Thursday, April 30, 2020

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀) ကျင်းပ

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀) ကျင်းပ

နေပြည်တော် ဧပြီ ၃၀
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေ ၁၈ ရက်တွင် စတင်ကျင်းပရန် ကြေညာထားပြီးဖြစ်ပါကြောင်း၊ ယခုခေါ်ယူထားသည့် လွှတ်တော်အစည်းအဝေးတွင် လက်ရှိကာလအတွင်း မဖြစ်မနေဆောင်ရွက် ပေးရမည့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များကို အချိန်ကာလတိုအတွင်း အဆင်ပြေချောမွေ့ စွာ ပြီးစီးရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုခံယူနိုင်ရေးနှင့် သွားလာနေထိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးကာလမတိုင်မီ ကြိုတင်၍ COVID-19  ရောဂါ ရှိ/ မရှိ စစ်ဆေးပေးနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နေပြည်တော်သို့ မေ ၉ ရက်ထက် မစော ၁၀ ရက်ထက်နောက်မကျစေဘဲ လာရောက်ကြရန် ပြင်ဆင်ခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒနယ်မြေအသီးသီးမှ အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ အချိန်မီလာရောက်နိုင်ရေးကိုလည်း သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ထားပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် လွှတ်တော်များ၏ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးနှင့် ကျန်းမာရေးကို အထူးဂရုပြုဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက (၁၆)ကြိမ်မြောက်လွှတ်တော်ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၇ ရက်တွင် စတင်ကျင်းပ ရန် လျာထားခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ရွှေ့ဆိုင်း ထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါတွင် လွှတ်တော်အစည်းအဝေး ခေါ်ယူဆောင်ရွက်ပေးရမည့် လုပ်ငန်းကိစ္စရပ်များအတွက် ကန့်သတ်ကာလ အခြေအနေ အရ လွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးရခြင်းဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုအန္တရာယ် ကာကွယ် ထိန်းချုပ်ရေးအတွက် သင့်လျော်ကောင်းမွန်သည့် အစီအစဉ်များဖြင့် လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးနည်းလမ်းများကို ဝိုင်းဝန်းအကြံပေးကြရန်နှင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီ အလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး များနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်   ဧပြီ  ၃၀
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း နှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့တွင်ကျင်းပရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး စုံညီစွာ တက်ရောက်ကြပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့်နည်းလမ်းများကို ဆွေးနွေးကြသည်။
စုံစမ်းစစ်ဆေးရေးကော်မတီက လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရေးကို သဘောတူကြပြီး စုံစမ်းစစ်ဆေးရေးကော်မတီ၏ မြေပြင်ကွင်းဆင်း စစ်ဆေးမှုလုပ်ငန်းများကိုလည်း အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၃၀
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ရာမောင်တံတားအနီး၌ ဇက်ကူးရန်စောင့်ဆိုင်းလျက်ရှိသော ယာဉ်မောင်းတစ်ဦးသည် AA အကြမ်းဖက် သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပဲခူးမြို့ရှိ ဆေးလိပ်ဖို တစ်ခုမှ ဆေးပေါ့လိပ်များအား ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ရန်အတွက် ယာဉ်မောင်း ဦးသိန်းနိုင်စိုးသည် ဟီးနိုးအမျိုးအစား ၁၂ ဘီး ယာဉ်အား မောင်းနှင်၍ ယာဉ်နောက် လိုက်ဖြစ်သူ ဦးသန်းဇော်နှင့်အတူ ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းတွင် မင်းပြားမြို့ ရာမောင်တံတားအနီးသို့ ရောက်ရှိခဲ့ပြီး ဇက် ကူးရန်စောင့်ဆိုင်းခဲ့ကြောင်း၊ ယင်းသို့ စောင့်ဆိုင်းနေစဉ် အနောက်ဘက်ရှိ တောင်ကုန်းမှ တိုက်ပွဲဖြစ်ပွားသံများ ကြားသဖြင့် ကားအောက်သို့ ဝင်ရောက် ပုန်းအောင်းနေခဲ့ကြောင်း၊ အသံများငြိမ်သွားချိန်တွင် အပြင်သို့ထွက်၍ ကားဘေး၌ထိုင်နေစဉ် ယာဉ်မောင်း ဦးသိန်းနိုင်စိုး၏ လက်မောင်းကို လက်နက်ငယ် ကျည်ထိမှန်ခဲ့ပြီး ယာဉ်အား ဆက်လက်မောင်းနှင်နိုင်ခြင်း မရှိသဖြင့် ယာဉ်နောက်လိုက် ဦးသန်းဇော်အား စစ်တွေမြို့သို့ ဆက်လက် မောင်းနှင်စေခဲ့ကြောင်း၊ ယောချောင်းတံတားသို့ အရောက်တွင် တံတားလုံခြုံရေးအဖွဲ့များသို့ သတင်းပို့ခဲ့ရာလိုအပ်သည့် ဆေးကုသမှုများပြုလုပ်ပေးခဲ့ပြီး အမ်းမြို့ရှိ တပ်မတော် ဆေးရုံသို့ပို့ဆောင်ကာ ခွဲစိတ်ဆောင်၌ ခွဲစိတ်ပါရဂူဖြင့် အနီးကပ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရာမောင်တံတားအနီးတွင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် နယ်မြေတည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် မကြာခဏ ပြုလုပ်လျက်ရှိပြီး ဧပြီ ၂၀ ရက် ညနေပိုင်းတွင်လည်း ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်မြို့သို့ပို့ဆောင်စစ်ဆေးရန် ထွက်ခွာလာသည့် WHO မှ UN တံဆိပ်ပါ မော်တော်ယာဉ်အား မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ် အနီး၌ AA အကြမ်းဖက် သောင်းကျန်း သူများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အရပ်သားဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်အပါအဝင် အခြားအကြမ်းဖက် လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပလက်၀ဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင်လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နှောင့်ယှက်ပစ်ခတ်

ပလက်၀ဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင်လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နှောင့်ယှက်ပစ်ခတ်

နေပြည်တော်  ဧပြီ  ၃၀
ချင်းပြည်နယ် ပလက်၀ဒေသရှိ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက်ပံ့သောရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်မှ ထောက်ပံ့လှူဒါန်းသော စားသောက်ဖွယ်ရာ ပစ္စည်းများအား ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးမှုများနှင့် AA အကြမ်းဖက် သောင်းကျန်းသူများက နှောင့်ယှက်ဟန့်တားမှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးစားအားထုတ်၍ ဧပြီ ၂၉ ရက် ညနေပိုင်းတွင် ဆက်လက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ပို့ဆောင်ရာတွင် လမ်းကြောင်းအခြေအနေနှင့် လုံခြုံရေးအခြေအနေအရ လုပ်ငန်းယာဉ် ၃၁ စီးက ရှေ့မှစတင်ထွက်ခွာခဲ့ပြီး WFP မှ ခြောက်ဘီးယာဉ်ငါးစီးက နောက်မှကပ်လျက်လိုက်ပါကာ ယာဉ်ပေါ်လိုက် လုံခြုံရေးအဖွဲ့များ၊ လမ်းလုံခြုံရေးအဖွဲ့များဖြင့် လုံခြုံရေးဆောင်ရွက် ၍ ထွက်ခွာခဲ့ကြောင်း၊ ယင်းသို့ထွက်ခွာခဲ့ရာ ဆမီးမြို့၏ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့် အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက နောက်မှလိုက်ပါလာသည့် WFP မှ မော်တော်ယာဉ်များကိုသာ ဦးတည် ပစ်မှတ်ထားရွေးချယ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လမ်းလုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့များနှင့် ယာဉ်ပေါ်ပါလုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားခဲ့ရကြောင်း။
အဆိုပါ နှောင့်ယှက်ပစ်ခတ်မှုကြောင့် WFP မှ ယာဉ်မောင်း ပခုက္ကူမြို့နေ ဦးဝင်းကိုအောင်၏ မျက်နှာတွင် မော်တော်ယာဉ်လေကာမှန်စထိမှန်၍ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် ခြောက်ဘီးယာဉ်၏ ဆီတိုင်ကီနှင့် ရှေ့လေကာမှန် လက်နက်ငယ်ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အခြားမော်တော်ယာဉ် လေးစီးတွင်လည်း ရှေ့ / နောက်လေကာမှန်များ၊ တံခါးများ၊ ဘီးများနှင့် ကိုယ်ထည်များ လက်နက်ငယ်ထိမှန်ပျက်စီးခဲ့ကြောင်း။
ယင်းသို့ မော်တော်ယာဉ်များ ထိမှန်ပျက်စီးခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည် ခုခံကာကွယ်ခဲ့မှုများကြောင့် အဆိုပါထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ပလက်၀နယ်မြေခံ တပ်ဌာနချုပ်ဝန်းကျင်သို့ရောက်ရှိအောင် ပို့ဆောင်ပေး နိုင်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင်အား ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လုံခြုံရေးအဖွဲ့ မှ ဆေးမှူးဖြင့် လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပလက်၀နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ပလက်၀ဒေသခံများ လက်ဝယ်သို့အရောက်ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မောင်တော- အငူမော်သွားကားလမ်းပေါ်ရှိ ဥဒေါင်းတံတားသို့ လာရောက်မိုင်းထောင်သည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အမာခံတစ်ဦး မိုင်းထောင်စဉ် မိုင်းပေါက်ကွဲသေဆုံး

