Wednesday, March 31, 2021

မ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးရှိ EPC ရုံးဝင်းအတွင်း ယမန်နေ့ (ဧပြီ ၁)ရက် ည ၈နာရီတွင် လက်နက်ကြီး(၂)လုံး ကျကာ ဝန်ထမ်းတန်းလျား ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

 သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးရှိ EPC ရုံးဝင်းအတွင်း ယမန်နေ့ (ဧပြီ ၁)ရက် ည ၈နာရီတွင် လက်နက်ကြီး(၂)လုံး ကျကာ ဝန်ထမ်းတန်းလျား ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ယမန်နေ့ (ဧပြီလ ၁)ရက်တွင် နမ္မတူမြို့နယ် မန်စံကျေးရွာတွင် လက်နက်ကြီး ၂လုံးကျကာ တလုံးသည် EPC ဝန်ထမ်းတန်းလျား တွင်ကျပြီး၊ တလုံးသည် လမ်းမပေါ် ကျကြောင်း မန်စံ ဒေသခံများ ပြောပြချက် အရသိရသည်။

“ EPC ဝန်ထမ်းလျားပေါ်တလုံးကျတယ်။ အိမ်တွေတော့ထိတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ အဲ့ဝန်းထမ်းလျာမှာ မြန်မာစစ်တပ်က စခန်းချနေတယ်။ ဒီနေ့ မနက်မှ ပြန်ထွက်သွားတယ်” ဟု မန်စံဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှ မန်စံမြို့ အနီးတဝှိက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများလည်း လွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

“ မန်စံ အနီးတဝှိက်မှာတော့ တပ်ပေါင်းစုတွေဖြစ်တဲ့ SSPP/SSA၊ TNLA နဲ့ RCSS/SSAတို့ တိုက်ပွဲဖြစ်နေတယ်။ စစ်ရေးက တင်းမာနေတာပဲ။ ကြောက်နေရတယ်။ စစ်ရှောင်တွေကလည်း များလာတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ တဦးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ရှောင် တထောင်နီးပါး ရှိကာ လက်ရှိတွင် စားနိပ်ရိက္ခာခက်ခဲနေကြောင်းလည်း စစ်ရှောင်ကူညီပေးသူများက ပြောသည်။

“ စားဖို့ ဆန်၊ဆီ၊ဆားတွေ ကစ အရမ်းလိုအပ်နေတယ်။ ဒီကာလက ကူညီဖို့တော်တော်ခက်တယ်။ ဖုန်းတခုပဲ ဆက်သွယ်ရတော့ အခက်ကြုံတယ်။ အလှူရှင်တွေကလည်း မရှိဘူး။ ကျေးရွာ ပြည်သူတွေ တပိုင်တနိုင်ပဲ ကူညီနေရတယ်” ဟု စစ်ရှောင်ကူညီသူ တဦးက ဆိုသည်။

စစ်ရှောင်အများစုသည် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့်ကလေးငယ်များ ဖြစ်နေကြောင်းလည်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မတ် (၂၈)တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာ အနီးရှိ လက်နက်ကြီး ကျသဖြင့် နေအိမ် (၅)လုံးမီးလောင် ပျက်စီခဲ့သည်။

ထို့ပြင် ယခုနှစ်အတွင်း တိုင်းရင်းသားအချင်းချင်းကြောင့် အရပ်သားကျည်ထိမှန်သေဆုံးမှု ၅ဦးထက် မနည်းရှိခဲ့ကြောင်း သိရသည်။

https://burmese.shannews.org/archives/21508

အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ပလက်ဝဒေသခံနှစ်ဦး တရားသေလွတ်မြောက်

 အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ပလက်ဝဒေသခံနှစ်ဦး တရားသေလွတ်မြောက်

 DMG Apr 1, 2021 ပလက်ဝ



DMG ၊ ဧၿပီ ၁


ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ (ခ)တို့နှင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့မှ မောင်စိုးကျော်လင်း ၁၇ နှစ်နှင့် ကိုထွန်းလင်းကျော် ၂၉ နှစ်တို့ နှစ်ဦးမှာ ယနေ့(ဧပြီလ ၁ ရက်)နေ့တွင် လွတ်မြောက်လာကြောင်း မိသားစုထံမှသိရသည်။


အမှုတွင် တပ်မတော်မှ ဗိုလ်ကြီးသက်နိုင်ဦးက တရားလိုဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ၆ လကြာ တရားရင်ဆိုင်ခဲ့ရကာ (၁၉)ကြိမ်မြောက်ရုံးချိန်းတွင် ပြန်လွတ်လာခြင်းဖြစ်သည်။


၎င်းတို့နှစ်ဦးကိုစွဲဆိုထားသည့်အမှုတွင် ပြစ်မှုမထင်ရှားသည့်အတွက် ပလက်ဝမြို့နယ်တရားရုံးမှ တရားသေ လွှတ်လိုက်ခြင်းဖြစ်ဟု မောင်စိုးကျော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးကပြောသည်။


“အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သက်သေခံပစ္စည်းတွေ၊ သက်သေတွေဘာမှမရှိတဲ့အတွက် တရားရုံးက တရားသေလွှတ်ပေးလိုက်တာပါ။ ကျမသားတို့က ဘာအပြစ်မှမရှိဘဲ အလုပ်သွားလုပ်ရင်း အဖမ်းခံခဲ့ရတာ ဆိုတော့ အခုလိုပြန်လွတ်လာတာကို အရမ်းဝမ်းသာပါတယ်’’ ဟု ၎င်းကဆိုသည်။


မောင်စိုးလင်းကျော်နှင့် ကိုထွန်းလင်းဇော်တို့မှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ရက်နေ့က ပလက်ဝမြို့မှ စိမ်းစင်းကျေးရွာသို့ အလုပ်လုပ်ရန် ဆိုင်ကယ်ဖြင့်သွားစဉ် လောင်ကဒူးကျေးရွာအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။


ဖမ်းဆီးခံထားရသူများ၏မိသားစုဝင်များကို ကူညီဆောင်ရွက်ပေးနေသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က “ပလက်ဝမှာ တစ်ခြားအကြမ်းဖက်အမှုတွေကျတော့ ရုံးထုတ်ပြီးသိပ်မကြာခင် အမိန့်ချခဲ့ တာတွေရှိတယ်။ ဒီနှစ်ယောက်ကျတော့ အသက်မပြည့်တဲ့အတွက် အမှုကကြန့်ကြာပြီး အခုမှပဲလွတ်လာတာ” ဟု ပြောသည်။


ပလက်ဝမြို့နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူမှာ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၈ ဦးအထိရှိကြောင်းလည်း ၎င်းကဆိုသည်။


ရခိုင်ပြည်နယ်တွင်လည်း (၂)နှစ်တာကာလအတွင်းမှာ AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရ ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူအပြုအဖွဲ့၏ စာရင်းအရသိရသည်။


ယင်းတို့ထဲတွင် တရားရုံးမှပြန်လည်လွတ်မြောက်သွားသူများမှာ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်မှ ၅ ဦး၊ စုစုပေါင်း ၇၈ ဦးရှိခဲ့ကြောင်း သိရသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/free-2-boys-plw.html

၂၀၀၈ ဖွဲ့စည်းပုံ CRPH ဖျက်သိမ်းကြောင်း ကြေညာ

 ၂၀၀၈ ဖွဲ့စည်းပုံ CRPH ဖျက်သိမ်းကြောင်း ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော် မတီ CRPH က ထုတ်ပြန် ပြောဆိုလိုက်သည်။

CRPH က “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်” ဟု ပြောသည်။

မတ်လ ၃၁ ရက်နေ့ည က ထုတ်ပြန်ထားသည့် CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် သည် စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေရန် ရည်ရွယ်ရေးသားထား ရုံမျှမက ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု ပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်သည် ဟု ဆို သည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံသပဒေ ၂၀၀၈ ခုနှစ် ပါ ပြဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော် အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤဖွဲ့ စည်းပုံ ဥပဒေသည် ပျက်ပြယ်ခဲ့ပြီးဖြစ်သည်ဟု CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းရန်နှင့် ပြည်သူ့အစိုးရ ပေါ်ပေါက်ရန် CRPH က ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကိုလည်း ရေးဆွဲထားပြီဟု ဆိုသည်။

CRPH ၏ ထုတ်ပြန်ချက်အရ “အာဏာရှင်စနစ် ပပျောက်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပြီး သတ်ဖျက်သိမ်းရေး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပြည်သူ့အစိုးရပေါ်ထွန်းရေး ရည် ရွယ်ချက်များဖြင့် ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် အတည်ပြု ပြဌာန်းခဲ့ သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်သည်လည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်” ဟု ဆိုသည်။

ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန်၊ တိုင်း ရင်းသားပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေးနှင့် ကိုယ် ပိုင် ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် ရည်ရွယ်သည်ဟု CRPH က ဆိုသည်။

ထို့အပြင် ပြည်ထောင်စု၏ လူမျိုးများအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရား မျှ တခြင်းတို့ကို အခြေခံကာ အပြန်အလှန်အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှု တို့ ဖြင့် ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်လျက် ဤ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter ) ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မ တီ CRPH က ပြောသည်။

အဆိုပါ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ဖက်ဒရယ်ပြည်ထောင်စု ကြေညာစာတမ်းကို မတ်လ ၃၁ ရက်နေ့ ညက CRPH က ထုတ်ပြန်ခဲ့ပြီး ထိုစာတမ်းထဲတွင် စာမျက်နှာ ၂၀ ပါရှိသည်ဟု သိရသည်။

ထိုအနေအထားများကြောင့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အပြီး သတ် ဖျက်သိမ်းကြောင်း CRPH က ထုတ်ပြန်ကြေညာရခြင်းဖြစ်သည်ဟု ဆိုသော်လည်း နိုင်ငံတော် အာဏာကို လက်တွေ့တွင် တပ်မတော်က ဦးဆောင်သော နိုင်ငံတော် စီမံ အုပ်ချုပ်မှု ကောင်စီမှ ထိန်းချုပ်ထားလျက်ရှိသည်။

http://www.nmg-news.com/2021/04/01/13412

ယုဇန ကုမ္ပဏီ ခြံဝင်းကို KIA တိုက်ခိုက်

 ယုဇန ကုမ္ပဏီ ခြံဝင်းကို KIA တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ယုဇနခြံဝင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

KIA နှင့် အာဏာ သိမ်း စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ဘန်ကောက်ကျေးရွာရှိ ယုဇန ကုမ္ပဏီခြံဝင်း အတွင်းထဲရှိ အဆောက်အဦ တစ်ချို့လည်း မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၁ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်က ဘန်ကောက်ကျေးရွာထဲရှိ ယုဇနကုမ္ပဏီခြံဝင်း ကို KIA က ဝင် ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦး များ ကပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦး က “ဒီနေ့ မနက်လို့ ပြောရမှာပေါ့နော် မနက် ၂ နာရီလောက်က ဖြစ်သွား တာပါ။ ဒီမနက်ပိုင်း ၂ နာရီလောက်မှာ ယုဇနကုမ္ပဏီရဲ့ စက်ယန္တယားထားတဲ့ စက်တဲနှစ်တဲ မီးလောင်သွား တယ်လို့ ကြားရတယ်။ စက်တဲတွေက အကြီးကြီးတွေပဲ။ ရွာသားတွေ ပြောတာတော့ အဲ့မှာ စစ်တပ်က လည်း ရောက်နေတယ်တဲ့။ အဲ့ဒါကို ဝင်တိုက်တယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

