Tuesday, June 30, 2020

ပန်လော့နဲ့ နောင်ပိန်ရွာမှာ တိုက်ပွဲရှောင် (၆ဝဝ)ကျော် ရောက်ရှိနေ

ပန်လော့နဲ့ နောင်ပိန်ရွာမှာ တိုက်ပွဲရှောင် (၆ဝဝ)ကျော် ရောက်ရှိနေ

လွေးနှင်းဖြူ၊ ရွှေဖီမြေ
ဇွန်လ ၃၀ ရက်၊ ကျောက်မဲ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်အောင်ဓမ္မာရုံနဲ့ ပန်လော့ကျေးရွာမှာ ဒီနေ့ ဇွန်လ ၃၀ ရက်အထိ ရောက်ရှိလာတဲ့ တိုက်ပွဲရှောင် စုစုပေါင်း (၆ဝဝ)ကျော် ရှိနေပြီ ဖြစ်ပါတယ်။

နောင်ပိန် အောင်ဓမ္မာရုံမှာ ရောက်ရှိနေတဲ့ တိုက်ပွဲရှောင်တွေထဲမှာ အမျိုးသား (၁၂၇)ဦး၊ အမျိုးသမီး (၂၁၆)ဦးအပါအဝင် ပန်လော့ကျေးရွာမှာ အိမ်ထောင်စု (၆၂)စုနဲ့ လူဦးရေ (၂၉၁)ဦး ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

နောင်ပိန်ရှိ တိုက်ပွဲရှောင်တွေကို ကူညီပေးနေသူတစ်ဦးက “ထပ်တိုးလာတာတော့ မရှိဘူး။ လွယ်ကုန်ကျေးရွာကနေ ရောက်လာတဲ့ စစ်ရှောင်တော့ ဒီနေ့မနက်မှာ အကုန်ပြန်သွားပြီ။ ရွာအခြေအနေက ကောင်းနေပြီမို့ ပြန်သွားတာ ထင်တယ်” လို့ ဒီနေ့မနက်မှာ ရွှေဖီမြေကို ပြောပါတယ်။

နောင်ပိန် အောင်ဓမ္မာရုံမှာ ရောက်ရှိလာတဲ့ တိုက်ပွဲရှောင် (၃၄၃)ဦးဟာ ရေဆန်၊ လွယ်စောင့်၊ ပန်ကျင်၊ လွယ်ပေါင်း၊ ပြိန်းနင်၊ မန့်မိုင်၊ ခေးနင်း၊ ဟဲကွီ မန်ကန်၊ နောင်မိန်းကျေးရွာက ဒေသခံတွေဖြစ်ပြီး ပန်လော့ကျေးရွာကို ရောက်ရှိလာတဲ့ တိုက်ပွဲရှောင် (၂၉၁)ဦးကတော့ အက်ကြီး၊ နမ့်ဖတ်၊ ပြိန်းနင်ရွာအပြင် အခြားကျေးရွာ ၂ ရွာက ဒေသခံတွေပဲဖြစ်ပါတယ်။

နမ့်ခုံးပရဟိတ လူမှုကူညီရေးအသင်းဥက္ကဌ ဦးစိုင်းကူးက “ပန်လော့စစ်ရှောင်က ထပ်တိုးလာတာတွေ မရှိဘူး။ ဒါပေမဲ့ ရှိထားတဲ့သူတွေတော့ ရွာမပြန်ရဲသေးဘူး။ အက်ကီးကျေးရွာမှာ လက်နက်ကိုင်တွေ ရှိသေးတယ်။ စစ်တပ်တချို့တွေလည်း နောင်ပိန်ဘက် ပြန်သွားတာတွေ ရှိတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ကစပြီး တပ်မတော်နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့အကြား ကျောက်မဲဒေသမှာ စစ်ရေးတင်းမာနေတာပဲ ဖြစ်ပါတယ်။

#တိုက်ပွဲရှောင် #ကျောက်မဲ #ဒေသခံ
#ဓာတ်ပုံ- ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်ရွာမှာ ရောက်ရှိနေတဲ့ တိုက်ပွဲရှောင်)
https://www.facebook.com/451214215694715/posts/730563477759786/

https://www.facebook.com/shwepheemyaynews/photos/a.451237879025682/730563461093121/?type=3&__tn__=-R

စစ်တွေမြို့တွင် နယ်ထိန်းရဲတစ်ဦး ဓားထိုးခံရပြီး သေဆုံး ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ ဓားထိုးခံရမှု များလာပြီး ယခုနှစ်အတွင်း လေးမှုမြောက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်

စစ်တွေမြို့တွင် နယ်ထိန်းရဲတစ်ဦး ဓားထိုးခံရပြီး သေဆုံး
ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ ဓားထိုးခံရမှု များလာပြီး ယခုနှစ်အတွင်း လေးမှုမြောက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်


ဖဒူထွန်းအောင်
Published on Jun 30, 2020
စစ်တွေမြို့တွင် ယခုလအတွင်း လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ယာဉ်တစ်စီး (ဓာတ်ပုံ - ဖဒူထွန်းအောင်/Myanmar Now)
စစ်တွေမြို့တွင် ယခုလအတွင်း လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ယာဉ်တစ်စီး (ဓာတ်ပုံ - ဖဒူထွန်းအောင်/Myanmar Now)
ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ အမှတ် ၁ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ထိန်း ရဲတပ်ကြပ်တစ်ဦး ယမန်နေ့ ညနေပိုင်းက ဓားထိုးခံရပြီး သေဆုံးခဲ့သည်။

ရဲတပ်ကြပ် မောင်မောင်သန်းသည် ရဲစခန်းမှ ၎င်းနေထိုင်ရာ မကျည်းမြိုင်ရပ်ကွက်နေအိမ်သို့ ပြန်လာစဉ် ည ၈ နာရီခန့်အချိန်တွင် အမည်မသိလူနှစ်ဦးက ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ဓားဒဏ်ရာ ရှစ်ချက် ရရှိသွားသောကြောင့် စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က Myanmar Now ကို ပြောသည်။



"အိမ်ကိုဝင်တဲ့အခါ အမည်မသိလူနှစ်ဦးက ဓားနဲ့လာပြီးထိုးတာ။ သူတို့တွေက မျက်နှာဖုံးမပါဘဲ ဒီအတိုင်းထိုးသွားတာ "ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တရားခံများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေပြီး ဇွန် ၃၀ နေ့လယ်ပိုင်းအထိ မည်သည့်ပုဒ်မဖြင့် အမှုဖွင့်လှစ်ထားသည်ကို မသိရှိရသေးကြောင်း ဦးသိန်းရွှေမောင်က ဆက်လက်ပြောသည်။

သေဆုံးသွားသည့် ရဲတပ်ကြပ်ကြီးသည် မည်သူနှင့်မျှ ရန်ငြိုးရန်စမရှိဘဲ "သူက သိပ်အေးဆေးပဲ။ သဘောလည်းကောင်းတယ် "ဟု ဦးသိန်းရွှေမောင်က ဆက်ပြောသည်။

Mmnowads.Jpg

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်ကို သိရှိနိုင်ရန်အတွက် စစ်တွေမြို့၊ အမှတ် ၁ ရဲစခန်း စခန်းမှူးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင်ကာ ရဲအရာရှိများ၊ တပ်ဖွဲ့ဝင်များ ဓားထိုးခံရမှု တဖြည်းဖြည်းများပြားလာသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ က ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်တစ်ဦး မြို့လယ်ခေါင်တွင် ဓားထိုးခံရပြီး သေဆုံးခဲ့သည်။

ဇွန် ၁၁ လည်း  ဈေးဝယ်ထွက်လာသည့် တပ်မတော်အရာရှိတစ်ဦးကို လူတစ်စုက ဓားဖြင့်ထိုးပြီး အတူပါလာသည့် တပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင်  ဖြစ်ပွားခဲ့သည်။

ယခုနှစ် မေ ၂၅ က စစ်တွေမြို့ရှိ စက်ရုံစုရပ်ကွက် (ယခင်အခေါ် နာဇီရွာ) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး မှာ ဓားထိုးခံရပြီး သေဆုံးသွားသည်။

https://myanmar-now.org/mm/news/4008

တောင်ကုတ်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပြီး နယ်မြေခံမဟုတ်သည့် လူ လေးဦး သေဆုံး ပေါက်ကွဲမှုကြောင့် သံသယဖြင့်ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုဆိုသည်

တောင်ကုတ်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပြီး နယ်မြေခံမဟုတ်သည့် လူ လေးဦး သေဆုံး
ပေါက်ကွဲမှုကြောင့် သံသယဖြင့်ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုဆိုသည်


ဖဒူထွန်းအောင်
Published on Jun 30, 2020

သန့်မြတ်ခိုင်
Published on Jun 30, 2020
ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- တန်းလွဲ-ရွာမသတင်း)
ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- တန်းလွဲ-ရွာမသတင်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်တွင် ယမန်နေ့ ည ၁၁ နာရီကျော်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နယ်မြေခံမဟုတ်သည့် လူ လေးဦး သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

တောင်ကုတ်မြို့နှင့် ၁၂ မိုင် ၆ ဖာလုံခန့် ဝေးသည့် တရဘက်ကျေးရွာ၏မြောက်ဘက် မိုင်ဝက်ခန့် အကွာရှိ တရဘကျေးရွာအနီးတွင် မိုင်းဟု ယူဆရသည့် အရာဝတ္ထုတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးနားတွင် လူလေးဦး လဲကျသေဆုံးနေခြင်း ဖြစ်သည်ဟု တရဘကျေးရွာအုပ်ချုပ်ရေးမှူး ဦးနောင်နောင်ဦးက ပြောသည်။



သေဆုံးသူ လေးဦးသည် သာမန်အရပ်ဝတ် ဝတ်ဆင်ထားသူများဖြစ်သော်လည်း မိမိတို့ကျေးရွာ ပတ်ဝန်းကျင်က မဟုတ်သောကြောင့် မည်သူမည်ဝါ ဆိုသည်ကို မသိရကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်က မိုးလင်းမှ သွားကြည့်တာ။ မိုးလင်းတော့ လယ်ပိုင်ရှင်ကလေးက ဖုန်းဆက်တယ်။ ကျွန်တော့်နားမှာ လူလေးယောက် လဲနေတယ်ဆိုပြီးတော့လေ။ ခဏလာကြည့်ပါဆိုတော့ သွားကြည့်တော့ ပေါက်ကွဲပြီး လဲနေတာ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

သေဆုံးသွားသူများမှာ မျက်နှာများ ပေါက်ကွဲမှုကြောင့် ထိခိုက်မှုများ ရှိနေပြီး လက်ရှိတွင် အလောင်းများကို တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ထားသည်။

Mmnowads.Jpg

သေဆုံးသူလေးဦးအနက်မှ အသက် ၂၀ အရွယ်ဝန်းကျင်ရှိသူတစ်ဦထံမှ တွေ့ရှိရသည့် မှတ်ပုံတင်အရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ဟု သိရကြောင်း အခင်းဖြစ်ပွားသည့် နေရာအနီးမှ ကင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းထွန်းထံက ပြောသည်။

မျက်နှာစိမ်း အမျိုးသားလေးဦးမှာ မိုင်းလာထောင်စဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်ကာ ၎င်းတို့ မည်သည့်နေရာမှ လာသည်ကို ဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု တောင်ကုတ်မြို့နယ် ရဲမှူးဦးသန်းနိုင်က ပြောသည်။

“တောင်ကုတ်ဒေသခံဘက်ကတော့ မဟုတ်ဘူး။ တခြားနယ်ကလာတဲ့သူတွေ။ မိုင်းထောင်တာ၊ သူတို့ဟာသူတို့ မှားပြီးတော့ တပ်မိတာ၊ အသက်သွင်းတဲ့အချိန်မှာ ပေါက်ကွဲတာ။ သူတို့က အဲဒီနားမှာ ဘယ်သူတွေကို မိုင်းခွဲတိုက်ခိုက်မယ်ဆိုတာကိုတော့ မသိဘူး” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ယခုမိုင်းပေါက်ကွဲသည့်နေရာနှင့် တစ်မိုင်ခွဲခန့်အကွာတွင် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်မှူးတို့ စီးနင်းလာသည့်ကား မိုင်းခွဲတိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ၎င်းရဲမှူးက ပြောသည်။

တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး ပေါက်ပြင်ကျေးရွာအုပ်စုတွင် လွန်ခဲ့သည့်နှစ်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်မှလွဲလျှင် လက်ရှိအချိန်ထိ တည်ငြိမ်နေသည့်ဒေသဖြစ်သောကြောင့် ယခုထပ်မံပေါက်ကွဲမှု ဖြစ်လာသဖြင့် စိုးရိမ်မိသည်ဟု ဦးနောင်နောင်ဦးက ပြောသည်။

“စိုးရိမ်မှုကတော့ ရှိတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အရွာအနီး ကပ်လာပြီးဆိုတော့ ကြောက်လန့်တာပေါ့ ”ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ယနေ့ မွန်းလွဲ ၁၁ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သောကြောင့် ဒေသခံများ မြို့ပေါ်သို့ထွက်ပြေး တိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ကပ်သပြေရွာသား (၁၀၀)ကျော်ခန့် မြို့ပေါ်သို့ရောက်ရှိနေပြီး အခြားကျေးရွာများမှ အမျိုးသားတစ်ချို့လည်း သံသယဖြင့် ဖမ်းဆီးခံရမည်များကို စိုးရိမ်၍ ထွက်ပြေးတိမ်း‌ရှောင်နေကြ သည်ဟု ဒေသခံများထံက သိရသည်။

https://myanmar-now.org/mm/news/4012

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အိန္ဒိယနိုင်ငံက ထပ်မံရင်းနှီးမြှုပ်နှံ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် အိန္ဒိယ နိုင်ငံပိုင်ကုမ္ပဏီက ၂၀၀၂ ခုနှစ်ကတည်းက ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အိန္ဒိယနိုင်ငံက ထပ်မံရင်းနှီးမြှုပ်နှံ
တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် အိန္ဒိယ နိုင်ငံပိုင်ကုမ္ပဏီက ၂၀၀၂ ခုနှစ်ကတည်းက ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်


Myanmar Now
Published on Jun 30, 2020
 ရခိုင်ပြည်နယ်ရှိ ရွှေသဘာဝဓာ်ငွေ.စီမံကိန်းမြင်ကွင်း။ (ဓာတ်ပုံ -https://foursquare.com)
ရခိုင်ပြည်နယ်ရှိ ရွှေသဘာဝဓာ်ငွေ.စီမံကိန်းမြင်ကွင်း။ (ဓာတ်ပုံ -https://foursquare.com)
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံပိုင် ONGC Videsh ‌ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၂၇ သန်း ထပ်မံရင်းနှီးမြှုပ်နှံမှုကို အိန္ဒိယအစိုးရက ခွင့်ပြုလိုက်သည်ဟု အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းစာများက ယခုသီတင်းပတ်အတွင်း ရေးသားထားသည်။

တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချနေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အိန္ဒိယ နိုင်ငံပိုင်ကုမ္ပဏီက အခြားကုမ္ပဏီများနှင့်အတူ ၂၀၀၂ ခုနှစ်ကတည်းက ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လကုန်အထိ အဆိုပါစီမံကိန်းတွင် ONGC Videsh ‌ကုမ္ပဏီက ဒေါ်လာ ၇၂၂ ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်သည်ဟုလည်း အဆိုပါသတင်းများတွင် ဖော်ပြထားသည်။



အိမ်နီးနားချင်းနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းမှာ အိန္ဒိယအစိုးရ၏ အရှေ့နိုင်ငံများဦးစားပေးဝါဒ (Act East Policy) နှင့်အညီ ဖော်ဆောင်ခြင်းဖြစ် သည်ဟုလည်း အဆိုပါသတင်းများတွင် ဖော်ပြထားသည်။

ရခိုင်ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်သည့် A-1 နှင့် A-3 ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ရွှေသဘာဝဓာတ်ငွေ့သိုက်ကို ၂၀၀၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်နိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှစတင်ကာ အမြင့်ဆုံးထုတ်လုပ်မှုနှုန်းဖြင့် နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ထုတ်လုပ်ကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။

အဆိုပါစီမံကိန်းတွင် တောင်ကိုရီးယားနိုင်ငံမှ Posco International (Daewoo) ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းဖြင့် အော်ပရေတာအဖြစ် လုပ်ကိုင်နေပြီး အခြားတောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် KOGAS က ၁၇ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံပိုင် ONGC ‌နှင့် အခြားအိန္ဒိယကုမ္ပဏီတစ်ခုဖြစ်သည့် GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထားကြသည်။

Mmnowads.Jpg

ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအပြင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်ရန် စိုင်းပြင်းနေချိန်တွင် အိန္ဒိယအစိုးရက အကောင်အထည်ဖော်လျက်ရှိသည့် ကုလားတန်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။

https://myanmar-now.org/mm/news/4009

တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဌအပါအဝင် ၄ ဦးကို အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆို ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရသူပေါင်း ၈၀၀ ကျော်အထိရှိနေ

တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဌအပါအဝင် ၄ ဦးကို အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆို
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရသူပေါင်း ၈၀၀ ကျော်အထိရှိနေ



အောင်ငြိမ်းချမ်း
Published on Jun 30, 2020
မေ ၁၁ ရက်က တောင်ကုတ်မြို့နယ်တရားရုံးသို့ ရောက်ရှိလာသည့် ဦးဇေယျကျော် (ဓာတ်ပုံ - ပေးပို့)
မေ ၁၁ ရက်က တောင်ကုတ်မြို့နယ်တရားရုံးသို့ ရောက်ရှိလာသည့် ဦးဇေယျကျော် (ဓာတ်ပုံ - ပေးပို့)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဌ ဦးဇေယျကျော်နှင့် တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယဥက္ကဌ ဦးဝေသောင်း အပါအဝင် လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် ယနေ့ တရားစွဲဆိုလိုက်သည်။

ဦးဇေယျကျော်နှင့် ဦးဝေသောင်း၊ တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဌဟောင်း ဦးစန်းငွေ နှင့် ကိုစည်သူကျော်ဇံ တို့ကို ပြီးခဲ့သည့် မေလအတွင်းက သီးခြားစီဖမ်းဆီးခဲ့ခြင်းဖြစ်သည်။



စတင်ဖမ်းဆီးစဉ်က ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ကို တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း အပါအဝင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ ဗဟိုသတင်းဌာန စသည့် လူမှုကွန်ရက်အကောင့်များဖြင့် မဟုတ်မမှန်သတင်းများ အဆက်မပြတ် တင်ပြနေသည့်အတွက် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု Myanmar Now က ရရှိထားသည့် စာရွက်စာတမ်းများအရ သိရသည်။

ဦးဇေယျကျော်၏ညီ ကိုစည်သူကျော်ဇံကိုတော့ တောင်ကုတ်မြို့နယ် ပေါက်ပြင်ရွာအနီး ရဲတပ်ဖွဲ့ယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည်ဟု ဆိုကာ မေ ၂၆ ရက်က တောင်ကုတ်မြို့ရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့လေးဦးကို မေ ၁၁ ရက်မှ ဇွန် ၃၀ ရက်အထိ ရခိုင်ပြည်နယ်ရှိ တောင်ကုတ်မြို့၊ သံတွဲမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တို့တွင် လေးကြိမ်အထိ ချုပ်ရက်ရမန် ယူခဲ့သော်လည်း တရားစွဲတင်နိုင်ခြင်းမရှိခဲ့ကြောင်း အဆိုပါအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

Mmnowads.Jpg

၎င်းတို့လေးဦးလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ဇွန် ၂၆ တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး တရားလိုအဖြစ် စစ်တွေမြို့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက ဆောင်ရွက်ခဲ့သည်ဟု ဒေါ်သိင်္ဂီမောင်က ပြောသည်။

“လေးယောက်လုံးကို အမှုတစ်ခုတည်းမှာ ပါဝင်တယ်ဆိုပြီးစွဲတာ၊ ဘယ်အခင်းဖြစ်ရပ်ပေါ်မှာ တရားစွဲတယ်ဆိုတာ မသိရသေးဘူး၊ တရားဝင်စာတမ်းတွေကို မိတ္တူကူးတဲ့အဆင့်မှာပဲရှိသေးတယ်” ဟု ဒေါ်သိင်္ဂီမောင်က ပြောသည်။