မောင်တော- အငူမော်သွားကားလမ်းပေါ်ရှိ ဥဒေါင်းတံတားသို့ လာရောက်မိုင်းထောင်သည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အမာခံတစ်ဦး မိုင်းထောင်စဉ် မိုင်းပေါက်ကွဲသေဆုံး
နေပြည်တော် ၊ ဧပြီ -  ၃၀
    
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တော- အငူမော်သွား ကားလမ်းပေါ်ရှိ ဥဒေါင်းတံတားသို ယနေ့မွန်းလွဲပိုင်းတွင် လာရောက်မိုင်းထောင်သည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အမာခံတစ်ဦး မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် မောင်တောမြို့နယ်ရှိ ဥဒေါင်းတံတားအနီး မိုင်းပေါက်ကွဲသံကြားရသဖြင့် သွားရောက်စစ်ဆေးရာ ဥဒေါင်းတံတားအနီး၌ မိုင်းထိ ဒဏ်ရာများဖြင့် သေဆုံးနေသော AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အမာခံတစ်ဦး၏ အလောင်းအားတွေ့ရှိရသည်။ အဆိုပါ သေဆုံး နေသူအား စိစစ်ခဲ့ရာ ဥဒေါင်းကျေးရွာနေ ဦးအောင်ထွန်းသိန်း (ဘ)ဦးလူသန်ကြီး၊ အသက် ၄၈ နှစ်ဖြစ်ကြောင်းနှင့် ၎င်းသေဆုံးသူသည်  AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံသတင်းပေးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အလားတူ မတ် ၂၅ ရက်တွင်လည်း မောင်တောမြို့၏အရှေ့ဘက် မီတာ ၆၀၀၀ ခန့်အကွာ ဘူးသီးတောင်- မောင်တောသွားကားလမ်းမပေါ်၌ ဆိုင်ကယ်ဖြင့် လာရောက်မိုင်း ထောင်သည့် မောင်တောမြို့၊ အမှတ်(၃)ရပ်ကွက်နေ ညီညီနိုင်(ဘ)ဦးငွေစိန်အား မိုင်းထောင် ဖောက်ခွဲရာတွင် အသုံးပြုသည့် ဒေသန္တရလက်လုပ်မိုင်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပလက်ဝဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင် လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက နှောင့်ယှက်ပစ်ခတ်

ပလက်ဝဒေသခံများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများ သယ်ဆောင် လာသည့် လုပ်ငန်းယာဉ်များနှင့် WFP မှ မော်တော်ယာဉ်များအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက နှောင့်ယှက်ပစ်ခတ်
နေပြည်တော်၊ ဧပြီ - ၃၀
    
ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုး ရအဖွဲ့နှင့်  WFP  မှ ထောက်ပံ့သောရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်မှ ထောက်ပံ့လှူဒါန်းသောစားသောက်ဖွယ်ရာပစ္စည်းများအား ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးမှုများနှင့် AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ဟန့်တားမှု များကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုများဖြင့် ဆက်လက်ပို့ဆောင်ခဲ့ရာ ဧပြီ ၂၈ ရက်တွင် ပလက်ဝမြို့သို့ရောက်ရှိခဲ့ကြောင်း၊ ဧပြီ ၂၉ ရက်တွင် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး ၂၉ ရက်ညနေပိုင်းတွင် ဆက်လက်ပို့ဆောင်ခဲ့သည်။
    
ထိုသို့ ပို့ဆောင်ရာတွင် လမ်းကြောင်းအခြေအနေနှင့် လုံခြုံရေးအခြေအနေအရ လုပ်ငန်းယာဉ် ၃၁ စီးက ရှေ့မှစတင်ထွက်ခွာခဲ့ပြီး  WFP  မှ ၆ ဘီးယာဉ် ၅ စီးက နောက်မှ ကပ်လျက်လိုက်ပါကာ ယာဉ်ပေါ်လိုက်လုံခြုံရေးအဖွဲ့များ၊ လမ်းလုံခြုံရေးအဖွဲ့များဖြင့် စနစ်တကျလုံခြုံရေးဆောင်ရွက်၍ ထွက်ခွာခဲ့သည်။ ယင်းသို့ထွက်ခွာခဲ့ရာ ဆမီး၏ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့် အကွာသို့အရောက်၌  AA အကြမ်းဖက်သောင်းကျန်း သူများကနောက်မှလိုက်ပါလာသည့် WFP  မှမော်တော်ယာဉ်များကိုသာ ဦးတည်ပစ်မှတ်ထား ရွေးချယ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လမ်းလုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့များနှင့် ယာဉ်ပေါ်ပါ လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ကစဉ့်ကလျား ဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ 
    
အဆိုပါ နှောင့်ယှက်ပစ်ခတ်မှုများကြောင့် WFP  မှ ယာဉ်မောင်း ဦးဝင်းကိုအောင် (ဘ) ဦးအောင်စိုးမြင့် ၊ ပခုက္ကူမြို့နေထိုင်သူ၏ မျက်နှာတွင် မော်တော်ယာဉ်လေကာမှန်စ ထိမှန်၍ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့် ၆ ဘီးယာဉ်အမှတ် YGN-2C-3916ဆီတိုင်ကီနှင့် ရှေ့လေကာမှန်လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့သည်။ ထို့ပြင် အခြားမော်တော်ယာဉ် ၄ စီးတွင်လည်း ရှေ့/နောက် လေကာမှန်များ၊ တံခါးများ၊ ဘီးများနှင့် ကိုယ်ထည်များ လက်နက်ငယ်ထိမှန်ပျက်စီးခဲ့သည်။
    
ယင်းသို့ မော်တော်ယာဉ်များ ထိမှန်ပျက်စီးခဲ့သော်လည်း လုံခြုံရေးစနစ်တကျဆောင် ရွက်၍ ချီတက်ခဲ့မှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံကာကွယ်ခဲ့မှုများကြောင့် အဆို ပါ ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ပလက်၀ နယ်မြေခံ တပ်ဌာနချုပ်ဝန်းကျင်သို့ ချောမောစွာဖြင့် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင်အား ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးအဖွဲ့မှ ဆေးမှူးဖြင့် လိုအပ်သည့်ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
    
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၇ ရက် တွင်လည်း မောင်တောဒေသသို့ပို့ဆောင်မည့်ထောက်ပံ့ရေးရိက္ခာပစ္စည်းများ တင်ဆောင် လာသော အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) မှ ကုန်ကား ၆ စီးကို ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးလမ်းဆုံ၊ ကျောက်ကြပ်ကျေးရွာအနီး၌ လည်းကောင်း၊   ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၀ ရက်တွင် COVID-19  ရောဂါစောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးရန် သွားရောက်သည့် WHOမှ UN တံဆိပ်ပါမော်တော်ယာဉ်အား မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် မင်းရွာအနီး၌ လည်းကောင်း မိုင်းထောင်ဖောက်ခွဲခြင်း၊  လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။ 
    
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပလက်ဝနယ်မြေတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်း ဆက် သွယ်မှုကောင်းမွန်စေရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများကို ပလက်ဝဒေသခံများ လက်ဝယ်သို့အရောက်ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူနှစ်ဦးအား မူးယစ်ဆေးဝါးများ၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိ

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူနှစ်ဦးအား မူးယစ်ဆေးဝါးများ၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိ
နေပြည်တော်၊ ဧပြီ - ၃၀
    
မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ်အတွင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ်ဒေသ လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဧပြီ ၂၉ ရက်နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၄၁ ၏မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာ သို့အရောက်၌ မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦးအားတွေ့ရှိခဲ့သောကြောင့် စစ်ဆေးရန် ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲထွက်ပြေးသွားခဲ့သဖြင့် သတိပေးပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရသည်။ ၎င်းတို့ထွက်ပြေးသွားရာနေရာတစ်ဝိုက်အား လိုက်လံရှာဖွေခဲ့ရာ ဘင်္ဂါလီအမျိုး သားနှစ်ဦးအား Unicef  တံဆိပ်ပါအပြာနုရောင် ကျောပိုးအိတ်အတွင်းမှ အချင်း ၄ လက်မ၊ အမြင့် ၆ လက်မရှိ သံဘူးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး၊ မိုင်းပြု လုပ်ရာတွင်အသုံးပြုသည့် ဝါယာကြိုးများ၊ ဓာတ်ခဲများ၊ ဓားရှည် ၁ ချောင်း၊ WY စာတန်း ပါ စိတ် ကဆေးပြား ၄၇၅၀၀ ပြားတို့နှင့်အတူ အသေတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ နှစ်ဦးမှာ နယ်စပ်မျဉ်းတစ်လျှောက်လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား မိုင်းထောင်၊ မိုင်းဆွဲခြင်း၊ မူးယစ်ဆေးဝါးများသယ်ဆောင်ခြင်းများကို ပြုလုပ်လျက်ရှိသည့် ARSA  အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေသူများဖြစ် ကြောင်း သိရှိရသည်။
    
အဆိုပါ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ပတ်သက်ဆက် နွယ်နေသည့် အသေဖမ်းဆီးရမိဘင်္ဂါလီအမျိုးသား ၂ ဦး၏ ရုပ်အလောင်းများ၊ မူးယစ်ဆေး ဝါး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်နိုင်ရေး အောင်ဇူနယ်မြေရဲစခန်းသို့ ဆက်လက်လွှဲပြောင်းသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

ကိုဗစ်ကင်းစင်ချိန် ရေငုပ်သင်္ဘောလက်ခံဖို့ပြင်ထားတယ်လို့ တပ်မတော်ပြော

ကိုဗစ်ကင်းစင်ချိန် ရေငုပ်သင်္ဘောလက်ခံဖို့ပြင်ထားတယ်လို့ တပ်မတော်ပြော

၇၅နှစ်မြောက်တပ်မတော်နေ့ မတိုင်မီ လက်ခံဖို့ ပြင်ဆင်ထားခဲ့ဓာတ်ပုံ မူပိုင်SENIOR GENERAL MIN AUNG HLAING
Image caption၇၅နှစ်မြောက်တပ်မတော်နေ့ မတိုင်မီ လက်ခံဖို့ ပြင်ဆင်ထားခဲ့
မြန်မာနိုင်ငံအတွက် အိန္ဒိယက ပြန်လည် မွမ်းမံတည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောက ပြီးစီးသွားပြီဖြစ်ပြီး လွှဲပြောင်းပေးဖို့ အဆင့်သင့် ဖြစ်နေပေမယ့် ကိုဗစ်ကာလကြောင့် သင်္ဘောကို လက်ခံယူဖို့ မြန်မာက ရက်ရွှေ့ဆိုင်းထားရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ဒီရေငုပ် သင်္ဘောက ကီလိုအတန်းအစား ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံးရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။
ဒီသင်္ဘောကို၂၀၁၉ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ တပ်မတော်ရေ ၇၂ နှစ်ပြည့်မှာ တပ်တော် ဝင်ဖို့ အစီအစဉ်မရှိခဲ့ပေမယ့်လည်း ၇၅နှစ်မြောက်တပ်မတော်နေ့ မတိုင်မီ လက်ခံဖို့ တပ်ဘက်က ပြင်ဆင်ခဲ့တာပါ။
ဒါပေမယ့်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားနေတာကြောင့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းနားအပါအဝင် ရေငုပ်သင်္ဘော လက်ခံရေးကိုပါ ရွှေ့ဆိုင်းခဲ့တာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရုရှားက ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းခွင်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သွားကြည့်ပြီးနောက် တနှစ်ပြည့်တဲ့အချိန်မှာပဲ မြန်မာနိုင်ငံအနေနဲ့ ရေငုပ်သင်္ဘောတစီးကို ဝယ်ယူကာ လက်ခံဖို့ အဆင့်သင့်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ကာလအပြီးထိ ရွှေ့ဆိုင်းထားပေမယ့် ကိုဗစ်ကင်းစင်တဲ့အချိန်ကစပြီး ရေငုပ်သင်္ဘောကို အိန္ဒိယထံကနေ လက်လွှဲယူဖို့ တပ်မတော်က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အချိန်အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ရောက်ရှိလာမယ့် ရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီး သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက "လေ့ကျင့်ရေးအတွက် ဒါဝယ်တယ်လို့ သိရှိထားတယ်ပေါ့။ နိုင်ငံတကာမှာလည်း ဘယ်နိုင်ငံမှာမှ ရေငုပ်သင်္ဘောမရှိဘဲနဲ့ လှုပ်ရှားတဲ့ ရေတပ်ဆိုတာတော့မရှိဘူးပေါ့။ ရေငုပ်သင်္ဘောတပ်ဖွဲ့တစ်ဖွဲ့ စပြီး တည်ထောင်တယ်ဆိုကတည်းက နောက်ကို နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေမှာ မူတည်ပြီးမှ တိုးချဲ့သွားရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံကလည်း ရရှိတဲ့ ဘတ်ဂျက်အပေါ်မှာ မူတည်ပြီးတော့မှ တိုးချဲ့တည်ဆောက်သွားမယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။
ထားမယ့်နေရာကတော့ နိုင်ငံရဲ့ စစ်ရေးအရ လျှို့ဝှက်တဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် ဒါကတော့ ဘယ်လိုမှ ထုတ်ပြောမှာတော့ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
ရေငုပ်သင်္ဘော မြန်မာရေတပ်ကို မရောက်ရှိသေးပေမယ့်လည်း ပြီးခဲ့တဲ့နှစ် ၂၀၁၉ ဒီဇင်ဘာလတုန်းက ကိုရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ အာဆီယံဒေသတွင်း အကြီးဆုံးစစ်သင်္ဘောတွေထဲမှာ တခုအပါအဝင် ဖြစ်တဲ့ စစ်ရေယာဥ် မုတ္တမက တပ်တော်ဝင်ခဲ့ပါတယ်။ စစ်ရေယာဉ်မုတ္တမကတော့ တိုက်ခိုက်ရေးနဲ့ ကယ်ဆယ် ရေးအစရှိတဲ့ ဘက်စုံသုံး ထောက်ပံ့ရေး စစ်ရေယာဥ် ဖြစ်ပါတယ်။

ပလက်ဝမြို့ဒေသခံများ၊ တိုက်ပွဲရှောင် မိသားစုများနှင့် ဝန်ထမ်းများကို ရိက္ခာတစ်ပတ်စာအခမဲ့ဖြန့်ဝေမည်ဟု ချင်းပြည်နယ် ဝန်ကြီး ပြောကြား

ပလက်ဝမြို့ဒေသခံများ၊ တိုက်ပွဲရှောင် မိသားစုများနှင့် ဝန်ထမ်းများကို ရိက္ခာတစ်ပတ်စာအခမဲ့ဖြန့်ဝေမည်ဟု ချင်းပြည်နယ် ဝန်ကြီး ပြောကြား
ဆမီးမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရသည့် အခြေအနေကို တွေ့ရစဉ်
ဆမီးမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရသည့် အခြေအနေကို တွေ့ရစဉ်
PUBLISHED 30 APRIL 2020

ပလက်ဝမြို့ဒေသခံများ၊ တိုက်ပွဲရှောင် မိသားစုများနှင့် ဝန်ထမ်းများကို ရိက္ခာတစ်ပတ်စာ အခမဲ့ဖြန့်ဝေမည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်၏ ပြောကြားချက်အရ သိရှိရပါသည်။
‘‘ ဒီနေ့ ညနေကစပြီးတော့ ပလက်ဝ ဒေသမှာရှိတဲ့ ပြည်သူလူထုများ၊ တိုက်ပွဲရှောင် မိသားစုများ၊ ဝန်ထမ်းများအပါ ရိက္ခာ တစ် ပတ်စာအခမဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်’’ ဟုချင်းပြည်နယ် ဝန်ကြီးဦးစိုးထက်က ပြော ကြားသည်။
ဖြန့်ဝေမည့်ရိက္ခာများကို ဧပြီ ၂၄ ရက် တွင် ဆမီးမြို့မှ တစ်ဆင့် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး ဆန်အိတ် ၂၀၀၀၊ ဆီ ၁၈၀၀ ပိသာ၊ ဆား ၁၈၀၀ ပိသာ၊ ပဲ ၃၆၀၀ ပိသာ၊ ခေါက်ဆွဲ ခြောက် ၂၀၀ ဖာ၊ အဝတ်မျိုးစုံ ၅၀ ထုတ်၊ အိမ်သာခွက်ပိုက်အပါ ၁၀၀ စုံ၊ ဖိနပ်အိတ် တစ်အိတ်နှင့် ဆပ်ပြာ ၁၀ ဖာတို့ဖြစ်ကြောင်း နယ်မြေလုံခြုံရေးအရ ပြည်ထောင်စုအစိုးရ ထံအကူအညီတောင်းခံခဲ့ရာ တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြား သည်။
‘‘ လမ်းကြောင်းမှာလုံခြုံရေးအခြေအနေ အရနဲ့ လမ်းကြောင်းမှာမိုးရွာတဲ့အတွက် မြေ သားလမ်းတွေသွားလာရတဲ့ အခက်အခဲရှိလို့ မနေ့ကမှ နယ်မြေခံတပ်ကိုရောက်ရှိသွားပါတယ်’’ ဟု ဝန်ကြီး ဦးစိုးထက်ကပြောကြား သည်။
ဧပြီ ၁၉ ရက်ကလည်း ဆန်အိတ် ၈၃၀၊ ဆီ၊ ဆား၊ ပဲအချို့အား ဒေသခံမော်တော်ယာဉ် ၁၀ စီးဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ ရိက္ခာများထပ် မံပို့ဆောင်ရန် စီစဉ်နေစဉ် နယ်မြေလုံခြုံရေး မရှိသဖြင့် မော်တော်ယာဉ် မောင်းနှင်မည့်သူ မရှိဖြစ်ခဲ့ရာ ရိက္ခာပို့ဆောင်ရန် နောက်ကျခဲ့ ခြင်းဖြစ်သည်။
ပလက်ဝမြို့တွင် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲနေပြီး ဒေသခံပြည်သူများ၊ တိုက်ပွဲရှောင်မိသားစု များအပါအဝင် ဝန်ထမ်းများပါ စားနပ်ရိက္ခာ အတွက် ခက်ခဲနေကြခြင်း ဖြစ်သည်ဟု သိရ သည်။
‘‘ ပလက်ဝမြို့မှာ တိုက်ပွဲရှောင်ရောက် နေတာအိမ်ထောင်စု ၁၀၅၅ စုရှိပါတယ်။ ကျား ၂၁၈၃ နဲ့မ ၂၅၇၇ စုစုပေါင်း ၄၇၆၀ ဦး၊ IDP Camp ငါးနေရာလောက် ခွဲထားပြီးတော့ ဆွေမျိုးသားချင်းအိမ်မှာနေတဲ့သူနဲ့ ဆို ၄၇၆၀ ရှိပါတယ်။ ဆမီးမြို့ပေါ်မှာအိမ်ထောင်စု ၆၆၂ စုရှိပြီးတော့ ကျား ၁၂၆၇ မ ၁၄၈၁ စုစုပေါင်း ၂၇၇၈ ဦးရှိပါတယ်။ ပလက်ဝနဲ့ ဆမီး နှစ်ခုမှာတင် အိမ်ထောင်စုပေါင်း ၁၇၇၂ စုနဲ့ လူဦးရေပေါင်း ၇၅၃၈ ဦး ဖြစ်ပါတယ် ။ မီးဇာကျေးရွာမှာတိုက်ပွဲရှောင် အရေအတွက် က ၁၀၇ စု လူဦးရေ ၅၂၄ ဦး ၊ စိမ့်ဆင်းရွာမှာ ၁၆၃ စုနဲ့ ၅၁၄ ဦး၊ စာရင်းအရတိုက်ပွဲရှောင် ဦးရေ ၈၅၇၆ ဦးရှိပြီး မြို့ပေါ်လူဦးရေကလည်း ၈၀၀၀ ကျော်ရှိတဲ့အတွက် လက်ရှိမှာ စားဝတ် နေရေး ခက်ခဲတာဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်များနဲ့ နိုင်ငံတော် စီစဉ်က ပံ့ ပိုးတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲများကို ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာ ဆမီးကို ရောက်ရှိနေတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နဲ့ ဆန်အိတ် ၁၀၀၀ ကိုလည်း ပလက်ဝကို ပို့ဖို့ရှိပါတယ် ‘‘ဟု ဦးစိုးထက်က ပြောကြားသည်။
ဆန်များ ရောက်ရှိလာခြင်းကြောင့် လတ်တလောရိက္ခာအတွက် အဆင်ပြေပြီ ဖြစ်ကြောင်း ပလက်ဝမြို့ခံတစ်ဦးက ပြော ကြားသည်။
‘‘ ဆန်ကတော့ ရောက်နေပါပြီ။ ဒီက ခလရ ၂၈၉ တပ်ရင်းကိုရောက်နေပါပြီ။ ဒီက နေ့ မနက် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်မှာ လွှဲအပ်တဲ့ အခမ်းအနားလေးလုပ်ဖြစ်ပါတယ်။ ဆန်ဖြန့်ဝေဖို့ကတော့ မြို့နယ်ကလူကြီးတွေ နဲ့ သက်ဆိုင်ရာလူကြီးတွေက လမ်းညွှန်ပေး မယ်လို့ ပြောပါတယ် ။ ဆန်ကိစ္စတော့ လော လောဆယ် အဆင်ပြေတယ်လို့ ပြောရပါမယ်’’ဟု အဆိုပါမြို့ခက ပြောကြားသည်။

ရခိုင်ပြည်နယ်၌ ဘူးလေးရာ ဖရုံဆင့်ခြင်း

ရခိုင်ပြည်နယ်၌ ဘူးလေးရာ ဖရုံဆင့်ခြင်း
 Thursday, April 30, 2020 Mail
ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ရက္ခိုင်တပ်မတော်(အေအေ) တို့ကြား တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုများပြားလာချိန်တွင် ပြည်နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများသည်လည်း တိုက်ခိုက်မှုများကြား ပိတ်မိမည်ကို စိုးရိမ်ကြောင့်ကြနေရပြီး ပြည်နယ်သည် COVID-19 အတွက် ပြင်ဆင်ထားမှုမရှိကြောင်းလည်း ပြောဆိုခဲ့ကြသည်။
ဟိန်းသာနှင့်ရဲမွန်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ ဧပြီ ၂၀ ရက်တွင် ကုလသမဂ္ဂမော်တော်ယာဉ်တစ်စင်း တိုက်ခိုက်ခံရပြီးနောက် ပြည်နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများ အသက်ဘေးအတွက် စိုးရိမ်ပူပန်မှုများ ပိုမိုများပြားလာခဲ့သည်။
    တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ပြီး အစိုးရကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ COVID-19 ရှိမရှိစစ်ဆေးရန်အတွက် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်သို့ပို့ဆောင်ရန် ထွက်ခွာလာစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ တပ်မတော်နှင့် အေအေတို့က တိုက်ခိုက်မှုနှင့်ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက်ကို အပြစ်တင်ခဲ့ကြသည်။
    မှန်ကန်သော ရလဒ်ထွက်စေရန်အတွက်  နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို ၄၈ နာရီအတွင်း စစ်ဆေးရမည်ဖြစ်ရာ တိုက်ခိုက်မှုကြောင့် ယင်းနမူနာများ အလဟဿဖြစ်ခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က ရန်ကုန်၌ ဧပြီ ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
    ဧပြီလအကုန်ပိုင်းတွင် ပြည်တွင်း လေကြောင်းခရီးစဉ်များပြန်လည်စတင်ပါက နမူနာများကို ရန်ကုန်သို့ လေယာဉ်ဖြင့် ပို့ဆောင်နိုင်ရန် ဝန်ကြီးဌာနက စီစဉ်မည်ဖြစ်ကြောင်း ဒေါက်တာ သာထွန်းကျော်ကပြောဆိုခဲ့သည်။
    ယခုလောလောဆယ်မှာတော့ မော်တော်ယာဉ်ဖြင့်ပို့ဆောင်ရေးသာ တစ်ခုတည်းသော နည်းလမ်းဖြစ်နေသည်။ နောက်တစ်ကြိမ်ပို့ဆောင်မည့် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်သို့ ဧပြီ ၂၃ ရက်တွင် ယခင်လမ်းကြောင်းအတိုင်းပို့ဆောင်ရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်ရှိ အထူးရောဂါထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ဧပြီ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
    သို့သော် ပို့ဆောင်နေကျလမ်းကြောင်းမှာ လုံခြုံမှုမရှိချေ။ ပိုးမွှားနှိမ်နင်းရေးကုမ္ပဏီတစ်ခုဖြစ်သည့် Competitive Pest Services ပိုင် ပုဂ္ဂလိက မော်တော်ယာဉ်တစ်စင်း ဧပြီ ၂၂ ရက်တွင် မင်းပြားမြို့နယ်ရှိ ယခင်တိုက်ခိုက်မှုဖြစ်ပွားရာနေရာမှာပင် ပစ်ခတ်ခံခဲ့ရသည်။
    တပ်မတော်နှင့် အေအေတို့က တစ်ဖက်နှင့်တစ်ဖက်အပြစ်တင်ခဲ့ကြသည်။ စွပ်စွဲမှုနှင့်ပတ်သက်၍ အေအေသည် ဧပြီ ၂၃ ရက်အထိ တုံ့ပြန်ဖြေရှင်းခြင်းမပြုခဲ့ချေ။

rakhine_who_1.jpg

ဧပြီ ၂၁ ရက်တွင် တိုက်ခိုက်ခံခဲ့ရသည့် ကုလသမဂ္ဂအမှတ်တံဆိပ်ပါ မော်တော်ယာဉ်မှ ယာဉ်မောင်း၏ရုပ်အလောင်းကို ကြက်ခြေနီအဖွဲ့ဝင်များ သယ်ဆောင်လာစဉ်။ အေအက်ဖ်ပီ