“ကုမ္ပဏီရဲ့ စက်ယန္တယားထားတဲ့နေရာဆိုတော့ အဲဒီတဲထဲက စက်တွေ၊ ကားတွေ၊ ဘိုဒိုဇာတွေ နောက်ပြီး လမ်းကြိတ်တဲ့စက်တွေလည်းပါသွားတယ်လို့ ပြောတယ်။ မနက် ၂ နာရီလောက်ကနေ မီးလောင်သွားတာ ဒီနေ့ မနက်မိုးလင်းတဲ့အထိ မီးလောင်နေတာ ဒီကုမ္ပဏီဝင်းထဲမှာက။ ပြည်သူတွေ ထိခိုက်တာတော့ မရှိ ဘူး။”

ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီခြံဝင်းကို KIA တပ်ရင်း ၁၄ က မီးရှို့ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံ များက ပြောသည်။

ယခုမီးရှို့ခံခဲ့ရသည့် ယုဇနကုမ္ပဏီသည် ၂၀၀၆ ခုနှစ် မှ စတင်၍ ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်း အတွက်ဟု ဆိုကာ ဒေသခံပြည်သူများ၏ မြေယာဧက ၃ သိန်းထက်မနည်း သိမ်းယူခဲ့သည့်အတွက် မကြာခနဆိုသလို ဒေသခံပြည်သူများနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ထို့အပြင် ယနေ့နံနက်ပိုင်း က ဖားကန့်မြို့နယ်အတွင်းရှိ ဒွမ်ဘုံခကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဒွမ်ဘုံခကျေးရွာအနီးတွင် KIA တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၁၁ နှင့် အာဏာသိမ်းစစ်ကောင်စီတို့ အကြားက တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦး က ယခုကဲ့သို့ ပြောသည်။

“တိုက်ပွဲက ဒီနေ့ မနက် ၉ နာရီနဲ့ ၁၀ နာရီကြားမှာ ဒွမ်ဘုံအလွန်ပေါ့၊ နမ္မတီးနဲ့ ဒွမ်ဘုံလမ်းကြားပေါ့ ဖားကန့်မြို့နယ်၊ ဒွမ်ဘုံးကျေးရွာအလွန်မှာ တိုက်ပွဲတစ်နာရီကြာလောက်ဖြစ်တယ်လို့ ကြားရတယ်။ တနိုင်း ဒကစ တပ်ရင်း ၃၁၈ နဲ့ ဖြစ်တယ်လို့တော့ ယူဆလို့ရတယ်။ KIA တပ်ကတော့ ဘယ်တပ်က ဆိုတာ မသိနိုင် သေးဘူး။ ထိခိုက်ကျဆုံးကျတော့ ကျနော်တို့က ဒေသခံဆိုတော့ ဘာမှ မသိရဘူး ဘာမှ မကြားရ ဘူး။”

နှစ်ဖက်ကြား တစ်နာရီနီးပါးခန့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က ကျေး ရွာအနီးတဝှိုက်လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်နေကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်တပ်တို့အကြား မတ်လ ၁၁ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

http://www.nmg-news.com/2021/04/01/13415

ဖွဲ့စည်းပုံ ဖျက်သိမ်းရန်ကြိုးပမ်းပြီး အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီအတွက် ပဋိဉာဉ်စာတမ်း ထုတ်ပြန်

 ဖွဲ့စည်းပုံ ဖျက်သိမ်းရန်ကြိုးပမ်းပြီး အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီအတွက် ပဋိဉာဉ်စာတမ်း ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်။

မတ်လ ၃၁ ရက်နေ့ညက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းလိုက်သည်ဟု ကြေညာသကဲ့သို့ တစ်ဖက်မှာလည်း အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူ့ အစိုးရပေါ်ထွန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာ တမ်း ကို ထုတ်ပြန်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာချက်ကို တော်တော်များများက ကြိုဆို ခဲ့ ကြပေမယ့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း အပေါ်မှာတော့ လိုအပ်ချက်များရှိနေသည်ဟု နိုင်ငံရေး လေ့လားသုံးသပ်သူများနှင့် ဥပဒေပညာရှင်အချို့က ဝေဖန်ထောက် ပြ ပြောဆိုနေကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းလိုက်သည့်အတွက် ရှေ့ဆက်နိုင်ငံတော် တည်ဆောက်ရေးမှာ ဘယ်လို အကျိုး ဆက်တွေ ဖြစ်လာနိုင်သလဲ၊ CRPH က ထုတ်ပြန်လိုက်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ဖက်ဒရယ်ဒီ မိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်းမှာရော ဘာလိုအပ်ချက်တွေ ရှိနေပါသလဲ စသည့် အကြောင်း အရာ များကို ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်ကို ဆက်သွယ် မေးမြန်းထားရာမှာ သူက အခုလို သုံးသပ်သည်။

နိုင်ဗညားမွန် – မနေ့ကနေပြီးတော့ CRPH က နေပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တဲ့အပေါ်မှာကျတော့ ကျနော်ဖက်ဒရယ် အရေး လုပ်လှုပ်ရှားသူ တစ်ယောက်အနေနဲ့ပေါ့နော် ဒီနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ယောက်အနေနဲ့ပဲ ပြောပြောပေါ့ ဒါကိုတော့ ကျနော်တို့ ကြိုဆိုရမယ့် ကိစ္စလို့ ကျနော်တို့ ကြိုဆိုရမှာပဲလေ ကျနော်တို့ အဲလိုပဲ ပြောချင်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကျနော် တို့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု လမ်းကြောင်းက ဘယ်လိုမှ ရောက်ရှိနိုင်တဲ့ လမ်း ကြောင်းမဟုတ်ပါဘူး။ ဒါကြောင့် မရောက်ရှိအပြင် အဟန့်အတားလည်း ဖြစ်စေတဲ့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်တယ်ပေါ့။ ဒါကြောင့် CRPH အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြောညာလိုက် တဲ့အပေါ်မှာကျတော့ ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။

မေး – နောက်တစ်ချက်က မနေ့က တစ်ရက်တည်းမှာပဲပေါ့နော် CRPH က ဖက်ဒရယ် ဒီမိုကရေစီနဲ့ ပတ်သက်ပြီး တော့ ကြေညာစာတမ်းတစ်စောင် ထုတ်ထားတာကိုတွေ့ရတယ်။ အဲဒီအပေါ်မှာကော ဆရာ တို့အနေနဲ့ ဘယ်လိုသဘောထားရှိသလဲ။

နိုင်ဗညားမွန် – မနေ့က ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ပေါ့နော။ ဖက်ဒရယ် ဒီမိုကရေစီ ကြေညာစာတမ်း ထုတ် တဲ့အပေါ်မှာကျတော့ ယေဘုယျအားဖြင့်တော့ ဒါက ကျနော်တို့ ကြိုဆိုရမယ်လို့ ပထမအချက်အနေနဲ့ ပြောချင် တယ်။ ဒီဖက်ဒရယ် ပဋိညာဉ် ကြေညာစာတမ်းမှာ သူက အပိုင်း ၂ ပိုင်းရှိတယ်။ ပထမအပိုင်းကတော့ ကျနော်တို့ ဒီ အနာဂတ် ဖက်ဒရယ် တည်ဆောက်ရေးနဲ့ သက်ဆိုင်တဲ့ အခြေခံမူနဲ့ ဒုတိယ အပိုင်းမှာကျတော့ ကြားကာလ ဆိုင်ရာ အကောင်အထည်ဖော်ရေး ကိစ္စပေါ့။ ဒီကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အစီအမံများအပိုင်း ဖြစ်ပါတယ်။ ဒီအပိုင်းကိုကျတော့ ကျနော်တို့ တစ်အချက်အပေါ့လေ ယေဘုယျအနေနဲ့ ကျနော်တို့ ကြိုဆိုပါ တယ်။ အထူးသဖြင့် ဒီဖက်ဒရယ် ပထမအပိုင်းမှာ သူတို့ဦးတည်ချက် ရည်ရွယ်ချက်မှာပါတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရည်ရွယ် ချက်နဲ့ သူတို့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဒီ ရည်ရွယ်ချက်အပေါ်မှာကျတော့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လို လားချက်နဲ့ ထပ်တူထပ်မျှဖြစ်တယ်လို့ မြင်ပါတယ်။

မေး – နောက်တစ်ချက်ကရော ဆရာ…

နိုင်ဗညားမွန် – နောက်ပြီးတော့ နောက် ၂ ချက်က ဖက်ဒရယ် ပြည်ထောင်စုရဲ့ အခြေခံမူထဲမှာကျတော့ ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူထဲမှာ အဓိက အချက်ဖြစ်တဲ့ ဒီ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များနဲ့ ပြည်နယ်များရှိ ပြည်သူတို့ရဲ့ အချုပ်အခြာအာဏာက မူလပိုင်ရှင် ဖြစ် တယ် ဆိုတာ အတိအကျဖော်ပြထားတဲ့အပေါ်မှာ ဒါက ဖက်ဒရယ်ပြည်ထောင်စု အချုပ်အခြာအာဏာက ပြည် နယ်သူပြည်နယ်သားမှာ လက်ထဲမှာ ရှိတယ်ဆိုတာ ဖော်ညွှန်းတာဖြစ်တယ်။ ဒါက ဒီဖက်ဒရယ် စစ်မှန်တဲ့ ဖက်ဒ ရယ် ပြည်ထောင်စုရဲ့ အခြေခံအချက်လို့ ကျနော်တို့ မြင်ပါတယ်။ နောက်တစ်ခုက အခြေခံမူထဲမှာပါတဲ့ သုံးထား တဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံ Principal ဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါကြောင့် ကျနော်တို့ ဝမ်းသာတယ်။ ကြိုဆိုတယ်လို့ ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။

မေး – ဒီကြေညာစာတမ်းကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်နှင့် ဒီမိုကရေစီပြည်ထောင်စု၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူအခွင့်အရေး၊ အဲဒါတွေက တကယ်ပဲ ရနိုင်သလား။ ဆရာတို့ အနေနဲ့ ဘယ်လိုမြင်သလဲ။

နိုင်ဗညားမွန် – အခုကြေညာစာတမ်းက ကျနော်နားလည်မှုအရ ပြောရရင်တော့ ကျနော်တို့ အားလုံးရဲ့ အခြေခံ သဘောတူညီချက်ပေါ့၊ အခြေခံမူလို့ ပြောလို့ရတယ်ပေါ့နော်။ ဒီအခြေခံမူအပေါ်မှာ မူတည်ပြီးတော့ ဒီအခြေခံ သဘောတူညီချက်မှာ အခြေခံပြီးတော့ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါသေး တယ်။ ဆိုတော့ တစ်အချက်က ကြေညာလိုက်တဲ့ ပဋိညာဉ်စာတမ်းပေါ်မှာ အခြေခံပြီးတော့
၂၀၀၈ အခြေခံဥပ ဒေကို ဖျက်သိမ်းလိုက်တဲ့အခါမျာကျတော့ ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ အခြေခံဥပဒေကို ကျနော်တို့ ဆက် လက်ပြီးတော့ ရေးဆွဲပြဌာန်းရအုံးမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ယနေ့ကာလမှာ ဒီဖက်ဒရယ် ပြည် ထောင်စုကို သွားနိုင်ဖို့အတွက်ပေါ့ ယနေ့ကာလမှာ ကျတော့ ဒီ ယနေ့သွားနေတဲ့ လူထု တိုက်ပွဲ လူထု တော်လှန် ရေးကိုလည်း အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတဲ့အပိုင်းတွေလည်း အများကြီး မူတည်လိမ့် မယ် ထင်ပါတယ်။ ဒါကြောင့် ဒီ ၂ ချက်ကို ကျနော်တို့က ဆက်လက်လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့ ကျနော်မြင်ပါ တယ်။

