFNfWtCTIFqSH6b2NZy1AVmPl4MxA9rFuSzN9NrHuxeG1KP-dlaE0WsoSrhmQuGGiinX2CT38lavimqoDX5ywYNaV6mibTQlxQUGNMUH4C1R-4oYFs1xvYb_Kfr5e_QjXVs0dL&__tn__=%2CO%2CP-R

ကွတ်ခိုင်မြို့ နမ့်ခိုင်တံတားအနီးနဲ့ နမ့်ဖလွန်းရွာထဲ တိုက်ပွဲပြင်းထန်

 ကွတ်ခိုင်မြို့ နမ့်ခိုင်တံတားအနီးနဲ့ နမ့်ဖလွန်းရွာထဲ တိုက်ပွဲပြင်းထန်

CJ၊ ရွှေဖီမြေ၊ မေလ ၁ ရက်၊ ကွတ်ခိုင်
ဒီနေ့ မေလ ၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်းရွာထဲ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မိနစ် (၃၀)ခန့် ကြာခဲ့တယ်လို့ သိရပါတယ်။
နမ့်ဖလွန်းရွာအနီး ပြည်ထောင်စုလမ်းမဝန်းကျင်မှာ သေနတ်သံနဲ့ လက်နက်ကြီးသံတွေ ကြားနေရတဲ့အတွက် လမ်းမပေါ်မှာ သွားလာကြတဲ့ လူထုတွေ ၁ နာရီခန့် ရပ်နားခဲ့ကြရတယ်လို့ မျက်မြင်တစ်ယောက်က ပြောပါတယ်။
မနေ့ ဧပြီလ ၃၀ ရက် ည ၉ နာရီခွဲဝန်းကျင်မှာလည်း နမ့်ခိုင်တံတားအနီးမှာ ၁ နာရီကြာခန့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
နမ့်ခိုင်ရွာ သီလရှင်ကျောင်းထဲ သေနတ်တစ်ချက် ထိမှန်ခဲ့ပြီးတော့ ကျောင်းအနီးမှာလည်း လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
https://www.facebook.com/shwepheemyaynews/posts/945080939641371?__cft__[0]=AZUp8ao6ap5sHt8ZYSnRko3IMIHxoLr6lBpYVZF_u7ug4s1LOu2gzSC1zH4H5Ba4_SP-LUitQwYEJ7haqyNwzc4I_25rZKvP5zXZ-wDFptRHk5ZUyaPdpJ5lFRDYzp-x1nXppwtjWR3lRom6mm2uD4l5rQZhgbsb8uSrq-smN7CNUg&__tn__=%2CO%2CP-R

ကွတ်ခိုင်မြို့ အိမ်ဖြူတော် ကားအပိုပစ္စည်း အရောင်းဆိုင်ပိုင်ရှင်ရဲ့သား သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး (Update- 10 PM)

ကွတ်ခိုင်မြို့ အိမ်ဖြူတော် ကားအပိုပစ္စည်း အရောင်းဆိုင်ပိုင်ရှင်ရဲ့သား သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး (Update- 10 PM)
CJ၊ ရွှေဖီမြေ၊ မေလ ၁ ရက်၊ ကွတ်ခိုင်
ဒီနေ့ည ၇ နာရီခွဲခန့်က ကွတ်ခိုင်မြို့ အိမ်ဖြူတော် ကားအပိုပစ္စည်း အရောင်းဆိုင်မှာ ဆိုင်ပိုင်ရှင်ရဲ့ သားအကြီးဖြစ်သူကို သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်သူဟာ ဘယ်သူမှန်း မသိဘူးလို့ ဒေသခံက ဆိုပါတယ်။
ပစ်ခတ်ခံရသူဟာ ပြည်သူ့ဆေးရုံ အရောက်မှာတော့ သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ည ၈ နာရီ ၄၀ မိနစ်ခန့်မှာလည်း ရပ်ကွက် ၅ ဘက်မှာ သေနတ်သံတွေ ကြားနေရတယ်လို့ လူငယ်တစ်ယောက်က ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်းရွာထဲ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်

https://www.facebook.com/shwepheemyaynews/posts/945152602967538?__cft__[0]=AZXpcTN7s8qLNTQmIr8B3upErHJgKztxPhCUkReyNzFwKuR0u9Chtb-PgJzu2oVWP0R-Db8TuxKqvViDuM-Ojhqamhyw950-62ClGc1d_UjJyoGp8Pa_tzM5kEcoGDWl4N5G-3cNDlO41l6osyCXkqIg&__tn__=%2CO%2CP-R 

ကချင်စစ်ရှောင် ၁ သိန်းကျော် နေရပ်ပြန်ရေး အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းသွား

 ကချင်စစ်ရှောင် ၁ သိန်းကျော် နေရပ်ပြန်ရေး အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းသွား

ကချင်စစ်ရှောင်ဒုက္ခသည်စခန်းတခုကို ၂၀၁၄ ခုနှစ်အတွင်းက မြင်တွေ့ရစဉ် / ဧရာဝတီ

3.5k

By ဧရာဝတီ 30 April 2021

Want create site? Find Free WordPress Themes and plugins.

စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကြောင့် ကချင်စစ်ဘေးရှောင်ဒုက္ခသည် တသိန်းကျော်ကို နေရပ်ပြန်ပို့ရေး အစီအစဉ် များ အားလုံး ရပ်ဆိုင်းသွားသည်ဟု ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ (KHCC) ၏ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ဧရာဝတီကို ပြောသည်။


ဒေါက်တာ ခလမ်ဆမ်ဆွန်က “တကယ်လို့ အာဏာသိမ်းတဲ့ ကိစ္စမရှိခဲ့ရင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးက အများကြီး တိုးတက် အောင်မြင်နေပါလိမ့်မယ်။၂၀၂၃မှာ အပြီးလုပ်ဖို့ ရည်မှန်းချက်ပန်းတိုင် ရှိတယ်။၂၀၂၁မှာ အိမ်ခြေ ၅၀၀၀ ဝန်း ကျင် ပြန်ပို့ပီး ၂၀၂၃မှာ အပြီးအစီး နေရပ်ပြန်ပို့ဖို့ပါ။ နိုင်ငံခြားအထောက်အပံ့ မရသည့်တိုင်အောင် ကိုယ့်နည်း ကိုယ့် ဟန်နဲ့ ပြန်ဖို့ ကျနော်တို့ အားလုံး ဆွေးနွေးထားခဲ့ပြီးပြီ။ ဒါပေမယ့် အာဏာသိမ်းမှုတွေ ဖြစ်လာတော့ ကျနော်တို့ ဘာမှ လုပ်လို့ မရဘူးဖြစ်နေတယ်” ဟု ပြောသည်။


စစ်ဘေးရှောင်ဒုက္ခသည် ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေး နေသည့် ကုလသမဂ္ဂ (UN) သည်လည်း အာဏာသိမ်းစစ်ကောင်စီကို အစိုးရတရပ်အနေဖြင့် ညှိနှိုင်းဆက်ဆံခြင်း မပြု လုပ်သေးသည့်အပြင် ကချင်ပြည်နယ်တွင်လည်း စစ်ရေးတင်းမာမှုများ ပြန်ဖြစ်ပွားနေသဖြင့် ဒုက္ခသည်များကို နေရပ် ပြန်ပို့ရေး အစီအစဉ်မှာ လုံးဝ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။


ဒေါက်တာ ခလမ်ဆမ်ဆွန်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် KHCC သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ ကချင်စစ်ဘေးရှောင်ဒုက္ခသည်များကို နေရပ်ရင်းသို့ပြန်ပို့ကာ ပြန်လည်နေရာချထားရေးလုပ်ပေးရန် အတွက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီကတည်းက နိုင်ငံတော် သမ္မတရုံးနှင့် တိုက်ရိုက်ညှိနှိုင်းကာ ဆောင်ရွက်နေသည့် ကော်မတီဖြစ်သည်။


KHCC သည် ခရစ်ယာန်ဘာသာရေးအသင်းများမှဆရာတော်ကြီးများ ဦးဆောင်ပါဝင်ကာ ဖွဲ့စည်းထားပြီး ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှ ၂၀၁၈ ခုနှစ်ကြား စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ကချင်စစ်ဘေးရှောင်ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် ဦးဆောင်ပြုလုပ်နေသည့် ကော်မတီ ဖြစ်သည်။


ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်လည်နေရာချထားရေး လုပ်ပေးရန် စီစဉ်ရာ၌ ဒုက္ခသည်များဆိုင်ရာ အကူအညီပေး နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီများ၊ အစိုးရ၏ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုများ ရရှိရေးအတွက် KHCC က ညှိနှိုင်းရသည့်အပြင် နေရပ်ပြန်မည့် ဒုက္ခသည်များ ထပ်မံ ထွက်မပြေးရစေရန်အတွက်လည်း နှစ်ဖက်တပ်များ၏ စစ်ရေးအာမခံချက်၊ သဘောတူညီချက်များကို ရယူရသည်။


ယခုအခါ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကြားတွင်လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ပြန်ဖြစ်ပွားနေကာ နှစ်ဖက်တပ်များကြား ညှိနှိုင်းနိုင်သည့် အခြေအနေလည်း မရှိပါ။


ဒေါက်တာ ခလမ်ဆမ်ဆွန်က “ဗန်းမော်၊ အင်ဂျန်းယန်က ဆိုရင် ပြန်သွားတဲ့ ဒုက္ခသည်တွေပဲ ပြန်ပြေးလာရတယ်။ လေ ယာဉ်တွေကလည်း အမြဲတမ်း တိုက်ခိုက်မှုတွေ ရှိနေတော့လူတွေက မနေရဲတော့ဘူး။ ပိုပြီး စိုးရိမ်ရပါတယ်။ (နေရပ် ပြန်ပို့ဖို့) ဒါကို ကျနော်တို့ အာမ မခံရဲဘူး။ အခုက နေရာတကာမှာ စစ်ဖြစ်နေတယ်” ဟု ပြောသည်။


KHCC သည် ၂၀၂၀ အတွင်း ပူတာအိုမြို့နယ်အတွင်းမှ အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၃၀၀ ကျော်ကို နေရပ်ပြန်ပို့ပေးရန် အိမ်ဆောက်လုပ်ခြင်းများ ပြုလုပ်ပေးနိုင်ခဲ့သည်။


NLD အစိုးရ၏ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည်လည်း ဒုက္ခသည်များကို နေရပ်ပြန် ပို့နိုင်ရေး၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မဟာဗျူဟာများ ရေးဆွဲနေ လျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခြင်းနှင့် ရင်ဆိုင်လိုက်ရသဖြင့် ဝန်ကြီးဌာနများတွင် စစ်ကောင်စီက ခန့် အပ်သည့် သူများက အစားထိုးနေရာယူထားလိုက်ပြီ ဖြစ်သည်။


စစ်ကောင်စီက ခန့်အပ်သည့် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအတွက် တာဝန်ခံထားသူမှာ ဒေါက်တာ သက်သက်ခိုင်ဖြစ်သည်၊ လက်ရှိတွင် လူမှုကယ်ဆယ်ရေးပိုင်းများတွင် သူ၏ လုပ်ဆောင်ချက် မတွေ့ရသေးပေ။


ဗန်းမော်မြို့ရှိ စစ်ဘေးရှောင် စခန်းတခုတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည်အမျိုးသားတဦးက “ကျနော်တို့ မိသား စုဆို ၂၀၁၃ခုနှစ်ကတည်းက ဒုက္ခသည်ဖြစ်နေတာ။ ၁၀ပေ ပတ်လည် အခန်းကျဉ်းထဲမှာ နေရတယ်။ သူများ ဝေလာတာ ကိုပဲ မျှော်လင့်ပြီး စားနေရတာ အိမ်ကိုတော့ ပြန်ချင်တာပေါ့ဗျာ။ အိမ်ပြန်ဖို့ မျှော်လင့်ချက်ကတော့ အမြဲရှိတယ်။ ဒါပေမယ့် အခုနိုင်ငံရေး အခြေအနေက ပြန်ရှုပ်လာတော့ ဘာမှမပြောတတ်တော့ဘူး” ဟု ပြောသည်။


၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တိုက်ပွဲများကြောင့် ရွာလုံးကျွတ် ထွက်ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ဒုက္ခသည်စခန်းများတွင် ထောက်ပံ့သည့် စားနပ်ရိက္ခာကိုသာ မှီခိုနေရပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိ သလောက် နည်းပါးသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။


စစ်ဘေးရှောင်ဒုက္ခသည်များကို ကနဦးတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီထောက်ပံ့သော်လည်း၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထောက်ပံ့မှုများကို လျှော့ချခဲ့သည်။


အချို့ဒုက္ခသည်စခန်းများတွင် ထောက်ပံ့မှု လုံးဝ ရပ်ဆိုင်းသွားသည့် အခြေအနေနှင့် ရင်ဆိုင်ရပြီး အချို့စစ်ဘေးရှောင် စခန်းများမှာ တလလျှင် တဦးအတွက် ငွေ တသောင်းကျော်သာ ထောက်ပံ့ကြေး ရရှိသည်။


ထိုငွေတသောင်းသည် လူတဦးအတွက် တရက်လျှင် စားစရိတ် ငွေ ၆၀၀ ကျပ်ခန့်သာ သုံးစွဲနိုင်မည် ဖြစ်သဖြင့် ဖူလုံခြင်း မရှိပါ။


ထိုသို့ စစ်ဘေးရှောင်စခန်းများတွင်လည်း စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အကျပ်အတည်းများကြောင့် နေရပ်ပြန်ရန် စစ်ဘေးရှောင်ဒုက္ခသည်များကြား မျှော်လင့်နေချိန်တွင် စစ်တပ်က အာဏာသိမ်းပြီး လူထုကို သတ်ဖြတ်ခြင်းများကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးနေဆဲ ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလည်း ရပ်တန့်သွားပြီ ဖြစ်သည်။


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သည့် KIA နှင့် စစ်တပ်ကြားတွင်လည်း မတ် ၁၁ ရက်မှ စ၍ တိုက်ခိုက်မှုများ စတင်ကာ KIA က စစ်တပ်၏ ရှေ့တန်းတပ်စခန်းများကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခြင်းများ၊ စစ်တပ်က လည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ရှိနေသဖြင့် ယနေ့ထိ စစ်ရေး တင်းမာနေကြဆဲ ဖြစ်သည်။


KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်တပ်နှင့် KIA ကြား စစ်ရေးတင်းမာနေသည့် အခြေ အနေအရ တိုက်ပွဲများမှာ ပိုပြင်းထန်ပြီး ရှည်ကြာနိုင်သည့် အခြေအနေ ရှိသည်ဟု သုံးသပ်ကြောင်း ပြောသည်။


“စစ်ရေး အခြေအနေ တင်းမာရင်တော့ စစ်ရှောင်ပြည်သူလူထုတွေ နေရပ်ပြန်ရေးကလည်း ဘာမှ ဆွေးနွေးလို့ မရဘူး။ ဘာမှလည်း ခန့်မှန်းလို့ မရဘူးဖြစ်နေတာ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်၂၀၂၁ မှာတော့ ပြန်နိုင်မယ်လို့ ကျနော် မထင်ပါဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။


စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် KIA နှင့် အစိုးရ၊ စစ်တပ်တို့ကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေမှုများ အားလုံး ရပ်တန့်သွားပြီး ကချင်ပြည်နယ်တွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားထားကာ မိုးမောက်မြို့နယ်တွင် စစ်ရေးအခြေအနေ အတင်းမာဆုံး ဖြစ်နေသည်။


မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်တပ်က မြေပြင်တွင် တိုက်ခိုက်ခြင်းကို လျှော့ချပြီး တိုက်လေ ယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုသာ ပြုလုပ်လျက် ရှိသည်။


တိုက်လေယာဉ်များပေါ်မှ ကြဲချသည့် ဗုံးများ၊ လက်နက်ကြီးကျည်များမှာ မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ ကုန်းလော စသည့် ကျေးရွာများအတွင်းသို့ ကျကာ လူနေအိမ် ၁၀လုံးထက် မနည်းပျက်စီးပြီး အရပ်သား ၅ ဦး သေဆုံးထားပြီ ဖြစ် သည်။


ထိုသို့ အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အင်ဂျန်းယန်မြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၉၀၀ ကျော် တောတွင်း၌ ခိုလှုံနေရပြီး မိုးမောက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ ထွက်ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည် ဦး ရေမှာလည်း ၅၀၀၀ ကျော် အသစ် ထပ်မံတိုးလာပြီဖြစ်သည်။


အင်ဂျန်းယန်မြို့နယ်အတွင်း တောတွင်း၌ ခိုလှုံနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၉၀၀ ကျော်သည် စစ်ဘေးရှောင်စခန်း တခု တည်ဆောက်ကာ ခိုလှုံနေရပြီး မိုးမောက်မြို့နယ်အတွင်းမှ ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ နေရာ ထိုင်ခင်း အတည်အကျ မရှိသေးဘဲ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ ကျေးရွာများ၊ ဆွေ မျိုးများထံတွင် ခိုလှုံနေကြရဆဲ ဖြစ်သည်။

https://burma.irrawaddy.com/news/2021/04/30/241304.html

ကေအိုင်​အေ တပ်ရင်း ၂၅ကို စစ်​ကောင်စီလက်နက်ကိုင်​တွေက ​လေယာဥ် ၉စင်းဖြင့်ပစ်​​နေ

 ကေအိုင်​အေ တပ်ရင်း ၂၅ကို စစ်​ကောင်စီလက်နက်ကိုင်​တွေက ​လေယာဥ် ၉စင်းဖြင့်ပစ်​​နေ

April 30 - Kachinwaves
စစ်ကောင်စီလက်နက်ကိုင်တပ်များသည် မိုးမောက်မြို့ရှိ ​​ကေအိုင်အေ တပ်ရင်း ၂၅တွင် လေယာဥ် ၉စင်းဖြင့် နံနက်အ​စောပိုင်းမှ စတင်ပြီး လက်ရှိချိန်ထိ လာရောက်ပစ်ခတ်​နေကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မိုး​​မောက်မြို့ရှိ စစ်ကောင်စီလက်နက်ကိုင်များသည် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို ​ကေအိုင်​အေ ဘက်မှလည်း လက်နက်ကြီး​တွေ ပစ်ခတ်​နေ​ကြောင်းလည်း ဆိုသည်။
"မြေပြင်မှာ တိုက်ခိုက်တာ​တွေ​တော့ မနက်ပိုင်း​​တော့မရှိဘူး။" ဟုဗိုလ်မှူးကြီးနော်ဘူကဆိုသည်။
ဧပြီ ၂၉ရက်နေ့က စစ်ကောင်စီတပ််များက ​ကျေးရွာများသို့ လက်နက်ကြီး​များ ပစ်ထည့်သည့်အတွက် မိုးမောက်မြို့နယ်မှ အရွယ်အိုဖိုးတစ်​ယောက် သေဆုံးခဲ့ပြီးအမျိုးသမီးတစ်ဦး၏ လက်မောင်း၌လည်း ကျည်ထိကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
​ကေအိုင်​အေ တပ်ရင်း ၂၅အား စစ်​ကောင်စီ လက်နက်ကိုင်များက ​လေယာဥ်ဖြင့် ပစ်ခတ်ပြီး တိုက်ခိုက်​နေ​သည်မှာ ယ​နေ့ဆိုရင် ၆ရက် ရှိပြီဖြစ်သည်။
ငြိမ်းချမ်း​ရေးတိုးမြင့်ရန် ​မေလ တစ်လလုံး အပစ်အခတ်ရပ်စဲထားမည်ဖြစ်​ကြောင်း ဗိုလ်မှူးကြီး ​ဇော်မင်းထွန်းက ဧပြီ ၂၉ ရက်​နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
https://www.facebook.com/kachinwavesnews/posts/4279398338739912?__cft__[0]=AZWxBM1hi9eJSuP6v9-tuwUrPHFizXFQpQ87vRxmnzHThAS5LP62ahMzWdyWfeGVlnnl57oD2mmmY3_pCjXsGOdFqaRuAXb_pjjvXbUIXC-jOC-Rf2jZRPe0ACvS6GMEyUiYKnCrFhOM9QzQ9deNzmlt&__tn__=%2CO%2CP-R

အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှု အီးယူ သက်တမ်းတိုး

 အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှု အီးယူ သက်တမ်းတိုး

Photo - AFP

Photo - AFP


ဧပြီ ၃၀




ပိုင်ဆိုင်မှု ထိန်းချုပ်ပိတ်ပင်ခြင်း၊ ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ လက်နက် ကုန်သွယ်မှု ပိတ်ပင်ခြင်းနှင့် စစ်တပ်နှင့် ရဲ၏ ဖိနှိပ်မှုများတွင် အသုံးပြုနိုင်သည့် ပစ္စည်းများ တင်ပို့မှုအပေါ် ပိတ်ပင်ကန့်သတ်မှုများ ပါ၀င်သည့် အရေးယူပိတ်ဆို့မှုများသည် ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အထိ ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း အီးယူဌာနချုပ်က ဧပြီ ၂၉ ရက် ထုတ်ပြန်ချက်တစ်စောင်တွင် ထုတ်ပြန်ခဲ့သည်။


“အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်ရဲ့ ရာထူးကြီး အရာရှိတွေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်ကောင်စီရဲ့ အရပ်သားအဖွဲ့၀င်တွေ၊ စစ်ကောင်စီခန့်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တို့ကို ပစ်မှတ်ထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။


“အီးယူအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်၊ လူသားချင်းစာနာမှု အကူအညီတွေလည်း ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ပြောထားသည်။ နိုင်ငံပေါင်း ၂၇ နိုင်ငံပါသည့် အုပ်စုသည် ယခုနှစ် လက်ရှိအချိန်အထိ မြန်မာသို့ အကူအညီ ယူရို ၂၀ ဒသမ ၅ သန်း (ဒေါ်လာ ၂၄ ဒသမ ၈ သန်း) ထောက်ပံ့ပေးထားကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။





http://www.mizzimaburmese.com/article/79551

ညောင်လေးပင်ခရိုင်ထဲ စစ်ကောင်စီတပ်နဲ့ကြား လူအသေအပျောက်ရှိတဲ့ ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်

 ကေအဲန်ယူ ညောင်လေးပင်ခရိုင်ထဲမှာ ခြုံခိုတိုက်ဖို့ ပြင်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ကြား ထိတွေ့ပစ်ခတ်တာတွေ ဒီကနေ့ ( ဧပြီ ၃၀ ရက်) မှာ ရှိခဲ့တယ်လို့ ကေအဲန်ယူဘက်က ထုတ်ပြန်ပါတယ်။

ကေအဲန်ယူ တပ်မဟာ ၅ ထိန်းချုပ်တဲ့ မုထရော/ဖာပွန်ခရိုင်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် အခုလို တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ထဲမှာလည်း ပစ်ခတ်မှုတွေ ဆက်ရှိလာတာ ဖြစ်ပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက အင်တိုင်းကုန်းဆိုတဲ့ ရွာအနီး ပစ်ကြခတ်ကြ ဖြစ်ခဲ့တဲ့ အတွက်၊ အသက် ၇၀ အရွယ် ရွာသား သက်ကြီးပိုင်းတစ်ယောက်နှလုံးရောဂါဖောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ခလ၇ (၆၀) လက်အောက်ခံ ကျောက်စရစ်စခန်း တပ်ခွဲက နှစ်ယောက် သေဆုံးတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပေမယ့် ဘီဘီစီ အနေနဲ့ သီးသန့် အတည်မပြု နိုင်ပါဘူး။

အာဏာသိမ်း စစ်တပ်က ဒီနေ့မှာပဲ လာမယ့် မေလတစ်လလုံး စစ်ရေးလှုပ်ရှားမှုတွေ ရပ်ပေးမယ်ဆိုပြီး သူတို့ရဲ့ တစ်ဘက်သတ် အပစ်ရပ်ကာလကို တိုးမြှင့်ထားပါတယ်။

ဒါပေမယ့်လည်း ကရင်နဲ့ ကချင်ထဲက နယ်မြေတချို့မှာ တိုက်ပွဲတွေ ဆက်လက် ပေါ်ပေါက်နေတာ တွေ့ရပါတယ်။

https://www.bbc.com/burmese/topics/c404v08p1wxt/page/3?ns_mchannel=social&ns_source=twitter&ns_campaign=bbc_live&ns_linkname=608c0fecdcb43402eaf6037e%26%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9C%E1%80%B1%E1%80%B8%E1%80%95%E1%80%84%E1%80%BA%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%91%E1%80%B2%20%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE%E1%80%90%E1%80%95%E1%80%BA%E1%80%94%E1%80%B2%E1%80%B7%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%20%E1%80%9C%E1%80%B0%E1%80%A1%E1%80%9E%E1%80%B1%E1%80%A1%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD%E1%80%90%E1%80%B2%E1%80%B7%20%E1%80%95%E1%80%85%E1%80%BA%E1%80%81%E1%80%90%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%96%E1%80%BC%E1%80%85%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%20%E1%80%80%E1%80%B1%E1%80%A1%E1%80%B2%E1%80%94%E1%80%BA%E1%80%9A%E1%80%B0%E1%80%91%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%94%E1%80%BA%262021-04-30T14%3A10%3A58.311Z&ns_fee=0&pinned_post_locator=urn:asset:1c612193-3654-4521-944d-5317451fb602&pinned_post_asset_id=608c0fecdcb43402eaf6037e&pinned_post_type=share

အကြမ်းဖက်မှုကို မနှစ်မြို့သည့် အရာရှိ၊ စစ်သည်များ စစ်တပ်ကို စွန့်ခွာနေ

 အကြမ်းဖက်မှုကို မနှစ်မြို့သည့် အရာရှိ၊ စစ်သည်များ စစ်တပ်ကို စွန့်ခွာနေ

၂၀၁၈ ခုနှစ် နေပြည်တော် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား / ဧရာဝတီ

64.9k

By ဧရာဝတီ 30 April 2021

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၆၀ ခန့် သေဆုံးခဲ့ရပြီးနောက် ယင်းလုပ်ရပ်များကို မနှစ်မြို့သည့် စစ်ဘက်မှ အရာရှိ အကြပ် စစ်သည် ၁၀၀ နီးပါး အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) တွင် ပူးပေါင်းပါဝင်လာကြောင်း သိရသည်။


စစ်တပ်ထဲတွင် မမျှတသည့် အမိန့်များ၊ လွတ်လပ်စွာ ပြောဆိုခွင့် မရှိမှုများ၊ အောက်ခြေနှင့် အပေါ်အဆင့်ဆင့် ကွာဟမှုများနှင့် ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နေသည့် လုပ်ရန်များကို မနှစ်မြို့သဖြင့် အရာရှိ စစ်သည်များ စစ်တပ်ကို စွန့်ခွာနေခြင်း ဖြစ်ကြောင်း DSA အပတ်စဉ် ၅၄ မှ ဗိုလ်ကြီး လင်းထက်အောင်က ဧရာဝတီသို့ ပြောသည်။


၎င်းသည် မွန်ပြည်နယ် ရေးမြို့နယ်မှ ဖြစ်ပြီး အရှေ့တောင်တိုင်းဒေသ စစ်ဌာနချုပ်တွင် ၈ နှစ်၊ တြိဂံတိုင်း စစ်ဌာနချုပ်မှာက ၁ နှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့ပြီး မိုင်းပြင်းမြို့နယ် ခမရ ၅၂၈ မှတဆင့် CDM သို့ ဝင်ရောက်လာသည့် စစ်ဘက်ဆိုင်ရာ အရာရှိတဦး ဖြစ်သည်။


ဗိုလ်ကြီး ထင်လင်းအောင်က“အခုဆိုရင် တပ်ကို စွန့်ခွာတဲ့သူက ရာဂဏန်းနီးပါး ဖြစ်လာတော့မှာပါ။ သူတို့ဘာကြောင့် စွန့်ခွာလဲဆိုရင် တပ်ထဲမှာ အကျဉ်းချထားသလို လုပ်တယ်။ မတရားတဲ့ အမိန့်တွေပေးတယ်။ မတရားတဲ့ လုပ်ရပ်တွေ လုပ်ခိုင်းတယ်။ အမှားကိုပဲ လုပ်ဆောင်နေရတယ်။ အမှန်အတွက်ကို ပြန်လည်တင်ပြခွင့် မရှိဘူး”ဟု ပြောသည်။


၎င်းက ဆက်၍ “ဒါတွေကို တဖြည်းဖြည်းနဲ့ တပ်က လူတွေလည်း သိလာတယ်။ သူတို့ရဲ့ တကိုယ်ကောင်းဆန်တဲ့ သူတို့ အကျိုးစီးပွားအတွက်ပဲ လုပ်နေတယ်ဆိုတာကို မြင်လာတယ်။ မြင်လာတဲ့အတွက် အခုလို တဖြည်းဖြည်းနဲ့ စွန့်ခွာလာတယ်လို့ မြင်တယ်”ဟု ပြောသည်။


စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အကြမ်းဖက် လက်နက်အင်အား အသာစီးဖြင့် ဖိနှိပ်သော်လည်း စစ်ကောင်စီသည် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်းမရှိပေ။ တချိန်တည်းတွင် စစ်ကောင်စီသည် ၎င်းတို့၏တပ်များ ညီညွတ်အောင် အပြင်းအထန် ရုန်းကန်နေရကြောင်း ဗိုလ်ကြီးလင်းထက်အောင်ကဲ့သို့ တပ်ကို စွန့်ခွာလိုသူများက သက်သေပြနေသည်။


စစ်အာဏာသိမ်းအပြီး ယခုအခါ ပြည်သူလူထု၏ ထောက်ခံမှု လုံးဝကင်းမဲ့သည့် နီးပါးဖြစ်နေသော မြန်မာစစ်တပ်၏ စိတ်ဓာတ်ရေးရာက အတော်ပင် ကျဆင်းသွားနေသည်။ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA များက စစ်ကောင်စီတပ်ဖွဲ့များ ထိုင်သော စစ်စခန်းများကို ဝင်ရောက် စီးနင်း သိမ်းပိုက်သည့်အခါ ကြာရှည် တောင့်ခံ မထားနိုင်တော့သည်ကို စစ်ရေးစောင့်ကြည့်လေ့လာသူများက ထောက်ပြလာသည်။


ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းသည့်အခါ ၎င်းတို့၏ လူကြီးများနှင့် နိုင်ငံရေး ခေါင်းဆောင်များကြား နိုင်ငံရေး ပဋိပက္ခအဖြစ်သာ ရှုမြင်ခဲ့ကြသော်လည်း နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မမြသွဲ့ သွဲ့ ခိုင် သေနတ်မှန် သေဆုံးချိန်တွင် တပ်တွင်းရှိ စစ်သားများကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိလာကြောင်း အသက် ၂၄ နှစ်အရွယ် အခြား စစ်ဗိုလ်တဦးကလည်း ဧရာဝတီသို့ ဖွင့်ဟသည်။


၎င်းသည် တပ်မတော် နည်းပညာ တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး တက္ကသိုလ် တက်ရောက်နေသည့် သက်တမ်း အပါအဝင် စစ်မှုထမ်းသက် ၈ နှစ် ရှိပြီ ဖြစ်ပြီး ပညာသည်လိုင်းအုပ်စုမှ စစ်သားတဦး ဖြစ်သည်။


၎င်းက“ဒါကြီးက ငါတို့နဲ့ မဆိုင်သလို နေလို့ မရတော့ဘူး။ တချိန်ချိန်မှာ ပြည်သူတွေကို သတ်တဲ့ ကျည်ဆံက ကိုယ့်ကျည်ဆံလည်း ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးက ဝင်လာပြီဗျာ။ အဲဒီအချိန်မှာ ဒီတိုင်းပဲ ဆက်ပြီးတော့ မဆိုင်သလို မနေချင်တော့ ဘူး။ စစ်သား ၈၀ ရာခိုင်နှုန်းလောက်မှာ အဲဒီစိတ်ရှိတယ်လို့ ကျနော်ယုံတယ်”ဟု ပြောပြသည်။


ထို့ပြင် ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းရာတွင် စစ်တပ်က ဦးဆောင်ပါဝင်ခဲ့သည့် မြောက်ဥက္ကလာတွင် လူအစုလိုက် သတ်ဖြတ်မှုများ၊ ပဲခူးနှင့် လှိုင်သာယာ ဖြစ်စဉ်များကို ကြည့်ပြီးနောက် စစ်တပ်၏ လုပ်ရပ်များကို ရွံရှာလာပြီး စစ်ယူနီဖောင်း ဝတ်ဆင်ရန် မသတီတော့ကြောင်း ဆိုကြသည်။


“အဲဒီလိုတွေကြောင့် အခုလို ထွက်လာရတာ ဖြစ်တယ်”ဟု အထက်ပါ စစ်ဗိုလ်က ပြောသည်။


သတင်းစီးဆင်းမှုကို တားဆီးရန် မိုဘိုင်းအင်တာနက်ကို ပိတ်ပင်ခြင်းသည် တပ်တွင်းမှ စစ်သားများကို ပြင်ပကမ္ဘာနှင့် တိုက်ရိုက် အဆက်အသွယ်ဖြတ်ရန် ရည်ရွယ်ချက်လည်း ပါသည်။ ထိပ်တန်းတပ်မှူးများသည် ၎င်းတို့၏ တပ်သားများနှင့် မိသားစုများကို ပုံမှန်ခြိမ်းခြောက်ဝါဒဖြန့်ကာ ဖရိုဖရဲမဖြစ်ရေးနှင့် အဖွဲ့အစည်းတည်မြဲရေးအတွက် စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေရသည်။




ထိုနောက် “တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့တပ်များနှင့် မိသားစုများ မီဒီယာသတင်းများကို နားမထောင်စေရန်နှင့် ထိုထုတ်လွှင့်မှုများသည် အလိမ်အညာများဖြစ်ကြောင်း အနည်းဆုံး တပတ်လျှင် နှစ်ကြိမ်ရှင်းပြရန်” ထိုသတိပေးချက်က ညွှန်ကြားသည်။


ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲ ပြီးသည့်အခါ NLD ပါတီ မဲအပြတ်အသတ် အနိုင်ရသည့်အပေါ် စစ်တပ်မှ ကစထမှူးများ၊ တိုင်းမှူး များ၊ တပ်မမှူးများ ကိုယ်တိုင် တပ်ထဲသို့ ရောက်လာပြီး NLD သည် မဲလိမ်သဖြင့် ရွေးကောက်ပွဲနိုင်ခြင်း ဖြစ်ကြောင်း လာရောက် ရှင်းလင်းခဲ့သေးသည်ဟု CDM ပြုလုပ်သည့် စစ်ဗိုလ်များထံမှ သိရသည်။


“ကျနော်ကိုယ်တိုင် တပ်ပြင်ပမှာ ဖြစ်တဲ့အတွက် NLD ကို မဲထည့်ခဲ့တယ်။ ကျနော်တယောက်တည်း ခံစားချက်နဲ့တောင် NLD ကို မဲထည့်ခဲ့တာ ဖြစ်တဲ့အတွက် ကျနော်လိုလူမျိုး အများကြီး ရှိတယ်။ မဲလိမ်တယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါကိုပဲ NLD က မဲလိမ်တယ်ဆိုတာကို ပြောတယ်။ အဓိကကတော့ သူတို့ အာဏာကို လက်မလွှတ်ချင်တာပဲ” ဟု ဗိုလ်ကြီး ထင်လင်းအောင်က ပြောသည်။


နိုင်ငံရေးလေ့လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က လက်ရှိ စစ်တပ် ဗိုလ်ချုပ်ကြီးများသည် ပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးနေခြင်း မဟုတ်ဘဲ စစ်တပ် ကြီးစိုးရေးဝါဒအတွက် ရည်ရွယ်ချက်ရှိရှိ အမိန့်ပေးနေသည်ကို အောက်ခြေအဆင့်ဆင့်က သဘောပေါက်လာပြီးနောက် ယခုလို CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး ပြည်သူနှင့် ပူပေါင်းလာခြင်း ဖြစ်ကြောင်း ပြောသည်။


“ဒီနေ့ အာဏာလု စစ်ကောင်စီရဲ့ လုပ်ရပ်တွေက အလွန်တရာမှ စက်စုပ်ရွံရှာဖွယ်ရာ ကောင်းပါလားဆိုတဲ့ အမြင်မှန် အ တွေးမှန်တွေ သူတို့ ရလာတဲ့အတွက် ဒီနေ့မှာ ပြည်သူဘက်ကို ကူးပြောင်းလာတယ်။ ဓမ္မဘက်နဲ့ အဓမ္မဘက်က စည်း ခြားသွားပါပြီ”ဟု ဦးထွန်းကြည်က ပြောသည်။