ကျန်းမာရေးဝန်ထမ်းတွေ ကြောက်နေကြပြီ
ကုလသမဂ္ဂအမှတ်တံဆိပ်ပါသော မော်တော်ယာဉ် ဧပြီ ၂၀ ရက်တွင် တိုက်ခိုက်မခံရမီကတည်းက ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းများသည် တပ်မတော်နှင့် အေအေတို့ကြား ပိုမိုပြင်းထန်လာသည့် တိုက်ပွဲများကြောင့် COVID-19 ကို မည်ကဲ့သို့ တုံ့ပြန်ရမည်နှင့်ပတ်သက်၍ အကျပ်ရိုက်ခဲ့သည်။
    ယခုနှစ်အစောပိုင်းကတည်းက မြေမြှုပ်မိုင်းများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများရှိခဲ့သည်။ တပ်မတော်သည် လူဦးရေထူထပ်သော နေရာများသို့ လေကြောင်းမှတစ်ဆင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကိုနေ့စဉ်ပြုလုပ်ခဲ့သောကြောင့် မတ် ၂၃ ရက်မှစ၍ အရပ်သား ၃၂ ဦးခန့်သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာကော်မရှင်နာရုံး၏ပြောခွင့်ရှိသူက ဧပြီ ၁၇ ရက်တွင်ပြောဆိုခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူအများစုသည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြကြောင်း ပြောခွင့်ရှိသူက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။
    သေဆုံးမှုနှုန်းသည် ယင်းအချိန်ကတည်းက ဆက်လက်မြင့်တက်ခဲ့သည်။ ဧပြီ ၂၂ ရက်တွင် ချင်းပြည်နယ်(တောင်ပိုင်း) ပလက်ဝမြို့နယ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သည်။ တပ်မတော်သည် WHO ဝန်ထမ်းသတ်ဖြတ်ခံခဲ့ရသည့် နေရာတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရင်း နောက်ထပ်အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့သေးကြောင်း လွတ်လပ်သောအာရှအသံက ဖော်ပြခဲ့သည်။
    တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်တွင်း COVID-19 ကူးစက်မှုတားဆီးရေး အစီအစဉ်များ ထိခိုက်ခဲ့ရကြောင်း မင်းပြားမြို့နယ်ကျန်းမာရေးအရာရှိ ဦးသိန်းထွန်းက Frontier သို့ ဧပြီ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
    "ဒီလိုအခြေအနေမျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေက အပြင်ကိုမထွက်ချင်ကြဘူး၊သူတို့လည်း ကြောက်နေကြတာပေါ့၊ ဒါပေမဲ့ ဒါဟာ အမျိုးသားရေးတာဝန်မို့လို့ လူနာတွေအတွက်နဲ့ COVID-19 တိုက်ဖျက်ရေးအတွက် လုပ်ဆောင်ရမယ်လို့ ပြောထားပါတယ်" ဟု သူကပြောဆိုခဲ့သည်။
    ပြည်နယ်မြောက်ပိုင်း ကျောက်တော်ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံများသည်လည်း အကြောက်တရားနှင့်နေထိုင်နေရသည်။ ကျောက်တော်သည်လည်း တိုက်ပွဲဒဏ်ခံနေရသည်။
    တိုက်ခိုက်မှုများကြောင့် ကျေးရွာများရှိ သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများကို ပိတ်ထားလိုက်ရပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးအရာရှိ ဒေါက်တာ သိန်းထွန်းဦးက ပြောဆိုခဲ့သည်။ ဒေသခံများနှင့် ကျန်းမာရေးဝန်ထမ်းများ ကျေးရွာများမှ မြို့သို့ တိမ်းရှောင်ခဲ့ကြပြီး ကျေးရွာသားများသည်လည်း ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်စခန်းများ( IDP) နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြကြောင်း သူကပြောဆိုခဲ့သည်။
    ထို့ပြင် လိုအပ်သော ကျန်းမာရေးပစ္စည်းများကို ထောက်ပံ့ပေးခြင်းမရှိသောကြောင့် မြို့ရှိ သီးခြားထားရှိစောင့်ကြည့်စခန်းကို ပိတ်ထားခဲ့ရကြောင်း ဒေါက်တာသိန်းထွန်းဦးကပြောဆိုခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပိုမိုခက်ခဲလာခဲ့ကြောင်း ကျောက်တော်ရှိ အစိုးရကျန်းမာရေးဝန်ထမ်း ဒေါက်တာဖြူခင်ကပြောဆိုခဲ့သည်။
    "တစ်ခုခုလုပ်တော့မယ်ဆိုရင် အန္တရာယ်ကင်းပါ့မလားဆိုပြီး ဦးဆုံးတွေးနေရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစားပေးလို့မရဖြစ်နေတယ်" ဟု သူကပြောသည်။
    တိုက်ပွဲများကြောင့် COVID-19 တုံ့ပြန်ရေးလုပ်ဆောင်မှုများ နည်းလမ်းမျိုးစုံဖြင့် နှောင့်နှေးခဲ့ရကြောင်း ဒေသခံအရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားကွန်ဂရက်စ်၏အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောဆိုခဲ့သည်။
"ဒေသခံအရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း ကြောက်နေကြတယ်၊ သူတို့လည်း အပြင်ကိုမထွက်ရဲကြဘူး၊ ဒါကြောင့် ကျွန်တော်တို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ပို့ဆောင်ရေးက ခက်ခဲနေတာပေါ့" ဟု သူကပြောသည်။
    "ပြီးတော့ လူတွေကလည်း တစ်ဦးနဲ့တစ်ဦးကြား ခပ်ဝေးဝေးနေရမယ်၊ နှာခေါင်းစည်းတပ်ရမယ်ဆိုတဲ့ စည်းမျဉ်းတွေကိုလည်း မလိုက်နာကြဘူးလေ" ဟု သူကပြောဆိုခဲ့သည်။
    "အစိုးရကလည်း ဒါနဲ့ပတ်သက်ပြီး အရေးတယူဆောင်ရွက်တာမျိုးလည်းမရှိဘူး၊ ဥပဒေစိုးမိုးမှုနည်းတယ်၊ မြေပုံမြို့နယ်က သီးခြားထားရှိစောင့်ကြည့်ရေးစနစ်က ပြိုလဲသွားပြီး အဲ့ဒီမှာ ဘယ်သူမှ သီးခြားထားရှိစောင့်ကြည့်တဲ့ စည်းမျဉ်းကို မလိုက်နာကြတော့ဘူး" ဟု သူကဆက်လက်ပြောဆိုခဲ့သည်။
    ရခိုင်ပြည်နယ်အစိုးရ၏ပြောခွင့်ရှိသူဖြစ်သလို ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးလည်းဖြစ်သည့် ဒေါက်တာ ချမ်းသာကိုမူ ဆက်သွယ်လို့မရခဲ့ချေ။

rakhine_idps_1.jpg

တပ်မတော်နှင့် အေအေတို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရပြီး ကျောက်တော်ရှိ ခိုလှုံရေးစခန်း၌ နေထိုင်နေရသူ လူ ၇၀၀ ကျော်အနက် မိသားစုတစ်စုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ်။ အေအက်ဖ်ပီ