ယနေ့နေ့လည် ၁ နာရီခန့်က စတင်သည့် ကြားနာမှုသည် မိနစ်အနည်းငယ်အကြာတွင် ပြီးဆုံးသွားပြီးနောက် စွပ်စွဲခံရသူလေးဦးကို တောင်ကုတ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်တစ်ကြိမ်ရုံးချိန်းအဖြစ် ဇူလိုင် ၉ ရက်နေ့ကို ချိန်းဆိုထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မှ ၅၂(က) သည် ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ အချက်အလက်များအရ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း တပ်မတော်၊ ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရသူပေါင်း ၈၀၀ ကျော်အထိရှိနေပြီး အဆိုပါစာရင်းတွင် ဖမ်းဆီးထားပြီး တရားရုံးမတင်ရသေးသူများနှင့် AA အဖွဲ့၏ ဖမ်းဆီးခံရသူများ မပါဝင်သေးပေ။

https://myanmar-now.org/mm/news/4010

ချက်ချင်းအပစ်ရပ်ဖို့ တပ်မတော်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးတိုက်တွန်း

မြန်မာဌာန | သတင်းများ

ချက်ချင်းအပစ်ရပ်ဖို့ တပ်မတော်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးတိုက်တွန်း
နန္ဒာချမ်း
2020-06-30အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ၄၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ တွေ့ရတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲ ဘတ်ရှလတ် (Michelle Bachelet)။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ၄၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ တွေ့ရတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲ ဘတ်ရှလတ် (Michelle Bachelet)။
Photo: UN web TV
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ အတိဒုက္ခရောက်နေကြသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေလည်း နေရပ်မပြန်နိုင်ဘဲ ဖြစ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစိုးရက ကြိုးပမ်းနေပါတယ်လို့တုံ့ပြန်ခဲ့တာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာလုပ်တဲ့ ၄၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲ ဘတ်ရှလတ် (Michelle Bachelet) က မနေ့က တောင်းဆိုသွားတာပါ။

“မြန်မာနိုင်ငံထဲက တခြားဒေသတွေမှာ အပစ်ခတ်ရပ်စဲထားသလို ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာလည်း အပစ်ခတ် ရပ်စဲဖို့နဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာတွေကို ချက်ချင်း ရပ်ဖို့ တပ်မတော်ကို ကျမ တောင်းဆိုပါတယ်။”

ရခိုင်နဲ့ ချင်းပြည်နယ်က ဒေသခံအရပ်သားတွေဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား ဖြစ်နေတဲ့ တိုက်ပွဲဒဏ်ကို အကြီးအကျယ် ခံစားနေရပြီး၊ ရသေ့တောင်မြို့နယ် ကျောက်တန်းတဝိုက်မှာ “နယ်မြေ ရှင်းလင်းရေး” - ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဘေးလွတ်ရာထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ အခုဆိုရင် ခန့်မှန်းချေ ၁ သောင်းထက်မနည်း ရှိနေပြီလို့လည်း မစ် ဘတ်ရှလတ် က ပြောခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရတ်စ် (António Guterres) ရဲ့ ကမ္ဘာတဝှမ်း အပစ်ရပ်ဖို့ တောင်းဆိုချက်ကို လေးစားလိုက်နာဖို့နဲ့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လာနိုင်ဖို့ လုံခြုံရေး၊ ဥပဒေရေးရာတွေအရ အတားအဆီး ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ကိုလည်း - မီရှဲ ဘတ်ရှလတ် က ပန်ကြားခဲ့တာပါ။

ICJ နိုင်ငံတကာတရားရုံးရဲ့ ကြားဖြတ်အမိန့်အရ - ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကျန်နေသေးတဲ့ သက်သေ အထောက်အထားတွေ မပျောက်ပျက်အောင် ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ အားလုံးရပ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

“ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ရမယ်။ အရပ်သားတွေကို ကာကွယ်ရမယ်။ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေအထောက်အထားတွေကို ထိန်းသိမ်းရမယ်။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကတော့ COVID-19 ကပ်ရောဂါ အပါအဝင် မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပေမဲ့ ရခိုင်ပြည်နယ်မှာ တိုးတက်မှုတွေရဖို့ အစိုးရက ကြိုးပမ်းနေကြောင်း လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တုံ့ပြန်သွားပါတယ်။

“စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရပေမဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး မြန်မာအစိုးရက အစဉ်တစိုက် ကြိုးပမ်း အားထုတ်နေပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေထဲမှာ တစ်ခုသာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ARSA နဲ့ AA အဖွဲ့တွေရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှု တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒီလိုလုံခြံုရေး ခြိမ်းခြောက်မှုတွေ ကြီးထွားလာနေပြီး၊ စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရပေမဲ့ အစိုးရအနေနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇတရှိရေးနဲ့ ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းနေပါတယ်။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံတွေ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်တာကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်အတိုင်း အပစ်အခတ် ရပ်စဲဖို့လည်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ က အင်္ဂါနေ့မှာပဲ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေလုပ်ဖို့ ပြင်ဆင်နေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာလည်း နိုင်ငံတကာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ Refugees International အဖွဲ့က ဒီလုပ်ရပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်မျိုးကို ပြန်လည်ထင်ဟပ်နေတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။

https://www.rfa.org/burmese/news/un-humanrights-commissioner-rakhine-war-06302020211335.html

တပ်ကဖမ်းထားသူ နှစ်ဦး အခြေအနေ ထုတ်ပြန်ပေးဖို့ မိသားစုတောင်းဆို

မြန်မာဌာန | သတင်းများ

တပ်ကဖမ်းထားသူ နှစ်ဦး အခြေအနေ ထုတ်ပြန်ပေးဖို့ မိသားစုတောင်းဆို
2020-06-30အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာက အသက်  ၅၇ နှစ်အရွယ် ဦးထွန်းရွှေနဲ့ အသက် ၃၄ နှစ် အရွယ် ဦးကွန်ချုပ်မောင်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပလက်ဝမြို့နယ် နှမဒါကျေးရွာကို ဈေးရောင်းဖို့စက်လှေနဲ့သွားစဉ် တင်းမကျေးရွာမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ မိသားစုက ပြောပါတယ်။

သူတို့နှစ်ဦးနဲ့ပတ်သက်လို့ ဒီနေ့အချိန်လေးလကျော်ကြာလာတဲ့အထိ တိတိကျကျမသိရတဲ့အတွက် တပ်မတော် တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပေးဖို့အတွက် မိသားစုဝင်တွေက ဒီနေ့ စစ်တွေမြို့မှာ သတင်းသမားတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုခဲ့ကြတာပါ။

ဖမ်းဆီးခံထားရတဲ့ ဦးကွန်ချုပ်မောင်ရဲ့ဇနီး ဒေါ်လှသိန်းမေက သူ့အမျိုးသားဟာ အသက်ရှင်လျက်ရှိနေသေး သလား၊ သေဆုံးသွားပြီလားဆိုတာကို သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုချင်တယ်လို့ပြောပါတယ်။

“သတင်းစာမှာတက်တဲ့အတိုင်းဆိုလည်း သေသွားပြီလို့မှတ်ပါတယ်။ သူသေသွားတာကို ကိုယ့်မျက်စိက မမြင် ရတော့ တနေ့တချိန်ပြန်လာမလားလို့ စိတ်ကတော့ထင်နေတယ်။ သေသွားတာကို ကိုယ့်မမျက်စိနဲ့ မမြင် လိုက်ဘူး။ သတင်းစာမှာတက်မှသိရတာ။ သူသေသွားပြီဆိုရင်လည်း အလောင်းကိုပြဖို့ ကျွန်မတောင်းဆို ချင်ပါတယ်။ အခုက သေမှန်းလည်းမသိဘူး။ သူတို့ဘာလုပ်ပစ်တာလဲဆိုတာလည်းမသိဘူး။ ကျွန်မတို့ခံစား ရတယ်။ အခုသားသမီးတွေကလည်း အဖေဘယ်တော့ပြန်လာမလဲမေးနေကြတယ်။ သူများတွေဟာ အဖေ အဖေခေါ်နေတာမြင်တော့ ကလေးတွေလည်း လာလာမေးတယ်။ အဲဒါကို စိတ်ထဲမှာမခံစားနိုင်ဘူး”

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ထုတ် ရတနာပုံသတင်းစာထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းထားစဉ် ဦးထွန်းရွှေဟာ သွေးတိုး၊ ဆီးချို၊ အစာအိမ်ရောဂါတွေနဲ့ သေဆုံးသွားသလို ဦးကွန်ချုပ်မောင်ဟာလည်း ရေဓာတ်အားနည်းပြီး အရက်စွဲရောဂါနဲ့ သေဆုံးသွားတယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါပေမဲ့ မိသားစုဝင်တွေက သူတို့ရဲ့အမျိုးသားတွေမှာ ဒီလိုမျိူးရောဂါတွေမရှိတာကြောင့် ဒါဟာ လုပ်ကြံ ရေးသားထားတဲ့သတင်းသာဖြစ်တယ်လို့ ဒီနေ့တုံ့ပြန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပလက်ဝမြို့နယ်ထဲကို ဈေးရောင်းဖို့သွားတဲ့ စက်လှေနဲ့ အခြားစက်လှေ တစ်စီးမှာ ဦးထွန်းရွှေနဲ့ ဦးကွန်ချုပ်မောင်တို့အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၃ ဦး လိုက်ပါလာခဲ့ ကြတာဖြစ်ပါတယ်။

အဲဒီအထဲက အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး အမျိုးသား ကိုးဦး ဖမ်းဆီးခံ လိုက်ရတာပါ။

အဲဒီ ကိုးဦးအထဲက ခုနှစ်ဦးကို မတ်လ ၄ ရက်နေ့မှာ တပ်မတော်က ကျောက်တော်မြို့မရဲစခန်းကို အပ်နှံ လိုက်ပေမယ့် ဦးထွန်းရွှေနဲ့ ဦးကွန်ချုပ်မောင်တို့ နှစ်ဦးကတော့ ပါမလာခဲ့ပါဘူး။

မတ်လ ၄ ရက်နေ့မှာ တပ်မတော်က ရဲစခန်းကို လာရောက်အပ်နှံသူ ခုနှစ်ဦးထဲက အသက် ၇၃ နှစ်အရွယ် ဦးမောင်ဖြူထွန်းကတော့ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ အဲဒီနေ့ညမှာပဲ ကျောက်တော်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သားဖြစ်သူ ကိုကျော်ကျော် က RFA ကိုပြောဆိုခဲ့ပါတယ်။

တပ်မတော်က ဖမ်းဆီးထားသူတွေအထဲက ဦးထွန်းရွှေရဲ့ဇနီး ဒေါ်ယဉ်သာနု ကတော့ တပ်မတော်က ဥပဒေမဲ့လုပ်တာတွေ မဖြစ်စေချင်ဘူးလို့ သတင်းထောက်တွေကိုပြောပါတယ်။