၎င်းက ဆက်၍ “တပ်ထဲမှာလည်း ဒီလို အတွေးအခေါ် ရှိတဲ့လူတွေ များသွားပြီ ဖြစ်လို့ တပ်ထဲမှာ ရှိတဲ့ အရာရှိစစ်သည်တွေ အနေနဲ့ ပြည်သူ့ဘက်ကို တဖြည်းဖြည်းနဲ့ ပြောင်းလာမယ်လို့ ယုံကြည်တယ်။ မယုံရင်လည်း ဗိုလ်ချုပ်ကြီးတွေ စမ်းကြည့် လိုက်ပါ။ ကြာလာလေလေ တပ်ပျက်လာလေလေ။ ကြာလာလေလေ သွေးပျက်လာလေလေ ဖြစ်လာမယ်ဆိုတာတော့ သေချာတယ်”ဟု ပြောသည်။


ယခင်က စစ်တပ်သည် စစ်ရာဇဝတ်မှုများကို တိုင်းရင်းသားနယ်မြေများ၊ ရခိုင်မြောက်ပိုင်းတို့တွင် ကျူးလွန်ခဲ့သော်လည်း ယခုအခါ ပြည်မသို့ ရောက်ရှိလာပြီး ပဲခူး၊ လှိုင်သာယာ ဖြစ်စဉ်များကို ကြည့်၍ သိနိုင်ကြောင်း၊ စစ်တပ်ကြီးစိုးရေး ဝါဒ အတွက် သေနတ်နှင့် အာဏာကို တည်ဆောက်မည်ဆိုသည့် စစ်ဗိုလ်ချုပ်များ၏ အတွေးအခေါ်မှာ လက်ရှိအချိန်တွင် အလုပ်မဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။


လက်ရှိအချိန်တွင် တပ်ထဲရှိ အရာရှိ စစ်သည်တချို့ မှာလည်း တပ်ကို စွန့်ခွာ၍ CDM ပြုလုပ်ရန် စဉ်းစားနေကြသော်လည်း ထောက်ထားစရာ မိသားစုများ ရှိနေသဖြင့် မထွက်နိုင်ကြသေးခြင်း ဖြစ်ကြောင်း၊ သို့သော် အရမ်း စိတ်ပျက်လာပါက ထွက်လာကြဖွယ်ရှိကြောင်း CDM ပြုလုပ်နေသည့် စစ်ဘက်အရာရှိတချို့က ဧရာဝတီသို့ ပြောသည်။


“တပ်ထဲမှာ ၈၀ ရာခိုင်နှုန်း လောက်က အခုအခြေအနေကို မကြိုက်ကြဘူး။ တကယ်လို့ ဖက်ဒရယ်အာမီ ပေါ်လာရင် သူတို့က ဖက်ဒရယ်အာမီဘက်ကိုလည်း ကူးပြောင်းလာမယ့် သဘောထားတွေ ရှိပါတယ်။ သူတို့ကိုယ်တိုင်လည်း ပါဝင်ပြီးတော့ တိုက်ခိုက်ပေးကြမယ်လို့ ယုံကြည်တယ်”ဟု ဗိုလ်ကြီး ထင်လင်းအောင်က ပြောသည်။


အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမူ တိုင်းပြည်တွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကာကွယ်စောင့်ရှောက်မည့် တပ်မတော်တခု လိုအပ်နေပြီ ဖြစ်ကြောင်း ပြောသည်။


“Professional တပ်မတော်တခု ဖြစ်ရမယ်။ အကြမ်းဖက်မှုနဲ့ လက်တုံ့ပြန်တဲ့ တပ်မတော် မဟုတ်ဘူး။ အရပ်သား အစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်တဲ့ တပ်မတော်တခု ဖြစ်ရမယ်”ဟု ဧရာဝတီသို့ ပြော ဆိုထားသည်။

https://burma.irrawaddy.com/news/2021/04/30/241301.html

မိုး​မောက်မြို့နယ်တိုက်ပွဲတွင် စစ်​ကောင်စီ၏ တပ်မ ၇၇ အထိနာ၊ စစ်သား ၂၀ ​သေဆုံး

မိုး​မောက်မြို့နယ်တိုက်ပွဲတွင် စစ်​ကောင်စီ၏ တပ်မ ၇၇ အထိနာ၊ စစ်သား ၂၀ ​သေဆုံး

အ​လော့ဘွမ်​တောင်​ခြေဒေ​သဖြစ်​သော မြို့သစ်တာဝါတိုင်နှင့် ဆ​လောင်ကုန်းအ​ရှေ့ဘက် တောင်​ကြောတစ်​လျှောက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀ ဦးသေဆုံးခဲ့သည့်အပြင် လက်နက် ၁၈ လက် သိမ်းဆည်းရမိခဲ့ကြောင်း KIA အရာရှိက ပြောသည် 



Myanmar Now

Published on Apr 30, 2021

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့စဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲနေစဉ်။ (ဓာတ်ပုံ − ပေးပို့) 

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့စဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲနေစဉ်။ (ဓာတ်ပုံ − ပေးပို့) 

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA) နှင့် အာဏာသိမ်းစစ်​ကောင်စီ၏ တပ်မ ၇၇ တို့ ဧပြီ ၂၉ ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးပြီး လက်နက်များသိမ်းဆည်းရမိကြောင်း KIA တာဝန်ရှိသူက ပြောသည်။ 


မိုးမောက်မြို့နယ်အတွင်း အ​လော့ဘွမ်​တောင်​ခြေဒေ​သဖြစ်​သော မြို့သစ်တာဝါတိုင်နှင့် ဆ​လောင်ကုန်းအ​ရှေ့ဘက် ​တောင်​ကြောတစ်​လျှောက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀ ဦးသေဆုံးခဲ့သည့်အပြင် လက်နက် ၁၈ လက် သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ KIA အရာရှိက ပြောသည်။ 


တပ်မ ၇၇ အထိနာခဲ့သဖြင့် စစ်ကောင်စီက ယမန်နေ့တွင် ခြောက်ကြိမ်တိုင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သော်လည်း KIA ဘက်မှ ထိခိုက်မှုမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ 


မိုး​မောက်မြို့နယ်ဒေသခံတစ်ဦးက “တပ်မ ၇၇ ကအယောက် ၂၀ သေပြီး သေနတ် ၁၇ လက်ရတယ်။ အလော့ဘွမ်တောင်ခြေ မိုးမောက်တာဝါတိုင်နားက တိုက်ပွဲမှာ။ သူတို့ (စစ်ကောင်စီ) လည်း အလော့ဘွမ်ကို မရရအောင် ပြန်သိမ်းဖို့ ကြိုးစားလာတဲ့အ‌​ပေါ်မှာ KIA ဘက်ကလည်း လက်မလွတ်အောင်ဆိုတဲ့ သဘောမျိုးနဲ့ ထိန်းချုပ်နိုင်အောင် တက်လာတဲ့ စစ်ကြောင်းတွေကို ခုခံပြီးမှ တိုက်ခိုက်နေတဲ့ သဘောအသွင်ဆောင်ပါတယ်" ဟု Myanmar Now ကို ပြောသည်။




ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် တပ်မ ၇၇ ကို ကချင်ပြည်နယ် အ​လော့ဘွမ်​တောင်​ခြေတိုက်ပွဲအတွင်း တပ်ပျက်သည်အထိ အထိနာခဲ့သော တပ်မ ၈၈ ကို စစ်ကူသွားရောက်ကာ ထိုးစစ်ဆင်းခဲ့ခြင်းဖြစ်သည်။ 


တပ်မ ၈၈ သည် ဧပြီ ၂၄ ရက်က KIA နှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ရာ၌ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် စစ်ကူပစ်ခတ်ရာတွင် အချင်းချင်းမှားယွင်းပစ်ခတ်မိသဖြင့် ထိခိုက်ကျဆုံးမှု အလွန်များခဲ့ကြောင်း KIA နှင့် ဒေသခံအချို့က ပြောသည်။




ထို့အပြင် KIA က ဧပြီ ၂၉ ရက်တွင် ဗန်​းမော်လေဆိပ်အနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ရာ ​လေဆိပ်အနီးရှိ လက်နက်တိုက်ကို ထိမှန်ခဲ့​ကြောင်း​ သိရသည်။


မတ် ၂၅ ရက်တွင် KIA က သိမ်းပိုက်ခဲ့သည့် အလော့ဘွမ်​တောင်တပ်စခန်းကို ပြန်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့သည့်အပြင် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ 


​စစ်​ကောင်စီက ဂျက်တိုက်​လေယာဉ်နှင့် ရဟတ်ယာဉ်များပါ အသုံးပြုကာ ၇ ရက်ဆက် တိုက်ခိုက်ခြင်းခဲ့ကြောင့် KIA ဘက်တွင် ကျဆုံးမှုရှိ​သော်လည်း စစ်​ကောင်စီတပ်မှာ ပို၍အထိနာခဲ့သည်ဟု သိရသည်။ 


အပြင်းအထန်တိုက်ပွဲများကြောင့် ဒေသခံအရပ်သားများပါ ထိခိုက်မှုရှိလာပြီး စစ်ဘေးရှောင်ဒုက္ခသည်များလည်း ပိုများလာကြောင်း သိရသည်။ 


"မနေ့က (ဧပြီ ၂ ၈) ကုန်း‌လောရွာက တစ်ယောက်က သူတို့အိမ်မှာ လက်နက်ကြီးလာကျတယ်။ ရွာတွေမှာ အကုန်လုံး ရှောင်ကြတယ်။ အိမ်စောင့်ဆိုပြီး တစ်ယောက်နှစ်ယောက် ကျန်ကြတယ်။ အဲဒီအထဲကတစ်ယောက် ဒဏ်ရာအပြင်းအထန်ရသွားပြီး အခု မိုးမောက်စစ်ဆေးရုံရောက်သွားပြီလို့ ပြောတယ်" ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။


ယ​နေ့ (ဧပြီ ၃၀) တွင်လည်း KIA နှင့် စစ်ကောင်စီတပ်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသည်ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။


"ဒီမနက် လက်နက်ကြီးတွေ ပစ်နေကြတယ်။ လေယာဉ်တော့ ဒီအချိန်ထိ မလာသေးဘူး။ မနေ့ကတော့ နွမ်းလန်းမှာ ရွာသားတစ်ယောက် ‌ဒဏ်ရာရတယ်။ လက်တစ်ဖက်ကို တော်တော်ထိတာ ဖြတ်ရမယ်လို့ ပြောတယ်။ ကုန်းလော၊ နွမ်းလန်း၊ မြို့သစ်ရွာတွေက တစ်ဆက်တည်း" ဟု အဆိုပါ ဒေသခံက ပြောသည်။  

https://myanmar-now.org/mm/news/6649

လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ရွာသား ၂၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး

 လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ရွာသား ၂၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး


သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်။


မြန်မာစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်အတွင်းက ဒေသခံ နှစ်ထောင် ကျော် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN က ပြောသည်။


ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များမှ KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ဒေသ အတွင်း သို့ လေယာဉ်ဖြင့် နေ့တိုင်း လာရောက် ပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ ကြောက်ရွံ့ကာ ထိုင်းနိုင်ငံ ဘက် ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က ပြောသည်။


၎င်းက “အခုအခြေအနေက လူတွေပြေးနေရတဲ့ အခြေအနေဖြစ်တယ်။ မနက်ကလည်း တစ်ခါ နှစ်ခါ လာပစ် သေးတယ်။ ပြီးတော့ မနေ့ကလည်း နေ့ရောညရောဆိုရင် လာပစ်တာ သုံးခါရှိတယ်။ ဒါပေမယ့် သူတို့က တော ထဲမှာ လိုက်ပစ်တာ ဒါးဂွင်ဖက်မှာပေါ့။ အီသူးထာ စစ်ဘေးရှောင်တွေကတော့ ထိုင်းဖက်ခြမ်းကို ပြေးလာပြီ။ မနေ့က ပြေးလာတာ လူဦးရေ ၂၀၀၉ ယောက်ရှိတယ်။ ဒီမနက်တော့ လူဦးရေ အတိအကျ ကျမတို့ မသိရသေး ဘူး” ဟု ပြောသည်။


“ထိုင်းအစိုးရက သူတို့ကို ပြန်မောင်းထုတ်မှာ စိုးရိမ်နေကြတာ အခုက တိုက်ပွဲ ဖြစ်နေတာ ပြီးတော့ လေယာဉ် ပျံတွေလည်း လာပစ်တာတွေရှိတော့ သူတို့က ကြောက်နေကြတာ အကယ်လို့ သူတို့ပြန်ရရင်တောင် မပြန်ရဲ ဘူး။ ပြန်လို့မရဘူး” ဟု ဆက်ပြောသည်။


ဧပြီလ ၃၀ ရက်နေ့ (ယနေ့)တွင်လည်း စစ်ကောင်စီတပ်မှ ဒါးဂွင်ဒေသသို့ လေယာဉ်ဖြင့်လာ ရောက်ပစ်ခတ် နေ သည့် အတွက် အဆိုပါ ဒေသ အနီးရှိ ဒေသခံများမှာ ထိုင်းဖက်နိုင်ငံဖက်သို့ ထပ်မံထွက်ပြေးလာ နေသည်ဟု ကရင်ဒုက္ခသည်ကော်မတီ KRC တာဝန်ရှိသူ တစ်ဦးဖြစ်သူ စောဘွေးဒို က ပြောသည်။


စောဘွေးဒိုက “အခုတခါ ထပ်ပြီးတော့ ထိုင်းဖက်ကမ်းကို ကူးလာတာရှိတယ်။ မနေ့က သူတို့ ပြန်သွားပြီးတော့ အခုက လေ ယာဉ်ပျံလာလို့ ထိုင်းဖက်ကို ပြန်ပြီးကူးလာတယ်ကြားတယ်။ လူဦးရေ အရေအတွက်တော့ မသိ ဘူး။ အီသူးထာမှာ လူဦးရေ အားလုံး နှစ်ထောင်ကျော်ရှိတယ်။ အီသူးထဖက်က အကုန်လုံးကုန်ရင် လူဦးရေ နှစ် ထောင်ကျော်လောက်ရှိမယ်။ အ ထက်ဖက်မှာလည်း တစ်နေရာရှိသေးတယ်။ မယ်နူထာဖက်မှာ။ ပြည်တွင်းမှာ က အခြေအနေမကောင်းဘူးလေ။ အထူးသဖြင့် နယ်စပ်ပေါ့ ဒီနေ့တောင် လေယာဉ်ပျံလာ တာရှိတယ်။ ခုနက ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားထားတာရှိတယ်” ဟု ပြောသည်။


ထွက်ပြေးတိမ်းရှောင်လာကြသည့် ကရင်စစ်ဘေးဒုက္ခသည်များမှာ ဒါးဂွင်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဖက်ခြမ်း ကရင်အခေါ် ကလိုဖ (Klo Pa) ဆိုသည့် နေရာတွင် နေထိုင်နေကြပြီး နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။


နော်ဝါးခူရှီးက “သူတို့ ပြေးလာတော့ စားဖို့သောက်ဖို့ ဝတ်ဖို့ ဘာမှ မပါလာဘူး။ ပြီးတော့ မိုးရွာတော့ မနေ့ညက ရေကြီးတော့ သူတို့ရဲ့ ပစ္စည်းတွေ ရေထဲပါသွားတာတို့ ရွံ့ထဲမြုပ်သွားတာတို့ အဲမှာ အခက်အခဲဖြစ်တာက သက် ကြီး ရွယ်အိုဆို သူတို့ကိုထမ်းရတာလေ၊ မွေးကင်းစ ကလေးတွေလည်းရှိတယ်။ နာမကျန်းဖြစ်တဲ့လူလည်းရှိ တယ်။ အဲဒါနဲ့သူတို့က သွားတာလာတာဆိုတော့ အခက်အခဲအများကြီးရှိတယ်” ဟု ပြောသည်။


ဧပြီလ ၂၇ ရက်နေ့က KNU/KNLA တပ်မဟာ ၅ က စစ်ကောင်စီမှ တပ်စွဲထားသည့် သော်လဲထာ တပ်စခန်း ကုန်း အား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။


စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်မှုများကြောင့် ဗုံးသီးများမှာ ကျေးရွာအတွင်းသိုကျရောက်ပေါက်ကွဲ သည့်အတွက် ဒေသခံများက ကြောက်လန့်ကာ နီးစပ်ရာ တောတောင်များနှင့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေး တိမ်း ရှောင် နေရသည်ဟု ဆိုသည်။


ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များအား အကူအညီပေးရေးနှင့် ပတ်သက်၍ နော်ဝါးခူရှီး က “ကမ္ဘာ့ ကုလသမဂ္ဂကို တောင်းဆိုချင်တာက ပြည်သူတွေရှိတဲ့နေရာတွေမှာ လေယာဉ်နဲ့ လာပစ်တာတွေမရှိ အောင် No Fly Zone ချပေးစေချင်တယ်။ UN အနေနဲ့ No Fly Zone ကို လုပ်ပေးဖို့တောင်းဆိုတယ်။ နောက်တစ် ခုက တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့သူတွေကို ထိုင်းနိုင်ငံက တတ်နိုင်တဲ့ဖက်က ကူညီ လုပ်ဆောင်ပေး လက်ခံ ပေးနေတာရှိတယ် အဲလိုပဲ ကူညီမှုတွေကို ဆက်လက်လုပ်ပေးစေချင်တယ်။ စစ်ဘေးကြောင့် ဒုက္ခရောက်နေသူ တွေကို သူနိုင်ငံမှာ ခေတ္တခန လာရောက် ခိုလှုံဖို့ ခွင့်ပြုပေးစေချင်တယ်။ အကူအညီပေးမှုတွေကိုလည်း ခွင့်ပြု ပေးစေချင်တယ်။ ပြီးတော့ နိုင်ငံတကာကလည်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေါ့နော စားဝတ် နေရေးအတွက်ပဲဖြစ်ဖြစ် အစရှိတဲ့ လိုအပ်ချက်တွေကို ကူညီပေးစေချင်တယ်” ဟု တောင်းဆိုသည်။


ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်း စစ် ကောင်စီ၏ အရေးပါသည့် သီးမူထာ တပ်စခန်းကုန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။


ထိုသို့ တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီ တပ်များက KNU တပ်မဟာ ၅ ဧရိယာအတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မယ်နူထာရွာ၊ သီးကော်ထာရွာ၊ အီးသူထာရွာ၊ အူးဝေး ကလိုးရွာ စသည့် ကျေးရွာများမှ ဒေသခံများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအ စိုးရက လက်မခံပဲ ပြန်လည်မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများ က ပြောသည်။

http://www.nmg-news.com/2021/04/30/13646

ကရင်စစ်ရှောင် ၅၀၀၀၀ ခန့် အရေးပေါ်အကူအညီများလိုအပ်နေ

 ကရင်စစ်ရှောင် ၅၀၀၀၀ ခန့် အရေးပေါ်အကူအညီများလိုအပ်နေ


သတင်းနှင့်မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်။


ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နှင့် စစ်ကောင်စီ တပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ ငါးသောင်းဝန်းကျင်ခန့်မှာ စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြော သည်။