ထိခိုက်နစ်နာမှုတွေရှိနေတဲ့ ပြည်နယ်
ရခိုင်ပြည်နယ်၌ COVID-19 ကူးစက်သူတစ်ဦးရှိနေကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ပဋိပက္ခထူပြောနေသည့် ပြည်နယ်ဖြစ်သောကြောင့် ကူးစက်ရောဂါဖြစ်ပွားပါက အကြီးအကျယ်ထိခိုက်နစ်နာနိုင်ခြေများနေကာ ဆိုးရွားသော အကျိုးဆက်ကြီးများရှိလာနိုင်ပေသည်။
    ၂၀၁၂ ခုနှစ်ကတည်းက လူမျိုးရေးအခြေခံအကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် ရိုဟင်ဂျာအများစုအပါအဝင် လူ ၁၃၀၀၀၀ ဦးနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာကတည်းက အေအေနှင့် တပ်မတော်တို့ကြား တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူနောက်ထပ် ၆၀၀၀၀ တို့အပါအဝင် လူ ၂၀၀၀၀၀ ခန့်သည် ပြည်နယ်တွင်းရှိ အခြေခံလိုအပ်ချက်ဖြည့်ဆည်းနိုင်မှုနည်းပါးသော IDP စခန်းများတွင် နေထိုင်လျက်ရှိနေသည်။
    လက်နက်ကိုင်ပဋိပက္ခကြောင့် လူ ၁၀၀၀၀၀ ခန့်အထိ ထိခိုက်နစ်နာခဲ့ရသော်လည်း ၎င်းတို့သည် ခိုလှုံရေးစခန်းများအပြင်ဘက်တွင် နေထိုင်လျက်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားကွန်ဂရက်စ်က ပြောဆိုခဲ့သည်။
    IDP စခန်းများရှိ အခြေအနေများကွာခြားသော်လည်း နေထိုင်သူများသည် အစားအစာလုံလောက်စွာမရရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမခံယူရခြင်းနှင့် ခိုလှုံစရာနေရာကောင်းကောင်းမရှိခြင်း အစရှိသည့် အခက်အခဲများနှင့် ကြုံနေရသည်။ ယင်းကဲ့သို့ အကျပ်အတည်းမျိုးစုံနှင့် ကြုံနေရသည့် ရွှေ့ပြောင်းများကြားတွင် COVID-19 ကူးစက်ဖြစ်ပွားနိုင်ခြေလည်းရှိနေကြောင်း စိုးရိမ်စရာလည်းရှိနေပြန်သည်။
    ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်များအပြင် ရခိုင်တိုင်းရင်းသားများစွာသည် မြန်မာနိုင်ငံရှိ အခြားနေရာများနှင့် ပြည်ပတို့တွင်လည်း အလုပ်လုပ်ကိုင်လျက်ရှိနေသည်။ ဒေသတွင်း COVID-19 ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် ယင်းရွှေ့ပြောင်းများအနက် အများစုသည် ဧပြီလလယ်တွင်ကျရောက်သည့် သင်္ကြန်အားလပ်ရက်များမတိုင်မီတွင် နေရပ်သို့ပြန်လာခဲ့ကြသည်။   
    ရခိုင်ပြည်နယ်၌ နေအိမ်မှာပင် သီးခြားနေထိုင်ရသူ ၃၀၀၀ ဦးအပါအဝင် လူ ၄၀၀၀ ခန့်ကို သီးခြားထားရှိစောင့်ကြည့်နေကြောင်း ရခိုင်ပြည်နယ်ရှိ အထူးရောဂါထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းပိုင်ကပြောဆိုခဲ့သည်။
    ရခိုင်ပြည်နယ်ရှိ လူ ၃၇ ဦးကို COVID-19 ရှိမရှိစစ်ဆေးသို့မဟုတ် စစ်ဆေးနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၃၃ ဦး ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဦးစိုးဝင်းပိုင်ကပြောဆိုခဲ့သည်။ လေးဦးသည် COVID-19 ကူးစက်ခံထားရကြောင်း သံသယရှိသော်လည်း စစ်ဆေးရခြင်းမရှိဘဲ ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် အမ်းမြို့နယ်များရှိဆေးရုံများတွင်ရှိနေကြောင်း သူကပြောသည်။
    သို့သော် COVID-19 ကူးစက်ခံထားရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပြီးဖြစ်သူများကိုလည်း ပြန်လည်စစ်ဆေးရလေ့ရှိပြီး ယင်းနှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို လေယာဉ်ခရီးစဉ်ပြန်စပါက ရန်ကုန်သို့ပို့ဆောင်ရန်လိုအပ်သည်။
    သို့သော် ရခိုင်ပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးအားနည်းစေသည့် အချက်များတွင်  ကျန်းမာရေးဝန်ထမ်းများ၏လုံခြုံမှုအပြင် အခြားကိစ္စရပ်များလည်း ပါဝင်နေပြန်သည်။
    အေအေ၏လှုပ်ရှားမှု အားနည်းသွားစေရန်လုပ်ဆောင်မှုအဖြစ် အစိုးရသည် ဆက်သွယ်ရေးကုမ္ပဏီများအား ဝန်ဆောင်မှုများကိုရပ်ဆိုင်းထားရန် ၂၀၁၉ ခုနှစ် ဇွန်တွင် ညွှန်ကြားခဲ့သောကြောင့် ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ရှစ်ခုသည် မိုဘိုင်းဖုန်းအင်တာနက်မရရှိဘဲနေထိုင်နေခဲ့ရသည်။ ယမန်နှစ် စက်တင်ဘာတွင် မြို့နယ်လေးမြို့နယ်၌ ပိတ်ပင်ချက်ကို ရုတ်သိမ်းခဲ့သော်လည်း ဖေဖော်ဝါရီတွင် ပိတ်ပင်ချက် ပြန်လည်ချမှတ်ခဲ့သည်။
    အင်တာနက်ဝန်ဆောင်မှုရပ်ဆိုင်းထားခြင်းကြောင့် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ပညာပေးသတင်းများဖြန့်ချိရန် အခက်အခဲရှိခဲ့သည်။
    "အစိုးရရဲ့ညွှန်ကြားချက်တွေ၊ အမိန့်တွေကို အချိန်နဲ့တစ်ပြေးညီမရရှိဘူးလေ၊ ရောဂါနဲ့ပတ်သက်ပြီး အခြားပြည်နယ်တွေ၊တိုင်းဒေသကြီးတွေမှာ ဘာတွေဖြစ်နေလဲ မသိရဘူး" ဟု မြေပုံမြို့တွင် လုပ်ကိုင်နေသည့် အစိုးရသူနာပြု စောအယာခိုင်ကပြောဆိုခဲ့သည်။
    "ဒါပေမဲ့ မိသားစုဝင်တွေနဲ့ ဗီဒီယိုကောမခေါ်နိုင်တာကြောင့် ပိုဆိုးသွားတာပေါ့" ဟု သူကပြောသည်။
    ယင်းကြောင့် အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ရှစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများသည် COVID-19 နှင့်ပတ်သက်သော လက်ကမ်းစာစောင်များကိုဖြန့်ချိခြင်းနှင့် ပိုစတာများချိတ်ဆွဲခြင်းတို့ကိုပြုလုပ်ကာ ပညာပေးရေးလုပ်ငန်းကိုလုပ်ဆောင်နေရသည်။
    COVID-19 ဖြစ်ပွားလာပါက ရခိုင်ပြည်နယ်တွင် ဆေးရုံ၊ ဆေးပေးခန်းနှင့် ကျန်းမာရေးဝန်ထမ်းလုံလောက်ခြင်းမရှိကြောင်း ကျန်းမာရေးဝန်ထမ်းများက Frontier ကိုပြောဆိုခဲ့သည်။
    COVID-19 လူနာများကိုကုသရေးအတွက် ကုတင် ၂၀၀ နှင့်အထက် ဆေးရုံများပေါ်ပေါက်လာသည်အထိ ဆေးရုံများကို အဆင့်မြှင့်တင်မည့် အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ်တွေနှင့် ကျောက်ဖြူတို့ရှိ ဆေးရုံနှစ်ရုံသာ အဆင့်မီခဲ့သည်။
    ယင်းဆေးရုံနှစ်ရုံသည် COVID-19 လူနာများကို လက်ခံရန် အသင့်ရှိနေသော်လည်း ယင်းဆေးရုံနှစ်ရုံကို ချဲ့ထွင်ရန်လိုအပ်သေးကြောင်း စစ်တွေရှိ အမည်မဖော်လိုသည့် ကျန်းမာရေးအရာရှိတစ်ဦးက Frontier သို့ပြောဆိုခဲ့သည်။
    "စစ်တွေအထွေထွေဆေးရုံကြီးက COVID-19 လူနာ ၂၀ ကို သီးခြားဆောင်မှာထားရှိကုသပေးနိုင်ပါတယ်၊ ဒါပေမဲ့ အထူးကြပ်မတ်ကုသဆောင်မှာတော့ လူနာခြောက်ဦးပဲ လက်ခံနိုင်မှာပါ ၊ ဒါကို တိုးချဲ့ဖို့လိုအပ်ပါမယ်" ဟု သူကပြောဆိုခဲ့သည်။
    မင်းပြားမြို့နယ်ရှိ ဆေးရုံတွင် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း နှင့် N95 နှာခေါင်းစည်းများ လုံလောက်စွာမရှိသောကြောင့် အစိုးရအနေဖြင့် ဝန်ထမ်းများနှင့် လူနာများ လုံခြုံမှုရှိရေးအတွက် နောက်ထပ်ထောက်ပံ့ပေးမည်ဟု မျှော်လင့်ပါကြောင်း သိန်းထွန်းကပြောဆိုခဲ့သည်။
    ပြည်နယ်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အရည်အသွေးမမီသည့်အကြောင်းကို ပြည်နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကပြောဆိုခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် ရခိုင်ပြည်နယ်၌ COVID-19 ကူးစက်မှုလျှော့ချရေးအတွက် တားမြစ်ကန့်သတ်ချက်များသက်ရောက်ရေးလုပ်ဆောင်မှုမရှိခြင်းကြောင့် ပြည်နယ်တွင်းနေထိုင်သူများသည် ကူးစက်မှုလျှော့ချရေးနည်းလမ်းများကို လိုက်နာခြင်းမရှိသည့်အချက်ကလည်း စိုးရိမ်စရာရှိနေပြန်သည်။
    ကြိုတင်ပြင်ဆင်မှုမရှိခြင်းနှင့် ကျန်းမာရေးဝန်ထမ်းလုံလုံလောက်လောက်မရှိခြင်းတို့ကြောင့် ပြည်နယ်တွင်း COVID-19 အကြီးအကျယ်ကူးစက်ဖြစ်ပွားပါက သေဆုံးသူများစွာရှိလာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားကွန်ဂရက်စ်မှ ကိုဇော်ဇော်ထွန်းကပြောဆိုခဲ့သည်။
    ရခိုင်ပြည်နယ်၌ COVID-19 နှင့်ပတ်သက်၍ အစိုးရနှင့် အများပြည်သူ၏တုံ့ပြန်မှုအပေါ် အဆင့်သတ်မှတ်ပေးရန် ပြောဆိုသည့်အခါ ကိုဇော်ဇော်ထွန်းက “ရခိုင်ပြည်နယ်က ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြယ်တစ်ပွင့်ပဲပေးချင်ပါတယ်၊ အခြေအနေကပိုဆိုးဖို့ပဲရှိတယ်” ဟု သူက စိတ်ပျက်လက်ပျက်ဖြင့်ပြောဆိုခဲ့သည်။
https://frontiermyanmar.net/mm/news/17297

