တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို မေ ၃၁ ရက်အထိ ထပ်မံ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာ
NEWS
PUBLISHED 30 APRIL 2021
တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ထပ်မံရပ်ဆိုင်းထားမည်ဖြစ် ကြောင်း ဧပြီ ၃၀ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ကြေညာချက် ထုတ်ပြန် သည်။
အဆိုပါကြေညာချက်တွင် တပ်မတော် အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦး တည်ချက် (၉) ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင် ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဘက်ပေါင်း စုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် ဆက်လက်ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အမြန်ဆုံးဆက်လက် ဆွေးနွေးနိုင်ရေးအတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီတို့ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း (NCA)လက် မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက်ဆွေးနွေးသွားနိုင်ရေးတို့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ မေ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းသို့ တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ထပ်မံရပ်စဲပေးထားသည့်ကာလများအတွင်း ညှိနှိုင်းဆွေးနွေမှုများဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။
https://news-eleven.com/article/207502
No comments:
Post a Comment