တိုက်ပွဲများကြောင့် တောထဲ တောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် မူတြော်(ဖာပွန်) ခရိုင်အတွင်းက စစ် ဘေးရှောင်များမှာ အစာရေစာ ပြတ်လတ်မှုများနှင့် ကြုံတွေ့နေရသည့်အပြင် ကျန်းမာရေး၊ နေထိုင်ရေး အစရှိ သည့် အဖက်ဖက်မှ အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က ပြော သည်။


KPSN “အတွင်းဖက်မှာ ပုန်းရှောင်နေရတဲ့ လူဦးရေ အရေအတွက်က ကျမ တို့ ခန့်မှန်းတာက လေးသောင်း ငါး သောင်း လောက်ရှိပြီ။ အစားအသောက် မစားရဘူး။ အခုသူတို့အတွက် ကျမတို့ စိတ်ဆင်းရဲ့ စိတ်ရှုတ်နေရ တယ်။ သူတို့အတွက် ဘယ်လိုလုပ်ပေးရမလဲတောင် မပြောတတ်တော့ဘူး” ဟု ပြောသည်။


ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများလည်း နေ့ တိုင်း ဖြစ်ပွားနေသလို စစ်ဘေးရှောင်များမှာလည်း အစစအရာရာ ပိုမိုခက်ခဲလာသည်ဟု ဆိုသည်။


နော်ဝါးခူရှီးက “တိုက်ပွဲက နေ့တိုင်းပဲ အတွင်းဖက်မှာဆို သေနတ်ကြီးတွေနဲ့ ရွာထဲဖက်ကို ပစ်တာရှိတယ်။ အတွင်းဖက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့လူတွေရှိတယ်။ ကမမောင်းနဲ့ ဖာပွန်လမ်းဖက်ပေါ့ အဲဖက် မှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတွေက အစားအသောက်မရှိဘူး” ဟု ပြောသည်။


ထို့အပြင် ဧပြီလ ၂၇ ရက်နေ့က KNU/KNLA တပ်မဟာ ၅ မှ စစ်သည်များက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ၏ သော်လဲထာ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။


အဆိုပါနေ့မှစတင်ကာ စစ်ကောင်စီဖက်မှ KNU တပ်မဟာ ၅ နယ်မြေ ထိုင်း-မြန်မာနယ်စပ်ရှိ ကျေးရွာများ အတွင်းသို့ လေယာဉ်ဖြင့် နေ့တိုင်းလာရောက်ပစ်ခတ်နေသည်အတွက် ဒေသခံများမှာ ထိုင်းနိုင်ငံဖက်သို့ ထွက် ပြေးတိမ်းရှောင်နေရသည် ဟု KPSN က ပြောသည်။


“အခုက တစ်ရွာလုံးပဲ သေနတ်တွေနဲ့ ပစ်တာက အရမ်းကြမ်းတယ်။ အသံအကျယ်ကြီးပဲ လေယာဉ်ပျံနဲ့ ဗုံးလာ ကြဲတာ ခုနကပဲ ကျမတို့ကို လှမ်းပြောတာ ဒါးဂွင်ဖက်လို့ပြောတယ်။ စစ်စခန်းနဲ့ အနီးအနားတွေကို ပစ်နေတာ” ဟု နော်ဝါးခူရှီး က ပြောသည်။


ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်ရှိ KNLA စစ်သည်များ က စစ်ကောင်စီ၏ သီးမူထာ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။


ထို့နောက် စစ်ကောင်စီတပ်များက KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်အတွင်းရှိ ကျေးရွာများ အတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ မောင်းထုတ်ခဲ့သည့်အတွက် စစ်ဘေးလွတ်ရာ တော တောင်များထဲတွင် ပုန်းရှောင်နေထိုင်နေရသည် မှာ ယနေ့အချိန်ထိ ဖြစ်သည်။


ဧပြီလ ၂၇၊ ၂၈ နှင့် ၂၉ ရက်တို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ သံလွင်မြစ် တစ်လျောက်၊ ထိုင်းနှင့်ကရင်ပြည်နယ်စပ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကရင်ဒေသခံ ၂၀၀၀ ကျော် ထိုင်း နိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး လာမည့် ရက်များတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ထပ်မံ တိုက်ခိုက်လာပါက သံလွင်မြစ်ကမ်းတလျောက်ရှိ ကရင်ပြည်သူ ဒေသခံ ၈၀၀၀ ကျော်ထက်မနည်း ထိုင်းနိုင်ငံ ဖက်သို့ ထွက်ပြေးခိုလုံရမည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောသည်။


ထို့ကြောင့် ထိုင်းအာဏာပိုင်စစ်တပ်အနေဖြင့် စစ်ဘေးရှောင်ဒေသခံများကို ကူညီဖို့ရန်လည်း မျော်လင့်သည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောသည်။

http://www.nmg-news.com/2021/04/30/13651

မြေပြင်၊ ဝေဟင် တိုက်ပွဲများဆင်နေသော်လည်း စစ်ကောင်စီက တစ်လ အပစ်ရပ်ကြောင်း ကြေညာ

 မြေပြင်၊ ဝေဟင် တိုက်ပွဲများဆင်နေသော်လည်း စစ်ကောင်စီက တစ်လ အပစ်ရပ်ကြောင်း ကြေညာ


သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်။


ကချင် ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းထိုးစစ်များပါ အသုံးပြု နေသော်လည်း အာဏာသိမ်းစစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှု တစ်လတာ ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပြန်သည်။


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ယနေ့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဆက်တိုက်လာရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။


ကချင်ပြည်နယ် မိုးမောက် ဒေသခံ တစ်ဦး က “ဟုတ်ပါတယ် နေ့တိုင်း တိုက်ပွဲဖြစ်နေတာပါ။ လေယာဉ်လည်း နေ့တိုင်းပဲ လာပါတယ်။ လေယာဉ်တွေနဲ့ နေ့ တိုင်း ပစ်ပါတယ်။ မိုးမောက်မြို့နယ်ထဲက စီးဟက်၊ ဒီကုန်းလောနဲ့ မြို့သစ်ဘက်တွေမှာ နေ့တိုင်း ပစ်နေတာပဲ။ အသံတွေလည်း ကြားရတယ်။ လေယာဉ်ဆိုရင် ခနခနပဲ လာနေတာ နော်၊ တစ်ရက်ကို ၅ ကြိမ်၊ ၆ ကြိမ် မက ဘူး။ ဒီနေ့ လည်းလာတယ်။ မနေ့ကလည်း လာတယ်။ ဟိုးတနေ့က လည်းလာတယ်။ မိုးမောက်ကို စစ်ရှောင် အသစ်လည်း နေ့တိုင်းရောက်တယ်။ သူတို့ အပစ်ရပ်တာ ကျမတို့က မသိဘူး။ တိုက်ပဲဖြစ်တာပဲ သိတယ်။ မနေ့ဆိုရင် ရွာသားတစ်ယောက် သေတယ်ပြောတယ်။ နွမ်လွန်းရွာမှာ လေယာဉ်နဲ့လာပစ်လို့” ဟုပြောသည်။


ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ကြေညာခဲ့သော်လည်း ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွား နေခဲ့သည်။


ထို့အတူ ဧပြီလ ၃၀ ရက်နေ့ (ယနေ့) တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်း ရေးအတွက် ဆိုပြီး မေလ ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ အပစ်ရပ် တစ်လတာ ထပ်တိုးကြောင်း ထုတ်ပြန်ထားပြန်သည်။


စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသည့် ဧပြီလ ၃၀ ရက်နေ့ ယနေ့ တွင်ပင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး မြေပြင်ရော ဝေဟင်ထိုးစစ်များပါ ပြုလုပ် ခဲ့သည်။


လက်ရှိတွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကချင်လွတ် လပ်ရေးတပ်မတော် KIA က သိမ်းယူထားသည့် အလော့ဒ်ဘွမ်(အလော့ဒ်တောင်) စခန်းကုန်းကို စစ်ကောင်စီတပ်ဘက် ရရှိ ရန် ကြိုးစားနေကြောင်း၊ လေယာဉ်များဖြင့် နေ့စဉ်လာရောက်ပစ်ခတ်နေသည်မှာ ၆ ရက် ဆက်တိုက်ရှိပြီဖြစ် သည်ဟု ရှေ့တန်းရောက် KIA တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။


ထို့အပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ နံနက်ပိုင်း အထိ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် (KPSN) က ပြောသည်။


KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က “အခုက တစ်ရွာလုံးပဲ သေနတ်တွေနဲ့ ပစ်တာက အရမ်းကြမ်းတယ်။ အသံအကျယ်ကြီးပဲ လေယ

http://www.nmg-news.com/2021/04/30/13654

Thursday, April 29, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က VIDEO CONFERENCING ဖြင့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က VIDEO CONFERENCING ဖြင့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Submitted by moiuser on Fri, 04/30/2021 - 08:28


နေပြည်တော်၊ ဧပြီ - ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲကို  ယနေ့နေ့လယ်ပိုင်းတွင် Video Conferencing ပြုလုပ်ပြီး သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်၊၊


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွန်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒီဇင်ဘာလ ၂၆ ရက်နေ့ ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက် အရ သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး၊ ပြည်သူများ သတင်းမှန်များ အချိန်မီ သိရှိစေရေး မီဒီယာများ၏ သတင်းရရှိမှုပိုမိုတိုးတက်စေရေး ရည်ရွယ်၍ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို အပတ်စဉ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ လက်ရှိတွင် အွန်လိုင်းမှ Video Conferencing ဖြင့် ပြုလုပ်၍ မီဒီယာများ၏ သိရှိလိုသည်များ ရှင်းလင်း ဖြေကြားမည့် အခြေအနေများ၊ ထိုသို့ပြုလုပ်ရာတွင် သတင်းထုတ်ပြန်ရေးအဖွဲ့တွင် တိုးချဲ့ ဖွဲ့စည်းထားသည့် ဗိုလ်မှူး ကောင်းထက်စံ၊ ဗိုလ်ကြီး ရဲဘုန်းကျော် နှင့် ဗိုလ်ကြီး ဒေါ်အေးသဇင်မြင့် တို့ဖြင့် အလှည့်ကျရှင်းလင်းဆောင်ရွက်သွားမည့် အခြေအနေ များနှင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာအာမခံသည့် အနေဖြင့် မီဒီယာကို စတုတ္ထမဏ္ဍိုင် အဖြစ် အသိအမှတ်ပြုမှုနှင့်အညီ သတင်းမှန်များပြန့်ပွားစေရေး၊ သတင်းစီးဆင်းမှုမြန်ဆန် စေရေး၊ ပြည်သူများ သတင်းမှန်သိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ မီဒီယာများအနေဖြင့် လည်း စတုတ္ထမဏ္ဍိုင်ပီသစွာ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများ အား ရှင်းလင်းပြောကြားပြီး  သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာ ကြသည့် သတင်းမီဒီယာများအား တစ်ဦးချင်းမိတ်ဆက်ပေးသည်။


  ထို့နောက် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး ဒေါ်အေးသဇင်မြင့် က ပြောကြားရာတွင် အာဆီယံနိုင်ငံခေါင်း ဆောင်များအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်၍ တပ်မတော်အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်ကိုလွှဲပြောင်းရယူခဲ့မှု၊ ငြိမ်းချမ်းစွာဆန္ဒပြမှုမှတစ်ဆင့် ဆူပူအကြမ်း ဖက်မှုများ ဖြစ်ပေါ်လာခဲ့မှုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ဖွဲ့စည်းပုံ၊ ရှေ့လုပ်ငန်းစဉ် များ၊ ရည်မှန်းချက်များအား အထောက်အထားခိုင်ခိုင်လုံလုံ၊ အကြောင်းပြချက် ပြည့်ပြည့်စုံစုံဖြင့် အာဆီယံခေါင်း ဆောင်များအား လူချင်းတွေ့ဆုံပြီး တစ်နေရာတည်း၊ တစ်ချိန်တည်းတွင် တူညီသည့်စကားလုံးများနှင့် ရှင်းလင်းပြော ကြားခဲ့မှု အခြေအနေများ၊ CDM လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် အရေးယူခံခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့မှု အခြေအနေများ၊ နယ်စပ်ဒေသလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်စခန်း များအား KNLA တပ်မဟာ(၅)က NCA သဘော တူညီချက်များကို ချိုးဖောက်ပြီး တိုက်ခိုက် ခဲ့မှု အခြေအနေများနှင့် ယနေ့နံနက်အစောပိုင်းတွင် မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ နယ်မြေခံ တပ်စခန်းများအား သောင်းကျန်းသူ(စိစစ်ဆဲ) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့မှုအခြေအနေများ၊ ဧပြီ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် မင်းတပ်မြို့ ဖြစ်စဉ်နှင့်ပတ်သက်၍ အချို့မီဒီယာများတွင် ကောလာဟလ သတင်းအမှား များဖြန့်ချိနေပြီး သွေးထိုးလှုံ့ဆော်နေမှု အခြေအနေများ စသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး ဒေါ်အေးသဇင်မြင့် က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများ အပေါ် ပြန်လည် ရှင်းလင်းဖြေကြားသည်။


အဆိုပါ Video Conferencing ဖြင့်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေ စိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။

https://www.moi.gov.mm/index.php/news/13034

အပစ်ရပ်သက်တမ်း တစ်လထပ်တိုးကြောင်း တပ်မတော်ထုတ်ပြန်

 အပစ်ရပ်သက်တမ်း တစ်လထပ်တိုးကြောင်း တပ်မတော်ထုတ်ပြန်

 DMG Apr 30, 2021 စစ်တွေ



DMG ၊ ဧၿပီ ၃၀


မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက်ဆွေးနွေး သွားနိုင်ရေးတို့အတွက် ၂၀၂၁ ခုနှစ်၊ မေ ၁ ရက်မှ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံရပ်စဲ သွားမည်ဖြစ်ကြောင်း လက်ရှိအာဏာသိမ်းယူထားသည့် တပ်မတော်က ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန် ထားသည်။


နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ အပစ်အခတ်ရပ်စဲသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။


“တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ထပ်မံရပ်စဲပေးထားတဲ့ကာလတွေအတွင်း ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” တပ်မတော်က တိုက်တွန်း ထားသည်။


မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းယူပြီးနောက်ပိုင်းဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက်ဆိုကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီ စသည့် ကော်မတီ သုံးရပ်ကို ဖေဖေါ်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့သည်။


ယင်းသို့ဖွဲ့စည်းထားသည့် တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း (NCA)လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ များနှင် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင်ဆွေးနွေးခြင်း၊ (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင်ပါရှိသည်။


သို့သော် တပ်မတော်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်တွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ရပ်နားထားမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်ကော်မတီ(PPST)မှ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။


လက်ရှိမှာ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် NCA လက်မှတ်ရေးထိုးထားသည့် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။


တပ်မတော်နှင့် KIA ကြား တိုက်ပွဲများကြောင့် ဒေသခံတစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း RFA သတင်းက ဖော်ပြသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/plus-1-month.html

တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို မေ ၃၁ ရက်အထိ ထပ်မံ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာ

 တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို မေ ၃၁ ရက်အထိ ထပ်မံ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာ

NEWS


PUBLISHED 30 APRIL 2021

တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ထပ်မံရပ်ဆိုင်းထားမည်ဖြစ် ကြောင်း ဧပြီ ၃၀ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေညာချက် ထုတ်ပြန် သည်။


အဆိုပါကြေညာချက်တွင် တပ်မတော် အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦး တည်ချက် (၉) ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင် ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဘက်ပေါင်း စုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။


ထို့ပြင် နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် ဆက်လက်ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အမြန်ဆုံးဆက်လက် ဆွေးနွေးနိုင်ရေးအတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီတို့ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။


အဆိုပါ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း (NCA)လက် မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက်ဆွေးနွေးသွားနိုင်ရေးတို့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ မေ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


ယင်းသို့ တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ထပ်မံရပ်စဲပေးထားသည့်ကာလများအတွင်း ညှိနှိုင်းဆွေးနွေမှုများဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

https://news-eleven.com/article/207502

မြောက်ဥက္ကလာပမြို့နယ်တွင် ရာဇသတ်ကြီးပုဒ်မ ၃၉၆ ဖြင့် စစ်ခုံရုံးက အမျိုးသား တစ်ဦးအား သေဒဏ်ချမှတ်

 မြောက်ဥက္ကလာပမြို့နယ်တွင် ရာဇသတ်ကြီးပုဒ်မ ၃၉၆ ဖြင့် စစ်ခုံရုံးက အမျိုးသား တစ်ဦးအား သေဒဏ်ချမှတ်

NEWS


PUBLISHED 30 APRIL 2021

မြောက်ဥက္ကလာပမြို့တွင် ရာဇသတ် ကြီး ပုဒ်မ ၃၉၆ ဖြင့် စစ်ခုံရုံးက ထပ်မံ၍ သေဒဏ် ချမှတ်ခဲ့ကြောင်း ဧပြီ ၂၉ ရက် သတင်း ထုတ်ပြန်မှုအရ သိရသည်။


ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်၊ ခေမာကျောင်းလမ်း နှင့် ဧရာ ၁၅ လမ်းထောင့်အနီး၌ မတ် ၂၇ ရက်က ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေးတို့ စီးနင်းမောင်းနှင်လာသည့် APACHE အမျိုးးအစား အနက်ရောင်မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီး ထက်အောင်ကျော် ကိုင်ဆောင်သည့် ပစ္စတိုသေနတ်တစ်လက်၊ MAH (U) အမျိုးအစား ICON တစ်လုံးတို့အား စိုင်းခေး (ခ) အိုက်ခေး (ခ) ကေကေအပါအဝင် လူအုပ်စု ၁၉ ဦးခန့်က လုယက်ယူဆောင် ခြင်း၊ ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေးတို့အား နောက်ပြန်ကြိုးတုပ်ကာ တုတ်များ၊ ဓားများဖြင့် ၀ိုင်းဝန်းရိုက်နှက်ထိုးခုတ်ခြင်း၊လက်သီးဖြင့်ထိုးခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းတို့တွင် ဒဏ်ရာများအသီးသီးရရှိကာ မောင်သန့်ဇင်ထွေးမှာ ယာဘက်ရင်ခေါင်းထိုးသွင်းဒဏ်ရာ ကြောင့် ယာဘက်အဆုတ်ထိုးသွင်းဒဏ်ရာရရှိပြီး ရင်ခေါင်း အတွင်းသွေးလွန်ခြင်းကြောင့် သွေးထွက်လွန် သွေးလန့်၍ သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်တွင် စိုင်းခေး (ခ)အိုကခေး (ခ) ကေကေသည် ဓားပြမှုကို ကျူးလွန်ရာတွင် လူသတ်မှုကိုပါ ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံ ရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ ၃၉၆ အရ ဧပြီ ၂၈ ရက်တွင် သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီ ၉ ရက် သတင်းထုတ်ပြန်ချက်တွင်လည်း ရာဇသတ်ကြီးပုဒ်မ ၃၉၆၊ ၃၉၇ ဖြင့် စစ်အုပ်ချုပ်ရေး မာရှယ်လောစစ်ခုံရုံးဖွဲ့၍  အောင်အောင်ထက် (ခ) အောင်ထက် (ခ) အောင်ကြီးနှင့် ဘိုဘိုသူ အပါအဝင် လူ ၁၉ ဦး အား သေဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့အနက် ၁၇ ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း ဖော်ပြခဲ့သည်။

https://news-eleven.com/article/207504

မြန်မာ-ထိုင်း နယ်စပ်တွင် တိုက်ပွဲအရှိန် မြင့်တက်နေသောကြောင့် နယ်စပ်တစ်လျှောက်ရှိ မြန်မာနှင့် ထိုင်းနိုင်ငံသားများ ထိုင်းဘက်သို့ ထွက်ပြေးနေရဟု ရိုက်တာ သတင်းဌာန ဖော်ပြ

 မြန်မာ-ထိုင်း နယ်စပ်တွင် တိုက်ပွဲအရှိန် မြင့်တက်နေသောကြောင့် နယ်စပ်တစ်လျှောက်ရှိ မြန်မာနှင့် ထိုင်းနိုင်ငံသားများ ထိုင်းဘက်သို့ ထွက်ပြေးနေရဟု ရိုက်တာ သတင်းဌာန ဖော်ပြ

NEWS


PUBLISHED 30 APRIL 2021 REF: REUTERS

မြန်မာတပ်မတော်နှင့် KNU တို့ တိုက်ပွဲအရှိန်မြင့်တက်နေသောကြောင့် သံလွင်မြစ်တစ်လျှောက် မြန်မာ-ထိုင်းနယ်စပ်၏ နှစ်ဖက်စလုံးမှ ပြည်သူများ ထွက်ပြေးခဲ့ကြရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။


 မြန်မာတပ်မတော်နှင့် KNU အကြား  ရက်ပေါင်းများစွာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်မှ ရွာသား ၁၇၉ ဦးနှင့် ထိုင်းနိုင်ငံသား၂၇၈ ဦးသည် နေရပ်စွန် ့ခွာထွက်ပြေးနေကြရကြောင်း ဧပြီ ၂၉ ရက်တွင် ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။


တပ်မတော်က ဖေဖော်ဝါရီတွင် နိုင်ငံတော်တာဝန်ကိုလွှဲယူခဲ့ပြီးနောက်ပိုင်း ယခုသီတင်းပတ်ထဲတွင် KNU နှင့် မြန်မာ့တပ်မတော်တို ့ထိုင်းနယ်စပ်အနီး တိုက်ပွဲဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။


ဧပြီ ၂၇ ရက်က KNU သည် အာရုဏ်ဦးတိုက်ခိုက်မှုတစ်ခုအတွင်း သံလွင်မြစ်၏ အနောက်ဘက်ကမ်းပေါ်ရှိ မြန်မာ့တပ်မတော်တပ်ရင်းတစ်ရင်းကိုသိမ်းယူခဲ့ပြီး မြန်မာ့တပ်မတော်မှ ၁၃ ဦးကျဆုံးခဲ့ပြီး KNU ဘက်မှ သုံးဦးကျဆုံးခဲ့သည်ဟု ဆိုသည်။


မြန်မာ့တပ်မတော်သည် ထိုင်းနယ်စပ်အ နီးရှိ ဒေသတချို့ကို လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ကာ တုံ့ပြန်ခဲ့သည်ဟု သိရသည်။ 


သံလွင်မြစ်၏ မြန်မာဘက်ခြမ်းတွင် ရွာသားထောင်ချီပြီး ခိုလှုံနေကြကာ တိုက်ခို်က်မှု အရှိန်မြင့်လာပါက ထိုင်းဘက်သို့ ထွက်ပြေး ကြလိမ့်မည်ဟု Karen Peace Support Network က ပြောကြားသည်။


 ရွာသား၂၀၀ နီးပါး ယခုသီတင်းပတ်တွင် ထိုင်းဘက်သို့ ပြေးလာကြောင်း ထိုင်းအာဏာပိုင်များကပြောကြားသည်။


 ထိုင်းတပ်မတော်အနေဖြင့်  အင်အားဖြည့်ထားခဲ့ရပြီး နယ်စပ်ဝင်ပေါက်ကိုလည်း ကန့်သတ်ခဲ့သည်။

https://news-eleven.com/article/207505

ကိုဝေမိုးနိုင်ကို နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများစွာဖြင့် ထပ်တိုး၍ အရေးယူ

 ကိုဝေမိုးနိုင်ကို နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများစွာဖြင့် ထပ်တိုး၍ အရေးယူ

မုံရွာသပိတ် လူထုခေါင်းဆောင် ကိုဝေမိုးနိုင်

8.1k

By ဧရာဝတီ 29 April 2021

Want create site? Find Free WordPress Themes and plugins.

မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ မုံရွာ သပိတ် ခေါင်းဆောင်တဦးဖြစ်သူ ကိုဝေမိုးနိုင်ကို စစ်ကောင် စီက နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများစွာဖြင့် ထပ်တိုး အရေးယူလိုက်ကြောင်း သိရသည်။


ကိုဝေမိုးနိုင်ကို မုံရွာမြို့နယ် ရဲစခန်းတွင် ယခင် စွဲဆိုထားသည့် ပုဒ်မများမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ လူသတ်မှု ပုဒ်မ ၃၀၂၊ တုံးသော လက်နက်ဖြင့် အပြင်းအထန် နာ ကျင် စေမှု ပုဒ်မ ၃၂၅၊ လူကို မတရားချုပ်နှောင်ထားရှိမှု ပုဒ်မ ၃၄၂၊ ဓါးပြမှု ၃၉၅နှင့် တပ်မတော်ကို အကြည်ညို ပျက် အောင် လှုံဆော်မှု ၅၀၅-က တို့ ဖြစ်သည်။


ကိုဝေမိုးနိုင်ကို ၎င်း၏ ထွက်ဆိုချက်အရဟုဆိုကာ မတရား အသင်းဖြင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄ နှင့် ပြစ်မှုကြီးများ ကျူးလွန်အောင် အားပေးကူညီမှု ပုဒ်မ ၅၁၁ တို့ ဖြစ်လည်း အရေးယူမည် ဖြစ်ကြောင်း စစ် ကောင်စီက ထပ်မံ ကြေညာခဲ့သည်။


စစ်ကောင်စီက ပုဒ်မများ ထပ်တိုးသည်ဟု ကြားသိရသော်လည်း တိတိကျကျ မသိသေးကြောင်း၊ ရှေ့နေများထံမှ မည် သည့် သတင်းစကားမှ မသိရသေးသလို ရှေ့နေများထံသို့လည်း ကိုဝေမိုးနိုင်အမှု ရှေ့နေလိုက်ခွင့်အတွက် ရှေ့နေ ပါဝင် မရောက်လာသေးကြောင်း ကိုဝေမိုးနိုင်၏ မိခင် ဒေါ်မိုးစန္ဒာကြူက ပြောသည်။


“ပုဒ်မတွေ ထပ်တိုးတယ်ဆိုတာကတော့ နိုင်ငံရေး သဘောတရားအရ သူတို့ကို တော်လှန်ရင် တော်လှန်ခံရတဲ့ အစိုးရက သူတို့ လုပ်ခွင့်ရှိသလို လုပ်နေတာဆိုတော့ သူတို့လုပ်ချင်တဲ့ အတိုင်းအတာအတိုင်း လုပ်နေတာပေါ့။ ကျမတို့ အနေနဲ့က တော့ တရား မျှမျှတတနဲ့ မှန်မှန်ကန်ကန် စီရင်ပေးမယ့် ပြည်သူ့တရားရုံးမျိုးမှာ ပွင့်လင်းမြင်သာမှု ရှိရှိ တရားစီရင်တာမျိုးကို ဖြစ်စေချင်ပါတယ်”ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။


ကိုဝေမိုးနိုင်၏ အမှုကို မုံရွာခရိုင် ရှေ့နေများ ကွန်ရက်က အကူအညီပေးနေပြီး ၎င်းကို လက်ရှိတွင် Video Conferencing စနစ် အမှုစစ်ဆေးလျက်ရှိပြီး ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်ကြောင်း သိရသည်။


ကိုဝေမိုးနိုင်သည် ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့က မုံရွာမြို့ တွင် ဆိုင်ကယ်သပိတ် စစ်ကြောင်းနှင့်အတူ ငြိမ်းချမ်းစွာ ဆန္ဒပြနေ စဉ် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ကားနှင့် ဝင်တိုက်ပြီး အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံခဲ့ရသည်။


၎င်းဖမ်းဆီးခံခဲ့ရပြီးနောက် ကိုဝေမိုးနိုင်နှင့် ဆက်စပ်သူ ၂၃ ယောက်ကိုလည်း အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက် ဆောင်

ရွက်မည် ဖြစ်ကြောင်း၊ ၎င်းတို့ကို တွေ့ ရှိပါက သတင်းပေးရန်နှင့် သတင်းမပေးပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဟု စစ်ကောင်စီက မနေ့က ကြေညာခဲ့သည်။


ကိုဝေမိုးနိုင် မိခင်၏ အဆိုအရ ကိုဝေမိုးနိုင်အား ဖမ်းဆီးပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)တွင် ထိန်း သိမ်းထားပြီး ယနေ့အချိန်အထိ မိသားစု အပါအဝင် မည်သူနှင့်မျှ တွေ့ ခွင့်မရသေးပေ။


လက်ရှိတွင် ကိုဝေမိုးနိုင်ကို အစိုးရ၏ အုပ်ချုပ်မှု ယန္တရားရပ်တန့်စေရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ မုံရွာ လူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီကို ဖွဲ့စည်းမှု၊ ဝန်ထမ်းများ CDM တွင် ပါဝင် အောင် စည်းရုံးမှု၊ CRPH နှင့် ဆက်သွယ်မှု၊ Defense Team ဖွဲ့စည်းမှု၊ မုံရွာမြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ ဖွဲ့ စည်းမှုတို့တွင် တာဝန်ရှိကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။


ထို့ပြင် ကိုဝေမိုးနိုင်သည် တမြို့နယ်လျှင် ၅ ဦးစီဖြင့် စစ်အခြေခံ သင်တန်း တက်ရောက်နိုင်ရေး မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များနှင့် ချိတ်ဆက်ထားရှိရန်၊ လူငယ် ၃၀ ကို KIA လက်နက်ကိုင်အဖွဲ့ထံသို့လည်းကောင်း၊ အခြားလူငယ် ၁၅ ဦးကို KNU တပ်မဟာ(၅)နယ်မြေသို့ လည်းကောင်း ပို့ဆောင်စေလွှတ်ရာတွင် ပါဝင်ခဲ့သည်ဟုလည်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။

https://burma.irrawaddy.com/news/2021/04/29/241262.html

မိုးမောက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ

 မိုးမောက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ

တိုက်လေယာဉ်များကို ကြည့်ရှုနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

37.8k

By ဧရာဝတီ 29 April 2021

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်တပ်ကြားစစ်ရေး တင်းမာနေပြီး စစ်တပ်က တိုက်လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။


မိုးမောက်မြို့ပေါ်မှ ဖြတ်ပျံကာ မြို့သစ်၊ ကုန်းလော၊ ဆီဟက်ကျေးရွာများတဝိုက်ကို ဗုံးကြဲနေခြင်း ဖြစ်သည်။


မိုးမောက်မြို့နယ်မှ ဒေသခံ ဦးအောင်မိုင် က “နေ့လယ် ၁၂ နာရီဝန်းကျင်မှာပဲ တခေါက် လေယာဉ်နဲ့ လာကြဲသွားတယ်။ မိုး မောက် တပ်ကနေလည်း အဲဒီရွာတွေ တောတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ မိုးမောက်မြို့ပေါ်ကနေ တောင် အတိုင်းသားကို ကြားနေရပါတယ်” ဟု ပြောသည်။


မိုးမောက်မြို့နယ်တွင် ဧပြီ ၂၈ ရက်ကလည်း မနက် ၄ နာရီမှ နေ့လယ် ၁ နာရီထိ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ပြီး ညနေ ၄ နာရီတွင် တကြိမ်၊ ည ၁၀ နာရီတွင်လည်း တကြိမ် ဗုံးကြဲထားသည်။


စစ်ရေးပဋိပက္ခကြောင့် မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့်ဦးရေ ပိုတိုး လာပြီး ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်အတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်း (KBC) ထံသို့ လာရောက် ခိုလှုံကြသည့် စစ်ဘေး ရှောင်ဒုက္ခသည်ဦးရေမှာ ၁၀၀ ခန့်တိုးလာသည်ဟု သိရသည်။


မိုးမောက်မြို့နယ် KBC မှ စစ်ဘေးရှောင်စခန်းများ၏ တာဝန်ခံက “တနေ့က ဒေတာနဲ့ ပြောရရင် ဒီမှာ ၁၅၃ အိမ်ထောင်စု ရှိပါတယ်။ ၁၅၃ မှာ လူဦးရေက ၆၃၂ ဦးရှိပါတယ်။ ဒီစာရင်းက မနေ့က ပြေးလာသူတွေနဲ့ ဒီနေ့ပြေးလာသူတွေ မပါသေး ပါဘူး။ ကျနော် ခန့်မှန်းချက်အရဆိုရင် မနေ့ကနဲ့ ဒီနေ့စာရင်းကို တွက်လိုက်ရင် အိမ်ခြေက ၁၆၀ လောက် ရှိသွားပြီ။ လူဦး ရေ ၇၀၀ ကျော် သွားပြီ။ မနက်ဖြန်မှာလည်း ထပ်ပြီး ရောက်လာဦးမယ့် သူတွေ ရှိနေပါတယ်” ဟု ပြောသည်။


ထိုစာရင်းမှာ မိုးမောက်မြို့နယ်၊ KBC ဘုရားကျောင်းဝင်းအတွင်းသို့ လာရောက်ခိုလှုံနေကြသူများ စာရင်းသာဖြစ်ပြီး မိုးမောက်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ၊ ဗန်းမော်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေမှာလည်း ၁၀၀၀ ခန့်ရှိနေသည်။


ဘာသာရေး အဆောက်အဦးများထံသို့ လာရောက်ခိုလှုံခြင်း မရှိဘဲ နီးစပ်ရာ ကျေးရွာများနှင့် ဆွေမျိုးများထံတွင် ခိုလှုံ နေကြသူ ဦးရေမှာလည်း ၃၀၀၀ ဝန်းကျင် ရှိနေသည်။



အာဏာသိမ်း စစ်တပ်၏ တိုက်လေယာဉ်များ

မိုးမောက်မြို့နယ်တွင် ဧပြီ ၁၁ ရက် ည ၁၁ နာရီမှစ၍ စစ်တပ်နှင့် KIA ကြား စစ်ရေးတင်းမာနေရာ မြို့သစ်၊ ကုန်းလော၊ မြို့ဟောင်း၊ ဆီဟက်၊ နွယ်လန်း၊ အူထန်ယန်၊ နောင်ချို၊ ကျွန်းတော စသည့် ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ နေရပ်ရင်း ရွာများကို ရွာလုံးကျွတ် စွန့်ခွာပြီး ထွက်ပြေးနေရသည်။


၂၀၂၀ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ ထိုရွာ ၁၀ ရွာကျော်တွင် မှီတင်း နေထိုင်သည့် လူဦးရေမှာ ၅၀၀၀ ကျော်ရှိသည်။


မိုးမောက်မြို့နယ်အတွင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားရခြင်းမှာ မြန်မာ-တရုတ် နယ်စပ်အနီးရှိ အရေးပါသည့် စစ်ဗျူဟာကုန်း အလော့ဘုမ်ကို KIA က သိမ်းယူရာမှ စတင်ခြင်း ဖြစ်သည်။


မတ် ၂၅ ရက် မနက်အစောပိုင်းတွင် KIA က အလော့ဘုမ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းယူလိုက်ရာ စစ်တပ်က ဗျူဟာကုန်းကို ပြန်ရနိုင်ရေးအတွက် တိုက်ခိုက်လျက် ရှိသည်။


KIA သည် အလော့ဘုမ်ဗျူဟာကုန်းကို သိမ်းပြီးနောက် ဧပြီ ၁၁ ရက် ည ၁၁ နာရီဝန်းကျင်တွင် အလော့ဘုမ်ဗျူဟာကုန်း နယ်မြေနှင့် ဆက်စပ်နေသည့် မိုးမောက်မြို့နယ်တွင်းမှ တာပိန်ရဲကင်းစခန်း၊ စစ်တပ်၏ ဆက်သွယ်ရေး တာဝါတိုင် တည်ရှိ သည့် ခြေမြန်တပ်ရင်း ခမရ ၃၂၀ ၊ ၃၈၇ စခန်း တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။


ထိုသို့ KIA ဝင်တိုက်သည့် နေရာများသည် မြို့သစ်၊ကုန်းလော၊ ဆီဟက် စသည့် အရပ်သားများ နေထိုင်သည့် ကျေးရွာ များ၏ အနီးတဝိုက်တွင် တည်ရှိသဖြင့် နှစ်ဖက်ပစ်ခတ်ကြသည့် ကြားတွင် ကြားညှပ်သည့် အခြေအနေနှင့် ရင်ဆိုင်ရ သဖြင့် အရပ်သားများက မိုးမောက်နှင့် ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေးကြခြင်း ဖြစ်သည်။


စစ်တပ်ဘက်က မိုးမောက်မြို့နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ခြင်း မရှိပါ။


မိုးမောက်မြို့နယ်တွင်း စစ်ရေးအခြေအနေနှင့် ပတ်သက်၍ KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အခုလောလောဆယ်ဖြစ်နေတဲ့ တိုက်ပွဲတွေက အလော့ဘုမ်ကို သူတို့ပြန်ရဖို့ စစ်အင်အားတွေ တိုးပြီး တိုက်နေတာပါ။ ဒီလိုပဲ သုံးသပ်ပါတယ်။ သူတို့က အဲဒီဘက်မှာပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်”ဟု ပြောသည်။


