မြန်မာ-ထိုင်း နယ်စပ်တွင် တိုက်ပွဲအရှိန် မြင့်တက်နေသောကြောင့် နယ်စပ်တစ်လျှောက်ရှိ မြန်မာနှင့် ထိုင်းနိုင်ငံသားများ ထိုင်းဘက်သို့ ထွက်ပြေးနေရဟု ရိုက်တာ သတင်းဌာန ဖော်ပြ
NEWS
PUBLISHED 30 APRIL 2021 REF: REUTERS
မြန်မာတပ်မတော်နှင့် KNU တို့ တိုက်ပွဲအရှိန်မြင့်တက်နေသောကြောင့် သံလွင်မြစ်တစ်လျှောက် မြန်မာ-ထိုင်းနယ်စပ်၏ နှစ်ဖက်စလုံးမှ ပြည်သူများ ထွက်ပြေးခဲ့ကြရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
မြန်မာတပ်မတော်နှင့် KNU အကြား ရက်ပေါင်းများစွာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်မှ ရွာသား ၁၇၉ ဦးနှင့် ထိုင်းနိုင်ငံသား၂၇၈ ဦးသည် နေရပ်စွန် ့ခွာထွက်ပြေးနေကြရကြောင်း ဧပြီ ၂၉ ရက်တွင် ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
တပ်မတော်က ဖေဖော်ဝါရီတွင် နိုင်ငံတော်တာဝန်ကိုလွှဲယူခဲ့ပြီးနောက်ပိုင်း ယခုသီတင်းပတ်ထဲတွင် KNU နှင့် မြန်မာ့တပ်မတော်တို ့ထိုင်းနယ်စပ်အနီး တိုက်ပွဲဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၂၇ ရက်က KNU သည် အာရုဏ်ဦးတိုက်ခိုက်မှုတစ်ခုအတွင်း သံလွင်မြစ်၏ အနောက်ဘက်ကမ်းပေါ်ရှိ မြန်မာ့တပ်မတော်တပ်ရင်းတစ်ရင်းကိုသိမ်းယူခဲ့ပြီး မြန်မာ့တပ်မတော်မှ ၁၃ ဦးကျဆုံးခဲ့ပြီး KNU ဘက်မှ သုံးဦးကျဆုံးခဲ့သည်ဟု ဆိုသည်။
မြန်မာ့တပ်မတော်သည် ထိုင်းနယ်စပ်အ နီးရှိ ဒေသတချို့ကို လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ကာ တုံ့ပြန်ခဲ့သည်ဟု သိရသည်။
သံလွင်မြစ်၏ မြန်မာဘက်ခြမ်းတွင် ရွာသားထောင်ချီပြီး ခိုလှုံနေကြကာ တိုက်ခို်က်မှု အရှိန်မြင့်လာပါက ထိုင်းဘက်သို့ ထွက်ပြေး ကြလိမ့်မည်ဟု Karen Peace Support Network က ပြောကြားသည်။
ရွာသား၂၀၀ နီးပါး ယခုသီတင်းပတ်တွင် ထိုင်းဘက်သို့ ပြေးလာကြောင်း ထိုင်းအာဏာပိုင်များကပြောကြားသည်။
ထိုင်းတပ်မတော်အနေဖြင့် အင်အားဖြည့်ထားခဲ့ရပြီး နယ်စပ်ဝင်ပေါက်ကိုလည်း ကန့်သတ်ခဲ့သည်။
https://news-eleven.com/article/207505
No comments:
Post a Comment