“နောက်နောင်လူတွေကို ဒီလိုမရက်စက်ပါနဲ့ မနှိပ်စက်ပါနဲ့ အခုကျွန်မတို့ယောကျာ်းတွေကို ဥပဒေမဲ့ သတ်သလို မသတ်စေချင်ဘူး။ တော်တော်လေးကို ခံစားရပါတယ်။ ကျွေးမွေးပြုစုနေတဲ့ အိမ်ထောင်ရှင် တစ်ယောက် မရှိတော့ဘူးဆိုတော့ သားသမီးနောင်ရေးအတွက် စိုးရိမ်တယ်။ တွေဝေနေတယ်”

အခုလို သတင်းအစအနမရတော့ပဲ ဖမ်းဆီးခံရသူတွေကို စုံစမ်းပြီး အပြစ်မရှိရင် ပြန်လွှတ်ပေးဖို့အတွက် စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ စာပေးပို့တင်ပြခဲ့ပါတယ်။

ဒါပေမဲ့ ကော်မရှင်အနေနဲ့ ဒီနေ့အထိ တစ်စုံတစ်ရာအကြောင်းပြန်တာမရှိဘူးလို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်း ကပြောပါတယ်။

“မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုပဲ ကျွန်တော်တို့ အဓိကတိုင်ကြားတာရှိတယ်။ အခုလည်း  ကျောက်တော်မြို့နယ်က ဒေါ်ယဉ်သာနုရဲ့အမျိုးသား ဦးထွန်းရွှေ သေဆုံးမှုနဲ့ပတ်သက်လို့  ၂၀၂၀ ခုနှစ် မတ် လ ၂၃ ရက်နေ့ကနေ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ကျွန်တော်တို့ တိုင်ကြားထားပြီး သားဖြစ်တယ်။ ကွန်ချုပ်မောင် ဆိုတဲ့လူကိုလည်း သူနဲ့အတူတူဖမ်းသွားတယ်။ အဲဒါကိုလည်း မတ်လ ၂၃ ရက်နေ့က တင်ထားတာရှိတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကနေပြီးတော့ လာပြီး ကျွန်တော်တို့ကို ပြန်ကြားတာလည်းမရှိဘူး  အကြောင်းတာလည်းမရှိဘူး”

တိုင်ကြားချက်အပေါ် အချိန် ၃ လကျော်ကြာတဲ့အထိ အကြောင်းမပြန်တဲ့ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးကို RFA က ဒီနေ့ညနေပိုင်းမှာ တယ်လီဖုန်း ကနေတဆင့် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

တပ်မတော်က ဖမ်းဆီးတာကိုခံထားရတဲ့ ဦးထွန်းရွှေနဲ့ ဦးကွန်ချုပ်မောင် တို့နှစ်ဦးကိစ္စအပေါ်  မိသားစုဝင်တွေ တောင်းဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီအထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်မြောက်ပိုင်းမှာ သေဆုံး၊ ဒဏ်ရာရတဲ့ အရပ်သား အရေအတွက်ဟာလည်း တဖြည်းဖြည်းများလာနေပါတယ်။

RFA ကစုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အရပ်သားထိခိုက်သေဆုံးတာတွေဟာ နေ့စဉ်လိုလိုရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့ကဇွန်လ ၂၉ ရက်နေ့အထိ ထိခိုက်ဒဏ်ရာရသူ ၅၇၆ ဦးနဲ့ သေဆုံးသူဟာ ၂၆၆ ဦးအထိရှိပါတယ်။

https://www.rfa.org/burmese/news/families-press-over-villagers-death-during-government-army-detention-06302020075401.html

ဂူတာပြင်ကျေးရွာ ဖြစ်စဉ်မှ တပ်မတော်အရာရှိ တစ်ဦးအပါအဝင် သုံးဦး၏ နာမည်၊အဆင့်၊ရာထူးတို့ကို ဖော်ပြမည်မဟုတ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောကြား

ဂူတာပြင်ကျေးရွာ ဖြစ်စဉ်မှ တပ်မတော်အရာရှိ တစ်ဦးအပါအဝင် သုံးဦး၏ နာမည်၊အဆင့်၊ရာထူးတို့ကို ဖော်ပြမည်မဟုတ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောကြား
ဓာတ်ပုံ - ဂူတာပြင်ကျေးရွာကို Google Map မှ မြင်တွေ့ရစဉ်
ဓာတ်ပုံ - ဂူတာပြင်ကျေးရွာကို Google Map မှ မြင်တွေ့ရစဉ်

ဇွန် ၃၀

ဂူတာပြင်ကျေးရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်အရာရှိကြီး ၁ဦးအပါအဝင် ၊ အရာရှိတစ်ဦး နဲ့ အခြားအဆင့် စစ်သည်တစ်ဦး တို့ရဲ့ နာမည်၊ အဆင့်၊ ရာထူးတွေကို ထုတ်ဖော်ပြောကြားခြင်း၊ ဖော်ပြခြင်းတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အခုလို တပ်မတော်အရာရှိကြီး ၁ဦးအပါအဝင် ၊ အရာရှိတစ်ဦး နဲ့ အခြားအဆင့် စစ်သည်တစ်ဦး တို့ရဲ့ နာမည်၊ အဆင့်၊ ရာထူးတွေကို မဖော်ပြရတာဟာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိ၊စစ်သည်တွေအနေနဲ့ နိုင်ငံတော်ကာ ကွယ်ရေး၊လုံခြုံရေးနဲ့ဒေသတည်ငြိမ်ရေး တာဝန်တွေကိုထမ်းဆောင်ရင်း လုပ်မှား၊ကိုင်မှားဖြစ်ခဲ့တာအပြင် အချက် ၂ ချက်ကြောင်း ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့သည်။



“အဲဒီဖြစ်စဉ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိစစ်သည်တွေက နိုင်ငံတော်ကာကွယ်ရေး၊ လုပ်ခြုံရေးနဲ့ ဒေသ တည်ငြိမ်းအေးချမ်းရေးတို့ကို တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တယ်။ တာဝန်ထမ်းဆောင်ရင်းနဲ့လုပ်မှား ကိုင်မှား ဖြစ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် နံပတ်တစ်က သူတို့ရဲ့ဂုဏ်သိက္ခာ နဲ့ တာဝန်ထမ်းဆောင်မူကို ထောက် ထား ပြီးတော့ ဖြစ်တယ်။နံပတ်နှစ်က တပ်မတော်သားတွေရဲ့စစ်ဆင်ရေးထမ်းဆောင်လို့စိတ် နဲ့ရဲဘော်ရဲဘက်စိတ် ဒါနဲ့ပတ်သက်ပြီး ပြစ်ဒဏ်တွေကိုချမှတ်ဖို့ရယ်၊ ပြစ်ဒဏ်တွေကျခံဖို့ရယ် ၊ ခံယူနေသည့်တိုင်အောင် ပြစ်ဒဏ် ထုတ်ပြန်ချက်ထဲမှာ မထည့်သွင်းရခြင်းဖြစ်ပါတယ်။ သူတို့ရဲ့နာမည်၊အဆင့်၊ရာထူးတွေ ပြစ်ဒဏ်တွေနဲ့ပတ် သက်ပြီး ထုတ်ဖော်ပြောမှာမဟုတ်ပါဘူး “ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။

ဂူတာပြင်ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံး(Cour-Martial)  က တပ်မတော်အရာရှိကြီး တစ်ဦး ၊အရာရှိတစ်ဦး နှင့် အခြားအဆင့်စစ်သည်တစ်ဦးတို့အပေါ် သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ တာပါ။

အဲဒီဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာအတည်ပြုအာဏာပိုင်တို့က အတည်ပြုကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၃၀ ရက်နေ့  နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့တာ လည်း ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ က စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာတရားရုံးကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စတင်စစ်ဆေးခဲ့ပြီး  ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ စစ်ဆေးမှု ပြီးစီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တပ်မတော်အနေနဲ့ မောင်နု ကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံး(Court of Inquiry)နဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်သွားမည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီလို သတင်းထုတ်ပြန်ကြောငြာချက်နဲ့ပတ်သက်ပြီး  ကိုဖီအာနန်ဦးဆောင်တဲ့ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာအဖွဲ့ဝင်အြဖစ်ဆောင်ရွက်ခဲ့ဖူးတဲ့ ဦးအေးလွင်က မဇ္ဈိမသတင်းဌာနကို အခုလိုပြောကြားခဲ့ပါတယ်။

“ကြိုဆိုပါတယ်။ဘာကြောင့်ကြိုဆိုသလဲဆိုရင် မြေပြင်အခြေအနေ အရှိတရားတွေကို တစစ စတင်လက်ခံ အသိအမှတ် ပြုလာပြီးဆိုတဲ့ သဘောဖြစ်တဲ့အတွက်ကြောင့် အဲဒီလမ်းကြောင်းအတိုင်းဆက်လျှောက် မယ်ဆိုရင် ယုံကြည်မှုတည်ဆောက်မှု လုပ်ငန်းတွေမှာပိုပြီးတော့ ပီပြင်လာမယ် “ ဟု ဦးအေးလင် က ဂူတာပြင်ဖြစ်စဉ် တွင်  စစ်တရားရုံးမှာ တပ်မတော်သား ၃ ဦးကိုအမိန်ချမှတ်မှု နဲ့ပတ်သက်ပြီး ဖြေကြားခဲ့သည်။

အဲဒီဂူတာပြင်ဖြစ်စဉ်ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ၊ဖေဖော်ဝါရီလ ၁ရက်နေ့မှာ AP သတင်းဌာနက တင်ပြခဲ့တဲ့ သတင်းကနေ အစပြုခဲ့တာပါ။

အဲဒီသတင်းမှာတော့ ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာနဲ့ချီတဲ့ရုပ်အ လောင်းတွေကို နေရာ ၅ နေရာမှာ အစုလိုက်အပြုံလိုက် မြှပ်ထားကြောင်း နဲ့ အဲဒီရုပ်အလောင်းတွေကို အက်စစ်လောင်း ပြီး ဖျောက်ဖျက်ဖို့ စီစဉ်ထားတာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြောင်း  AP သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီလို AP သတင်းဌာနက ဖော်ပြခဲ့မှုအပေါ် အစိုးရက ငြင်းဆန်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ICOE အစီရင်ခံစာအရ တပ်မတော်က အမှုကိုစုံစမ်းစစ်ဆေးရာခဲ့ရာမှ အခုလို အရာရှိကြီးတစ်ဦး၊အရာရှိတစ်ဦးနဲ့ စစ်သည် တစ်ဦးတို့ကို အရေးယူခဲ့တာလည်းဖြစ်ပါတယ်။