ဗိုလ်မှူးကြီးနော်ဘူက မိုးမောက်မြို့နယ်၏ စစ်ရေးအခြေအနေကို ဧပြီ ၂၈ ရက်က ဖြေဆိုထားခြင်း ဖြစ်သည်။


အလော့ဘုမ်ဗျူဟာကုန်းသည် မြစ်ကြီးနား- ဗန်းမော် နယ်မြေတကြောကို စိုးမိုးနိုင်ရေးအတွက် အရေးပါပြီး KIA ၏ ဗဟိုဌာနချုပ် နယ်မြေ လိုင်ဇာမြို့ကို ဦးတည်သွားနိုင်သည့် လမ်းကြောင်းပေါ်တွင်လည်း တည်ရှိသဖြင့် ထိုနေရာကို လက်မလွှတ်ရစေရန် စစ်တပ်၏ တိုက်ခိုက်မှုများကို ခုခံသွားမည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။


ယနေ့အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် KIA ကို ဆက်သွယ်မရသဖြင့် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါ။


KIA သည် အပစ်အခတ်ရပ်စဲရေးစာချုပ် တစုံတရာချုပ်ဆိုထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။


၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှစ၍ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ဆွေးနွေးခဲ့ရာ ထိုအချိန်မှစ၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအထိ ကချင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခများ မဖြစ်စေရန် KIA သည် စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့် ခဲ့သည်။


စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အာဏာရှင်စနစ်ကို လက်မခံသည့် လူထုက ဆန္ဒပြကြရာ သွေးထွက် သံယို မဖြစ်စေရန် KIA က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စကားပါးခဲ့ရာ ပြေလည်ခြင်းမရှိခဲ့ပါ။


မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့ပေါ်၌ ဆန္ဒပြနေသည့် လူထုကိုပစ်ခတ်ဖြိုခွင်းရာ အမျိုးသား၂ ဦးသေဆုံးခဲ့ပြီး မတ် ၁၁ ရက်တွင် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်မျက်နှာစဖွင့်ကာ စစ်တပ်၏ တပ်စခန်းများ၊ ရဲကင်း စခန်းများကို တိုက်ခိုက်လျက်ရှိသည်။

https://burma.irrawaddy.com/news/2021/04/29/241277.html

အင်တာနက်ဝန်ဆောင်မှုများ စစ်ကောင်စီ ဆင်ဆာစနစ်ဖြင့် ထိန်းချုပ်လာ

 အင်တာနက်ဝန်ဆောင်မှုများ စစ်ကောင်စီ ဆင်ဆာစနစ်ဖြင့် ထိန်းချုပ်လာ

ရန်ကုန်ရှိ ATM ငွေထုတ်စက်တခုတွင် တန်းစီငွေထုတ်နေကြစဉ်/ ဧရာဝတီ

45.7k

By ဧရာဝတီ 29 April 2021

Want create site? Find Free WordPress Themes and plugins.

မြန်မာစစ်ကောင်စီသည် လက်ရွေးစဉ် စီးပွားရေးအပလီကေးရှင်းများအတွက် အင်တာနက်ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ပြီး ခေတ်ဟောင်းတွင်ကဲ့သို့ ဆင်ဆာဘုတ်ဖြင့် မည်သူသည် မည်သည့် အပလီကေးရှင်းကို သုံးနိုင်သည်ကို ဆုံးဖြတ်လာသည်။


ဆက်သွယ်ရေး ကုမ္ပဏီအချို့သည် ဘဏ်လုပ်ငန်းနှင့် စီးပွားရေး မိုဘိုင်းအပလီကေးရှင်းများ အတွက် အင်တာနက်အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးလိုက်ပြီဖြစ်သည်။ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး MPT နှင့် တယ်လီနော Telenor ကဲ့သို့ ဝန်ဆောင်မှုပေးသူများကို အသုံးပြုသူများသည် ယခုအခါတွင် Microsoft ၏ Office 365 အီးမေးနှင့် မက်ဆေ့ အပလီကေးရှင်း၊ ပြည်တွင်းဘဏ်လုပ်ငန်း အပလီကေးရှင်းများကို အသုံးပြုနိုင်ပြီဖြစ်သည်။


“ငွေရေးကြေးရေးဆိုင်ရာ အက်ပလီကေးရှင်းများဖြစ်တဲ့ WavePay ၊ KBZPay ၊ KBZmBanking ၊ CB Pay ၊ AYA mBanking နဲ့ MAB Mobile စတဲ့ App များ၊ ရုံးလုပ်ငန်းသုံး Microsoft Office 365 Services Apps (Outlook, Business Skype, Teams, OneDrive) များကို တယ်လီနောအင်တာနက်ဒေတာဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်”ဟု Telenor က အကြောင်းကြားစာပို့ပြီး MPT ကလည်း အလားတူ ပေးပို့ကြောင်း သုံးစွဲသူများက အတည်ပြုကြသည်။


ထို့အပြင် စစ်ကောင်စီသည် fiber-to-the-home အင်တာနက်ဝန်ဆောင်မှုပေးသူများအတွက် ညစဉ်ကန့်သတ်ချက်ကိုလည်း ရုတ်သိမ်းလိုက်ပြီဖြစ်သည်။


“အခုတွေ့နေရတာကတော့ အင်တာနက်အတွက် ဆင်ဆာဘုတ်အဖွဲ့ကို ပြန်လည်တည်ထောင်လိုက်တာပဲ” ဟု ဒစ်ဂျစ်တယ်အခွင့်အရေးအဖွဲ့တခုဖြစ်သော Free Expression Myanmar ၏ ဥပဒေအကြံပေး အိုလီဗာ စပန်ဆာက ဂျပန်သတင်းဌာန Nikkei Asia ကို ပြောဆိုသည်။


ဆင်ဆာဘုတ်အဖွဲ့ဆိုသည်မှာ မြန်မာနိုင်ငံတွင် ထုတ်ဝေသည် စာအုပ်စာစောင်များကို စစ်ဆေးဖြတ်တောက်သည့်အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့ကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၏ အစိတ်အပိုင်းအဖြစ် သမ္မတဦးသိန်းစိန်က ၂၀၁၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။


“ဒီစနစ်က စစ်ကောင်စီအနေနဲ့ အင်တာနက်ကို ထိန်းချုပ်ပြီး စစ်တပ်ရဲ့အမိန့်ကို နာခံတဲ့ စီးပွားရေးတွေ၊ မီဒီယာတွေနဲ့ လူမှုကွန်ရက်ပလက်ဖေါင်းတွေကို အင်တာနက်အသုံးပြုခွင့် ပေးစေနိုင်တယ်” ဟု သူရှင်းပြသည်။


“ဘဏ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဒါက ကာလတို အကျိုးကျေးဇူးဖြစ်ပေမယ့် ရေရှည်အတွက် ကုန်ကျစရိတ်ထောင်းမယ်” ဟုလည်း သူက ပြောသည်။


ကုမ္ပဏီများနှင့်ဘဏ်များ၏ အင်တာနက်အသုံးပြုခွင့်ကို စစ်ကောင်စီက စိတ်တိုင်းကျ ပိတ်ပင်နိုင်သွားမည်ဖြစ်ကြောင်း စပန်ဆာ သတိပေးသည်။ စီးပွားရေးလုပ်ငန်းများသည် စစ်ကောင်စီကြောင့် အကျပ်အတည်းများဖြစ်ပေါ်နေပြီး လုပ်ငန်းရှင်ကြီးများ၊ ဘဏ်ဝန်ထမ်းများနှင့် ဆူပါမားကက်ဝန်ထမ်းများကို စစ်ကောင်စီလုံခြုံရေးတပ်များက ခြိမ်းခြောက်ဖမ်းဆီးမှုများ မကြာသေးမီက ပြုလုပ်လာသည်။


အမည်မဖေါ်လိုသော ဆက်သွယ်ရေးလုပ်ငန်း ကိုယ်စားလှယ်တဦးက Nikkei ကို ပြောရာတွင် ထိုသို့ဖြေလျှော့ခြင်းမှာ အာဏာပိုင်များက ညွှန်ကြားသောကြောင့်ဖြစ်ပြီး ပြီးခဲ့သော ရက်သတ္တပတ်ကုန်က စတင်ကာ ပြန်လည်အသုံးပြုခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။


အင်တာနက်ကို ထိန်းချုပ်ရာတွင် စစ်ကောင်စီသည် နည်းလမ်းပြောင်းမည်ကို ထိုဆုံးဖြတ်ချက်က ပြသနေသည်။ စစ်အာဏာပိုင်များသည် သဘောမကျသည့် ဝက်ဘ်ဆိုက် တခုချင်းစီကို ရွေးချယ်ပိတ်ပင်ပြီး ယခုအခါတွင် ၎င်းတို့ ခွင့်ပြုသည့် ပလက်ဖေါင်းများကို စတင် အသုံးပြုခွင့်ပေးရန် ပြင်ဆင်လာခြင်း ဖြစ်သည်။


စာရင်းဖြူ နည်းလမ်း “whitelist” ဟု ခေါ်သော ထိုနည်းလမ်းတွင် အချို့သော အိုင်ပီ လိပ်စာများအတွက်သာ အင်တာနက်အဆက်အသွယ်ကို ဖွင့်ပေးပြီး အဓိကအားဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အဆင်ပြေစေရန် လုပ်ဆောင်ပေးသည်။


ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှ စတင်ပြီး စစ်ကောင်စီသည် အင်တာနက် လုံး၀ဖြတ်တောက်ခြင်းနှင့် ညစဉ်အင်တာနက် ပိတ်ပင်ခြင်း၊ မိုဘိုင်းနှင့် ဝါယာလက် အင်တာနက်ဖြတ်တောက်ခြင်း၊ လူမှုကွန်ရက်ပလက်ဖေါင်းနှင့် အင်တာနက်စာမျက်နှာများကို ဖြတ်တောက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။




ရင်းနှီးမြှုပ်နှံသူများက အကြိမ်ကြိမ် ညည်းညူကြသည်။ မတ်လ ၁၉ ရက်နေ့တွင် ဗြိတိန်နှင့် သြစတြေးလျမှအပ အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုသော ကုန်သည်ကြီးများအသင်းများက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ပူးတွဲရှုတ်ချပြီး အကန့်အသတ်မဲ့ သတင်းအချက်အလက်ရရှိရေးနှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခွင့်ရရေးကို ထပ်မံတောင်းဆိုကြသည်။ ထိုတောင်းဆိုမှုတွင် သြစတြေးလျနှင့် ဗြိတိန်တို့က မတ်လ ၃၀ ရက်နေ့တွင် ပါဝင်လာသည်။


ယခုအရွေ့သည် စစ်ကောင်စီက အနည်းဆုံး အင်တာနက်ပြတ်တောက်မှုကြောင့် ထိခိုက်သွားသည့် ပြည်တွင်းဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို သဘောပေါက်လက်ခံလာပုံကို ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။


ရာနှင့်ချီသော လူများ စီးပွားရေးမြို့တော်ရန်ကုန်သာမကတော့ဘဲ အခြားမြို့များရှိ ATM ငွေထုတ်စက်များ၏ရှေ့တွင် တန်းစီ စောင့်ဆိုင်းကြပြီး အပ်နှံငွေများကို ထုတ်ယူလာနေကြသည့်အခါ ဗဟိုဘဏ်ကိုယ်နှိုက်ကပင် ဒစ်ဂျစ်တယ်ငွေကြေးကို ပြောင်းသုံးရန် တိုက်တွန်းလာခဲ့သည်။


စီးပွားရေလုပ်ငန်း အပလီကေးရှင်းများကို ရွေးချယ်အသုံးပြုခွင့်ပေးခြင်းသည် ကူးသန်းရောင်းဝယ်ရေးအပေါ် ထိခိုက်မှု နည်းသွားစေပြီး တချိန်တည်းတွင် ဆက်သွယ်ရေးနှင့် သတင်းစီးဆင်မှုကို စစ်ကောင်စီက အခိုင်အမာ ချုပ်ထိန်းထားနိုင်သည်။ ထိုလုပ်ရပ်မှာ အင်တာနက်ဝန်ဆောင်မှုများ ပြန်လည်စတင်ရန် စစ်ကောင်စီအပေါ် ဖိအားပေးမှုလည်း သက်သာလာမည်ဖြစ်ပြီး ထိုနည်းသည် ဆိုက်ဘာနယ်ပယ်ကို တရုတ်နှင့် မြောက်ကိုရီးယားတို့ ထိန်းချုပ်သည့် နည်းလမ်းဖြစ်သည်။


ထိုသို့ အင်တာနက်သုံးစွဲသူကို အင်တာနက်ဝန်ဆောင်မှုပေးသည့် အော်ပရေတာက ရွေးချယ်ထိန်းချုပ်ပြီး ခွင့်ပြုထားသည့် ဝက်ဘ်ဆိုက်နှင့် အပ်ပလီကေးရှင်းများသာ ပေးသုံးသည့် စနစ်ကို ‘Walled Garden of the Internet ဟု ခေါ်သည်။


ထိုသို့စနစ်မျိုးကို လူ့အခွင့်အရေး စံနှုန်းများ တန်ဖိုးထားသည်ဟု ဆိုသော နော်ဝေကုမ္ပဏီ တယ်လီနောကပင် လက်ခံဆောင်ရွက်လာသည့်အပေါ် မြန်မာတာဝန်သိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာဌာန မှ ဒါရိုက်တာ ဗစ်ကီဘိုးမင်းက “ဆက်သွယ်ရေးလုပ်ငန်းတွေက သူတို့ရဲ့အသုံးပြုသူတွေ အပလီကေးရှင်းတွေကို အကန့်အသတ်နဲ့သုံးတာထက် အင်တာနက် အပြည့်အ၀ သုံးစေလိုကြောင်းက ထင်ရှားတယ်။ ဒီလို အသုံးပြုမရရင် မြန်မာပြည်သူတွေ အခွင့်အရေး ဆုံးရှုံးတယ်။ လူ့အခွင့်အရေးလေးစားဖို့ ကတိကဝတ်ပြုထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ကန့်သတ်ချက်အားလုံး ရုတ်သိမ်းဖို့ စစ်ကောင်စီကို ဆက်လက်ဖိအားပေးမယ်လို့ ကျမယုံကြည်တယ်” ဟု Nikkei ကို သဘောထားမှတ်ချက်ပေး ပြောဆိုခဲ့သည်။

https://burma.irrawaddy.com/business/2021/04/29/241280.html

ကွေးနှင့် မိတ္ထီလာက လေတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရ

မကွေးနှင့် မိတ္ထီလာက လေတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရ 


ဧပြီ ၂၉


လေတပ်စခန်းနှစ်ခုကို မည်သည့်အဖွဲ့မှဖြစ်သည်ကို မသိရသော တိုက်ခိုက်ရေးသမားများက ကြာသပတေးနေ့တွင် တိုက်ခိုက်ရာ လေတပ်စခန်းတစ်ခု၌ ပေါက်ကွဲမှုများဖြစ်သည့် သတင်းနှင့် အခြား လေတပ်စခန်းတစ်ခု ဒုံးကျည်ပစ်ခတ်ခံရကြောင်းကို မီဒီယာနှင့် မျက်မြင်တစ်ဦးတို့က ပြောကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ 


ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းမှုကြောင့် ဖြစ်ပွားပေါ်ပေါက်သော သုံးလကြာ မငြိမ်သက်မှုများ ဖြစ်နေချိန် ယခု တိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။ ယခု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မိမိတို့ လက်ချက်ဖြစ်သည်ဟု မည်သည့်အဖွဲ့ကမှ ထုတ်ပြန်လာခြင်း မရှိသေးသကဲ့သို့ အတည်ပြုချက် မရသေးကာ အသေအပျောက် သတင်းလည်း မသိရသေးပေ။ ထင်မြင်ချက်ပေးရန် ဖုန်းခေါ်ဆိုမှုများကို စစ်တပ်ပြောခွင့်ရသူတစ်ဦးက ပြန်လည်ဖြေကြားခြင်း မရှိပေ။ 


ဧပြီ ၂၉ ရက်တွင် ဖြစ်ပွားသည့် ပထမတိုက်ခိုက်မှုမှာ မကွေးမြို့အနီးရှိ လေတပ်စခန်းကို နံနက်ပိုင်း၌ ဖြစ်ပွားခြင်း ဖြစ်ပြီး ပေါက်ကွဲမှုများ ဖြစ်ကြောင်း Delta News Agency က ဖေ့ဘုတ်တွင် ဖော်ပြသည်။ 


နောက်ပိုင်းတွင် နိုင်ငံ၏ အဓိက လေတပ်စခန်းများမှ တစ်ခုဖြစ်သည့် မိတ္ထီလာရှိ လေတပ်စခန်းသို့ ဒုံးကျည် ငါးစင်း ပစ်ခတ်ခံရကြောင်း ဖြစ်ပွားချိန်တွင် လေတပ်စခန်းအနီး ရှိနေသူ သတင်းထောက် ကိုသန်းဝင်းလှိုင်က ဖေ့ဘုတ်ပို့စ်တွင် ရေးသားသည်။ 


ထိုပြင် ကောင်းကင်၌ ဒုံးကျည် ပျံသန်းသွားသည့် အသံဖြစ်ဟန်ရှိသော အသံနှင့်အတူ ပေါက်ကွဲမှုဖြစ်သည့် ဗီဒီယိုကလစ်ကိုလည်း ၎င်းက ဖေ့ဘုတ်ပို့စ်တင်ခဲ့သည်။ ရိုက်တာအနေဖြင့် အဆိုပါ ဗီဒီယိုကလစ်ကို မှန်ကန်ကြောင်း အတည်မပြုနိုင်ပေ။ 


နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအား ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းချိန်မှစပြီး မြို့များတွင် ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိရာ စစ်တပ်က သေလောက်သော အင်အားဖြင့် ဖြိုခွင်းရာ လူပေါင်း ၇၅၀ ကျော် သေဆုံးကြောင်း တက်ကြွလှုပ်ရှားသည့်အဖွဲ့တစ်ရပ်အရ သိရသည်။ အသေအပျောက်နှုန်းကို ရိုက်တာအနေဖြင့် အတည်မပြုနိုင်ပေ။ 


အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲများလည်း ဖြစ်ပွားပေါ်ပေါက်ရာ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့သည်။ 

 http://www.mizzimaburmese.com/article/79519

သာယာဝတီမြို့နယ်ရှိ ခလရ ၃၅ လက်နက်တိုက်မီးလောင်

သာယာဝတီမြို့နယ်ရှိ ခလရ ၃၅ လက်နက်တိုက်မီးလောင်


ဧပြီ ၂၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ တပ်မ ၆၆ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၃၅ ထဲက လက်နက်တိုက် ဒီကနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ 