မေး – ဒီကြေညာစာတမ်းထွက်လာပြီးတဲ့နောက် ဝေဖန်သုံးသပ်မှုတွေ တစ်ချို့ဆိုရင် NLD အစိုးရပေါ့နော် ဒီ CRPH ကို အသေးစားအာဏာရှင်ဆန်သွားမယ့် ပုံစံမျိုး စိုးရိမ်မှု တွေရှိတယ်။ ဆရာတို့အနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုမြင် ပါ သလဲ။

နိုင်ဗညားမွန် – အထူးသဖြင့် သူတို့ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ကြေညာစာတမ်း အပိုင်း ၂ မှာ ဖြစ်တဲ့ ကြားကာလ ဖွဲ့စည်း ပုံဆိုင်ရာ အစီအမံထဲမှာကျတော့ အချို့ အချက်တွေက မရှင်းတဲ့ အချက်တွေ ရှိနေသလိုလိုလို့ ကျနော်တို့ အဲလိုပဲ ခံစားမိပါတယ်။ အဲတော့ အထူးသဖြင့် ဒီဝန်ကြီးဌာန ဖွဲ့စည်းပုံတို့ နောက်ပြီးတော့ အစိုးရဖွဲ့စည်းပုံက လက်ရှိဖြစ်ပေါ်နေတဲ့ ဒီ ၂၀၀၈ ရဲ့ ဒီ Concept အောက်မှာ ဖြစ်နေသလား ဆိုတဲ့ သုံးသပ်မှုတွေလည်း ကျနော်တို့ အဲသလိုပဲ ကျနော်တို့ မြင်မိပါတယ်။ အဲတော့ ကျနော်မြင်တာက ဒီ Time Pressure ကြောင့် အချို့ အချက်တွေ က မရှင်းတဲ့ အချက်တွေ ပါနိုင်တာ ဖြစ်သလို အချို့ မပြည်စုံတဲ့ အချက်ပါနိုင်တယ်လို့လည်း နားလည် ချင်ပါ တယ်။ ဒါပေမယ့် ကျနော်ဆိုလိုတာ ဘယ်လိုပဲ ပြောပြော ဒီကောင်က အခြေခံရဲ့ အခြေခံ Agreement လို့ ကျ နော်ယူဆတဲ့အပေါ်မှာကျတော့ အချို့အချက်တွေမှာ ကျတော့ CRPH အနေနဲ့ အပေးအယူ အလျှော့အတင်း လုပ် နိုင်လိမ့်လို့ ယူဆပါတယ်။ ဒါကိုကျတော့ အသေ ဆုပ်ကိုင်ထားတာ မဟုတ်ဘူးလို့ အဲသလိုပဲ ကျနော်နားလည် မိ ပါတယ်။

မေး – ဆရာအနေနဲ့ တခြားရော ဘာများ ဖြည်စွတ်ပြောစရာများရှိသေးလဲ၊

နိုင်ဗညားမွန် – တစ်အချက်ကတော့ ဒီလုပ်ငန်း သဘောအရ ၂၀၀၈ ဖျက်သိမ်းကိုကျတော့ ဒီမှန်ကန်တဲ့ လုပ်ရပ် လို့ ကျနော် ဆိုချင်ပါတယ်။ ကြိုဆိုရမယ့် လုပ်ရပ်လို့ ကျနော် ဆိုချင်ပါတယ်။ နှစ်အချက်က ဒီ ပဋိညာဉ် စာ တမ်းက ကြိုဆိုရတဲ့ လုပ်ငန်းဆိုပေမယ့်လည်း တကယ်တမ်းကျတော့ အချို့အချက်အလက် တွေကျတော့ ကျန် ကောင်း ကျန်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့။ အထူးသဖြင့် ကြားကာလ ဖွဲ့စည်းပုံ ဆိုင်ရာ အစီအမံထဲမှာ ကျတော့ အချို့ပြောစရာ အချက်တွေတော့ နည်းနည်းရှိနေပါသေးတယ်။ ဒီအပေါ်မှာ ကျတော့ CRPH အနေနဲ့ ဆိုင်ရာ အင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အားလုံးပါဝင်နိုင်တဲ့ အနေအထားကို အားလုံး စုပေါင်းလက် ခံနိုင်တဲ့ အနေအထားမျိုးဖြစ်အောင်တော့ တချို့ဟာကျတော့ ပြင်ဖို့လိုလိမ့်မယ်လို့ ကျနော်အဲသလိုပဲ ပြောချင် ပါတယ် ခင်ဗျာ။

http://www.nmg-news.com/2021/04/01/13418

ကချင် သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲလိုက်ပြီ

 ကချင် သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲလိုက်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်။ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်နှစ်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲလိုက်ပြီဟု သိရသည်။

မြစ်ကြီးနားအခြေဆိုက် The 74 Media သတင်းဌာနမှ အမျိုးသမီးသတင်းထောက် မချန်းဘူနှင့် Kachin Waves သတင်းဌာနမှ အမျိုးသားသတင်းထောက် ကိုလရော် တို့ ဧပြီလ ၁ ရက်နေ့ (ယနေ့) တွင် နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

The 74 Media သတင်းဌာန မှ တာဝန်ရှိသူတစ်ဦးက “၅၀၅ (က) နဲ့ တရားစွဲလိုက်တာ ဟုတ်ပါတယ်။ လော လောဆယ်က သူတို့ကို အမှတ် ၁ ရဲစခန်းမှာ ချုပ်ထားတယ်။ မနက်ဖြန်ကိုက ထောင်ကြီးကို  ပို့မယ်ဆိုတာမျိုး အဲ့ လောက်ပဲ သိသေးတယ်။ နောက်ဆုံးအခြေအနေက တရားစွဲဆိုခံထားရတယ်ဆိုတာမျိုးပဲ သိထားသေး တယ်” ဟု ပြောသည်။ 

မတ်လ ၂၉ ရက်နေ့ က မြစ်ကြီးနားမြို့ ၊ ရမ်ပူရပ်ကွက်မှ သပိတ်စစ်ကြောင်းခံတပ် အကြမ်းဖက်ဖြိုခွင်း ခံရပြီး နောက် သတင်းထောက်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။

သတင်းဌာန တာဝန်ရှိသူများက သူတို့နှစ်ဦး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ပြောသည်။ 

“သူတို့ က အခုလို ပုဒ်မတပ်ပြီး တရားစွဲလိုက်ပြီဆို တော့ ကိုယ့်ဘက်က လုပ်နိုင်တာက တရားရင်ဆိုင်ဖို့ ရှေ့ နေ ငှားရမယ်။ အခုလောလောဆယ် တဖက်က ပုဒ်မတပ်ပြီးဆိုတော့ တရားရင်ဆိုင်သွားဖို့ပဲ ရှိတာပါ။”

The 74 Media သတင်းဌာနမှ အမျိုးသမီးသတင်းထောက် မချန်းဘူနှင့် Kachin Waves သတင်းဌာနမှ အမျိုးသား သတင်းထောက် ကိုလရော် တို့ကို ဧပြီလ ၂ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းမှ မြစ်ကြီးနားထောင်သို့ ပို့ဆောင် မည်ဟုလည်း သိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်စီရင်ခံရလျှင် အမြင့်ဆုံး ထောင် ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်း ကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပေးထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း The 74 Media ၏ အယ်ဒီတာချုပ် ကိုထွယ် အောင်နှင့် ကင်မရာမန်း ကိုနောင်ဆိုင်း၊ Mizzima သတင်းဌာနက ကိုဆိုင်းလတ်အောင်နှင့် ထာဝရငြိမ်းချမ်းရေး ကွန် ယက် (EPN) က ကိုရန်ကောင်းနှင့် ကိုဝေယံတို့ အဖမ်းခံခဲ့ရပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း The 74 Media သတင်းဌာနက ကိုပေါင်လန်းတောင် တို့ ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ ဖမ်းခံရမှုများတွင် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG ၏ ညှိ နှိုင်းဆောင်ရွက်ပေးမှုကြောင့် ပြန်လွှတ် လာခဲ့ကြသော်လည်း  ယခုအကြိမ်တွင် ပြန်လွတ်လာခြင်းမရှိပဲ တရားစွဲဆိုခံရခြင်း ဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ဖမ်းဆီးခံရသည့် သတင်း ထောက် ၅၆ ယောက် ရှိပြီဖြစ်သည်ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် စာရင်းများ အရ သိရသည်။

ထို့အပြင် လိုင်စင်ပိတ်သိမ်းခံရသည့် သတင်းဌာန ၅ ခုရှိပြီး တရားစွဲခံထားရသည့် သတင်းဌာန တစ်ခုရှိသည်။

http://www.nmg-news.com/2021/04/01/13421

လေကြောင်း တိုက်ခိုက်မှု လူနာများ ထိုင်းဘက်ခြမ်းတွင် ဆေးကုသမှု ခံယူ

 လေကြောင်း တိုက်ခိုက်မှု လူနာများ ထိုင်းဘက်ခြမ်းတွင် ဆေးကုသမှု ခံယူ


သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်။


ကရင်အမျိုးသားအစည်းအရုံး KNU ကို အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က လေယာဉ်များအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ရွာသား ၇ ဦး အရေးပေါ်ဆေးကုသနိုင်းရေး ထိုင်းနိုင်ငံဘက်အခြမ်းသို့ ရောက်ရှိလာ သည်။


တပ်မဟာ (၅) နယ်မြေဖြစ်သည့် မူတြော်(ဖာပွန်) အတွင်းရှိ ဒေပူနိုကျေးရွာမှ ဒေသခံ ရွာသား ၇ ဦးကို ယနေ့ မွန်း လွဲပိုင်းက ထိုင်း-မြန်မာနယ်စပ် သောလယ်ထာ့(မဲ့စလန်း) ကျေးရွာသို့ ပို့ပြီး ဆေးကုမှု ခံယူရန် ရောက်ရှိလာ သည်ဟု The Reporter ထိုင်းသတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောထား သည်။


ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဆေးကုသရန် ရောက်ရှိလာသည့် ကရင်အမျိုးသားတစ်ဦးက “ရင်ဘတ်တွေနာတယ်။ ပေါင်လည်းနာတယ်။ ဗုံးပေါက်တာ ညမှာပဲ။ ညမှာ ဗုံးတွေ ဆက် တိုက်လာ ကြဲသွားတယ်။ ဘယ်လို ထိသွားမှန်း တောင် မသိဘူးနော်။ တစ်ကိုယ်လုံး လှုပ်လို့လည်း မရတော့ဘူး။ သတိလည်း မရတော့ဘူး။ ခြေထောက်မှာ လည်း ထိတယ်။ နားကလည်း အခုထိ အူနေတယ် ဘာမှ သိပ်မကြားရဘူး။ ကျနော်တို့ နှစ်ယောက်လုံး မိုင်းအတူ တူထိတာပါ။ ဗုံးကြဲတဲ့အချိန် ကျနော်ရောက်နေတဲ့နေရာ နည်းနည်းနိမ့်တယ်။ ဗုံးကျတာ အရှိန်အရမ်းပြင်း တယ်။ ဗုံးကျပြီးနောက် ဘာမှ မသိတော့ဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာပါ” ဟု ကရင် ဘာသာဖြင့် ထိုင်းသတင်း ထောက်အား ပြောပြထားသည်။


စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဒေသခံရွာသား အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦးတို့အား ထိုင်းဘက်ခြမ်းသို့ ဆေးကုသခွင့်ပေးရန် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ယနေ့ နေ့ လည် ၁ နာရီခန့်တွင် ဆေးကုသခွင့်ရခဲ့ခြင်း ဖြစ်သည်။


ဒဏ်ရာရရှိသူများမှာ ICRC ရောက်ရှိလာပြီးနောက် ထိုင်းဖက်ခြမ်းက ဆေးရုံတွင် ဆေးကုသမှုခံယူ ခွင့်ရ ခဲ့ပြီး ဆေးကုသခံခွင့်ရသည့် လူနာ ၇ ဦးတွင် ၃ ဦးမှာ အရေးအပေါ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟု ကရင် အမျိုးသမီးအစည်းအရုံးက အထွေထွေအတွင်းရေးမှူး နော်ကညောဖော က ပြောသည်။


အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က မတ်လ ၂၇ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ KNU တပ်မဟာ ၅၊ တပ် မဟာ ၃ ဧရိယာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု KNU ၏ ထုတ်ပြန် ချက်အရသိရသည်။


မတ်လ ၃၀ ရက်နေ့ (ယနေ့) တွင်လည်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာ အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ ၏ လက်နက်ကိုင်တပ်များက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသည့်အတွက် ဒေသခံ ၉ ဦးထိမှန်ကာ ၇ ဦးမှာ ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဒေသခံများက သတင်းနှင့်မီဒီယာကွန်ရက်ကို ပြော သည်။


တပ်မဟာ ၅ နှင့် တပ်မဟာ ၃ ဧရိယာအတွင်း စစ်တပ်၏ လေကြောင်းထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မတ်လ ၂၇၊ ၂၈၊ ၂၉ (၃ ရက်) အတွင်း ဒေသခံရွာသား ၁၀ ဦး သေ၊ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

http://www.nmg-news.com/2021/03/31/13393

 

ကျောက်ကြီးမြို့နယ်၌ တိုက်ပွဲကြောင့် ဒေသခံတိုင်းရင်းသားများ စစ်ဘေးရှောင်ထွက်ပြေးလာ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ကရင်အမျိုးသားအစည်အရုံး ကေအန်ယူ တပ်မဟာ ၃ နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေ  တိုက်ပွဲဆက်လက်ဖြစ်နေလို့ ဒေသခံ တိုင်းရင်းသား  ပြည်သူတွေ စစ်ဘေးရှောင်လာရပါတယ်။ 

ကျောက်ကြီးမြို့နယ် စပ်လဲကျေးရွာအနီး နေ့ရောညပါ တိုက်ပွဲတွေဖြစ်နေလို့ စပ်လဲရွာနဲ့ အနီးအနားမှ ကျေးရွာတွေက ရွာသားတွေ  စစ်ဘေးရှောင်နေကြရတာပါ။

ဒေသခံ ကိုထွန်းထွန်းက  "မတ်လ ၂၇ ရက်နေ့က တပ်ဘက်က ထိုးစစ် စဆင်လာတာ။ တဖက်က ကြိုသိတော့ ပြန်လည်ပစ်ခက်မှုကြောင့် တပ်ဘက်က အနည်းဆုံး အရာရှိ အပါအဝင် အယောက်သုံးဆယ်လောက်ကျတယ်။ ညဘက်ကျတော့ ဆင်မတောင်ကနေ တပ်က အမြောက်တွေနဲ့ထုတော့ ရွာအနီးအနား အိမ်ခြံဝိုင်းထဲအထိ ကျလာတာကြောင့် အနီးစပ်ဆုံး ကျောက်ကြီးမြို့ပေါ်ကို ပြေးလာရတယ်''လို့ ပြောပါတယ်။

ကျောက်ကြီးမြို့ထဲ စစ်ဘေးရှောင်လာသူ ဦးရေ  ၁၅၀ လောက်ရှိပြီး စစ်ရှောင်စခန်းမပြုလုပ်ဘဲ ဆွေမျိုးသားချင်းနဲံ အသိမိတ်ဆွေအိမ်တွေမှာ နေကြရပါတယ်။

စားဝတ်နေရေးအတွက် ပြည်တွင်း ပြည်ပနဲ့ ကျောက်ကြီးမြို့နယ်သူ မြို့နယ်သားတွေက အကူအညီပေးနေတာရှိသလို ဆန်၊ ဆီနဲ့  ငါးပိတို့ကို လိုက်လံ ပေးဝေလှူဒါန်းနေကြပါတယ်။

http://burmese.dvb.no/archives/455437

 

ပူတာအိုခရိုင်၌ ကေအိုင်အေနှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၃ ဦးသေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ   မတ်လ ၃၁ ရက် ဒီကနေ့ မနက်က  ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ယောက် သေဆုံးသွားပါတယ်။ 

ပူတာအိုခရိုင် ဆွမ်ပီယာန်အုပ်စု အင်စီယာန်ရွာအနားမှာ ဒီမနက်  ၉ နာရီခွဲလောက်က ကေအိုင်အေ  တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နဲ့  ဆွမ်ပီယာန်မှာ  အထိုင်တပ်ချထားတဲ့ စစ်ကောင်စီတပ်  ခလရ ၁၃၈ နဲ့ ခလရ ၄၆ ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်သွားတယ်လို့  ပူတာအိုဒေသံ ပြည်သူတစ်ဦးက ပြောပါတယ်။

"ဒီမနက်ပိုင်းမှာ အင်စီယာန်ရွာအထက်နားမှာ တိုက်ပွဲဖြစ်သွားတယ်။ တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က မအလ စစ်သား ၃ ယောက်ကျဆုံးပြီး  လက်နက်​ကြီး တစ်လက်အပါ၀င် လက်နက်ငယ်တွေလည်း  သိမ်းဆည်းရမိတယ်"။

မတ်လ ၃၀ ရက်နေ့ကလည်း လီဒို တနိုင်းလမ်းမပေါ်  ခွန်ဆိုင်ယန်မှာ ကေအိုင်အေတပ်မဟာ တပ်ရင်း ၂၀ နဲ့  စစ်ကောင်စီရဲ့ ခမရ ၈၆ တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ကေအိုင်အေကနေသိရပါတယ်။ 

မနေ့ညနေ ၄ နာရီလောက်မှာတော့ ကေအိုင်အေ တပ်မဟာ ၉ နယ်မြေကို အာဏာသိမ်း စစ်တပ်က ဂျက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ 

http://burmese.dvb.no/archives/455420

 

ကရင်စစ်ပြေးဒုက္ခသည် ၂၀၀၀ ခန့် လက်ခံစောင့်ရှောက်ထားဟု မယ်ဟောင်ဆောင်ခရိုင် ဝန်ပြော

မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက်ကို မယ့်ဆာရင်နဲ့ ခွန်ယွမ်ဒေသတွေထဲမှာ လိုအပ်တဲ့ အမိုးအကာ၊ နေရာထိုင်ခင်းပေးကာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ မယ်ဟောင်ဆောင်ခရိုင်ဝန် စီထိ ချိုင် ဂျင်ဒါလောင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းရေး အခြေအနေတွေ ပိုပြီးတော့ ဆိုးဝါး လာတဲ့အတွက် ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ကတည်းက နယ်စပ်ဖြတ်ပြီး ထိုင်းဘက်ကို ရောက်လာခဲ့ကြတာပါ။ မယ့်ဆာရင်နဲ့ ခွန်ယွမ်ဒေသတွေထဲမှာ ၂၀၀၀ လောက် ရှိတယ်။”

ထိုင်းအစိုးရအနေနဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် အမိုးအကာ နေရာထိုင်ခင်းနဲ့ တခြားလိုအပ်တာတွေကို စီစဉ်ပေးရုံတင်မက မြန်မာဘက်ကို ပြန်လိုသူတွေ ကိုလည်း ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

“တချို့အဖွဲ့တွေကတော့ ခုတရက် နှစ်ရက်အတွင်း နေရပ်ပြန်ကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ နေရပ်မပြန်ချင်သူတွေ လက်ရှိပြန်ဖို့ မဖြစ်နိုင်သူတွေကိုတော့ ထိုင်းအစိုးရရဲ့ ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခရိုင်ထဲမှာ စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်”

မြန်မာနိုင်ငံဘက်က အခြေအနေတွေ ဆိုးဝါးသထက် ပိုမိုဆိုးဝါးလာမယ်ဆိုရင်တော့ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်လာမယ့် ဒုက္ခသည်တွေ ပိုမိုများပြားလာမှာဖြစ်လို့ ခရိုင်ထဲမှာ ဒုက္ခသည်စခန်းတခုတည်ဆောက်ဖို့လည်း စီစဉ်ထားပြီး ဒါကတော့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အရ လုပ်ဆောင်သွားမယ်လို့ စီထိချိုင်က ပြောပါတယ်။

လတ်တလောအချိန်ထိ မြန်မာဘက်က ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၇ ယောက်ဟာ ထိခိုက်ဒဏ်ရာတွေ ရရှိထားပြီး ဆော့ဘ်မိုင်ဆေးရုံမှာ ၅ ယောက်၊  မယ့်ဆာရင်နဲ့ ဆီရိဆန်ဝမ်ဆေးရုံတွေမှာတော့ ၁ ယောက်စီ ဆေးကုသမှုခံယူနေကြတယ်လို့ ဆိုပါတယ်။

“ဆေးကုသမှုတွေ ခံယူပြီးရင်တော့ သူတို့ကို နေရပ်ပြန်ပို့တာမျိုး၊ ဒါမှမဟုတ် ထိုင်းနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေဆီ ဆက်သွားမလား။ ခရိုင်ထဲမှာတော့ မြန်မာဒုက္ခ သည်တွေအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်ပေးနေပါတယ်”

http://burmese.dvb.no/archives/455350

“ရင်ဆိုင်ရန်မှတပါး အခြားမရှိ” ဟု KNU တပ်မဟာ ၅ ပြော

“ရင်ဆိုင်ရန်မှတပါး အခြားမရှိ” ဟု KNU တပ်မဟာ ၅ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်။

တရားမဝင် အာဏာသိမ်းယူထားသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ရင်ဆိုင် တိုက်ခိုက်သွား မည် ဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာမည့် စစ်ဘေးရှောင်များကို နိုင်ငံတကာ အသိုင်းအဝန်း မှ အကူအညီပေးရန် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က မေတ္တာရပ်ခံ တောင်းဆို လိုက်သည်။

ကရင်ပြည်သူများ၏ နယ်မြေများနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကာကွယ်ရန်အတွက် အာဏာသိမ်းစစ် ကောင်စီ တပ်များ၏ ရန်ကို ရင်ဆိုင်ရန်မှ တပါးအခြားမရှိဟု KNU တပ်မဟာ ၅ မူတြော်(ဖာပွန်( ခရိုင်၏ မတ်လ ၃၀ ရက်နေ့ (ယမန်နေ့) ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်အရ “ဤအခြေအနေကြောင့် ကျွန်ုပ်တို့ ပြည်သူလူထုတို့၏ အသက်အိုး အိမ်လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်ရပါ သည်။ ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထု နှင့် ၎င်းတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည် အာဏာကို တရားမဝင်သိမ်းယူထားသော မြန်မာတပ်မတော်၏ ရန်ကို ရင်ဆိုင်ခြင်းမှတပါး ကျွန်ုပ်တို့၌ အခြားရွေးချယ်စရာ လမ်းမရှိတော့ပါ” ဟု ဆိုသည်။

