ကာမိုင်းမြို့၌ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးငယ် ၁ ဦး ဒဏ်ရာရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ဗျူဟာကုန်းမှာ မတ် ၃၀ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ နှစ်ခန့်အရွယ် အမျိုးသမီးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကာမိုင်းမြို့၏မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ ရှောဝယ်ကျေးရွာမှ အသက်(၂၀နှစ်) အရွယ် မအေးအေးနွယ်ဆိုသူ အမျိုးသမီးငယ်တစ်ဦးရဲ့ ရင်ညွန့်လက်နက်ကြီးစထိမှန်ခဲ့ပြီး ဒဏ်ရာရတဲ့အတွက် ကာမိုင်းစစ်ဗျူဟာကုန်းမှတဆင့် မြစ်ကြီးနားသို့ သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
ကာမိုင်းမြို့ပတ်ဝန်းကျင်အနီးတဝိုက်မှာ ကေအိုင်အေ ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံ သိရပါတယ်။
http://burmese.dvb.no/archives/455299
No comments:
Post a Comment