မီးလောင်ရတဲ့အကြောင်းအရင်းကို မသိရသေးပေမယ့်လို့ “ ပေါက်ကွဲတာတော့သေချာပါတယ်။ ပြီးတော့ သူတို့အချင်းချင်းပဲ လုပ်တာနေမှာ။ တပ်ထဲကို အပြင်လူကဝင်မရဘူးလေ ” လို့ ဒေသခံတစ်ယောက်က သူ့အမြင်ကိုပြောပါတယ်။


လက်နက်တိုက်ဆိုတာဟာ စစ်သားတိုင်းလည်းအလွယ်တကူဝင်ထွက်ခွင့်မရှိသလို သီးသန့်အစောင့်နဲ့ လုံခြုံရေးတင်းကျပ် ထားရှိတဲ့နေရာလည်းဖြစ်ပါတယ်။ 


မီးလောင်ပေါက်ကွဲမှုကြောင့် ပေါက်ကွဲသံတွေဆက်တိုက်ထွက်လာတာကို အနီးအနားကပြည်သူတွေကြားရပြီး ကြောက်လန့် ပုန်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။


ဒီ့အပြင် လက်ပံတန်းမြို့နယ်က မီးသတ်ကားတွေအကုန်နီးပါး သာယာဝတီဘက်ကိုထွက်ခွာသွားတာ မြင်တွေ့လိုက်ရတယ်လို့လဲ ဒေသခံတစ်ယောက်ကပြောပါတယ်။

http://www.mizzimaburmese.com/article/79521 

ဖျာပုံမြို့ အောက်ကွင်းကျေးရွာ စက်ကလေးတဲကပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ ဗိုက်ပွင့်ဒဏ်ရာနဲ့ ကျဆုံ

 ဖျာပုံမြို့ အောက်ကွင်းကျေးရွာ စက်ကလေးတဲကပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ ဗိုက်ပွင့်ဒဏ်ရာနဲ့ ကျဆုံး

ဧပြီ ၂၉ 

ဖျာပုံမြို့ အောက်ကွင်းကျေးရွာ စက်ကလေးတဲမှာ ဧပြီလ (၂၈)ရက်နေ့ညဉ့်နက်ပိုင်းက အာဏာသိမ်းအကြမ်းဖက် စစ်တပ်ကဝင်ရောက်ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျဆုံးပြီး ပြည်သူ (၇)ဦးကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ညဉ့်နက်ပိုင်းလူတွေအိပ်တဲ့အချိန်မှာ စစ်တပ်ကရွာတွေထဲအထိအကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကိုစံပေါ(ခ)ခေါင်းဖြူဆိုသူ ဗိုက်ပွင့်ဒဏ်ရာ၊လက်မောင်းဒဏ်ရာတွေရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူအပါအဝင်  အမျိုးသား (၆)ဦးနဲ့ အမျိုးသမီး (၁)ဦးကို  စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီနေ့ ဧပြီလ (၂၉)ရက်နေ့မနက်ပိုင်းမှာ ဘိုကလေးဆေးရုံမှာ ကိုစံပေါ ကျဆုံးသွားကြောင်းသိရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်ကွင်းကျေးရွာ ရက်ကွက်ရုံးကို ဧပြီလ (၂၈)ရက်နေ့မနက်ပိုင်းက အာဏာသိမ်းအကြမ်းဖက် စစ်တပ်ကလက်နှက်အားကိုးနဲ့ဝင်လာပြီး စံပြကျေးရွာအကြမ်းဖက်စစ်တပ်ထောက်ခံသူတစ်ဦးကို ဥပဒေမဲ့ အုပ်ချုပ်ရေးမှုးအဖြစ်ခန့်ထားခဲ့မှုကြောင့် အုပ်ချုပ်ရေးမှူးရုံးကိုမီးရှို့မှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး ညပိုင်းအချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်ကဖမ်းဆီးသွားတဲ့ ပြည်သူတွေကို ဧပြီလ (၂၈)ရက်နေ့ညကကတည်းက စစ်တပ်ဝန်းထဲအထိ ဖမ်းဆီးခေါ်ဆောင်သွားကြလို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။

http://www.mizzimaburmese.com/article/79525

စဉ့်ကူးမြို့နယ်ကကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေက ငွေတောင်းတာခံနေရ

စဉ့်ကူးမြို့နယ်ကကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေက ငွေတောင်းတာခံနေရ
ပုံစာ - စဉ့်ကူးမြို့နယ်က ဆန္ဒပြပွဲပုံ

ပုံစာ - စဉ့်ကူးမြို့နယ်က ဆန္ဒပြပွဲပုံ

ဧပြီ ၂၉

စဉ့်ကူးမြို့နယ် တောင်ကိုင်းကျေးရွာမှာ ဧပြီလ၂၉ရက်နေ့ကဆန္ဒပြဦးဆောင်သူအမျိုးသမီးတစ်ဦးကို လာရောက်ဖမ်းဆီးရာမှာ မတွေ့တာကြောင့်စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်းကိုဝင်ရောက်ဖျက်ဆီးမှုတွေလုပ်ဆောင်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင်အဆိုပါအမျိုးသမီးရဲ့နေအိမ်မှာ CDMဝန်ထမ်းတွေကို ထောက်ပံ့ရန်ရှိနေတဲ့ ဆန်အိတ်ပိုင်း ရှစ်ပိုင်းကိုလည်းယူဆောင်သွားတယ်လို့ပြောပါတယ်။

"ကျေးရွာတွေကို ကားနဲ့တင်မဟုတ်တော့ဘူး။ဆိုင်ကယ်နဲ့လိုက်ပတ်ပြီး ခြောက်နေတာ။လူတွေကို အကြောက်တရားတွေဝင်အောင်လုပ်နေတာ"လို့ စဉ့်ကူးမြို့နယ်သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ကျေးရွာအတွင်းကလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ပန်းရံအလုပ်သမားအဖွဲ့တွေကို ဝမ်းလျားမှောက်ခိုင်းပြီးကြိမ်လုံးနဲ့ရိုက်နှက်တာတွေကို စစ်ကောင်စီတပ်တွေကလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်လေးခွရောင်းတဲ့ ကျေးရွာစတိုးဆိုင်တွေကိုလည်း ကာကွယ်ရေးပစ္စည်းရောင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ငွေကျပ်၂သိန်းစီတောင်းရမ်းခဲ့တယ်လို့ဆိုပါတယ်။

"ကျွန်တော်တို့ကျေးရွာတွေကို ပြောချင်တာက ကျွန်တော်တို့ကြောက်လှန့်နေဖို့မလိုဘူး။အခုချိန်လိုအပ်ရင်ရှောင်ရမယ်။ဒါပေမယ့် ကျွန်တော်တို့မှာသူတို့ကို တော်လှန်မယ့်စနစ်တကျအဖွဲ့အစည်းတွေရှိပြီးသားမို့ မကြောက်ကြဖို့ပြောချင်ပါတယ်"လို့ စဉ့်ကူးမြို့နယ်သပိတ်ခေါင်းဆောင်ကဆိုပါတယ်။

http://www.mizzimaburmese.com/article/79535

မင်းတပ်မှာ သိသိသာသာ အထိနာတဲ့ စစ်ကောင်စီတပ်မတော်

 မင်းတပ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့တွေနဲ့ ဒေသခံချင်းလူမျိုးတွေရဲ့ တူးမီးသေနတ်ကိုင် ကာကွယ်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်က အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေသေဆုံးမှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့မှာ အကြီးမားဆုံး ပဋိပက္ခလည်းဖြစ်ပါတယ်။

ပြည်သူ ၇ ဦးကိုဖမ်းဆီးရာက ပဋိပက္ခ စတင်

မင်းတပ်မြို့က ဆန္ဒပြပွဲတွေဟာ တခြားမြို့က ဆန္ဒပြပွဲတွေနဲ့ နည်းနည်းကွာပါတယ်။ အာဏာပိုင်တွေနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေရှိပါတယ်။ နှစ်ဖက်အကြား နားလည်မှုယူပြီး ဆောင်ရွက်တာတွေ ရှိပါတယ်။

“စောစောပိုင်းကတည်းက နှစ်ဖက်အကြားမှာ နားလည်မှုယူပြီးဆောင်ရွက်တာတွေ၊ ညှိနှိုင်းတာတွေရှိပေမဲ့ အခုနောက်ပိုင်းကျသူတို့က ကျပ်လာတယ်။ ဆန္ဒမပြရဘူးလို့ တားတာတွေလုပ်လာတယ်။ ဒါကတော့ ငြိမ်းချမ်းစွာဆန္ဒပြတာက ကျွန်တော်တို့အခွင့်အရေးပဲလေ။ ဒါကိုတော့ မရပ်နိုင်ဘူးလို့ကျွန်တော်တို့ကပြောတယ်။ သူတို့က ကျွန်တော်တို့ထဲက ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာတွေ ဘာတွေ လုပ်လာတယ်။ ကျွန်တော်တို့ ဆန္ဒပြတာ အရမ်းငြိမ်းချမ်းတယ်နော်။ ဘာပြဿနာမှရှိဖူးတာ မဟုတ်ဘူး။ ဘာအကြမ်းဖက်တာမှ မရှိဖူးဘူး။” လို့ ဆလိုင်းတူးမီးလို့ နာမည်ပြောင်းထားသူက ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့၊ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးတွေရဲ့ ဓာတ်ပုံတွေကို သူတို့ကိုထောက်ခံကြောင်း စာတန်းတွေနဲ့အတူ ကပ်ခဲ့ကြပါတယ်။ စာတန်းကပ်အပြီး မိုက်တွေ သိမ်းတဲ့အချိန်မှာ ရဲတွေဝင်လာပြီး ဖမ်းဆီးပါတယ်။

“သူတို့ဘက်က ကျွန်တော်တို့ကို ရန်စလာတာပါ။ ကျွန်တော်တို့ဘက်က လူငယ် ၈ ယောက်က စာတန်းကပ်တာပါ။ သူတို့ဖမ်းဖို့လာတော့ တစ်ယောက်က ကြိုမြင်လိုက်လို့ ပြေးဝင်သွားတယ်။ ကျန်တဲ့ ၇ ယောက်က မပြေးခင်လိုက်လို့ အဖမ်းခံလိုက်ရပါတယ်။” လို့ နွေဦးဇလပ်လို့ သူ့ကိုယ်သူ အမည်ပေးထားသူတယောက်က ဘီဘီစီကို ပြောပါတယ်။ အဖမ်းဆီးခံရသူတွေဟာ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၃ ယောက်ဖြစ်ပါတယ်။

မြို့ခံတွေက မြို့မစံပြစျေးရှေ့မှာ ချက်ချင်းလူစုပြီး ရဲစခန်းကိုချီတက်ကြပါတယ်။ လူအများအပြားနဲ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။ မြို့နယ်မှူးက CRPH ကိုထောက်ခံတာဟာ ဥပဒေချိုးဖောက်တာမို့ ဖမ်းတာလို့ ဆိုပါတယ်။

“ဥပဒေချိုးဖောက်လို့ ဖမ်းတာဆိုရင် အကုန်လုံးကိုဖမ်းပါ။ အကုန်လုံးကို မဖမ်းရင် ကျွန်တော်တို့လူတွေကို ပြန်လွှတ်ပေးပါလို့ ကျွန်တော်တို့က ပြောခဲ့ပါတယ်။ အဲဒီတော့ မြို့နယ်မှူးက ခံဝန်ချက်လုပ်ပြီး နာရီဝက်လောက်ကြာရင် ပြန်လွှတ်ပေးပါမယ်လို့ပြောတယ်။ ကောင်းပြီ နာရီဝက်ဆိုရင် ကျွန်တော်တို့ထိုင်စောင့်မယ်ဆိုပြီး ထိုင်စောင့်ခဲ့ပါတယ်။”

နာရီဝက်ကြာချိန်မှာ ဆန္ဒပြသူတွေဘက်က ရဲစခန်းကို လူ ၃ ယောက်လွှတ်ပြီး အကျိုးအကြောင်းသွားမေးတော့ လွှတ်မပေးပါဘူး။

“ပထမတော့ သူတို့က ဖမ်းသွားတဲ့အထဲက လူ ၂ ယောက်ကို ကားနဲ့ပြန်ခေါ်ထုတ်လာတယ်။ ကျွန်တော်တို့က လွှတ်ပေးတော့မယ်ထင်ပြီး ဝမ်းသာသွားကြတယ်။ ဒါပေမဲ့ သူတို့က လွှတ်မပေးဘူး။ လူစုခွဲပေးပါ။ ဒီနေ့ပြန်လွှတ်ပေးပါမယ်လို့ပဲပြောတယ်။ ကျွန်တော်တို့ ဒီနေ့ဆိုတာက ည ၁၂ နာရီအထိက ဒီနေ့ပဲ။ ဘယ်အချိန်လွှတ်မယ်ဆိုတာ တိတိကျကျ ပြောပါ။ အချိန်တိတိကျကျနဲ့ ကတိပေးရင် ကျွန်တော်တို့ လူစုခွဲပြီး ပြန်ပါမယ်ဆိုတော့ သူတို့က ညနေ ၆ နာရီမှာ ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ တကယ်တော့ သူတို့က လူစုခွဲရင်ပြီးရောဆိုပြီး လွယ်လွယ်နဲ့ကတိပေးလိုက်တာထင်ပါတယ်။ သူတို့လိုချင်တာပဲ သူတို့က အတင်းတောင်းဆိုတာပါ။ ရတယ်။ ကျွန်တော်တို့က လူစုခွဲပေးမယ်ဆိုပြီး ခွဲပေးလိုက်ပါတယ်။ ညနေ ၅ နာရီခွဲမှာ လူပြန်စုဖို့ တစ်ခါတည်းချိန်းလိုက်ပါတယ်။” လို့ ဆလိုင်းတူးမီးက ဘီဘီစီကို ပြောပါတယ်။

ပခုက္ကူဘက်ကယာဥ်တန်းကိုအတိုက်ခိုက်ခံရကောင်းအစိုးရသတင်း
ဓာတ်ပုံ ပုံစာ,

ပခုက္ကူဘက်ကယာဥ်တန်းကိုအတိုက်ခိုက်ခံရကောင်းအစိုးရသတင်း

ဆိုင်ကယ်စီးလူငယ်တွေကိုပစ်ခတ်

ညနေ ၅ နာရီမခွဲခင်မှာ ဆိုင်ကယ်စီးလူငယ်နှစ်ယောက်ကို ရဲနဲ့စစ်တပ်က သေနတ်နဲ့လိုက်လံ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဆိုင်ကယ်စီးလူငယ်တွေက ဆိုင်ကယ်ကို အရှိန်မြင့်မောင်းနှင် ထွက်ပြေးတဲ့ အတွက် လွတ်မြောက်သွားပါတယ်။

ဆန္ဒပြသူတွေဟာ ညနေ ၅ နာရီခွဲကျော်တဲ့ အချိန်မှာ လူစုပြီး ရဲစခန်းကို နောက်တစ်ခေါက်သွားခဲ့ကြပါတယ်။ ညနေ ၆ နာရီကျော်တဲ့အထိ ဖမ်းဆီးထားတဲ့ ၇ ယောက်ကို လွှတ်မပေးပါဘူး။ စစ်ဆေးမေးမြန်းစရာတွေ မပြီးသေးလို့ မလွှတ်နိုင်ဘူးလို့ အကြောင်းပြပါတယ်။ ဆန္ဒပြသူတွေက အဲဒါဆိုရင် ဘယ်အချိန်မှာ ပြန်လွှတ်ပေးမလဲလို့ မေးရာမှာတော့ ည ၉ နာရီခွဲမှာ လွှတ်ပေးမယ်လို့ ထပ်မံချိန်းဆိုပါတယ်။

ရဲအဖွဲ့ဘက်က ၂ ကြိမ်စကားဖျက်ခဲ့ပြီးဖြစ်တဲ့အတွက် ဆန္ဒပြသူတွေဘက်က အယုံအကြည်နည်းလာခဲ့ပါပြီ။ အဲဒါကြောင့် ဆန္ဒပြသူတွေဟာ မင်းတပ်မြို့ခံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာကို ကြားဝင်ညှိနှိုင်းပေးဖို့ ပြောဆိုအကူအညီတောင်းခဲ့ပါတယ်။ ဦးမောင်းဟာက ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ်းသူမောင်ရဲ့သားဖြစ်တဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ထည့်သွင်းထားခြင်းခံရသူဖြစ်ပါတယ်။ ဦးမောင်းဟာက ဖုန်းဆက်ပြီး ကြားဝင်ညှိနှိုင်းပေးရာမှာတော့ စစ်ကောင်စီဘက်က သူတို့ဖမ်းထားတဲ့ ၇ ယောက်ကို ၅၀၅ လိုပုဒ်မအကြီးကြီးတွေနဲ့ တရားမစွဲဘဲ ပုဒ်မအသေးတွေနဲ့ တရားစွဲပေးမယ်၊ အာမခံတော့ မပေးနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်။

မင်းတပ်ဘက်ကဆန္ဒပြပုံပြနည်းတခု

ဓာတ်ပုံ ရင်းမြစ်,CHIN WORLD

ဓာတ်ပုံ ပုံစာ,

မင်းတပ်ဘက်ကဆန္ဒပြပုံပြနည်းတခု

အရပ်သားတွေရဲ့တိုက်ခိုက်မှုစတင်

“ဒါဆိုရင် ည ၉ နာရီခွဲမှာ ပြန်လွှတ်ပေးမယ်လို့ သူတို့ပြောတာကလည်း ထပ်ပြီးလိမ်တာပဲလို့ ကျွန်တော်တို့နားလည်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့မြို့သူမြို့သားကိုလည်း ဆိုင်ကယ်စီးပြီး သွားလာတုန်းမှာ သူတို့က စပြီးပစ်ခတ်ခဲ့ပြီးပြီ။ ဒီတော့ ကျွန်တော်တို့တုံ့ပြန်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ဆလိုင်း တူးမီးက ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၂၄ ရက်ညဦးပိုင်းမှာပဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့အရှေ့ဂိတ်၊ မြို့အနောက်ဘက် ကန်ပက်လက်လမ်းခွဲအပါအဝင် စုစုပေါင်းနေရာ ၄ နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘာ့ကြောင့်စစ်တပ်ဘက်ကအထိနာသလဲ