ထို့အပြင် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ကြရမည့် စစ်ဘေးရှောင်များကို ထိုင်းအစိုးရနှင့် နိုင်ငံတကာမှ အကာအကွယ် ပေးရန်နှင့် လူသားချင်းစာနာသည့် အထောက်အပံ့ပေးရန် KNU တပ်မဟာ ၅ က မေတ္တာ ရပ်ခံတောင်းဆိုထားသည်။

၎င်းတို့က “တော်ဝင်ထိုင်းအစိုးရ အပါအဝင် နိုင်ငံတကာအဖွဲ့ အသိုင်းအဝန်းများ အနေဖြင့် မြန်မာတပ်မတော်၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ကိုယ်လွတ်ရုန်းထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထုများကို အကာ ကွယ်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့ပေးရန် အနူးအညွှတ် တောင်းဆိုပါသည်” ဟု KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က ပြောသည်။

တိုင်းပြည်အာဏာကို မတရားသိမ်းယူထားသော မြန်မာတပ်မတော်အား အသိအမှတ်မပြုရန်နှင့် ၎င်းတို့နှင့် လုပ် ဆောင်နေသည့် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးဆက်ဆံမှု အားလုံးကို ရပ်တန့်ရန် နိုင်ငံတကာ အသိုင်း အဝန်းအား KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က တောင်းဆိုထားသည်။

ထို့ပြင် KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်ထဲတွင် လူသားမျိုးနွယ်အားလုံးကို ဆန့်ကျင်သော ပြစ်မှုကို မြောက် စေသည့် ပြည်သူလူထုအပေါ် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာ အသိုင်း အဝိုင်းက ဖက်စစ်မြန်မာတပ်မတော်ကို ဖိအားပေးပါရန် တောင်းဆိုပါသည်ဟု ထည့်သွင်းထားသည်။

လက်ရှိတွင် KNU တပ်မဟာ ၅ နယ်မြေအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် KNU တပ်မဟာ ၅ တပ်ရင်းတပ်ဖွဲ့တို့အကြား မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေသည်။ KNU တပ်မဟာ ၅ နယ်မြေတွင်သာမက တပ်မဟာ ၅ နှင့် နယ်မြေချင်းထိစပ်နေသည့် KNU တပ်မဟာ ၃ နယ်မြေများတွင်ပါ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက လက်နက်ကြီး ပစ်ခတ်မှု များအပြင် လေယာဉ်များနှင့်ပါ လာရောက် ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် ဒေသခံ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် အများအားဖြင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်းများက ဆို သည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များအနက် မယ်နူထရွာ၊ သီးကော်ထရွာ၊ အီးသူထရွာ၊ အူးဝေး ကလိုးရွာ စသည့် ကျေးရွာများမှာ သံလွင်မြစ်ကမ်းနှင့် နီးသည့် ကျေးရွာများ ဖြစ်သည့်အတွက် ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများ က ပြောသည်။

ထို့အပြင် တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ စသည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူ များ သည်လည်း တိုက်ပွဲများကြောင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များကို ထိုင်းအစိုးရနှင့် နိုင်ငံတကာအသိုင်း အဝန်းမှ အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရန် KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က ထိုင်း အစိုးရနှင့် နိုင်ငံတကာ အဝိုင်းအဝန်းအား တောင်းဆိုထားသည်။

http://www.nmg-news.com/2021/03/31/13403

 

ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းကို ကေအိုင်အေ ဝင်တိုက်၊ စခန်းမှူး ၁ ဦး ဒဏ်ရာရပြီး လက်နက်များ ပါသွား

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးနယ်မြေရဲစခန်းကို  ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ က မတ်လ ၃၁ ရက် ဒီနေ့မနက်  ၄ နာရီလောက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စခန်းမှူးဖြစ်သူ ဒဏ်ရာရပြီး စခန်းရှိလက်နက်တွေ ပါသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဝင်ရောက်စီးနင်း ပစ်ခတ်မှုအပြီး လတ်တလောအခြေအနေအရ ရဲစခန်းတခုလုံး အပျက်အစီးတွေ များစွာရှိခဲ့ပြီး ဒေသခံ ကျေးရွာသူရွာသားတွေကတော့ ထိခိုက်မှုမရှိပါဘူး။ 

ကျောက်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက “ မနက် ၄ နာရီထိုးခါနည်းလောက်က စပစ်တာ ကျမတို့လည်း ကြောက်လို့ ပုန်းနေကြတာ။ တော်တော်လေးပစ်တယ် မိနစ် ၂၀ လောက်ပစ်တယ်။ ပစ်ပြီးတော့ အခုမနက်ပိုင်းကျတော့ သိရတာကကျတော့ စခန်းမှူးရဲ့ ပေါင်ထိသွားတယ်လို့ အဲဒါပဲကြားရတယ်”လို့ပြောပါတယ်။   

တခြားဒေသခံတစ်ဦးကလည်း “ မနက် ၃ နာရီခွဲလောက်ကို ဝင်တယ်ပေါ့။ ဝင်တော့ အခု စခန်းမှူးတစ်ယောက် ပေါင်ကို ကျည်ထိသွားတယ်တဲ့။ ရွှေကူ ရောက်သွားပြီတဲ့ လက်နက်တွေ အားလုံးကတော့ သိမ်းသွားတယ်တဲ့။ ပြီးရင်ကားနဲ့ ပြန်ထွက်သွားတယ် စခန်းကိုလည်း ပွစိလန်ခတ်နေတာပဲတဲ့”လို့ ပြောပါတယ်။

အဆိုပါ ကျောက်ကြီးနယ်မြေရဲစခန်းဟာ ကေအိုင်အေ နယ်မြေနဲ့ထိစပ်နေတဲ့ ဧရာဝတီမြစ်တစ်ဘက်ကမ်းက ကျောက်ကြီးကျေးရွာမှာ တည်ရှိတာဖြစ်ပြီး အခုလိုရဲစခန်းကို ကေအိုင်အေက ဝင်ရောက်စီးနင်းတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့သိရပါတယ်။ 

http://burmese.dvb.no/archives/455325

 

ကာမိုင်းမြို့၌ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးငယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ဗျူဟာကုန်းမှာ မတ် ၃၀ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ နှစ်ခန့်အရွယ် အမျိုးသမီးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကာမိုင်းမြို့၏မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ ရှောဝယ်ကျေးရွာမှ အသက်(၂၀နှစ်) အရွယ် မအေးအေးနွယ်ဆိုသူ  အမျိုးသမီးငယ်တစ်ဦးရဲ့ ရင်ညွန့်လက်နက်ကြီးစထိမှန်ခဲ့ပြီး ဒဏ်ရာရတဲ့အတွက် ကာမိုင်းစစ်ဗျူဟာကုန်းမှတဆင့် မြစ်ကြီးနားသို့ သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ကာမိုင်းမြို့ပတ်ဝန်းကျင်အနီးတဝိုက်မှာ  ကေအိုင်အေ ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံ သိရပါတယ်။

http://burmese.dvb.no/archives/455299

 

ဂန့်ဂေါ-ကလေးကားလမ်းတွင် စစ်ကောင်စီတပ်များနှင့် တူမီးသေနတ်ကိုင်ဆောင်ထားသူများ တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေးကားလမ်း၊ တောင်ခင်ရန်းရွာအနီး အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေနဲ့ တူမီးသေနတ်ကိုင်ဆောင်ထားသူတွေ ဒီမနက်က တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပါတယ်။ 

အချိန်အနည်းငယ်အကြာမှာတော့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေပါ သုံးလာတဲ့ အတွက် လက်နက်အင်အားမမျှတာကြောင့် တူမီးသေနတ်ကိုင်ဆောင်ထားသူတွေက ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

ဒါ့အပြင် ဂန့်ဂေါဘက်ကလည်း စစ်ကောင်စီအကြမ်းဖက်တပ်တွေ ကား ၁၁ စီးနဲ့ စစ်ကူပေးဖို့ သွားတာတွေလည်း ရှိနေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ အထိအခိုက်အကျအဆုံးအခြေအနေအသေးစိတ်မသိရသေးပါဘူး။ မနေ့က ညနေပိုင်းက‌လည်း အဲဒီလမ်းပေါ်က အနည်းဆုံး နေရာ နှစ်ခုလောက်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ 

http://burmese.dvb.no/archives/455296

 

အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်ထွက်ပြေးနေရသည့်ကရင်ပြည်သူမျာ

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်က ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေကို မတ်လ ၂၇ ရက်နေ့ကစပြီး ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ကရင်တိုင်းရင်းသားပြည်သူတွေ ထောင်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

Photo Credit- KWO/FBR/FWB/ Salween Peace Park

http://burmese.dvb.no/archives/455256

ဖာပွန်မြို့ထဲအနှံ့ မြန်မာစစ်တပ် ဝင်ရောက်ပစ်ခတ်

 ကရင်ပြည်နယ် ၊ ဖာပွန်မြို့ပေါ်မှာပဲ မြန်မာစစ်တပ်ဘက်က အိမ်တွေထဲကို လိုက်လံပစ်ခတ်တာ ၊ လူနေရပ်ကွက်တွေက တံတားတွေကိုဖျက်ဆီးတာ၊ မီးရှို့တာတွေ လုပ်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ကရင်ပြည်နယ် ၊ ဖာပွန်မှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ(၅)တို့ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ၂ရက်ဆက်တိုက် ဖာပွန်မြို့နယ်ထဲက ကျေးရွာကို မြန်မာစစ်တပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်မူတွေ လုပ်ခဲ့တာပါ။ မတ်လ ၃၀ ရက်နေ့မှာတော့ ဖာပွန်မြို့ပေါ်ကလူနေရပ်ကွက်တွေထဲကို လိုက်လံပစ်ခတ်မူ လုပ်နေတာကြောင့် အိမ်ထဲတွေမှာတောင် မနေရဲတော့ပဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖာပွန်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ဖာပွန်မှာ မနေ့ညကတည်းက သူတို့တွေ လိုက်ပစ်နေကြတယ်။ ပြည်သူလူထုရပ်ကွက်ထဲထိ လိုက်ပစ်နေတယ်။ ဒီနေ့ နေ့လည်လည်း တနေကုန်လိုက်ပစ်တယ်။ အခုချိန် ညဘက်ထိလည်း လိုက်ပစ်နေတယ်။ ခလရ ၁၉ နဲ့ နီးတဲ့ မက္ကာဟဲရပ်ကွက်ထဲမှာဆို အခု မီးတွေလောင်ကုန်လို့ အခုပြည်သူတွေ နေတဲ့နေရာတွေမှာ မီးတွေလောင်နေလို့ တောင်ကုန်းပေါ်တွေထိ လိုက်ပြေးနေရတယ်။ ရပ်ကွက်ထဲက အိမ်တွေ လိုက်မီးရှို့ ၊ တံတားတွေကို လိုက်ဖျက်ဆီးနေကြတယ်၊ ပြည်သူလူထုတွေ အိမ်ပစ် အိုးပစ်နဲ့ ပြေးတယ်ဆိုတာ တောင်စဉ်ရေမရ ဖြစ်သလို ပြေးနေရတယ်။ အဲဒီဘက်မှာက ပြေးဖို့ နေရာမရှိဘူး။ အရှေ့ဘက်မှာလည်း စစ်စခန်းတွေ ၊ အနောက်ဖက်ဆိုလည်း စစ်တပ်တွေ ရှိနေတာ ပြေးဖို့လမ်းပေါက်မရှိဘူး၊ အိမ်ထဲမှာ မနေရဲတော့ဘူး ။ ရပ်ကွက်(၁)ဆိုလည်း နီးစပ်ရာ လူတွေ စုပြီး ပုန်းနေရတယ် ။ အပင်အောက်တွေ၊ ချိုင့်တွေထဲမှာ လိုက်ပုန်းခိုနေရတယ်။”

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာခံရတဲ့ ဖာပွန်ခရိုင်ထဲက ကျေးရွာသား ၁ သောင်းလောက်ကတော့ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်တွေအဖြစ် တောထဲတောင်တွေထဲမှာ လိုက်လံပုန်းအောင်း နေရပါတယ်။

ဖာပွန်မြို့ပေါ်လူထုကတော့ ပြီးခဲ့တဲ့ရက်တွေက ဆန္ဒထုတ်ဖော်မူတွေလုပ်ခဲ့တာတွေ ရှိပြီး တချို့နေရာတွေမှာ ဆန္ဒထုတ်ဖော်တုန်းက KNU က လုံခြုံရေးယူပေးတာတွေရှိခဲ့တာပါ။ အခုလက်ရှိမှာတော့ ဖာပွန်မြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်နေတဲ့ လူထုတွေကိုလည်း မြန်မာစစ်တပ်က လိုက်လံ ပစ်ခတ်နေတာကြောင့် အိမ်တွေမှာလည်း မအိပ်ရဲပဲ ပြေးစရာမြေမရှိ ဖြစ်နေရတယ်လို့ ဖာပွန်မြို့ခံတွေက ပြောဆိုနေကြပါတယ်။

https://burmese.voanews.com/a/myanamr-army-attacked-the-city-in-karen-state-/5834873.html

စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အဆင်သင့်မဖြစ်သေးဟု AA ပြောခွင့်ရသူပြော

 စစ်ဘေးရှောင်များ နေရပ်ပြန်ရေး အဆင်သင့်မဖြစ်သေးဟု AA ပြောခွင့်ရသူပြော

 DMG Mar 31, 2021 စစ်တွေ



DMG ၊ မတ် ၃၁


ရခိုင်ပြည်နယ်တွင်းမှ စစ်ဘေးရှောင်များအနေဖြင့် မိမိတို့၏ကျေးရွာများကို သွားရောက်ပြီး ပြန်လည်နေထိုင်ရေးမှာ အဆင်သင့်မဖြစ်သေးသည့် အနေအထား၌ရှိကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက DMG ကိုပြောသည်။


ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများဖြစ်ပွားမှုမရှိသည်မှာ ၄ လကျော်ကြာမြင့် လာပြီဖြစ်သဖြင့် စစ်ရှောင်တချို့မှာ မိမိတို့နေရပ်သို့ပြန်သွားကြသည်များရှိသော်လည်း စစ်ရှောင် တစ်သိန်းသုံးသောင်းရှစ်ရာကျော်မှာ စခန်းများအတွင်း နေထိုင်လျှက်ရှိကြသေးသည်။


လက်ရှိအချိန်တွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ရပ်ရွာများကို ပြန်ကြမည်ဆိုလျှင် လုံခြုံရေးနှင့်  ပြန်လည်ထူ ထောင်ရေးတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ခိုင်သုခကပြောသည်။


“ လက်ရှိအနေအထားကတော့ ပြည်သူလူထုတွေ သူ့ရပ်ရွာကို ပြန်မယ်ဆိုရင်၊ ကျွန်တော်တို့ တစ်တစ်ချက်တွက်ရမှာက သူတို့ရဲ့ လုံခြုံရေး၊ နောက်တစ်ခုက စစ်ဘေးရှောင်ဒုက္ခသည်တွေ သူတို့ဘဝ ပြန်လည်ထူထောင်ရေးတို့ကို ကျွန်တော်တို့က အားလုံးထည့်တွက်ရမှာဖြစ်တယ်။ ဒါကြောင့် လောလောဆယ်မှာတော့ ကျွန်တော်ထင်တာကတော့ ပြည်သူတွေ သူတို့ရွာတွေကို ပြန်ဖို့အတွက်ကတော့ အဆင်သင့်မဖြစ်သေးတဲ့ အနေအထားလို့ ကျွန်တော်က အဲဒီလိုမြင်တယ်” ဟု ပြောသည်။


ယခု မတ်လ ၁၇ ရက်နေ့က မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ အိမ်ခြေ ၈၇၀ ကျော်မှ ၆၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချပ်ရေးကောင်စီမှ ဒုက္ခသည်များကို သွားရောက်တွေ့ဆုံစဉ် စစ်ရှောင်များမှာ မိမိနေရပ်သို့ ပြန်ကြရန် ကောင်စီ ဥက္ကဌနှင့် အနောက်ပိုင်းတိုင်းမှူးက တိုက်တွန်းခဲ့သည်။


သို့သော်လည်း တိမ်ညိုစစ်ဘေးရှောင်ဒုက္ခသည်များမှာ မိမိနေရပ်တွင် နေစရာ၊ စားစရာများနှင့် အလုပ်အကိုင်အတွက် အဆင်သင့်မဖြစ်သေး၍ မပြန်သေးကြောင်း ဆုံးဖြတ်ထားသည်ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က DMG သို့ ပြောဆိုထားသည်။


ယင်းအပြင် ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး DMG က သွားရောက်မေးမြန်းစဉ် ကျေးရွာအနီးတပ်မတော်မှ တပ်စခန်းများ တပ်စွဲထားခြင်းနှင့် တောတောင်များတွင်မိုင်းအန္တရာယ်ရှိခြင်းကြောင့် နေရပ်မပြန်နိုင်သေးကြောင်း ပြောဆိုကြသည်။


ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ၂ နှစ်ကျော်ကြာတိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းစသည့် မြို့နယ်များမှ ဒေသခံ ၂ သိန်းကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။


အမ်းဒေသခံများကလည်း တပ်မတော်မှ မိုင်းရှင်းလင်းရေးပြုလုပ်နေခြင်းကို လမ်းမပေါ်တွင်သာမက တောတောင်များတွင်လည်း မိုင်းရှင်းလင်းရေးပြုလုပ်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက တောင်းဆိုထားကြသည်။


တပ်မတော်ဘက်ကတော့ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့တွင် မိုင်းရှင်းလင်းရေးပြုလုပ်ခြင်း ပြီးစီးနေပြီဖြစ်ကြောင်း၊ တောတောင်များတွင် မိုင်းရှင်းလင်းရေးကိစ္စကို ရက္ခိုင့်တပ်တော်နှင့် ညှိနှိုင်းနေကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။


လက်ရှိတွင် ဒေသတွင်းတိုက်ပွဲများမရှိသဖြင့် စစ်ရှောင်အများစုမှာ မိမိတို့၏ကျေးရွာများကိုပြန်လိုကြသော်လည်း မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်နက်လက်များ၏ အန္တရာယ်ကို စိုးရိမ်ပြီး တစ်ဖက်မှာလည်း သူတို့၏ မူလနေအိမ်များ မီးလောင်ပျက်စီးခြင်း၊ လုပ်ကိုင်စားသောက်စရာ ကျွဲ၊ နွားများနှင့် ဝမ်းစာစပါးများမရှိတော့ခြင်း စသည့် အချက်များကြောင့် နေရပ်ပြန်ရန်အခက်အခဲရှိနေကြသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/aa-ktk-idps.html

တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်

 တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်

NEWS


PUBLISHED 31 MARCH 2021

တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မတ် ၃၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးရုံးက ထုတ်ပြန်ကြောင်းသိရသည်။


အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုးပြီး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေး နွေးခြင်း၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များ ဆက်လက်ဆွေးနွေးသွားနိုင်ရေးနှင့် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါစည်းကမ်းချက်များနှင့်အညီ ကျင်းပသွားနိုင်ရေးတို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး  ရှေ့လုပ်ငန်းစဉ် (၅)ရပ် ၊ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး စသည့် ဘက်ပေါင်းစုံ တိုးတက်ကောင်းမွန်လာ‌စေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


ထို့အပြင် နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် ဆက်လက်ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အမြန်ဆုံး ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် အမျိုးသားစည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီနှင့် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ကိုလည်း ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

https://news-eleven.com/article/206431

 အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ နှစ်ဦး မနက်ဖြန် စွဲချက်အမိန့်ချမည်

Western News - မတ်လ ၃၁ ရက်
ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသည့် နှစ်ဦးကို မနက်ဖြန် ဧပြီလ ၁ ရက်နေ့တွင် ပလက်ဝမြို့နယ် မြို့နယ်တရားရုံးတွင် စွဲချက်အမိန့်ချမှတ်မည် ဖြစ်ကြောင်းသိရသည်။
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ၅၂(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့၊ မြို့မရပ်ကွက်နေ မောင်စိုးကျော်လင်း အသက် ၁၇ နှစ်နှင့် သူ၏ယောက်ဖဖြစ်သူ ကိုထွန်းလင်းကျော် အသက် ၂၉ နှစ်တို့ ၂ ဦးတို့ကို ၁၉ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။
ဗိုလ်ကြီးသက်နိုင်ဦးက ပလက်ဝမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး တရားလိုသက်သေ ဗိုလ်ကြီးသက်နိုင်ဦးအပါအဝင်ဒေသခံ သက်သေများ ဖြစ်သည့် ဦးထိန်းအောင်၊ ဦးဇော်မင်းဦး၊ ဦးစံသိန်း၊ ဦးထွန်းလင်းဇော်တို့ကို စစ်ဆေးခဲ့ပြီး အမှုကိုစွဲချက်တင်သင့် မတင်သင့် အမိန့်ချမည်ဖြစ်သည်။
မတ်လ ၃၀ ရက်နေ့ ရုံးချိန်တွင် မောင်စိုးကျော်လင်းနှင့် သူ၏ယောက်ဖဖြစ်သူ ကိုထွန်းလင်းကျော်တို့ ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက်မှာ မနက်ဖြန် ဧပြီ ၁ ရက်တွင်စွဲချက်အမိန့်ချမည်ဖြစ်ကြောင်း တရားသူကြီးက ပြောဆိုခဲ့သည်ဟု မောင်စိုးကျော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးကပြောသည်။
"မနေ့ကရုံးချိန်းမှာ ကျွန်မသားနဲ့သားမက်ကိုတရားစွဲသင့်၊ မစွဲသင့်ကို တရားရုံးမှာလျောက်လဲချက်တင်တယ်။သူတို့နှစ်ယောက်ကို ဧပြီလ ၁ ရက်နေ့ကိုထပ်ပြီးတော့ရုံးချိန်းခေါ်လိုက်တယ်။ ဧပြီလ ၁ ရက်နေ့မှာက တရားသူကြီးကသူတို့နှစ်ယောက်ကိုတရားစွဲသင့်၊ မစွဲသင့်ဆုံးဖြတ်သွားမှာဖြစ်တယ်"ဟု ပြောသည်။
မောင်စိုးကျော်လင်းနှင့် ကိုထွန်းလင်းကျော်တို့ကို ဖမ်းဆီးသွားသည့်အချိန်မှစ၍ တရားရုံတွင်တရားရင်ဆိုင်နေရသည်အထိ မိသားစုများက ငွေကြေးမတက်နိုင်၍ ရှေ့နေ မငှားနိင်ခဲ့ကြောင်း မောင်စိုးကျော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးကပြောသည်။
“ကျွန်မသားနဲ့ သမက်ကတော့ တစ်စုံတစ်ရာအပြစ်မရှိတဲ့အတွက် လွတ်လာလိမ့်မယ်လို့ယုံကြည့်ထားတယ်။သူတို့နှစ်ယောက်AA နဲ့ပတ်သက်မှုလည်းမရှိပါဘူး။ သူတို့နှစ်ယောက်တရားရင်ဆိုင်နေရာတလည်းကြာပြီ။ ကျမတို့ ငွေကြေးမတက်နိုင်လို့ ရှေ့နေလည်း မဌားနိုင်ပါဘူး။ ဒီကြားထဲမှာကျမတို့မှာ အဆင်မပြေတဲ့အတွက်အရမ်းကိုစိတ်သောကရောက်ရပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့၌ မောင်စိုးလင်းကျော်နှင့် ကိုထွန်းလင်းဇော်တို့မှာ စိမ်းစင်းကျေးရွာသို့ တံတားဆောက်လုပ်ရန်သွားသည့်အချိန်တွင် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှ တပ်မတော်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- အသက်မပြည့်သေးသည့် မောင်စိုးကျော်လင်းအားတွေ့ရစဉ်
Western News- WN

