Friday, April 30, 2021

ကွတ်ခိုင်မြို့ အိမ်ဖြူတော် ကားအပိုပစ္စည်း အရောင်းဆိုင်ပိုင်ရှင်ရဲ့သား သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး (Update- 10 PM)

ကွတ်ခိုင်မြို့ အိမ်ဖြူတော် ကားအပိုပစ္စည်း အရောင်းဆိုင်ပိုင်ရှင်ရဲ့သား သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး (Update- 10 PM)
CJ၊ ရွှေဖီမြေ၊ မေလ ၁ ရက်၊ ကွတ်ခိုင်
ဒီနေ့ည ၇ နာရီခွဲခန့်က ကွတ်ခိုင်မြို့ အိမ်ဖြူတော် ကားအပိုပစ္စည်း အရောင်းဆိုင်မှာ ဆိုင်ပိုင်ရှင်ရဲ့ သားအကြီးဖြစ်သူကို သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်သူဟာ ဘယ်သူမှန်း မသိဘူးလို့ ဒေသခံက ဆိုပါတယ်။
ပစ်ခတ်ခံရသူဟာ ပြည်သူ့ဆေးရုံ အရောက်မှာတော့ သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
ည ၈ နာရီ ၄၀ မိနစ်ခန့်မှာလည်း ရပ်ကွက် ၅ ဘက်မှာ သေနတ်သံတွေ ကြားနေရတယ်လို့ လူငယ်တစ်ယောက်က ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်းရွာထဲ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်

https://www.facebook.com/shwepheemyaynews/posts/945152602967538?__cft__[0]=AZXpcTN7s8qLNTQmIr8B3upErHJgKztxPhCUkReyNzFwKuR0u9Chtb-PgJzu2oVWP0R-Db8TuxKqvViDuM-Ojhqamhyw950-62ClGc1d_UjJyoGp8Pa_tzM5kEcoGDWl4N5G-3cNDlO41l6osyCXkqIg&__tn__=%2CO%2CP-R 

No comments:

Post a Comment