ပလက်ဝမြို့ဒေသခံများ၊ တိုက်ပွဲရှောင် မိသားစုများနှင့် ဝန်ထမ်းများကို ရိက္ခာတစ်ပတ်စာအခမဲ့ဖြန့်ဝေမည်ဟု ချင်းပြည်နယ် ဝန်ကြီး ပြောကြား

ဆမီးမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရသည့် အခြေအနေကို တွေ့ရစဉ်
ပလက်ဝမြို့ဒေသခံများ၊ တိုက်ပွဲရှောင် မိသားစုများနှင့် ဝန်ထမ်းများကို ရိက္ခာတစ်ပတ်စာ အခမဲ့ဖြန့်ဝေမည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်၏ ပြောကြားချက်အရ သိရှိရပါသည်။
‘‘ ဒီနေ့ ညနေကစပြီးတော့ ပလက်ဝ ဒေသမှာရှိတဲ့ ပြည်သူလူထုများ၊ တိုက်ပွဲရှောင် မိသားစုများ၊ ဝန်ထမ်းများအပါ ရိက္ခာ တစ် ပတ်စာအခမဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်’’ ဟုချင်းပြည်နယ် ဝန်ကြီးဦးစိုးထက်က ပြော ကြားသည်။
ဖြန့်ဝေမည့်ရိက္ခာများကို ဧပြီ ၂၄ ရက် တွင် ဆမီးမြို့မှ တစ်ဆင့် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး ဆန်အိတ် ၂၀၀၀၊ ဆီ ၁၈၀၀ ပိသာ၊ ဆား ၁၈၀၀ ပိသာ၊ ပဲ ၃၆၀၀ ပိသာ၊ ခေါက်ဆွဲ ခြောက် ၂၀၀ ဖာ၊ အဝတ်မျိုးစုံ ၅၀ ထုတ်၊ အိမ်သာခွက်ပိုက်အပါ ၁၀၀ စုံ၊ ဖိနပ်အိတ် တစ်အိတ်နှင့် ဆပ်ပြာ ၁၀ ဖာတို့ဖြစ်ကြောင်း နယ်မြေလုံခြုံရေးအရ ပြည်ထောင်စုအစိုးရ ထံအကူအညီတောင်းခံခဲ့ရာ တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြား သည်။
‘‘ လမ်းကြောင်းမှာလုံခြုံရေးအခြေအနေ အရနဲ့ လမ်းကြောင်းမှာမိုးရွာတဲ့အတွက် မြေ သားလမ်းတွေသွားလာရတဲ့ အခက်အခဲရှိလို့ မနေ့ကမှ နယ်မြေခံတပ်ကိုရောက်ရှိသွားပါတယ်’’ ဟု ဝန်ကြီး ဦးစိုးထက်ကပြောကြား သည်။
ဧပြီ ၁၉ ရက်ကလည်း ဆန်အိတ် ၈၃၀၊ ဆီ၊ ဆား၊ ပဲအချို့အား ဒေသခံမော်တော်ယာဉ် ၁၀ စီးဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ ရိက္ခာများထပ် မံပို့ဆောင်ရန် စီစဉ်နေစဉ် နယ်မြေလုံခြုံရေး မရှိသဖြင့် မော်တော်ယာဉ် မောင်းနှင်မည့်သူ မရှိဖြစ်ခဲ့ရာ ရိက္ခာပို့ဆောင်ရန် နောက်ကျခဲ့ ခြင်းဖြစ်သည်။
ပလက်ဝမြို့တွင် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲနေပြီး ဒေသခံပြည်သူများ၊ တိုက်ပွဲရှောင်မိသားစု များအပါအဝင် ဝန်ထမ်းများပါ စားနပ်ရိက္ခာ အတွက် ခက်ခဲနေကြခြင်း ဖြစ်သည်ဟု သိရ သည်။
‘‘ ပလက်ဝမြို့မှာ တိုက်ပွဲရှောင်ရောက် နေတာအိမ်ထောင်စု ၁၀၅၅ စုရှိပါတယ်။ ကျား ၂၁၈၃ နဲ့မ ၂၅၇၇ စုစုပေါင်း ၄၇၆၀ ဦး၊ IDP Camp ငါးနေရာလောက် ခွဲထားပြီးတော့ ဆွေမျိုးသားချင်းအိမ်မှာနေတဲ့သူနဲ့ ဆို ၄၇၆၀ ရှိပါတယ်။ ဆမီးမြို့ပေါ်မှာအိမ်ထောင်စု ၆၆၂ စုရှိပြီးတော့ ကျား ၁၂၆၇ မ ၁၄၈၁ စုစုပေါင်း ၂၇၇၈ ဦးရှိပါတယ်။ ပလက်ဝနဲ့ ဆမီး နှစ်ခုမှာတင် အိမ်ထောင်စုပေါင်း ၁၇၇၂ စုနဲ့ လူဦးရေပေါင်း ၇၅၃၈ ဦး ဖြစ်ပါတယ် ။ မီးဇာကျေးရွာမှာတိုက်ပွဲရှောင် အရေအတွက် က ၁၀၇ စု လူဦးရေ ၅၂၄ ဦး ၊ စိမ့်ဆင်းရွာမှာ ၁၆၃ စုနဲ့ ၅၁၄ ဦး၊ စာရင်းအရတိုက်ပွဲရှောင် ဦးရေ ၈၅၇၆ ဦးရှိပြီး မြို့ပေါ်လူဦးရေကလည်း ၈၀၀၀ ကျော်ရှိတဲ့အတွက် လက်ရှိမှာ စားဝတ် နေရေး ခက်ခဲတာဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်များနဲ့ နိုင်ငံတော် စီစဉ်က ပံ့ ပိုးတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲများကို ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာ ဆမီးကို ရောက်ရှိနေတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နဲ့ ဆန်အိတ် ၁၀၀၀ ကိုလည်း ပလက်ဝကို ပို့ဖို့ရှိပါတယ် ‘‘ဟု ဦးစိုးထက်က ပြောကြားသည်။
ဆန်များ ရောက်ရှိလာခြင်းကြောင့် လတ်တလောရိက္ခာအတွက် အဆင်ပြေပြီ ဖြစ်ကြောင်း ပလက်ဝမြို့ခံတစ်ဦးက ပြော ကြားသည်။
‘‘ ဆန်ကတော့ ရောက်နေပါပြီ။ ဒီက ခလရ ၂၈၉ တပ်ရင်းကိုရောက်နေပါပြီ။ ဒီက နေ့ မနက် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်မှာ လွှဲအပ်တဲ့ အခမ်းအနားလေးလုပ်ဖြစ်ပါတယ်။ ဆန်ဖြန့်ဝေဖို့ကတော့ မြို့နယ်ကလူကြီးတွေ နဲ့ သက်ဆိုင်ရာလူကြီးတွေက လမ်းညွှန်ပေး မယ်လို့ ပြောပါတယ် ။ ဆန်ကိစ္စတော့ လော လောဆယ် အဆင်ပြေတယ်လို့ ပြောရပါမယ်’’ဟု အဆိုပါမြို့ခက ပြောကြားသည်။
No comments:
Post a Comment