Wednesday, March 31, 2021

 

ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းကို ကေအိုင်အေ ဝင်တိုက်၊ စခန်းမှူး ၁ ဦး ဒဏ်ရာရပြီး လက်နက်များ ပါသွား

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးနယ်မြေရဲစခန်းကို  ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ က မတ်လ ၃၁ ရက် ဒီနေ့မနက်  ၄ နာရီလောက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စခန်းမှူးဖြစ်သူ ဒဏ်ရာရပြီး စခန်းရှိလက်နက်တွေ ပါသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဝင်ရောက်စီးနင်း ပစ်ခတ်မှုအပြီး လတ်တလောအခြေအနေအရ ရဲစခန်းတခုလုံး အပျက်အစီးတွေ များစွာရှိခဲ့ပြီး ဒေသခံ ကျေးရွာသူရွာသားတွေကတော့ ထိခိုက်မှုမရှိပါဘူး။ 

ကျောက်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက “ မနက် ၄ နာရီထိုးခါနည်းလောက်က စပစ်တာ ကျမတို့လည်း ကြောက်လို့ ပုန်းနေကြတာ။ တော်တော်လေးပစ်တယ် မိနစ် ၂၀ လောက်ပစ်တယ်။ ပစ်ပြီးတော့ အခုမနက်ပိုင်းကျတော့ သိရတာကကျတော့ စခန်းမှူးရဲ့ ပေါင်ထိသွားတယ်လို့ အဲဒါပဲကြားရတယ်”လို့ပြောပါတယ်။   

တခြားဒေသခံတစ်ဦးကလည်း “ မနက် ၃ နာရီခွဲလောက်ကို ဝင်တယ်ပေါ့။ ဝင်တော့ အခု စခန်းမှူးတစ်ယောက် ပေါင်ကို ကျည်ထိသွားတယ်တဲ့။ ရွှေကူ ရောက်သွားပြီတဲ့ လက်နက်တွေ အားလုံးကတော့ သိမ်းသွားတယ်တဲ့။ ပြီးရင်ကားနဲ့ ပြန်ထွက်သွားတယ် စခန်းကိုလည်း ပွစိလန်ခတ်နေတာပဲတဲ့”လို့ ပြောပါတယ်။

အဆိုပါ ကျောက်ကြီးနယ်မြေရဲစခန်းဟာ ကေအိုင်အေ နယ်မြေနဲ့ထိစပ်နေတဲ့ ဧရာဝတီမြစ်တစ်ဘက်ကမ်းက ကျောက်ကြီးကျေးရွာမှာ တည်ရှိတာဖြစ်ပြီး အခုလိုရဲစခန်းကို ကေအိုင်အေက ဝင်ရောက်စီးနင်းတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့သိရပါတယ်။ 

http://burmese.dvb.no/archives/455325

No comments:

Post a Comment