Facebook

http://www.mizzimaburmese.com/article/71139

တပ်မတော်နှင့် KIA ဗန်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်

တပ်မတော်နှင့် KIA ဗန်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်
ပုံ- KIA တပ်သား (ပုံ- The Kachin Net)
ပုံ- KIA တပ်သား (ပုံ- The Kachin Net)

ရန်ကုန်၊ဇွန် ၃၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် အနောက်ဘက်ခြမ်းတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) တို့ကြား ဇွန် ၂၉ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

တပ်မတော်၏ ခြေမြန်တပ်ရင်း ၃၈၉ နှင့် ခြေလျင်တပ်ရင်း ၂၃၇ တို့သည် KIA တပ်ရင်း (၅) ဌာနချုပ်ဘက်သို့ တက်လာရာတွင် လမ်းမှာ လုံခြုံရေး ယူထားသည့် KIA တပ်ဖွဲ့ဝင်များဖြင့် ထိတွေ့ကာ ဇွန် ၂၉ ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



KIA မှ ဗိုလ်မှူးကြီး နော်ဘူက “ ဟုတ်ကဲ့ပါ ကျွန်တော်တို့ တပ်ရင်း (၅) နယ်မြေထဲမှာ ဖြစ်ပါတယ်။ ဒေသကို ပြောမယ်ဆိုရင် ဗန်းမော်က အနောက်ဘက်ကမ်းဘက်မှာ ကျလိမ့်မယ်။ ဗန်းမော်ရဲ့ ဧရာဝတီမြစ်ကို ကူးရမှာ။ ဖြစ်စဉ်က ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတွေနဲ့ ကျွန်တော်တို့ တပ်ရင်း (၅) နယ်မြေမှာ လုံခြုံရေး ယူထားတဲ့ အဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာပါ”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာတွင် KIA စခန်းတချို့ဖယ်ပေးလိုက်ရသည်ဟု သတင်းများ ထွက်နေသော်လည်း  မိမိတို့ဘက်မှ စခန်းများ ဖယ်ပေးလိုက်ရသည့် ဖြစ်စဉ်များ မရှိကြောင်း၊ မည်သည့်အတွက်ကြောင့် တိုက်ပွဲ များ ဖြစ်ခဲ့သည်ကိုလည်း မသိရသေးကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “ ဘာအကြောင်းမျိုးနဲ့လာတယ်ဆိုတာကတော့ ကျွန်တော်တို့လည်း တိတိကျကျ မသိ ဘူး၊ ဒါပေမယ့် သူတို့က အင်အားက ၆၀ နဲ့ ၈၀ ကြားရှိမှာပါ။သူတို့က စားစရာ၊ဝတ်စရာတွေ ယူပြီး တက်လာတဲ့ စစ်ကြောင်းတွေလည်း ဖြစ်ပါတယ်။ဆိုတော့ ဘာကိစ္စနဲ့ ဘာအကြောင်းနဲ့ တက်လာတယ်ဆိုတာကတော့ အတိအကျ မသိသေးဘူး ခင်ဗျာ။ မဟုတ်လောက်ဘူး (စခန်းဖယ်ပေးရတယ်ဆိုတဲ့ကိစ္စ) ကျွန်တော်တို့ ရှေ့တန်း စခန်း ကာကင်းပေါ့နော်၊ အဲတောင်မှ မရောက် သေးဘူးပြောတယ်။ လမ်းမှာ လုံခြုံရေးတွေနဲ့ ထိတွေ့ ရင်ဆိုင်ပြီးမှ တိုက်ပွဲဖြစ် လာတာ ပေါ့။ အောက်ခြေကတက်လာတာကတော့ အဲလိုဖြစ်ပါတယ် ခင်ဗျာ”ဟု ပြော သည်။

အဆိုပါ တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေဆိုမှု မရှိသည့်အတွက် တစ်စုံတစ်ရာမသိရပေ။

ဗန်းမော်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းကတော့ ယခု တိုက်ပွဲ ဖြစ်ပွားသော ဒေသသည် ကသာဘက်မှ သစ်များ မှောင်ခို ခိုးထုတ်သည့် လမ်းအဖြစ် အသုံးပြုမှုများ ရှိ ကြောင်း၊ ထို့ကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်စဉ် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း ပြော သည်။

“ ဗန်းမော် အနောက်ဘက်ခြမ်းမှာ KIA တပ်ရင်း ၅ ရှိတယ်၊ မိုးညှင်းနဲ့ဗန်းမော်ကြားပေါ့။ အဲမှာ တပ်ရင်း ၅ တို့ရှိ တယ် အဲမှာ ဖြစ်တာနေမယ်၊ စစ်ကြောင်းထိုးပါလိမ့်မယ် အဲဘက်က များသောအားဖြင့် အဲလမ်းကနေပြီးမှ ဟို ဘက် ကသာတို့ဘက်ကနေ သစ်ခိုးတဲ့ လမ်းရှိတယ်။ တလောက သစ်ခိုးထုတ်တဲ့ ကားတွေလိုင်းပေါ်မှာ တွေ့ ပါလိမ့်မယ်။ အဲဒါကြောင့်မလို့ ဒီဘက်က သွားစစ်ကြောင်းထိုးတာတွေ လုပ်မယ်ထင်ပါတယ်။ အဲဒါနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တာ ဖြစ်ပါလိမ့်မယ် အဲဒါပဲ ဖြစ်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တပ်မတော် စစ်ကြောင်းများသည် KIA တပ်ရင်း ၅ လှုပ်ရှားဒေသထဲမှ နောက်ဆုတ်သွားခြင်းမရှိ သေးဘဲသည့်အတွက် အချိန်မရွေး တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ယခု ဇွန်ထဲတွင် တပ်မတော်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်လာသလို ကိုဗစ်-၁၉ ကျန်းမာ ရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ခြင်းကြောင့်လည်း အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၆ ရက်နှင့် ၇ ရက်နေ့များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ ထန်းဖာဘွမ် ဘက်တွင် KIA နှင့် တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြသလို ဇွန် ၁၆ ရက်မှ ၂၁ ရက်ထိလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ဒေသဘက်မှာ KIA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် KIA နှင့် အစိုးရ-တပ်မတော်ကြား ပဏာမ အရပ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral) ချုပ်ဆိုနိုင်ရေး ညှိနှိုင်း ဆွေးနွေးလျက်ရှိနေသည်

http://www.mizzimaburmese.com/article/71132

ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စစ်ဆင်ရေး အထူးအဖွဲ့ မှူး အဖြစ် ရာထူးတိုး

သတင်း
ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ စစ်ဆင်ရေး အထူးအဖွဲ့ မှူး အဖြစ် ရာထူးတိုး
ကစထမှူး ဖြစ်သွားသည့် ဗိုလ်ချုပ်သက်ပုံနှင့် ၎င်း၏ နေရာသို့ ရောက်ရှိလာသူ ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ / ထက်နိုင်ဇော် / ဧရာဝတီ
107k
By ထက်နိုင်ဇော် 30 June 2020
Want create site? Find Free WordPress Themes and plugins.
တပ်မတော်တွင် ယခုရက်ပိုင်းအတွင်း ရာထူး၊ နေရာတချို့ အပြောင်းအလဲ ရှိရာ လက်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သက်ပုံမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေး အထူးအဖွဲ့ မှူး(၅)သို့ရောက်ရှိသွားကြောင်း သိရသည်။

ဗိုလ်ချုပ်သက်ပုံသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၉ မှ ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ မေလတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသူတဦး ဖြစ်ပြီး ရန်ကုန်သို့ မရောက်မီက အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူတဦး ဖြစ်သည်။

ယခု ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တာဝန်ယူရမည့် ကစထ (၅) နေရာမှာလည်း ရန်ကုန်တိုင်းကိုပင် ဖြစ်ပြီး ယခင်ကတပ်မတော်တွင် ကစထ (၁)၊ (၂)၊ (၃)၊ (၄) တို့သာ ရှိရာမှ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ (ယခု ဒုတိယ သမ္မတ)ကို ကစထ (၅) မှူးအဖြစ် စတင်တာဝန်ပေးခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် အသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေး အထူးအဖွဲ့ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်မှာ တပ်မတော်၏အရန်အင်အားအဖြစ် တာဝန်ယူမည် ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။

ဗိုလ်ချုပ် သက်ပုံ၏ ရန်ကုန်စစ်တိုင်းမှူးနေရာသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေအားပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း သိရသည်။

ဗိုလ်ချုပ် ညွှန့်ဝင်းဆွေသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ မှ ဖြစ်ပြီး တိုင်းမှူးမဖြစ်မီ ၂၀၁၈ ခုနှစ်တွင် တပ်မတော် ဆေး တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်၂၀၂၀ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၎င်း၏ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနေရာသို့ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်အောင်အောင်အား တာဝန်ပေးလိုက်ပြီး ဗိုလ်ချုပ်အောင်အောင်မှာ ရခိုင်ပြည်နယ်တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စဉ်များက တာဝန်ယူခဲ့ရသည့် တပ်မ ၃၃ ၏ တပ်မမှူး ဖြစ်ခဲ့သူ ဖြစ်သည်။


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆက်လက် ပါဝင်မည့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင် (ဓာတ်ပုံ – သီဟလွင်/ဧရာဝတီ)
ထို့ကြောင့် ၎င်းကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှု စာရင်းထဲသို့ ထည့်သွင်းခဲ့ပြီး ၎င်းနှင့်အတူ တပ် မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦးဆိုသူလည်း ပါဝင်ခဲ့ရာ ယခုနောက်ပိုင်းတွင် ယင်းဗိုလ်မှူးချုပ် သန်းဦးကို တပ်မတော် တာဝန်များ ဆက်လက် ထမ်းဆောင်ခြင်း ရှိ၊ မရှိ မသိရသေးပါ။

ဗိုလ်ချုပ် အောင်အောင်၏ စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီး နေရာသို့ တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်း အုပ်ကြီး ဖြစ်သူ စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှ ဗိုလ်မှူးချုပ် နိုင်နိုင်ဦးကို ခန့်ထားလိုက်ကြောင်း သိရသည်။

တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနေရာသို့ တပ်မ ၁၁ (အင်းတိုင်)မှ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဟိန်းကို တာဝန်ပေးလိုက်ပြီး ၎င်းမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ သားဖြစ်သည်။

တပ်မမှူးတဦးကို တပ်မတော်နည်းပညာ ကျောင်းအုပ်ကီး အဖြစ် ပို့လိုက်သည်မှာ ရာထူး မတိုးသော်လည်း နောက်တဆင့်တွင် ရာထူးတိုးရန် သေချာနေပြီး တပ်မတော်တွင် အကယ်ဒမီကျောင်း ၃ ခု ရှိရာ ယင်းနေရာသို့ ကျောင်းအုပ်အဖြစ် တာဝန်ယူရပါက နောက်တဆင့် ရာထူးတိုးသည့် အစဉ်အလာ တပ်မတော်တွင် ရှိသည်ဟု သိရသည်။

“တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဟိန်းက ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ရဲ့ သားဗျ။ ဗိုလ်မှူးချုပ်သိန်းအောင်ပေါ့။ သူ့ရဲ့ သားကို ဆွဲတင်တာက ကြံ့ခိုင်ရေးအဟောင်းတွေနဲ့ တပ်က လက်ရှိတွေနဲ့ ဆက်ဆံရေးကောင်း၊ မကောင်း မှန်းလို့ရတာပေါ့”ဟု တပ်မတော် အငြိမ်းစား အရာရှိတဦးက ပြောသည်။

သို့သော် ယခုတကြိမ်တွင် ရာထူးတိုးသည့် အနေအထားများကို ကြည့်ရသည်မှာ ပုံမှန်ကိစ္စရပ်တခု အဖြစ်ဟု ရူ့ မြင်ပြီး ရခိုင်နှင့် ရှမ်းပြည်နယ် ကဲ့သို့သော စစ်ဆင်ရေးဒေသများတွင် ဖိအားမျိုးစုံနှင့် ရင်ဆိုင်နေရသည့် တပ်မတော်သားများလည်းရာထူးတိုးသင့်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက “ရွေးကောက်ပွဲမတိုင်ခင် အပြောင်းအရွေ့တွေ ထပ်ရှိလိမ့်ဦးမယ်လို့ ထင်တယ်။ တပ်မတော်အနေနဲ့ သူ့ရဲ့ အင်စတီကျူးရှင်းကို ပိုအားကောင်းအောင် တည်ဆောက်နေတယ်လို့မြင်တယ်။ မျိုးဆက်အလိုက် စနစ်တကျ တည်ဆောက်နေတဲ့သဘောလည်း တွေ့နေရပါတယ်”ဟု ပြောသည်။

တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ အရပ်ဖက်-စစ်ဖက် ဆက်ဆံမှု ပိုမိုကောင်းမွန်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့် ကိစ္စရပ်များတွင် ပြည်သူကိုမျက် နှာမူပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနဲ့အညီ ဆောင်ရွက်နိုင်ရေးသည့် အဓိက သော့ချက်ဟု ၎င်းက သုံးသပ်သည်။

“တပ်မတော်အနေနဲ့ ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုတဲ့ဆောင်ပုဒ်ကို ကိုင်စွဲနိုင်ဖို့ အရေးကြီးသလို အောက်ခြေမှာ ဆောင်ပုဒ်နဲ့အညီ တည့်မတ်၊ ထိန်းကျောင်း၊ ဖော်ဆောင်နိုင်ဖို့လည်း အရေးကြီးမယ်လို့ သုံးသပ်မိပါတယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် စစ်တိုင်းမှူးများကို မကြာခဏ ပြောင်းလဲ တာဝန်ပေးမှုများ ရှိပြီး တချို့ သော တိုင်းမှူးများမှာလည်း စစ်ရေး လိုအပ်ချက်နှင့် အညီ ပြောင်းလဲ တာဝန်ပေးခြင်း၊ တချို့မှာ အဂတိ လိုက်စားမှုများ ကြောင့် အရေးယူခံရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

You may also like these stories:

https://burma.irrawaddy.com/news/2020/06/30/225523.html

စစ်တွေစခန်းမှ ရဲ ၁ ဦး ဓားထိုး သတ်ဖြတ်ခံရ

သတင်း
စစ်တွေစခန်းမှ ရဲ ၁ ဦး ဓားထိုး သတ်ဖြတ်ခံရ
စစ်တွေမြို့မ ရဲစခန်း / မင်းအောင်ခိုင် / ဧရာဝတီ
11.9k
By မင်းအောင်ခိုင် 30 June 2020
Want create site? Find Free WordPress Themes and plugins.
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး မောင်မောင်သန်းသည် ယမန်နေ့ည ၈နာရီခန့် အချိန်က မကျည်းမြိုင် ရပ်ကွက် နေအိမ်ရှေ့တွင် အမည်မသိ လူ၂ဦးက ဓားဖြင့် ထိုးသတ်သွားသဖြင့် သေဆုံးသွားသည်။

သေဆုံးသူမှာ အသက် ၄၀နှစ်ခန့်ရှိ တပ်ကြပ်ကြီး မောင်မောင်သန်းဖြစ်ကြောင်း စစ်တွေမြို့မ စခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ဦးက ပြောသည်

၎င်းက “မိသားစုဝင်တွေ ပြောပြတာကတော့ မနေ့ ည ၈ နာရီလောက်မှာ သူက အပြင်ကနေ အိမ်ကို ပြန်လာတာ။ ခြံတံခါး ကို ဖွင့်ပြီးတော့ အိမ်ထဲကို ဝင်နေစဉ်မှာ လူ၂ ယောက်လာပြီးတော့ ဓားနဲ့ ထိုးသွားတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြော သည်။

ထိုသို့ ဓားထိုးခံရသည့်အတွက် တပ်ကြပ်ကြီး မောင်မောင်သန်းမှာ ဘယ်ဘက် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံသို့ ရောက်ရှိချိန်၌ သေဆုံးသွားခြင်း ဖြစ်ကြောင်းလည်း စစ်တွေမြို့မရဲစခန်းက သိရသည်။

လက်ရှိအချိန်တွင် လူသတ်သမားများအား ဖမ်းဆီးရမိနိုင်ရေး အတွက် ရဲတပ်ဖွဲ့ဝင်များက စီမံဆောင်ရွက်လျက် ရှိကြောင်း လည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု ရဲမှူးကြီး မောင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။

ယခုနှစ် မေလ ၂၅ ရက်ကလည်း စစ်တွေမြို့စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်မှာ မြို့လယ်တွင် ကုန်သည် လမ်းနှင့် ပန်းခြံလမ်ထောင့် ကွမ်းယာဆိုင်၌ ဓားထိုး လုပ်ကြံသတ်ဖြတ်ခံရသည့်အတွက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်ကလည်း စစ်တွေမြို့ပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းရှင် ၁ ဦးမှာ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရသည့်အတွက် ဒဏ်ရာများ ရရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့၌ ယခုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ က ခတ်စိတ်စိတ် ဖြစ်ပွားနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ တရားခံများကို လက်ရှိအချိန်အထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရွာသားများမှာ ယခု ကဲ့သို့ ဓားဖြင့် သတ်ဖြတ်လုပ်ကြံခြင်း၊ နေအိမ်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း စသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ပြည်သူများကြားတွင် စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

