မြောက်ဥက္ကလာပမြို့နယ်တွင် ရာဇသတ်ကြီးပုဒ်မ ၃၉၆ ဖြင့် စစ်ခုံရုံးက အမျိုးသား တစ်ဦးအား သေဒဏ်ချမှတ်
NEWS
PUBLISHED 30 APRIL 2021
မြောက်ဥက္ကလာပမြို့တွင် ရာဇသတ် ကြီး ပုဒ်မ ၃၉၆ ဖြင့် စစ်ခုံရုံးက ထပ်မံ၍ သေဒဏ် ချမှတ်ခဲ့ကြောင်း ဧပြီ ၂၉ ရက် သတင်း ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်၊ ခေမာကျောင်းလမ်း နှင့် ဧရာ ၁၅ လမ်းထောင့်အနီး၌ မတ် ၂၇ ရက်က ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေးတို့ စီးနင်းမောင်းနှင်လာသည့် APACHE အမျိုးးအစား အနက်ရောင်မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီး ထက်အောင်ကျော် ကိုင်ဆောင်သည့် ပစ္စတိုသေနတ်တစ်လက်၊ MAH (U) အမျိုးအစား ICON တစ်လုံးတို့အား စိုင်းခေး (ခ) အိုက်ခေး (ခ) ကေကေအပါအဝင် လူအုပ်စု ၁၉ ဦးခန့်က လုယက်ယူဆောင် ခြင်း၊ ဗိုလ်ကြီး ထက်အောင်ကျော်နှင့် မောင်သန့်ဇင်ထွေးတို့အား နောက်ပြန်ကြိုးတုပ်ကာ တုတ်များ၊ ဓားများဖြင့် ၀ိုင်းဝန်းရိုက်နှက်ထိုးခုတ်ခြင်း၊လက်သီးဖြင့်ထိုးခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းတို့တွင် ဒဏ်ရာများအသီးသီးရရှိကာ မောင်သန့်ဇင်ထွေးမှာ ယာဘက်ရင်ခေါင်းထိုးသွင်းဒဏ်ရာ ကြောင့် ယာဘက်အဆုတ်ထိုးသွင်းဒဏ်ရာရရှိပြီး ရင်ခေါင်း အတွင်းသွေးလွန်ခြင်းကြောင့် သွေးထွက်လွန် သွေးလန့်၍ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် စိုင်းခေး (ခ)အိုကခေး (ခ) ကေကေသည် ဓားပြမှုကို ကျူးလွန်ရာတွင် လူသတ်မှုကိုပါ ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံ ရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ ၃၉၆ အရ ဧပြီ ၂၈ ရက်တွင် သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီ ၉ ရက် သတင်းထုတ်ပြန်ချက်တွင်လည်း ရာဇသတ်ကြီးပုဒ်မ ၃၉၆၊ ၃၉၇ ဖြင့် စစ်အုပ်ချုပ်ရေး မာရှယ်လောစစ်ခုံရုံးဖွဲ့၍ အောင်အောင်ထက် (ခ) အောင်ထက် (ခ) အောင်ကြီးနှင့် ဘိုဘိုသူ အပါအဝင် လူ ၁၉ ဦး အား သေဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့အနက် ၁၇ ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း ဖော်ပြခဲ့သည်။
https://news-eleven.com/article/207504
No comments:
Post a Comment