Thursday, April 30, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်   ဧပြီ  ၃၀
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း နှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့တွင်ကျင်းပရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး စုံညီစွာ တက်ရောက်ကြပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့်နည်းလမ်းများကို ဆွေးနွေးကြသည်။
စုံစမ်းစစ်ဆေးရေးကော်မတီက လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရေးကို သဘောတူကြပြီး စုံစမ်းစစ်ဆေးရေးကော်မတီ၏ မြေပြင်ကွင်းဆင်း စစ်ဆေးမှုလုပ်ငန်းများကိုလည်း အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment