ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်ရုံး နှင့်ကပ်လျက်တည်ရှိသော အမှတ် (၃) နယ်မြေရဲကင်းအဆောက်အဦအား မတ်လ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်က လက်လုပ်မိုင်းဖြင့် လာရောက် ပစ်ခတ််မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ရဲကင်း အဆောက်အဦ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
လက်လုပ်မိုင်း လာရောက်ပစ်ခတ်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာက စစ်ဆေး ဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။
မတ်လ ၂၂ ရက် ကလည်း လားရှိုးမြို့ ၊ရပ်ကွက်(၅)ရှိ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ မတ်လ ၂၃ ရက်တွင် လားရှိုးမြို့ ရပ်ကွက် (၁) ရှိ နေအိမ်တစ်အိမ်တို့ လည်း လက်လုပ် မိုင်းဖြင့် ပစ်ခတ်ခံခဲ့ရပြီး ယနေ့တွင် လားရှိုးမြို့၌ လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံခဲ့ရမှုသည် (၁၀)ရက််အတွင်း (၃)ကြိမ်မြောက ်ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။
https://news-eleven.com/article/206426
No comments:
Post a Comment