အရပ်သားတွေဘက်က တိုက်ခိုက်လာလိမ့်မယ်လို့ စစ်တပ်နဲ့ရဲတွေက မျှော်လင့်ထားပုံမရပါဘူး။ မြို့နယ်တိုင်းမှာ စစ်တပ်ကသာ အရင်စတင်ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ကြတာဖြစ်တဲ့အတွက် စစ်တပ်နဲ့ ရဲအဖွဲ့ဟာ အငိုက်မိခဲ့ပုံရပါတယ်။

စစ်တပ်ဘက်က ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ၁ ဦးကဒဏ်ရာပြင်းထန်တဲ့အတွက် တခြားမြို့တစ်မြို့က အရေးပေါ်ဆေးရုံကို ပို့လိုက်ရတယ်လို့ ဆိုပါတယ်။ မင်းတပ်မြို့ဆေးရုံကို ဆရာဝန်တွေ CDM လုပ်ထားတဲ့အတွက် ပိတ်ထားရပါတယ်။ အရပ်သားတွေဘက်က ထိခိုက်ဒဏ်ရာမရခဲ့ကြဘူးလို့ဆိုပါတယ်။

စစ်တပ်ဟာ ခေတ်မီလက်နက်တွေကိုင်ဆောင်ထားတာ ဖြစ်ပါတယ်။ မြို့တိုင်းလိုလိုမှာ စစ်တပ်ကသာ ခေတ်မီလက်နက်တွေရဲ့ အင်အားနဲ့ အနိုင်ယူတိုက်ခိုက်နိုင်လေ့ရှိပါတယ်။ ဘာ့ကြောင့် အခုလို စစ်တပ်ဘက်က ၂ ဦးဒဏ်ရာရချိန်မှာ တူးမီးသေနတ်သာ ကိုင်ဆောင်ထားသူတွေက တစ်ယောက်မှ ဒဏ်ရာမရဘဲ အသာစီးရတာပါလဲလို့ နွေဦးဇလပ်ကို ဘီဘီစီက မေးခဲ့ပါတယ်။

“ကျွန်တော်တို့က ယုံကြည်ချက်နဲ့ခံယူချက်သာပါတယ်။ ကျွန်တော်တို့ကမှန်တယ်လို့ ယုံတဲ့အတွက် အသက်စွန့်တိုက်ခိုက်ကြတာပါ။ ပြီးတော့ ကျွန်တော်တို့က နယ်မြေပိုကျွမ်းကျင်ပါတယ်။ ကျွန်တော်တို့က စနစ်တကျဖွဲ့စည်းထားတာ မဟုတ်ပေမဲ့ သိပ်စည်းလုံးပါတယ်။ ဒါ့အပြင်မှာ ကျွန်တော်တို့က ပြောက်ကျားနည်းသုံးတိုက်ပါတယ်။ သူတို့နဲ့ ယှဥ်မပစ်ပါဘူး။ ကိုယ်ကပစ်ပြီးရင် ရှောင်ထွက်ပါတယ်။ အဲဒါကြောင့် ပထမနေ့မှာ ကျွန်တော်တို့က အသာစီးရခဲ့တယ်လို့ မြင်ပါတယ်။” လို့နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။

မုန်တိုင်းမကျမီငြိမ်သက်ခြင်း

ဧပြီလ ၂၅ ရက်နေ့မှာတော့ ငြိမ်သက်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီငြိမ်သက်မှုဟာ မုန်တိုင်းမကျမီ ငြိမ်သက်ခြင်းမျိုးနဲ့တူနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ဖက်စလုံးမှာ ကိုယ့်အစီအစဥ်နဲ့ကိုယ် ရှိနေခဲ့ကြလို့ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဘက်က မြန်မာ့စီးပွားရေးဘဏ် (မစဘ) မှာသွားပြီးလှန့်ခဲ့တာတော့ရှိပါတယ်။ ၂၅ ရက်နေ့မှာ အဲဒါကလွဲပြီး တခြားဘာမှ မဖြစ်ခဲ့ပါဘူး။ ဘဏ်ကိုလည်း သွားတိုက်တာ မဟုတ်ပါဘူး။ ရဲ ၈ ယောက်လောက်အစောင့်ချထားတဲ့ ဘဏ်မှာ ဗျောက်အိုးနဲ့ အသံပေးခြောက်လှန့်တာလောက်ပဲလုပ်ခဲ့တာပါ။” လို့ ဆလိုင်းတူးမီးက ဆိုပါတယ်။

စစ်ကူတွေရောက်လာပြီ

ဧပြီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေဟာ ပခုက္ကူနဲ့ မတူပီမြို့တွေကနေ စစ်ကူရောက်လာကြပါတယ်။ စစ်ကူတွေရောက်လာမှာကို အရပ်သားတွေဘက်က ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်ပုံရပါတယ်။ လမ်းခုလတ်ကနေ နှောင့်ယှက်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ကြားဖြတ်တိုက်ခိုက်

ပခုက္ကူဘက်ကလာတဲ့ စစ်ကားတစီးဟာ မင်းတပ်မြို့အဝင် အရှေ့ပြင် ဂေါက်ကွင်းအနီးမှာ အရပ်သားတွေရဲ့ စောင့်ကြို တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့ပါတယ်။ စစ်တပ်ဘက်က ၁ ယောက်ကျဆုံးပြီး အရပ်သားဘက်က အကျအဆုံးမရှိဘူးလို့ နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။

အစိုးရသတင်းစာမှာလည်း စစ်တပ်ဘက်က ၁ ယောက်ကျဆုံး၊ ၃ ယောက်ဒဏ်ရာရပြီး စစ်ကားတစီး ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အရပ်သားတွေမှာ တူးမီးသေနတ်သာမက မောင်းပြန်သေနတ်တွေပါ ပါဝင်တယ်လို့ သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

မတူပီဘက်ကလာတဲ့စစ်ကူအဖွဲ့ကတော့ ပိုပြီး အထိနာပါတယ်။ မတူပီကနေ မင်းတပ်ကို စစ်ကား ၃ စီးနဲ့ စစ်ကူလာပါတယ်။ စစ်ကူလာတဲ့ စစ်ကား ၃ စီး မင်းတပ်မြို့အနီး မိုင် ၃၀ အကွာလောက်အရောက်မှာ လက်လုပ်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်တာခံရပြီး ကားတစီးပျက်စီးသွားပါတယ်။ မိုင်တိုင် ၂၀ နဲ့ မိုင်တိုင် ၄၀ တို့ကနေ တူးမီးကိုင် ရွာသားတွေက အင်အားအများအပြားနဲ့ ရှေ့နောက်ညှပ်ပြီး တိုက်ခိုက်ကြပါတယ်။ စစ်သားတချို့ဟာ လမ်းဘေးတစ်ဖက်တစ်ချက်က တောထဲကို ထွက်ပြေးကြပြီး ကျန်တဲ့ စစ်သား ၃၀ လောက်ဟာ မိုင်တိုင် ၃၀ အနီးက ဗိုလ်တဲဟောင်းတစ်ခုမှာ စခန်းချတပ်စွဲထားပါတယ်။ ရှေ့ကိုလည်း ဖောက်မထွက်နိုင်သလို၊ နောက်ကိုလည်း ပြန်မဆုတ်နိုင်ဘဲ ပိတ်မိနေပါတယ်။ တောထဲထွက်ပြေးတဲ့ စစ်သားတွေကိုလည်း ရွာသားတွေက လိုက်လံရှာဖွေနေကြပါတယ်။

အဲဒီမိုင်တိုင် ၃၀ တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်လောက်သေဆုံးခဲ့တယ်လို့ နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Rights Organization (CHRO) ကတော့ စစ်တပ်ဘက်က အနည်းဆုံး ၁၅ ယောက်သေဆုံးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အစိုးရသတင်းစာကတော့ မိုင်တိုင် ၃၀ တိုက်ပွဲကို ထည့်သွင်းရေးသား ဖော်ပြမထားပါဘူး။

မင်းတပ်မြို့ပေါ်မှာ ည ၁၀ နာရီကျော်တဲ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မနက်စောစောတိုက်ပွဲပြန်စ

ဧပြီလ ၂၇ ရက်မနက်စောစောမှာပဲ စစ်တပ်ဘက်က RPG အပါအဝင်လက်နက်ကြီးတွေ အသုံးပြုပြီး အရပ်သားတွေရဲ့ သပိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ မောင်းပြန်ရိုင်ဖယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ရုံသာမက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ကြတဲ့ အတွက် မနက် ၁၀ နာရီဝန်းကျင်မှာ အရပ်သားတွေဘက်က သပိတ်စခန်းတစ်ခုကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။

“လက်နက်အင်အားသိပ်ကွာလွန်းလို့ ကျွန်တော်တို့ဘက်က ဆုတ်ခွာပေးလိုက်ရပါတယ်။ လူကိုတော့ ကျွန်တော်တို့က အထိမခံပါဘူး။ သူတို့ဘက်ကလည်း ပိတ်မိနေတဲ့ သူတို့စစ်သား ၃၀ အတွက် စိုးရိမ်နေတာဗျ။ အဲဒီတော့ စေ့စပ်ညှိနှိုင်းဖို့ စစ်ကောင်စီဘက်က ကျွန်တော်တို့ကို စပြီးကမ်းလှမ်းပါတယ်။”

စျေးမတည့်လိုက်တဲ့အရောင်းအဝယ်စကား

နှစ်ဖက်ညှိနှိုင်းချိန်မှာ နှစ်ဖက်စလုံးက အပစ်အခတ်ယာယီရပ်စဲထားခဲ့ကြပါတယ်။ ဒါပေမဲ့ ညှိနှိုင်းမှုက စျေးမတည့်ခဲ့ပါဘူး။ အရပ်သားတွေဘက်က လောလောဆယ် ဖမ်းထားတဲ့ ၇ ဦးနဲ့ အရင်ဖမ်းထားတဲ့ ၅ ဦး စုစုပေါင်း ၁၂ ဦးကို လွှတ်ပေးဖို့နဲ့ စစ်တပ်ပြန်ဆုတ်ပေးဖို့ကို အဓိကတောင်းဆိုခဲ့ပါတယ်။ စစ်တပ်ဘက်က ၁၂ ဦးလွှတ်ပေးဖို့ကို သဘောမတူပါဘူး။ ၇ ဦးပဲလွှတ်ပေးနိုင်မယ်လို့ဆိုပါတယ်။

စစ်တပ်ဘက်က ပိတ်မိနေတဲ့ သူတို့ရဲ့ စစ်သား ၃၀ ကိုလွှတ်ပေးဖို့တောင်းဆိုပါတယ်။ အရပ်သားတွေဘက်ကတော့ စစ်သားကိုလည်း ၁၂ ဦးပဲ လွှတ်ပေးနိုင်မယ်လို့ဆိုပါတယ်။ စစ်တပ်ကတော့ အရပ်သား ၇ ဦးနဲ့ စစ်သား ၃၀ လဲလှယ်ချင်တာပါ။

ဘယ်သူက အရင်စပြီးလွှတ်ပေးမယ်ဆိုတဲ့ အချက်အပေါ်မှာလည်း အငြင်းပွားမှုရှိပါတယ်။ အရပ်သားတွေဘက်က သူတို့လူ ၁၂ ဦးကို အရင်လွှတ်ပေးရမယ်လို့ တောင်းဆိုပါတယ်။ စစ်သားတွေဘက်က စစ်သားအယောက် ၃၀ ကို အရင်လွှတ်ပေးရမယ်လို့ဆိုပါတယ်။ ကလေးမြို့မှာတုန်းက စစ်သားတွေဘက်က ကတိဖျက်ခဲ့ဖူးလို့ မင်းတပ်မြို့ခံအရပ်သားတွေက စစ်တပ်ကို မယုံကြည်ဘူးလို့ဆိုပါတယ်။ ဒီတော့စစ်သား အယောက် ၃၀ ကိုလွှတ်ပေးရင် မြို့ခံတပ်ရင်း ၂၄၇ ရဲ့တပ်ရင်းမှူးကို ဓားစာခံသဘောမျိုး ယာယီဖမ်းဆီးထားဖို့ သဘောတူတယ်လို့ စစ်တပ်ဘက်က ဆိုပါတယ်။ စစ်သား ၃၀ နဲ့ တပ်ရင်းမှူးကို ဓားစာခံထားလဲလှယ်ဖို့ကို အရပ်သားတွေဘက်က သဘောမတူပါဘူး။

“စစ်တပ်မှာဗျူဟာမှူး အလဲအလှယ်ရှိတယ်လို့ ကျွန်တော်တို့ဘက်က သတင်းရထားတာရှိပါတယ်။ အခုအဝိုင်းခံထားရတဲ့ စစ်သား ၃၀ ထဲမှာ ဗျူဟာမှူးပါကောင်းပါနိုင်တယ်လို့ ကျွန်တော်တို့တွက်ထားပါတယ်။ သာမန်စစ်သားအတွက် တပ်ရင်းမှူးက အနစ်နာခံတာမျိုးကို စစ်တပ်ရာဇဝင်မှာ ဘယ်တုန်းကမှ မကြားဖူးဘူးဗျ။ သူတို့ကဗျာ။ ကျွန်တော်တို့ဘက်ကလူကိုတော့ အကုန်မလွှတ်ချင်ဘူး၊ ၇ ယောက်ပဲလွှတ်ပေးမယ်လို့ပြောတယ်။ သူတို့ဘက်ကတော့ စစ်သား ၃၀ စလုံးလွှတ်ပေးရမယ်ဆိုတော့ မမျှတဘူးထင်လို့ ကျွန်တော်တို့နဲ့ ဆွေးနွေးမှု မအောင်မြင်ဘူးလို့ပြောရမဲ့ အနေအထားပါ။” လို့ နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီနဲ့ စကားပြောနေစဥ်မှာပဲ သေနတ်သံတွေထွက်ပေါ်လာလို့ ဖုန်းခဏချပေးခဲ့ရပါသေးတယ်။ ဒါပေမဲ့ တိုက်ပွဲအသစ် ပြန်လည်စတင်တဲ့အထိတော့ ဖြစ်မလာသေးပါဘူး။

ညှိနှိုင်းမှုပြေလည်သွားခြင်း

ညတော်တော်နက်တဲ့အထိ ညှိနှိုင်းမှု မပြေလည်ဘဲ လိပ်ခဲတည်းလည်း တင်းမာနေခဲ့ပေမဲ့ ည ၁၁ နာရီဝန်းကျင်မှာ သဘောတူညီချက်ရသွားခဲ့ပါတယ်။ စစ်တပ်ဘက်က တောင်းဆိုတဲ့အတိုင်း ဖမ်းထားတဲ့ ၇ ယောက်ကို ချက်ချင်းလွှတ်ပေးရင် ပိတ်ထားတဲ့ စစ်သား ၃၀ ကိုလမ်းဖွင့်ပေးဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

အပေးအယူမမျှတဘူးလို့ ယူဆပေမဲ့ အဖမ်းဆီးခံ ၇ ယောက်လွတ်မြောက်ရေးကို ဦးစားပေး ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ ကျန်တဲ့ ၅ ယောက်နဲ့ ထပ်တိုးအဖမ်းဆီးခံရသူ ၁ ယောက်စုစုပေါင်း ၆ ယောက်ထပ်မံလွတ်မြောက်ရေး အတွက် ဆက်လက်ဆွေးနွေးဖို့လည်း သဘောတူထားပါတယ်။

လက်နက်ကိုင်ပြည်သူတွေဘက်က ထပ်မံတောင်းဆိုချက်ဖြစ်တဲ့ ထပ်မံမပစ်ခတ်ဘဲ အပစ်အခတ်ရပ်စဲပေးရေး၊ စစ်ကူ ထပ်မခေါ်ရေး၊ စစ်တပ်မြို့ထဲဝင်မလာရေး၊ ရှေ့တိုးမလာရေးတွေကို စစ်တပ်ဘက်က သဘောတူထားပါတယ်။

စစ်တပ်ဘက်က ကျဆုံးသွားတဲ့ သူတို့စစ်သားတွေရဲ့ နာရေးအစီအစဥ်တွေ မင်းတပ်မြို့ထဲမှာ လုပ်ဆောင်ခွင့်ပေးဖို့ ပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။ ပြည်သူတွေဘက်က အဲဒီအချက်ကို လိုက်လျောသဘောတူခဲ့ပါတယ်။

ည ၁၁ နာရီထိုးအချိန်မှာ ဖမ်းဆီးထားသူ ၇ ယောက်ကို ချက်ချင်းလွှတ်ပေးခဲ့ပါတယ်။

"လောလောဆယ် ၇ ယောက်ရရင် အမြတ်ပဲဆိုပြီး ကျွန်တော်တို့သဘောတူလိုက်တာပါ။ ကလေးတွေ၊ တော်လှန်ရေးအဖွဲ့တွေကလည်း လက်ခံတဲ့အတွက် ကျွန်တော်တို့ စစ်သား ၃၀ ကိုလည်း လမ်းဖွင့်ပေးဖို့သဘောတူလိုက်ပါတယ်။" လို့ စေ့စပ်ညှိနှိုင်းရေးမှာ ပါဝင်ခဲ့သူ ဦးရွှေနိုင်းက ဘီဘီစီကို ပြောပါတယ်။

စေ့စပ်ညှိနှိုင်းရေးမှာ မြို့မိမြို့ဖတွေဘက်က ဦးရွှေနိုင်း၊ ဦးရွှေထန်း၊ ဦးလောရှိန်းဟာ တို့ပါဝင်ခဲ့ကြပြီး စစ်ကောင်စီဘက်က အနောက်မြောက်တိုင်း ဒုတိုင်းမှူး၊ ပြည်နယ်ဥက္ကဋ္ဌ၊ ပြည်နယ်ရဲမင်းကြီး၊ ဗျူဟာမှူးတို့ပါဝင်ခဲ့ပါတယ်။

အခြေအနေက လုံးဝပြေလည်သွားတဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ မင်းတပ်ခရိုင်ရုံးမှာ ဧပြီလ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီထိုးမှာ ထပ်မံဆွေးနွေးကြဖို့ချိန်းဆိုထားပါတယ်။ မေလ ၅ ရက်နေ့မှာလည်း ဟားခါးမြို့က ပြည်နယ်ရုံးမှာဆွေးနွေးညှိနှိုင်းဖို့ ဆက်လက်ချိန်းဆိုထားပါတယ်။ အဲဒီဆွေးနွေးပွဲတွေမှာ အသေးစိတ်သဘောတူညီချက်တွေ အတွက် ထပ်မံဆွေးနွေးမှာ ဖြစ်ပြီး မြို့မိမြို့ဖတွေဘက်က တရားဟောဆရာ ဦးယောဂီလည်း ထပ်မံပါဝင်ဖို့ရှိပါတယ်။

https://www.bbc.com/burmese/burma-56910365