ဘူးသီးတောင် တိုက်ပွဲများကြောင့် ရွာလုံးကျွတ် ထွက်ပြေးရ၊ အစားအသောက်များ လိုအပ်နေ

ဘူးသီးတောင် တိုက်ပွဲများကြောင့် ရွာလုံးကျွတ် ထွက်ပြေးရ၊ အစားအသောက်များ လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
ဧပြီလ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြိ့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး အစားအသောက်များ အရေးပေါ် လိုအပ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားက တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဧပြီလ ၂၇ ရက်နေ့ ညနေ အချိန်ခန့်ကစတင်ပြီး ကံ့ကော်မြိုင်ကျေးရွာမှ ဒေသခံများ ဘူးသီးတောင်မြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးလာကြသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ပြောသည်။
“ညောင်ချောင်းဘက်မှာ ပေါ့ လေ။ ဘူးသီးတောင်ရဲ့ တောင်ပိုင်း အဲ့ဒီကံ့ကော်မြိုင်ဆိုတဲ့ ကျေးရွာဘက်က လူတွေ အကုန်လုံးပြေးလာ ကြတယ်။ ဘူးသီးတောင်မြို့ပေါ် ကို ရောက်နေတယ် ကံ့ကော်မြိုင်ကျေးရွာက လူတွေပေါ့လေ။ ဆိုတော့ တစ်ရွာလုံးပေါ့၊ အိမ်ခြေက ၁၂၀ ရှိ ပါတယ်ခင်ဗျ။” ဟု ပြောသည်။
တိုက်ပွဲများမှာ လွန်ခဲ့သည့် ဧပြီ ၂၄ ရက်မှ စ၍ ဘူးသီးတောင် မြို့နယ်တောင်ပိုင်း မေယုတောင်တန်းတွင် ဖြစ်နေခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုက္ခသည်အသစ်များအတွက် လိုအပ်ချက် အများအပြားရှိနေကြောင်း ဦးအောင်သောင်းက ပြောသည်။
“ထပ်ရောက်တဲ့ အိမ်ထောင်စု ၁၂၀၊ လူဦးရေ လေးရာကျော်အတွက်က အမိုးအောက်ကို မရောက်နိုင်သေးဘူး။ အမိုးအကာ တွေမရှိသေးဘူး။ ဘာမှ လည်း မရသေးဘူး။ ဆိုတော့ စားရေး သောက်ရေးလည်း လိုအပ်နေတယ်။ အခု ရက်ပိုင်း ထပ်ရောက်တဲ့လူတွေအတွက်က အစစအရာရာ လိုအပ်နေတယ်။”
အဆိုပါ စစ်ရှောင်များအား ဘူးသီးတောင်မြို့ရှိ ရွှေကျင်ကျောင်းတိုက်တွင် နေရာချထားပေးပြီး ဒေသခံ များ ကသာ ၎င်းတို့၏ စားဝတ်နေရေးကိစ္စရပ်များကို ကူညီထောက်ပံ့ပေးနေရသည်ဟု သိရသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦဇော်ဇော်ထွန်း က “အားလုံးပေါင်းရင်တော့ ၄၀၀ ကျော်၊ ၅၀၀ ကျော်လောက်ရှိတယ်လို့ သိရတယ် ခင်ဗျ။ အခုက ဒီဧပြီလမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ တပ်မတော်ရဲ့ ရှင်းလင်းမှုတွေကြောင့် ထွက်ပြေး နေရကြရတဲ့လူတွေက ခိုကိုးရာမဲ့နေကြတယ်။ နေရာထိုင်ခင်းလည်း အဆင်မပြေကြဘူး။ စားနပ်ရိက္ခာ လည်း ဘာမှ မရှိကြဘူး။ အဲ့ဒီတော့ တော်တော်လေးဆိုးဆိုးရွားရွား အခြေအနေမှာ ရှိနေတာပါ” ဟု ပြော သည်။
ကနဦးကတည်းက ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင် တစ်သောင်းကျော်ရှိနေခဲ့ပြီးဖြစ်ရာ ၎င်းတို့အတွက်လည်း လုံလောက်သည့် စားနပ်ရိက္ခာ ထောက်ပံံ့မှုတွေ မရရှိကြသလို နေစရာ နေရာ အခက်အခဲများလည်း ရှိနေသည်ဟု စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
“ဒီဧပြီလအတွင်းမှာ ဘူးသီးတောင်ဘက်ကို ဘယ်အဖွဲ့အစည်းကမှ မရောက်ဘူး၊ အစိုးရရဲ့ အဖွဲ့အစည်း အပါအဝင်ပေါ့ နိုင်ငံတကာအဖွဲ့အစည်းအပါအဝင် ဘယ်အဖွဲ့အစည်းမှ မရောက်ကြဘူး။” ဟု ဦဇော်ဇော်ထွန်း က ဆက်ပြောသည်။
ယခု ဧပြီလ နောက်ဆုံးအပတ်အတွင်း ထပ်မံရောက်ရှိလာသော စစ်ရှောင်ပြည်သူများ အတွက် အကူအညီများ မရရှိသေးသောကြောင့် ဘူးသီးတောင်မြို့မှ ဒေသခံများကသာ ကူညီပံ့ပိုးပေးနေရ သည်ဟု ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။
“အခုထပ်ရောက်တဲ့ မိသားစုတွေကတော့ ဘယ်သူရဲ့ အကူအညီ ထောက်ပံ့မှုမှ မရသေးဘူး။ အခု လက် ခံပေးထားတဲ့ ရွာတွေနဲ့ နီးစပ်ရာတွေကပဲကူညီနေကြတယ်။ နောက် သူတို့မှာပါလာတဲ့ နည်းနည်းပါးပါး စားနပ်ရိက္ခာလောက်နဲ့ပဲ အဆင်ပြေသလို စားနေကြရတယ်လို့ပဲ သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်း အခုဖြစ်တဲ့နေရာတွေက ကားလမ်းမရှိဘူး၊ ရေလမ်းပဲ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတဲ့ ပုံစံလို့ပဲ ပြောရမှာပေါ့နော်။”
ဘူးသီးတောင်မြို့နယ်တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ ပစ်ခတ်မှုများကြောင့် ကံ့ကော်မြိုင် ကျေးရွာအပြင် အခြားသော ကျေးရွာမှ ဒေသခံများ ထွက်ပြေးရသည်များလည်း ရှိကြောင်း ဦးအောင်သောင်းက ပြောသည်။
“ဒီဘက်မှာတော့ ICRC ကပေး တာတော့ ရှိတယ်၊ လူကယ်ပြန်က ပေးတာကလည်း နည်းနည်းပါးပါးပဲ ဆိုတော့လေ အရင်လူတွေ အတွက်ပဲ ရှိတယ်။ အဲ့ဒီဘက်က ရွာတော်တော် များများက လူတွေကတော့ ပြေးသွားကြပြီ၊ ဥပမာ ကျောက်စာတိုင်တို့ နဗျူချောင်းတို့၊ ခမီချောင်းတို့၊ အုတ်တောင်တို့ အခုဆိုရင် ကံ့ ကော်မြိုင်၊ ညောင်ချောင်း အဲ့ဒီဘက်ကတွေ ပါလာတယ်။ တချို့လည်း နီးစပ်တဲ့ ဆွေမျိုးတွေဆီသွားကြ တယ်။ အများစုကတော့ ဘူးသီးတောင်မြို့ပေါ်ကို လာတယ်။”
ယခု ရက်ပိုင်းတွင် ဘူးသီတောင်မြို့နယ်အတွင်းက ဒေသခံပြည်သူများအပြင် မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်တို့က ဒေသခံပြည်သူ သုံးထောင်ခန့်လည်း စစ်ဘေးလွှတ်ရာ ထွက်ပြေးတိန်းရှောင်နေရသည်ဟု သိရသည်။