https://www.facebook.com/westernnewsagency/posts/261432862329892

မိုးညှင်းမြို့ မြို့ရှောင်လမ်းရှိ ထန်းတပင် နန့်ရင်းချောင်း ကွန်ကရစ်တံတား မိုင်းခွဲခံရ

 မိုးညှင်းမြို့ မြို့ရှောင်လမ်းရှိ ထန်းတပင် နန့်ရင်းချောင်း ကွန်ကရစ်တံတား မိုင်းခွဲခံရ

NEWS


PUBLISHED 31 MARCH 2021

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့ မြို့ရှောင်လမ်းရှိ ထန်းတပင် နန့်ရင်းချောင်း  ကွန်ကရစ်တံတားသည် မတ်လ ၃၁ ရက် ညနေ ၃ နာရီ ၄၀ မိနစ်က မိုင်းခွဲခံရကြောင်း သတင်းရရှိသည်။


ထန်းတပင် နန့်ရင်းချောင်း  ကွန်ကရစ်တံတား တံတားအလယ်တိုင် အောက်ခြေမှ ကပ်မိုင်းဖြင့် ဖောက်ခွဲခဲ့သည့် အနေအထားဖြစ်ပြီး တံတား လမ်းအပေါ်ဘက်အထိ ပေါက်ထွက်ကာ ယာဉ်ကြီးများ သွားလာရန် မဖြစ်နိုင်တော့သည့် အနေအထားဖြစ်ကြောင်း  သွားရောက်ကြည့်ရှုခဲ့သူ မိုးညှင်းဒေသခံတစ်ဦးက ဆိုသည်။


'' တံတားအောက်က အလယ်တိုင်မှာကပ်ပြီး ခွဲသွားတဲ့သဘောပဲ။ တံတားလည်း မြင့်တယ်။ သံပင်တွေ ဖွာထွက်ပြီး အပေါ်ကို ကွဲထွက်လာတာ။ ကားကြီးတွေတော့ သွားလို့ အဆင်မပြေနိုင်ဘူး ။ ကားငယ်တွေကတော့ သွားနေပါတယ် ။ ပေါက်ကွဲတာ မိုးညှင်းမြို့ထဲက ကြားရတယ်” ဟု မိုင်းခွဲခံရသည့် တံတားကို သွားရောက်ကြည့်ရှုခဲ့သူ မိုးညှင်းမြို့နေသူတစ်ဦးက ပြောကြားသည်။


ယင်းဖောက်ခွဲခံရသည့် ထန်းတပင် ကွန်ကရက် တံတားသည့် အရှည်ပေ ၃၀၀  ရှိပြီး ကျပ်သန်း ၁၀၄၉ ဒသမ ၇ သန်း ကျော် အကုန်အကျခံ  တည်ဆောက်ခဲ့ပြီး ၂၀၁၆  မတ်လ ၂၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

https://news-eleven.com/article/206429

လားရှိုး ရပ်ကွက်(၅) ရဲကင်းအနီး ပေါက်ကွဲမှု ဖြစ်ပွား

 သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၅) အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ရဲကင်း တွင် ယနေ့(မတ် ၃၁)ရက် နေ့လည် (၁)နာရီကျော်တွင် ဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။လားရှိုးရပ်ကွက်(၅) အုပ်ချုပ်ရေးမှူး အနီးရှိ ရဲကင်းတွင် ယနေ့ နေ့လည်ပိုင်း (၁)နာရီတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုများလည်း ရှိပြီး၊ လူထိခိုက်မှု မရှိကြောင်း လားရှိုး ဒေသခံများပြောပြချက် အရသိရသည်။

“ ရပ်ကွက်(၅)အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ရဲကင်းမှာ ဗုံးပေါက်တာ။ လူတော့ထိခိုက်မှုမရှိဘူး။ ဘယ်သူလက်ချက်ဆိုတာ ကတော့ မသိသေးဘူး” ဟု လားရှိုး ဒေသခံအမျိုးသားတဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့များ ရောက်လာပြီး စစ်ဆေးနေကြောင်းလည်း ၎င်း အမျိုးသားက ပြောသည်။

ယခုလ ၂၃ရက်တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၁) နားမခေါ် နတ်ရေကန် လမ်းသွယ်(၉ ) ရှိ တပ်အငြိမ်းစာ တဦးနေထိုင်သည့် နေအိမ်တလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

https://burmese.shannews.org/archives/21497

Tuesday, March 30, 2021

လားရှိုးမြို့ အမှတ် (၃) နယ်မြေရဲကင်းရုံးအား လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွား

လားရှိုးမြို့ အမှတ် (၃) နယ်မြေရဲကင်းရုံးအား လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွား
PUBLISHED 31 MARCH 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်ရုံး နှင့်ကပ်လျက်တည်ရှိသော အမှတ် (၃) နယ်မြေရဲကင်းအဆောက်အဦအား  မတ်လ ၃၁ ရက်  မွန်းလွဲ ၂ နာရီ ၂၀ မိနစ်က လက်လုပ်မိုင်းဖြင့် လာရောက် ပစ်ခတ််မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ရဲကင်း အဆောက်အဦ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်း လာရောက်ပစ်ခတ်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာက စစ်ဆေး ဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။

မတ်လ ၂၂ ရက် ကလည်း လားရှိုးမြို့ ၊ရပ်ကွက်(၅)ရှိ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ မတ်လ ၂၃ ရက်တွင် လားရှိုးမြို့ ရပ်ကွက် (၁) ရှိ နေအိမ်တစ်အိမ်တို့ လည်း လက်လုပ် မိုင်းဖြင့် ပစ်ခတ်ခံခဲ့ရပြီး ယနေ့တွင် လားရှိုးမြို့၌   လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံခဲ့ရမှုသည် (၁၀)ရက််အတွင်း (၃)ကြိမ်မြောက ်ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ 

https://news-eleven.com/article/206426

KNU တပ်မဟာ ၃ ဒေသဗုံးကျဲခံရမှု သေဆုံးသူ ၁၁ ဦးထိရှိလာ

 KNU တပ်မဟာ ၃ ဒေသဗုံးကျဲခံရမှု သေဆုံးသူ ၁၁ ဦးထိရှိလာ

ဗုံးကျဲခံခဲ့ရသည့် နေရာအနီးက ရွှေလုပ်ကွက်များ / Google Earth

7.7k

By ဧရာဝတီ 31 March 2021

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၃) ၏ ရွှေတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးသူဦးရေမှာ ၁၁ ဦး ရှိသွားပြီဟု သတင်းရရှိသည်။


KNU တပ်မဟာ (၃) နယ်မြေအတွင်းရှိ ကရင်လူမှုရေးရာအဖွဲ့မှ ဦးစောအယ်စတားက “ဒီမနက် ကျနော်တို့ သွားစစ်ဆေး တော့ လေယာဉ်ပစ်တဲ့နေရာမှာ သေတာ ၁၁ ဦး ဖြစ်ပါတယ်။ လူဦးရေ တိုးသွားပါပြီ။ ဒီလို ပြည်သူတွေ ထိသွားတော့ ကျနော်တို့ စိတ်မကောင်း ဖြစ်ရတယ်။ ထိတာကလည်း မဒမချောင်း ရွှေတူးဖော်တဲ့သူတွေ ထိသွားတာပါ။ ဒဏ်ရာရ တာလည်း ၅ ဦး ရှိပါတယ်။ ဘတ်ဟိုး ၃ စီးနဲ့ ဆယ်ဘီးကား ၄ စီးလည်း မီးလောင်သွားတယ်”ဟု ပြောသည်။


စစ်တပ်သည် မတ် ၃၀ ရက်၊ နေ့လည် ၁၂ နာရီခွဲခန့်တွင် ရွှေကျင်မြို့နယ်၊ မဒမချောင်းတလျှောက်ရှိ ရွှေတူးဖော်ရေး လုပ်ကွက်ကို ဗုံးကျဲသွားခြင်း ဖြစ်သည်။


ဗုံးကျဲတိုက်ခိုက်ခံရခြင်းကြောင့် KNU တပ်ဖွဲ့ဝင် တဦးသာ ဒဏ်ရာ ရရှိပြီး ကျန် သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရ သွားသူ အားလုံးမှာ ရွှေတူးဖော်ရေး ကုမ္ဗဏီမှ ဝန်ထမ်းများသာ ဖြစ်သည်ဟု ဦးစောအယ်စတားက ပြောသည်။


ဗုံးကျဲတိုက်ခိုက်မှု ပြီးသည့်နောက်တွင် မြေပြင်၌နှစ်ဖက်တပ်များကြား တိုက်ခိုက်မှု ဖြစ်ပွားခြင်း ယနေ့ထိ မရှိပါဟု KNU တပ်မဟာ (၃) မှ သိရသည်။


စစ်တပ်က KNU တပ်မဟာ (၃) နယ်မြေကို ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် ပတ်သတ်၍ သတင်းထုတ်ပြန်ချက်တစုံတရာ ထုတ်ပြန် ထားခြင်း မရှိပါ။


KNU တပ်မဟာ (၃) သည် ဖေဖော်ဝါရီကတည်းက စစ်တပ်နှင့် စစ်ရေးတင်းမာမှုများ၊ တိုက်ခိုက်မှုများ ရှိနေသည်။


မတ် ၂၂ ရက်ကလည်း စစ်တပ်၏ ရှေ့တန်းတပ်စခန်းများအတွက် ရိက္ခာသယ်ဆောင်နေသည့် ကားနှစ်စီးကို KNU တပ်မဟာ (၃) က မိုင်းခွဲတိုက်ခိုက်ထားသည်။


