Friday, April 30, 2021

ကေအိုင်​အေ တပ်ရင်း ၂၅ကို စစ်​ကောင်စီလက်နက်ကိုင်​တွေက ​လေယာဥ် ၉စင်းဖြင့်ပစ်​​နေ

 ကေအိုင်​အေ တပ်ရင်း ၂၅ကို စစ်​ကောင်စီလက်နက်ကိုင်​တွေက ​လေယာဥ် ၉စင်းဖြင့်ပစ်​​နေ

April 30 - Kachinwaves
စစ်ကောင်စီလက်နက်ကိုင်တပ်များသည် မိုးမောက်မြို့ရှိ ​​ကေအိုင်အေ တပ်ရင်း ၂၅တွင် လေယာဥ် ၉စင်းဖြင့် နံနက်အ​စောပိုင်းမှ စတင်ပြီး လက်ရှိချိန်ထိ လာရောက်ပစ်ခတ်​နေကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မိုး​​မောက်မြို့ရှိ စစ်ကောင်စီလက်နက်ကိုင်များသည် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို ​ကေအိုင်​အေ ဘက်မှလည်း လက်နက်ကြီး​တွေ ပစ်ခတ်​နေ​ကြောင်းလည်း ဆိုသည်။
"မြေပြင်မှာ တိုက်ခိုက်တာ​တွေ​တော့ မနက်ပိုင်း​​တော့မရှိဘူး။" ဟုဗိုလ်မှူးကြီးနော်ဘူကဆိုသည်။
ဧပြီ ၂၉ရက်နေ့က စစ်ကောင်စီတပ််များက ​ကျေးရွာများသို့ လက်နက်ကြီး​များ ပစ်ထည့်သည့်အတွက် မိုးမောက်မြို့နယ်မှ အရွယ်အိုဖိုးတစ်​ယောက် သေဆုံးခဲ့ပြီးအမျိုးသမီးတစ်ဦး၏ လက်မောင်း၌လည်း ကျည်ထိကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
​ကေအိုင်​အေ တပ်ရင်း ၂၅အား စစ်​ကောင်စီ လက်နက်ကိုင်များက ​လေယာဥ်ဖြင့် ပစ်ခတ်ပြီး တိုက်ခိုက်​နေ​သည်မှာ ယ​နေ့ဆိုရင် ၆ရက် ရှိပြီဖြစ်သည်။
ငြိမ်းချမ်း​ရေးတိုးမြင့်ရန် ​မေလ တစ်လလုံး အပစ်အခတ်ရပ်စဲထားမည်ဖြစ်​ကြောင်း ဗိုလ်မှူးကြီး ​ဇော်မင်းထွန်းက ဧပြီ ၂၉ ရက်​နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
https://www.facebook.com/kachinwavesnews/posts/4279398338739912?__cft__[0]=AZWxBM1hi9eJSuP6v9-tuwUrPHFizXFQpQ87vRxmnzHThAS5LP62ahMzWdyWfeGVlnnl57oD2mmmY3_pCjXsGOdFqaRuAXb_pjjvXbUIXC-jOC-Rf2jZRPe0ACvS6GMEyUiYKnCrFhOM9QzQ9deNzmlt&__tn__=%2CO%2CP-R

No comments:

Post a Comment