မိုးညှင်းမြို့ မြို့ရှောင်လမ်းရှိ ထန်းတပင် နန့်ရင်းချောင်း ကွန်ကရစ်တံတား မိုင်းခွဲခံရ
NEWS
PUBLISHED 31 MARCH 2021
ကချင်ပြည်နယ် ၊ မိုးညှင်းမြို့ မြို့ရှောင်လမ်းရှိ ထန်းတပင် နန့်ရင်းချောင်း ကွန်ကရစ်တံတားသည် မတ်လ ၃၁ ရက် ညနေ ၃ နာရီ ၄၀ မိနစ်က မိုင်းခွဲခံရကြောင်း သတင်းရရှိသည်။
ထန်းတပင် နန့်ရင်းချောင်း ကွန်ကရစ်တံတား တံတားအလယ်တိုင် အောက်ခြေမှ ကပ်မိုင်းဖြင့် ဖောက်ခွဲခဲ့သည့် အနေအထားဖြစ်ပြီး တံတား လမ်းအပေါ်ဘက်အထိ ပေါက်ထွက်ကာ ယာဉ်ကြီးများ သွားလာရန် မဖြစ်နိုင်တော့သည့် အနေအထားဖြစ်ကြောင်း သွားရောက်ကြည့်ရှုခဲ့သူ မိုးညှင်းဒေသခံတစ်ဦးက ဆိုသည်။
'' တံတားအောက်က အလယ်တိုင်မှာကပ်ပြီး ခွဲသွားတဲ့သဘောပဲ။ တံတားလည်း မြင့်တယ်။ သံပင်တွေ ဖွာထွက်ပြီး အပေါ်ကို ကွဲထွက်လာတာ။ ကားကြီးတွေတော့ သွားလို့ အဆင်မပြေနိုင်ဘူး ။ ကားငယ်တွေကတော့ သွားနေပါတယ် ။ ပေါက်ကွဲတာ မိုးညှင်းမြို့ထဲက ကြားရတယ်” ဟု မိုင်းခွဲခံရသည့် တံတားကို သွားရောက်ကြည့်ရှုခဲ့သူ မိုးညှင်းမြို့နေသူတစ်ဦးက ပြောကြားသည်။
ယင်းဖောက်ခွဲခံရသည့် ထန်းတပင် ကွန်ကရက် တံတားသည့် အရှည်ပေ ၃၀၀ ရှိပြီး ကျပ်သန်း ၁၀၄၉ ဒသမ ၇ သန်း ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၆ မတ်လ ၂၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
https://news-eleven.com/article/206429
No comments:
Post a Comment