KNU တပ်မဟာ (၃) နယ်မြေ၊ မဒမချောင်းတလျှောက်တွင် ရွှေတူးဖော်နေသည့် လုပ်ကွက်များသည် KNU တပ်မဟာ (၇) ဌာနချုုပ်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေး ကုမ္ဗဏီ နှင့် အစိုးရကြား အကျိုးတူ လုပ်ကိုင်နေသည့် လုပ်ကွက်များ ဖြစ်သည်။


အစိုးရ၊ စစ်တပ်၊ လွှတ်တော်နှင့် KNU ကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးပြီးနောက် ၂၀၁၇ ခုနှစ်တွင် မဒမ ချောင်းတလျှောက်၌ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းကာ ရွှေတူးဖော်ရေး လုပ်ကိုင်ခွင့်ပေးရန် KNU တပ်မဟာ (၇) ဌာနချုပ်က လျှောက်ထားကာ လုပ်ကိုင်နေခြင်း ဖြစ်သည်။


မဒမချောင်းတလျှောက်တွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေး ကုမ္ဗဏီသည် ရွှေသတ္တု ရှာဖွေရေး လုပ်ကိုင်သည့် အပြင် ချောင်းအတွင်းမှ သဲ၊ ကျောက်များလည်း တူးဖော်ရေး လုပ်ကိုင်သည်။


ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေး ကုမ္ဗဏီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သည့် ကုမ္ဗဏီဖြစ်ကာ မဒမချောင်း တလျှောက် ရွှေသတ္တုရှာဖွေရာတွင် တရုတ်နိုင်ငံသားများကိုပါ ငှားရမ်း လုပ်ကိုင်နေပြီး ၎င်း၏ ကုမ္ဗဏီ သက်တမ်းမှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာအထိ ဖြစ်သည်။

https://burma.irrawaddy.com/news/2021/03/31/240142.html

ဂျပန်က မြန်မာကို အကူအညီပေးရေးအစီအစဉ်များ ‌ရပ်ဆိုင်း

 ဂျပန်က မြန်မာကို အကူအညီပေးရေးအစီအစဉ်များ ‌ရပ်ဆိုင်း

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး

6.0k

By ဧရာဝတီ 31 March 2021

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးအများပြည်သူများကို အကြမ်းဖက်သတ်ဖြတ်လာခြင်းကြောင့် ဂျပန်အစိုးရက အကူအညီအစီအစဉ်အသစ်များကို ရပ်ဆိုင်လိုက်ကြောင်း Bangkok Post သတင်းက ဆိုသည်။


” ဂျပန်နိုင်ငံက မြန်မာ့စီးပွားရေးအတွက် အကြီးမားဆုံး ကူညီပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်၊အခုအခြေအနေမှာတော့ ဂျပန်အနေနဲ့ ဘာစီမံကိန်းသစ်တွေအတွက်ကိုမှ အစီအစဉ်မရှိတော့ပါဘူး။ ရပ်တည်ချက်က ရှင်းရှင်းလင်းလင်းပါပဲ ” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Toshimitsu Motegi က ယမန်နေ့က ပြုလုပ်သည် လွှတ်တော်အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။


ထို့အတူ ဂျပန်ဝန်ကြီးချုပ်က တရားဝင်အကူအညီများ (ODA) ပေးအပ်မှုရပ်ဆိုင်းထားလိုက်ခြင်းက စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ထက် ပိုမိုဖိအားပေးနိုင်မည်ဖြစ်ကြောင်း Mr.Motegi က တိုက်တွန်းပြောကြားသည်။


ဂျပန်နိုင်ငံက ပြီးခဲ့သည့် ၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံအထိ(ဂျပန်ယန်း ၁၉၀ ဘီလီယံ) မြန်မာနိုင်ငံကို အကူအညီပေးထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့်သဘောတူထားသော ကုန်သွယ်ရေးဆိုင်ရာများ နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာလိုက်သလို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ပစ်ခတ်ပြီးနောက် အမေရိကန်သံအမှုထမ်းများထဲမှ မရှိမဖြစ်သူများကို ဆက်လက်နေထိုင်စေပြီး ကျန်သူများနှင့် မိသားစုများကို မြန်မာနိုင်ငံမှ ပြန်လည်ခေါ်ယူသည့် အမိန့်ထုတ်ပြန်သည်။


အလားတူ အမေရိကန်နှင့် အီးယူနိုင်ငံများမှ စစ်ကောင်စီ ခေါင်းဆောင်များကို စီးပွားရေး ပိတ်ဆို့ခြင်း၊ မိသားစုပိုင် စီးပွားရေး လုပ်ငန်းများကို အရေးယူခြင်း၊ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကို ပိတ်ဆို့ခြင်းများ ပြုလုပ်ထားသည်။

https://burma.irrawaddy.com/business/2021/03/31/240146.html

ဆန္ဒပြလူထုကို သတ်ဖြတ်ရာတွင် ရဲလည်းပါသဖြင့် တိုက်ခိုက်ခြင်းဖြစ်ဟု KIA ပြော

 ဆန္ဒပြလူထုကို သတ်ဖြတ်ရာတွင် ရဲလည်းပါသဖြင့် တိုက်ခိုက်ခြင်းဖြစ်ဟု KIA ပြော

KIA က တိုက်ခိုက်ခဲ့သည့် ကချင်ပြည်နယ် ရွှေဂူမြို့နယ်ရှိ ကျောက်ကြီးရွာ ရဲကင်း

8.4k

By ဧရာဝတီ 31 March 2021

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို သတ်ဖြတ်ရာတွင် စစ်တပ်နှင့်အတူ ရဲလည်း ပါဝင်သဖြင့် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ ရဲကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။


ယနေ့ မနက် ၃ နာရီဝန်းကျင်က ကျောက်ကြီးကျေးရွာအုပ်စုရှိ ရဲကင်းစခန်းကို KIA ၏ တပ်မဟာ (၈) လက်အောက်ခံ ၊ တပ်ရင်း ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


KIA၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အခုချိန်မှာက ရဲစခန်းတို့ ပြည်သူ့စစ်တို့ နေရာတွေမှာက ဝင်တိုက်တာ ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲ့ဘက်က တော်တော်လေး အချက်အခြာကျတဲ့ နေရာလည်း ဖြစ်သလို ပြည်သူ့စစ်တွေ ရဲတွေက ရှေ့တန်းလည်း ထွက်ကြတယ်။ မြို့ပေါ်က လူထုကို သတ်တာဖြတ်တာ မှာ လည်း ပြည်သူ့စစ်တွေ ရဲတွေပါကြတယ်။ အားလုံးက တပ်မတော်ဖြစ်နေတော့ ခွဲခြားလို့ ခက်နေတယ်။ဒါကြောင့် ဝင်တိုက် တာ”ဟု ပြောသည်။


KIA၏ သတင်းနှင့်ပြန်ကြားရေးဌာနအနေဖြင့် ကျောက်ကြီးကျေးရွာအုပ်စုရှိ ရဲကင်းစခန်းကို ဝင်တိုက်သည်ဟုသာ သိရှိထားပြီး ဆက်သွယ်ရေး အခက်အခဲများကြောင့် မြေပြင်တွင် ဖြစ်သွားသည့် အသေးစိတ် အချက်အလက်များကို အောက်ခြေတပ်ဖွဲ့များထံမှ သတင်း ရရှိထားခြင်း မရှိပါဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။


ရဲကင်းစခန်းကို ဝင်တိုက်စဉ် စခန်းအတွင်းမှ လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့က သိုလှောင်ထားသည့် ရိက္ခာများကို ယူဆောင်သွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါ သတင်းအချက်အလက်များ မှန်ကန်ခြင်း ရှိမရှိကို KIA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက အတည်ပြု ပေးခြင်း မရှိပါ။


ရွှေကူမြို့နယ်၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းက “ကျောက်ကြီး ကျေးရွာ ဆိုတာ ရွှေကူမြို့နဲ့ လှမ်းတယ်။ ဟိုး တောရွာဘက်ထဲမှာ ဖြစ်တာပါ။ ဒီမှာက ဖုန်းအင်တာနက်လည်း မရတော့ ဘယ်မှာ ဘာဖြစ်လဲ မသိကြဘူး။ နေ့လည်လောက်ကမှ ကျမတို့လည်း သိတာ။ ဒီမှာလည်း တော်တော်များများက CDM လုပ်နေကြ တော့ ရဲဆိုလည်း အကြီးပိုင်းတွေလောက်ပဲ ရှိကြတယ်”ဟု ပြောသည်။



ရွှေဂူမြို့နယ်မြေပုံ

ကျောက်ကြီးကျေးရွာအုပ်စုရှိ ရဲကင်းစခန်းကို KIA က ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် စခန်းမှူးတဦး ကျည်ထိမှန် ဒဏ်ရာ ရရှိသိသည်ဟု ဒေသခံများထံမှ သိရသော်လည်း အခြားရဲတပ်ဖွဲ့ဝင်များ၏ အခြေအနေကို မသိရှိပါ။


မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအရ ကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်ရသည့် (C ) အဆင့်ရှိ ရဲစခန်းများနှင့် ရဲကင်း များသည် ရဲတပ်ဖွဲ့ဝင် ၆ ဦးမှ အများဆုံး ၁၈ ဦးအထိ ရဲတပ်ဖွဲ့အင်အား ရှိသည်။


ကျောက်ကြီးရဲကင်းစခန်း၏ အခြေအနေကို မေးမြန်းရန် ဧရာဝတီမှ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။


ရွှေကူမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းဦးရေ စုစုပေါင်း ၄၀၀ ကျော်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (Civil Disobedience Movement- CDM) တွင် ပါဝင် လှုပ်ရှားနေကြသည်။


ဧရာဝတီမှ လက်လှမ်းမီသလောက် စုဆောင်းထားသည့် အချက်အလက်များအရ ကချင်ပြည်နယ်တွင်း မြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့ဝင် ၄၀ ဦးနှင့်အထက်သည်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင်အချို့သည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် KIA ထိန်းချုပ် နယ်မြေအတွင်း ဝင်ရောက် တိမ်းရှောင် နေခြင်းများလည်း ရှိသည်။


KIA သည် အာဏာသိမ်း စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုသည့်အပြင် လူထုဘက်မှ ရပ်တည်မည်ဟု ဆိုကာ မတ် ၁၁ ရက်မှစ၍ ကချင်ပြည်နယ်တွင်း စစ်တပ်၏ တပ်စခန်းများ၊ ရဲကင်းများ၊ ပြည်သူ့စစ်တပ်စခန်းများကို လိုက်လံ တိုက်ခိုက်လျက် ရှိသည်။


မတ် ၁၈ ရက်၊ မနက် အစောပိုင်း ၂ နာရီကလည်း ဖားကန့်မြို့နယ်ရှိ ရဲတပ်ရင်းအမှတ် ၃၀၏ စခန်းကို KIA က ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ရဲစခန်းတွင် ပြည်သူ့စစ်တပ်တပ်ဖွဲ့များ ရှိသဖြင့် အဝေးမှ ပစ်ခတ်တိုက်ခြင်း ဖြစ်သည်ဟု KIA က ပြောသည်။


စစ်တပ်ကလည်း KIA တပ်စခန်းများ တည်ရှိရာ နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်သည့် အပြင် မတ် ၂၉ ရက်ကလည်း တနိုင်းမြို့နယ်နှင့် နမ္မတီးမြို့နယ်ရှိ KIA တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ထားသည်။

https://burma.irrawaddy.com/news/2021/03/31/240150.html