Thursday, April 30, 2020

မောင်တော- အငူမော်သွားကားလမ်းပေါ်ရှိ ဥဒေါင်းတံတားသို့ လာရောက်မိုင်းထောင်သည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အမာခံတစ်ဦး မိုင်းထောင်စဉ် မိုင်းပေါက်ကွဲသေဆုံး

မောင်တော- အငူမော်သွားကားလမ်းပေါ်ရှိ ဥဒေါင်းတံတားသို့ လာရောက်မိုင်းထောင်သည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အမာခံတစ်ဦး မိုင်းထောင်စဉ် မိုင်းပေါက်ကွဲသေဆုံး
နေပြည်တော် ၊ ဧပြီ -  ၃၀
    
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တော- အငူမော်သွား ကားလမ်းပေါ်ရှိ ဥဒေါင်းတံတားသို ယနေ့မွန်းလွဲပိုင်းတွင် လာရောက်မိုင်းထောင်သည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အမာခံတစ်ဦး မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် မောင်တောမြို့နယ်ရှိ ဥဒေါင်းတံတားအနီး မိုင်းပေါက်ကွဲသံကြားရသဖြင့် သွားရောက်စစ်ဆေးရာ ဥဒေါင်းတံတားအနီး၌ မိုင်းထိ ဒဏ်ရာများဖြင့် သေဆုံးနေသော AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အမာခံတစ်ဦး၏ အလောင်းအားတွေ့ရှိရသည်။ အဆိုပါ သေဆုံး နေသူအား စိစစ်ခဲ့ရာ ဥဒေါင်းကျေးရွာနေ ဦးအောင်ထွန်းသိန်း (ဘ)ဦးလူသန်ကြီး၊ အသက် ၄၈ နှစ်ဖြစ်ကြောင်းနှင့် ၎င်းသေဆုံးသူသည်  AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံသတင်းပေးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အလားတူ မတ် ၂၅ ရက်တွင်လည်း မောင်တောမြို့၏အရှေ့ဘက် မီတာ ၆၀၀၀ ခန့်အကွာ ဘူးသီးတောင်- မောင်တောသွားကားလမ်းမပေါ်၌ ဆိုင်ကယ်ဖြင့် လာရောက်မိုင်း ထောင်သည့် မောင်တောမြို့၊ အမှတ်(၃)ရပ်ကွက်နေ ညီညီနိုင်(ဘ)ဦးငွေစိန်အား မိုင်းထောင် ဖောက်ခွဲရာတွင် အသုံးပြုသည့် ဒေသန္တရလက်လုပ်မိုင်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment