Wednesday, March 31, 2021

လားရှိုး ရပ်ကွက်(၅) ရဲကင်းအနီး ပေါက်ကွဲမှု ဖြစ်ပွား

 သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၅) အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ရဲကင်း တွင် ယနေ့(မတ် ၃၁)ရက် နေ့လည် (၁)နာရီကျော်တွင် ဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။လားရှိုးရပ်ကွက်(၅) အုပ်ချုပ်ရေးမှူး အနီးရှိ ရဲကင်းတွင် ယနေ့ နေ့လည်ပိုင်း (၁)နာရီတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုများလည်း ရှိပြီး၊ လူထိခိုက်မှု မရှိကြောင်း လားရှိုး ဒေသခံများပြောပြချက် အရသိရသည်။

“ ရပ်ကွက်(၅)အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ရဲကင်းမှာ ဗုံးပေါက်တာ။ လူတော့ထိခိုက်မှုမရှိဘူး။ ဘယ်သူလက်ချက်ဆိုတာ ကတော့ မသိသေးဘူး” ဟု လားရှိုး ဒေသခံအမျိုးသားတဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့များ ရောက်လာပြီး စစ်ဆေးနေကြောင်းလည်း ၎င်း အမျိုးသားက ပြောသည်။

ယခုလ ၂၃ရက်တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၁) နားမခေါ် နတ်ရေကန် လမ်းသွယ်(၉ ) ရှိ တပ်အငြိမ်းစာ တဦးနေထိုင်သည့် နေအိမ်တလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

https://burmese.shannews.org/archives/21497

No comments:

Post a Comment