ကွတ်ခိုင်မြို့ နမ့်ခိုင်တံတားအနီးနဲ့ နမ့်ဖလွန်းရွာထဲ တိုက်ပွဲပြင်းထန်
CJ၊ ရွှေဖီမြေ၊ မေလ ၁ ရက်၊ ကွတ်ခိုင်
ဒီနေ့ မေလ ၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်းရွာထဲ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မိနစ် (၃၀)ခန့် ကြာခဲ့တယ်လို့ သိရပါတယ်။
နမ့်ဖလွန်းရွာအနီး ပြည်ထောင်စုလမ်းမဝန်းကျင်မှာ သေနတ်သံနဲ့ လက်နက်ကြီးသံတွေ ကြားနေရတဲ့အတွက် လမ်းမပေါ်မှာ သွားလာကြတဲ့ လူထုတွေ ၁ နာရီခန့် ရပ်နားခဲ့ကြရတယ်လို့ မျက်မြင်တစ်ယောက်က ပြောပါတယ်။
မနေ့ ဧပြီလ ၃၀ ရက် ည ၉ နာရီခွဲဝန်းကျင်မှာလည်း နမ့်ခိုင်တံတားအနီးမှာ ၁ နာရီကြာခန့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
နမ့်ခိုင်ရွာ သီလရှင်ကျောင်းထဲ သေနတ်တစ်ချက် ထိမှန်ခဲ့ပြီးတော့ ကျောင်းအနီးမှာလည်း လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
https://www.facebook.com/shwepheemyaynews/posts/945080939641371?__cft__[0]=AZUp8ao6ap5sHt8ZYSnRko3IMIHxoLr6lBpYVZF_u7ug4s1LOu2gzSC1zH4H5Ba4_SP-LUitQwYEJ7haqyNwzc4I_25rZKvP5zXZ-wDFptRHk5ZUyaPdpJ5lFRDYzp-x1nXppwtjWR3lRom6mm2uD4l5rQZhgbsb8uSrq-smN7CNUg&__tn__=%2CO%2CP-R
No comments:
Post a Comment