Wednesday, March 31, 2021

 

ပူတာအိုခရိုင်၌ ကေအိုင်အေနှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၃ ဦးသေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ   မတ်လ ၃၁ ရက် ဒီကနေ့ မနက်က  ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ယောက် သေဆုံးသွားပါတယ်။ 

ပူတာအိုခရိုင် ဆွမ်ပီယာန်အုပ်စု အင်စီယာန်ရွာအနားမှာ ဒီမနက်  ၉ နာရီခွဲလောက်က ကေအိုင်အေ  တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နဲ့  ဆွမ်ပီယာန်မှာ  အထိုင်တပ်ချထားတဲ့ စစ်ကောင်စီတပ်  ခလရ ၁၃၈ နဲ့ ခလရ ၄၆ ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်သွားတယ်လို့  ပူတာအိုဒေသံ ပြည်သူတစ်ဦးက ပြောပါတယ်။

"ဒီမနက်ပိုင်းမှာ အင်စီယာန်ရွာအထက်နားမှာ တိုက်ပွဲဖြစ်သွားတယ်။ တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က မအလ စစ်သား ၃ ယောက်ကျဆုံးပြီး  လက်နက်​ကြီး တစ်လက်အပါ၀င် လက်နက်ငယ်တွေလည်း  သိမ်းဆည်းရမိတယ်"။

မတ်လ ၃၀ ရက်နေ့ကလည်း လီဒို တနိုင်းလမ်းမပေါ်  ခွန်ဆိုင်ယန်မှာ ကေအိုင်အေတပ်မဟာ တပ်ရင်း ၂၀ နဲ့  စစ်ကောင်စီရဲ့ ခမရ ၈၆ တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ကေအိုင်အေကနေသိရပါတယ်။ 

မနေ့ညနေ ၄ နာရီလောက်မှာတော့ ကေအိုင်အေ တပ်မဟာ ၉ နယ်မြေကို အာဏာသိမ်း စစ်တပ်က ဂျက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ 

http://burmese.dvb.no/archives/455420

No comments:

Post a Comment