ပလက်ဝဒေသသို့ ဆန်အိတ်နှင့်စားနပ်ရိက္ခာများ ထပ်မံရောက်ရှိ

ပလက်ဝဒေသသို့ ဆန်အိတ်နှင့်စားနပ်ရိက္ခာများ ထပ်မံရောက်ရှိ
ပလက်ဝဒေသတွင် သွားလာနေသည့် စက်လှေတစီး / အောင်ကျော်ထက် / ဧရာဝတီ
8.4k
By သီဟလွင် 30 April 2020
Want create site? Find Free WordPress Themes and plugins.
စစ်ဘေးရှောင်များနှင့် ပလက်ဝဒေသခံများအတွက် အထောက်အပံ့ပစ္စည်းများအဖြစ် ဆန်အိတ်နှင့် အခြားစားသောက်ကုန် ပစ္စည်းများ ပလက်ဝမြို့သို့ ဧပြီ ၂၈ ရက်နေ့က ထပ်မံရောက်ရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါရောက်ရှိလာသည့် ပစ္စည်းများမှာ ဆန်အိတ် ၂၀၀၀ နှင့် အခြားစားသောက်ကုန်ပစ္စည်းများဖြစ်ပြီး ယင်းနေ့တွင်ပင် တပ်မတော်ရဟတ်ယာဉ်နှင့် ကြက်ဥနှင့်ကြက်သွန်နီများကို ပလက်ဝသို့ ပို့ဆောင်ပေးခဲ့သည်ဟု တပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“နောက်ထပ်ပို့ဖို့လည်းရှိသေးတယ်။ WFP ရဲ့ဟာတွေထပ်ပို့မယ်။ မနေ့က ညနေက ပို့ရင်းတောင်မှပဲ WFP ကား အပစ်ခံရ တာရှိသေးတယ်။ ယာဉ်တန်းနဲ့ပို့တာမှာ WFP ကားတွေလည်းပါတယ်” ဟု ၎င်းကပြောသည်။

ထိုပစ်ခတ်မှုတွင် ကားအနည်းငယ် ထိခိုက်ပြီး ယာဉ်မောင်းမှာ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယခု ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများတင်ဆောင်လာသော ယာဉ်တန်းသည် ဧပြီလ ၂၅ ရက်နေ့က မတူပီမြို့မှ စတင် ထွက်ခွာလာရာ ဆမီးသို့ ရောက်ရှိပြီးနောက် ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်စွာရွာသွန်းမှု အခြေအနေများအပြင် ပစ်ခတ်မှုများလည်း ဖြစ်ခဲ့ပေါ်ခဲ့၍ ဆမီးတွင် ရပ်နားနေခဲ့ရသေးသည်။

ပလက်ဝမြို့အနီးတဝိုက်တွင် တပ်မတော်နှင့် AA တို့ဖြစ်ပွားသောတိုက်ပွဲများကြောင့်လည်း ကုန်စည်စီးဆင်းမှု မရှိသဖြင့် ဈေးနှုန်းများ အဆမတန်မြင့်တက်ပြီး ဒေသခံပြည်သူ၊ အစိုးရဝန်ထမ်းများနှင့် စစ်ဘေးရှောင်များမှာ စားသောက်ရေး အခက်အခဲများကြုံတွေ့နေရသည်မှာ လအတန်ကြာပြီဖြစ်သည်။

ပလက်ဝမြို့သို့ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို ကုလားတန်မြစ်ကြောင်းအတိုင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ သယ်ယူသုံးစွဲနေရသော်လည်း ဖေဖော်ဝါရီနှင့်မတ်လများအတွင်း တပ်မတော်နှင့် AA တို့ ကုလားတန်မြစ်ကြောင်းတလျှောက် တိုက်ပွဲများဖြစ်ပွားသောကြောင့် ထိုလမ်းကြောင်းမှာလည်း ပြတ်တောက်ခဲ့ရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးစိုးထက်က “အခုက အားလုံးက ဝယ်စရာလည်းမရှိ၊ စားစရာလည်း မရှိ ဖြစ်နေတာလေ၊ အဲတာကြောင့် ကျနော်တို့က IDP Camp မှာတင်ရှိတဲ့သူတွေတင် အဆင်မပြေတော့ဘူး။ မြို့ပေါ် ရပ်ကွက်လေးခုရှိတယ်၊ နောက်တခါ ဝန်ထမ်းတွေရှိတယ်။ အဲဒါတွေကိုပါ ဒီတခေါက်ပို့တဲ့ဟာကတော့ ပြည်သူတွေ လှူဒါန်းတာဖြစ်တဲ့အတွက် အခမဲ့ တပတ်စာပေးခိုင်းထားပါတယ်။ ဒီနေ့စပေးနေပြီခင်ဗျ”ဟုပြောသည်။
ပလက်ဝသို့ ဆန်နှင့် အခြားအခြေခံစားသောက်ကုန်များ ပို့ဆောင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ လှူဒါန်းငွေများဖြင့် ပခုက္ကူမြို့မှ ဆန်အိတ်များဝယ်ယူကာ ဆမီးထိ သယ်စောင့် စုပုံထားပြီး ပလက်ဝသို့ မိုးမကျမီ ထပ်မံပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။
ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်း နှင့်စစ်ဘေးရှောင်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်းများက လှူဒါန်းသည့် ဆန်အိတ် ၈၃၀၊ ဆီပိဿာ ၂၀၀၊ ကြက်သွန်နီ ပိဿာ ၇၅၀၊ အာလူး ပိဿာ ၃၀၀ နှင့်ဆေးဝါးပစ္စည်းများကို ဧပြီလ ၁၉ ရက်နေ့တွင် ပလက်ဝသို့ ပို့ဆောင်ရောက်ရှိခဲ့ကြောင်းသိရသည်။

တပ်မတော်သားများ၊ မိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စားသုံးရန် ဆန်အိတ် ၄၀၀၀ကျော်နှင့် အခြားစား သောက်ကုန်ရိက္ခာများကိုလည်း ဧပြီလ ၂၄ ရက်နေ့က ပလက်ဝမြို့သို့ရောက်ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက်နေ့က ပလက်၀ စစ်ဘေးရှောင်များအတွက် ဆန်အိတ် ၁၀၀ သယ်ဆောင်လာသော ကားကို AA အဖွဲ့က တောတွင်းသို့ခေါ်ဆောင်သွားပြီး နောက် ဆန်အိတ် ၂၀ ယူထားလိုက်ပြီးနောက်ပိုင်းတွင် ယူထားလိုက်သည့် ဆန်အိတ်များကို ကာလပေါက်ဈေးအတိုင်း ငွေပေးချေလိုက်သည်ဟု AA ကထုတ်ပြန်ပြောဆိုခဲ့သည်။

ပလက်ဝမြို့နယ်အတွင်း အရပ်သားများ၏ ဆန်နှင့်ရိက္ခာများ သယ်ယူပါက ၎င်းတို့မြေပြင်တပ်ဖွဲ့ကို အကြောင်းကြားရမည်ဖြစ်ပြီး ထိုသို့သယ်ဆောင်လာသည့် ယာဉ်တွင် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့များ လိုက်ပါလာလျှင် ပစ်ခတ်မည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်တွင်း မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေပြီး ဧပြီလ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ကလေး ၂ ဦးနှင့် ဘဏ်ဝန်ထမ်း ၁ ဦး အသက်ဆုံးရှုံးခဲ့ရသေးသည်။

ပလက်ဝမြို့နယ်သည် ရပ်ကွက်နှင့်ကျေးရွာပေါင်း ၄၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ချင်းတိုင်းရင်းသားများအပြင် ရခိုင်တိုင်းရင်းသားများအချို့ပါ နေထိုင်ပြီး လူဦးရေ ၁ သိန်းကျော်ရှိကြောင်း သိရသည်။

တပ်မတော်နှင့်AA တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်တွင် လာရောက်ခိုလှုံနေသော စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ခန့်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတွင် တပ်မတော်နှင့် AA တို့ဖြစ်ပွားသောတိုက်ပွဲများကြောင့် ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားများ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုများလည်းရှိခဲ့ပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

https://burma.irrawaddy.com/news/2020/04/30/221771.html