https://burma.irrawaddy.com/news/2020/06/30/225498.html

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၃၀
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံးကို ထိခိုက်စေသည့်ကိစ္စ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှု၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကြိုတင်စီစဉ်မှုများကြောင့် First Wave ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည့် အနေအထားရှိပါကြောင်း၊ မိမိတို့သတိထားရမည့် ကိစ္စမှာ လက်ရှိ ရပ်တည်ထားသည့် ထိန်းသိမ်းမှုကို ဆက်လက်ထိန်းသိမ်းရန်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အားလုံးကိုထိခိုက်စေခဲ့ပြီး မိမိတို့၏ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း နှောင့်နှေးမှုဖြစ်စေခဲ့ပါကြောင်း။
ငြိမ်းချမ်းရေးခရီးစဉ်သည် လွယ်ကူသည့်ခရီးစဉ်မဟုတ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မတိုင်မီကပင် ငြိမ်းချမ်းရေးခရီးစဉ်၏ ရှေ့ဆက်သွားရမည့် နည်းလမ်းများကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ EAOများနှင့် အမြဲမပြတ် ဆွေးနွေးခဲ့ပါကြောင်း၊ အစောပိုင်းတွင် ဆွေးနွေးညှိနှိုင်းမှုများ ကြန့်ကြာသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး(JICM) ခေါ်ယူနိုင်ပြီး နောက်တွင် တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခဲ့ပါက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို သုံးလခန့်စော၍ ကျင်းပနိုင်မည်ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးခရီးစဉ်သည် အရေးကြီးသည့်အတွက် ကိုဗစ်-၁၉ ရောဂါကိုလည်း အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် New Normal ဟုခေါ်သည့် ပုံစံဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ကျင်းပရန် စီစဉ်ရခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင် နှစ်စဉ်အထွေထွေညီလာခံ ကျင်းပပါကြောင်း၊ ယခုနှစ် အထွေထွေညီလာခံကို ပုံစံသစ်ဖြင့် ကျင်းပရန် စီစဉ်ထားပါကြောင်း၊ အထွေထွေ ညီလာခံ၏ General Debateတွင် ပုံမှန် တက်ရောက်နေကျ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ မတက်ရောက်ဘဲ Video Conferencing ဖြင့် ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ယင်းအချက်ကို ကြည့်၍ မိမိတို့ အနေဖြင့် (၂၁)ရာစုပင်လုံကို ကျင်းပသည့် အခါတွင် အကျဉ်းချုံးကိုသာ လုပ်နိုင်သည့် အခြေအနေရှိသည်ဟု သုံးသပ်ပါကြောင်း။
မိမိတို့ စဉ်းစားသုံးသပ်ရာတွင် ကိုယ်စားလှယ်များကို Social Distancing ဖြင့် ထား၍ ဆောင်ရွက်မည်ဆိုပါက မည့်သည့်အရေအတွက်ဖြစ်နိုင်မည်ဆိုသည်ကို ကြည့်ပါကြောင်း၊ ထိုသို့ သုံးသပ်ရာတွင် ယခင်က ကိုယ်စားလှယ်(၇၀၀)ခန့်တက်ရောက်ပါကြောင်း၊ ယခင် ကိုယ်စားလှယ် အရေအတွက် သုံးပုံတစ်ပုံခန့်ဖြင့် ကျင်းပရန် အဖြေထွက်ပါကြောင်း၊ ယင်းအဖြေအပေါ်မူတည်၍ EAO များနှင့် ညှိနှိုင်းသည့်အခါတွင် EAO များကလည်း ငြိမ်းချမ်းရေးညီလာခံသည် မဖြစ်မနေ ကျင်းပသင့်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ အခြေအနေပေါ်မူတည်၍ ပြုပြင်ပြောင်းလဲမှု လုပ်ထားသည့် ပုံစံသစ်ဖြင့် ဆောင်ရွက်ရန်ကိုလည်း သဘောတူပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ချက်ချင်း ထွက်ပေါ်လာ သည့်အခြေအနေမဟုတ်ဘဲ Working Plan အဖွဲ့တွင် ဆက်တိုက် ညှိနှိုင်းရသည်များ ရှိပါကြောင်း၊ ညှိနှိုင်းချက်များအပေါ်မူတည်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို ကျင်းပရန် စီစဉ်နေခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ဖိတ်ကြားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ခန်းမအတွင်း နေရာချထားရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် အမြဲတမ်းအတွင်းဝန် တို့က အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် က ဧည့်ခံကျွေးမွေးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က လုံခြုံရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူတို့က ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဘဏ္ဍာရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြသည်။
 ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ငြိမ်းချမ်းရေး ကိစ္စသည် အရေးကြီးသည့်အတွက် ကိုဗစ်-၁၉ကာလတွင် ဆောင်ရွက်ရခြင်းဖြစ် ပါကြောင်း၊ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်တက်ရောက်လာကြသူအားလုံး၏ ကျန်းမာရေး အတွက် ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များကို အပြည့်အဝ ကျင့်သုံးလိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်အောင်မြင်မြင်ကျင်းပနိုင်မည်ဟု ယူဆပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ရခိုင်ပြည်နယ်ရှိ ယာယီတိုက်ပွဲရှောင်နေရာများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်ရှိ ယာယီတိုက်ပွဲရှောင်နေရာများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဇွန် ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ စေတီတောင်ရွာဟောင်းဘုန်းတော်ကြီးကျောင်း၊ ရှော်မယ်(အ.မ.က)၊ ထမ္မရာဇ်မြို့ကွက်သစ်၊ တင်းထိန်ကန်ကျေးရွာ(ဘုန်းကြီး ကျောင်းဓမ္မာ ရုံ)၊ ပီပင်ရင်းကျေးရွာ(ဘုန်းကြီးကျောင်း)၊ တောင်မြင့်ကျေးရွာ(ဘုန်းကြီးကျောင်း ဓမ္မာရုံ)၊ စင်းဘော ကိုင်းကျေးရွာ၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်း၊ ဝက်လှကျေးရွာအုပ်စု (ဘုန်းတော်ကြီးကျောင်း)၊ တိန်ညိုကျေးရွာ၊ ပြလှကျေးရွာအုပ်စု(ဘုန်းတော်ကြီးကျောင်း)၊ နကန်ကျေးရွာ(အရှေ့) ဘုန်းတော် ကြီးကျောင်း၊ ပုဇွန်ဖေကျေးရွာ၊ ကုလားချောင်းဘုန်းတော်ကြီးကျောင်း၊ သျှစ်သောင်း ဘုန်းတော်ကြီး ကျောင်း၊ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း၊ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်း၊ ကျောက်ရာဇ်ကေဘုန်းတော်ကြီးကျောင်း၊ မြို့သစ် ဘုန်းတော်ကြီးကျောင်းနှင့် ဒိုင်းဂျီဘုန်းတော်ကြီး ကျောင်းဟောင်း စုစုပေါင်း ယာယီတိုက်ပွဲရှောင်နေရာ(၂၀)သို့ သွားရောက်၍ ဆပ်ပြာတောင့် (၁၁၈၁၀) ၊ အဝတ် Mask (၂၃၆၂၀)ခု၊ လက်သန့်ဆေးရည်(၅၈၄၄)ဗူး၊ Hand Speaker (၁၄) ခု၊ အပူချိန်တိုင်းကိရိယာ(၁၄)ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၁၄)ခု၊ ဗီနိုင်း(၁၄)ခုနှင့် လက်ဆေးစင်(၃၀)ခု တို့ကို သွားရောက်ထောက်ပံ့သည်။
အလားတူ ဇွန် ၂၉ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်ဘုန်းကြီးကျောင်း၊ တောင်မင်းဘုန်းကြီးကျောင်း၊ ဝါးတောင်တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်းကျေးရွာအရှေ့ ဘက်ကျေးရွာပိုင်ဘုံမြေနေရာ၊ မြို့နယ်သာသနာ့ဗိမာန်၊ ခရစ်တော်အသင်းကျောင်း၏ကျမ်းစာ ကျောင်း၊ မြို့မ(အ.မ.က)၊ မဟာကံကြီးသျှင်ဘုရား၊ နေပူခံတိုက်ပွဲရှောင်စခန်း၊ ပြည်တော်သာ ရပ်ကွက်(အ.ထ.က)စာသင်ကျောင်း၊ မြို့သစ်ရပ်ကွက် အ.မ.က(၃) စာသင်ကျောင်းတိုက်ပွဲရှောင် စခန်းနှင့် မြို့မရွှေကျောင်း စုစုပေါင်း ယာယီတိုက်ပွဲရှောင်နေရာ (၁၂)နေရာသို့ သွားရောက်၍ အဝတ် Mask (၁၁၃၆၈)ခုနှင့် လက်ဆေးစင်(၂၀)တို့ကို သွားရောက်ထောက်ပံ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာမြှင့် တင်ပေးမှု ဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီ သွားကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီ သွားကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး
နေပြည်တော်၊ ဇွန် - ၃၀
    
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီသွား ကားလမ်း၌ ယနေ့နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးသည် ဒေသန္တရမိုင်း ထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်- မအီသွား ကားလမ်း၌ ယနေ့နံနက် ၁ နာရီခန့်တွင် မိုင်းပေါက်ကွဲသံ ကြားရသဖြင့် နံနက် ၇ နာရီခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ရာ အမျိုးသား ၄ ဦး လဲကျ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း နယ်မြေခံတပ်ဌာနချုပ်သို့ ရဲတပ်ဖွဲ့ဝင်များကတဆင့်သတင်းပို့ခဲ့သဖြင့် တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ မိုင်းပေါက်ကွဲသည့် နေရာတွင် အမျိုးသား ၄ ဦး မှာ ဒေသန္တရ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ပတ်ဝန်းကျင် တစ်ဝိုက်အား  အသေးစိတ်စစ်ဆေးရာ ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် အချင်း ၄ လက်မ၊ အလျား ၆ လက်မခန့်ရှိ ကွန်ကြူပိုက် အပိုင်းအစများ သံတို^သံစများ၊ နိုင်ငံသားစိစစ်ရေးကတ်၊ လက်ကိုင်ဖုန်း ၄ လုံး နှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။  
    
AA  အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် အများပြည်သူအသုံးပြု လျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခုတွင်လည်း တောင်ကုတ်- မအီ သွားကားလမ်းတွင် ဒေသ တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် ရည်ရွယ်၍ ဒေသန္တရ လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နှင့် မိုင်းထောင်ပေါက်ကွဲစဉ် အသေ သိမ်းဆည်းရမိသော AA အကြမ်းဖက်သောင်းကျန်းသူ အလောင်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အရာရှိ၊စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်း ကျန်းသူအလောင်းတစ်လောင်း သိမ်းဆည်းရမိ

အရာရှိ၊စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်း ကျန်းသူအလောင်းတစ်လောင်း သိမ်းဆည်းရမိ
နေပြည်တော်၊ ဇွန် - ၃၀
    
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ထွက်ခွာလာ သောတပ်မတော်ယာဉ်တန်းတစ်ခုကို ယနေ့နံနက်ပိုင်းတွင် AA  အကြမ်းဖက်သောင်းကျန်း သူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
    
ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများထုတ် ယူရန်အတွက်ယနေ့နံနက်ပိုင်းတွင်စစ်တောကျေးရွာမှ ကျောက်ဖြူမြို့သို့တပ်မတော်မော်တော်ယာဉ်များဖြင့်ထွက်ခွာလာခဲ့ကြောင်း၊ ကပ်သပြေကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ စစ်တော-ကျောက်ဖြူ သွားကားလမ်းပေါ် ရှိ သစ်သားတံတားအနီး အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးလိုက်ပါလာသည့်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်း သူများမှာ အရှေ့ဘက်သို့ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း ၊ တပ်မတော်သားများက စနစ်တကျလုံခြုံရေးလိုက်ပါ ဆောင်ရွက်ခဲ့မှုကြောင့် တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ထံမှအလောင်းတစ်လောင်း ကို မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူလည်းကောင်း၊ ဖြစ်စဉ် နေရာအနီးတစ်ဝိုက် မသင်္ကာဖွယ်အမျိုးသား ၁၀ ဦး ၊အမျိုးသမီး ၂ ဦး အားလည်းကောင်း ဖမ်းဆီးရမိပြီး မသင်္ကာဖွယ် ၁၂ ဦး အားလိုအပ်သည်များဆက်လက်စစ်ဆေးရန် ကျောက်ဖြူမြို့မရဲစခန်းသို့လွှဲပြောင်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။
    
ယခုဖြစ်စဉ်သည် ကျောက်ဖြူမြို့နယ်အတွင်းနယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် တပ်မတော်သားများက နယ်မြေလုံခြုံရေးများဆောင်ရွက်လျက်ရှိစဉ် ဇွန်လ ၂၆ ရက် ညပိုင်းတွင် သိုင်းချောင်း-သစ်ပုတ်တောင်သွားကားလမ်းပေါ်၌ ကပ်သပြေ ကျေးရွာတွင်နေထိုင်သော  AA  အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ် သူ ၇ ဦးကိုမသင်္ကာဖွယ်  အထောက်အထားများနှင့် အတူဖမ်းဆီး ရမိခဲ့ပြီး ကျောက်ဖြူ မြို့မရဲစခန်းတွင်တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ဖြစ်စဉ် နှင့်ဆက်စပ်လျက်ရှိကြောင်းလည်းသတင်းရရှိသည်။

စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား

စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား
နေပြည်တော်၊ ဇွန် - ၃၀
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း(ဘ)ဦးမောင်ကြာအောင် သည် ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်(၃)၊ မဏိပူရလမ်းရှိ ၎င်း၏ နေအိမ်သို့ သွားရောက်စဉ် နေအိမ်အဝင်ဝ၌ အသင့်စောင့်ဆိုင်းနေသည့် အမည်မသိ အမျိုးသား ၂ ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှောင်တို့ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှု ကြောင့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၏ ဝမ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ကြောင်း သိရှိရသည်။
    
အဆိုပါဒဏ်ရာရ ရဲတပ်ကြပ်ကြီး မောင်မောင်သန်း အား ည ၈ နာရီ ၂၅ မိနစ်ခန့်တွင်   စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အတွင်းလူနာအဖြစ် ဆေးကုသပေးလျက်ရှိစဉ် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေး စစ်တွေမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများက သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန်ကန်စောင့်အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

AA အကြမ်းဖက်သောင်းကျန်းသူများက သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန်ကန်စောင့်အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်
နေပြည်တော်၊ ဇွန် - ၃၀
    
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန်ကန်စောင့် အလုပ် လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်းအငြိမ်းစားတစ်ဦးအား ဇွန် ၂၄ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဝိုင်းဝန်းရိုက်နှက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းလင်း(ဘ)ဦးဘိုတင်၊ အသက် ၄၄ နှစ်သည် လောင်းချောင်းကျေးရွာရှိ ဦးထွန်းနိုင်လင်း ပိုင်ဆိုင်သည့် ပုဇွန်ကန်၌ ကန်စောင့်အလုပ်အား လုပ်ကိုင်နေစဉ် ဇွန် ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် အဆိုပါ ကျေးရွာမှ ဦးသိန်းဝင်း၊ မောင်မောင်ချေ တို့အပါအဝင် AA အကြမ်းဖက်သောင်းကျန်းသူ ၇ ဦးခန့် ရောက်ရှိလာပြီး ဦးသန်းလင်းအား ဝိုင်းဝန်းရိုက်နှက်၍ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
    
AA အကြမ်းဖက်သောင်းကျန်းသူများ ဝိုင်းဝန်းရိုက်နှပ်ဖမ်းဆီးခြင်းခံရသည့် ဦးသန်းလင်း သည် ၂၀၀၁ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူထားသူဖြစ်ပြီး အမ်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်တွင် ဇနီးဖြစ်သူနှင့်အတူနေထိုင်ကာ ပုဇွန်ကန်စောင့်သည့်အလုပ်အား ရိုးသားစွာ လုပ်ကိုင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
    
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာများအတွင်း အရပ်သား အသွင်ဖြင့် ရောနှောနေထိုင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်၍ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့်  ရွာသူ၊ ရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသတွင်းအေးချမ်းစွာ အလုပ်လုပ်ကိုင်လျက် ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများကို အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင် ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
    
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Russia Today TV သတင်း ဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Russia Today TV သတင်း ဌာနအား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား
နေပြည်တော်    ဇွန်     ၃၀
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army   General   Sergei   Kuzhugetovich  Shoigu ၏ဖိတ်ကြားချက်အရ  ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of  Great  Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း Russia Today TV သတင်းဌာနနှင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။ အဆိုပါ သတင်း ဌာန၏ မေးမြန်းချက်များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြန်လည် ရှင်းလင်း ဖြေကြားချက်များကို ဖော်ပြလိုက်ရပါသည်-
Russia Today TV ။   COVID-19  ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးအခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ရုရှား လူမျိုးတွေရဲ့ အဓိက အောင်ပွဲကြီးဖြစ်တဲ့  မဟာမျိုးချစ်အောင်ပွဲ စစ်ရေးပြ အခမ်းအနားကို အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တက်ရောက်ပေးတဲ့ အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိပါတယ်။ အခုလို လာရောက်တဲ့အချိန်မှာ အဆွေတော်အနေနဲ့ ရုရှားလူမျိုး ၁၉ယောက်ကို မြန်မာနိုင်ငံမှ ခေါ်ဆောင်လာ ပေးတယ်လို့ သိရှိရပါတယ်။ ဒါဟာ ဝမ်းသာပီတိဖြစ်စရာ သတင်းဖြစ်ပြီး ရုရှား လူမျိုးတစ်ယောက်အနေနဲ့ အဆွ ေတော်ကို အလွန်ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး အခက်အခဲဖြစ်နေတဲ့ ရုရှားလူမျိုးတွေကို မြန်မာနိုင်ငံကနေ ရုရှား နိုင်ငံသို့ ခေါ်ဆောင်လာပေးဖို့ စိတ်ကူး ရခဲ့ပုံကို ရှင်းပြပေးပါဦးရှင့်။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့ မြန်မာတွေဟာ ကိုယ်ချင်းစာစိတ်ရှိကြပါတယ်။ ဗုဒ္ဓဘာသာ ဝင်တွေဟာ ကိုယ်ချင်း စာစိတ်ရှိကြ ပါတယ်။ သူများတွေ ဒုက္ခရောက်နေရင် ငါတို့ဘယ်လိုကူညီရမလဲဆိုတဲ့ စိတ်မျိုးစိတ်အခံ ရှိကြပါတယ်။ စိတ်အခံရှိတော့သူတို့ဒီလို COVID-19  ကပ်ရောဂါကြောင့် သွားလာရေး အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်လည်း   ရုရှားနိုင်ငံကို   လာဖို့ရှိတဲ့ အပြင် ကျွန်တော်စီးလာမယ့် လေယာဉ်မှာလည်း   နေရာ တွေ အကျယ်ကြီးရှိတဲ့ အတွက် သူတို့ ကို ခေါ်လာခြင်းဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာလည်း ပျော်ရွှင်မှုဖြစ်မှာပါ။ သူတို့ရဲ့ဒုက္ခတွေ လွတ်ငြိမ်းသွားပြီ ဆိုတဲ့ ပျော်ရွှင်မှုမျိုးဖြစ်မှာပါ။  ဒီလိုပျော်ရွှင်မှုဖြစ်သွားတဲ့ ပီတိကို    ကျွန်တော် တို့ လည်း ခံစားရပါတယ်။ ဒါကြောင့်  ကျွန်တော်တို့က သူတို့ကို ခေါ်လာခဲ့တာပါ။
မြန်မာနိုင်ငံသားတွေရဲ့ စိတ်အရင်းခံက ကိုယ် ချင်းစာနာတဲ့ စိတ်ရှိကြပါတယ်။ ဒါက အဓိကအချက်ပါ။
Russia Today TV ။  အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ Red Square မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်း အနားကြီးကို တက်ရောက်ကြည့်ရှုခဲ့တယ်လို့ သိရှိထားပါတယ်။ ဒီလိုမျိုး တက်ရောက်တဲ့အချိန်မှာ တွေ့မြင်ခဲ့တဲ့ မြင်ကွင်းတွေနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ စိတ်ခံစားချက်တွေကိုလည်း ပြောပြပေးပါ။
ဗိုလ်ချုပ်မှူးကြီး။ စစ်ရေးပြက အင်မတန် ခမ်းနားတဲ့ စစ်ရေးပြ အခမ်းအနားကြီးဖြစ် ပါတယ်။ စနစ်တကျ လုပ်ထားတာကို တွေ့ရ ပါတယ်။ စနစ်တကျလုပ်ထားပေမယ့် ဖိအား တွေနဲ့ လုပ်ထားတဲ့ စစ်ရေးပြ ပုံစံမျိုးမဟုတ် ဘူးဆိုတာ ကျွန်တော် သတိပြုမိပါတယ်။ စစ်သားအများစုမှာ ဆိုရင် ဖိအားတွေရှိကြ တယ်။ ဒါပေမဲ့ ဒီစစ်ရေးပြမှာ ညီညာမှုနဲ့ စနစ်တကျ ရှိဖို့အတွက်   သူ့နေရာနဲ့သူ လုပ်ဆောင်သွားတာကို ကျွန်တော်သတိပြုမိပါတယ်။ ဒါက တစ်ချက်ပေါ့။ နောက်တစ်ခုက  ဒီစစ်ရေးပြအခမ်းအနားကြီးက ရုရှားနိုင်ငံ ရဲ့ အောင်မြင်မှု၊ ရုရှား နိုင်ငံရဲ့သမိုင်း၊ ရုရှား နိုင်ငံရဲ့ဂုဏ်ကို ဖော်ပြနေပါတယ်။ ရုရှား ပြည်သူတွေရဲ့အောင်မြင်မှုကို  ဖော်ပြတာ ပေါ့။ ကျွန်တော်ဆိုလည်း ဒီလိုစစ်ရေး ပြမျိုး လုပ်ရတာကို ဂုဏ်ယူမိမှာပဲ။ ရုရှားပြည်သူ တွေလည်း ဒါနဲ့ပတ်သက်ပြီး ဂုဏ်ယူနေလိမ့် မယ်လို့  ကျွန်တော် အပြည့်အဝယုံကြည် ပါတယ်။  ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်းဒီလိုပါပဲ။ ကိုယ့်နိုင်ငံရဲ့အောင်မြင်မှုတွေကို
ထုတ်ဖော်ပြသတဲ့ အချိန်ကျရင်  အားလုံး ဂုဏ်ယူကြတာပါပဲ။ ကျွန်တော်တို့လည်း ဒီလိုပဲ   ဂုဏ်ယူခဲ့ရပါတယ်။    ဒါကြောင့် ဒီစစ်ရေးပြက အင်မတန်ကောင်းမွန်တဲ့ စစ်ရေးပြတစ်ခု၊ နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာကောင်းတဲ့ စစ်ရေးပြတစ်ခု၊ ပြည်သူ တွေအတွက်  အားတက်ဖွယ်ရာဖြစ်စေတဲ့ စစ်ရေးပြတစ်ခုလို့ ကျွန်တော်ပြောလိုပါတယ်။
Russia Today TV ။ ရုရှားပြည်သူတွေ အနေနဲ့ ဒီအခမ်းအနားကို အကုန်လုံးတက် ရောက်ခွင့်မရခဲ့ပေမယ့် လည်း ရောက်ရှိနေ တဲ့နေရာတွေကနေ ကောင်းကင်ပေါ်မော့ ကြည့်ပြီး  လေကြောင်းစစ်ရေးပြမှုတွေ အားလုံး ကိုကြည့်ရှုပြီးတော့ လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။ လေကြောင်းစစ်ရေးပြ မှုတွေကို အဆွေတော် ဗိုလ်ချုပ် မှူးကြီး အနေနဲ့   အခမ်းအနားမှာ  နီးနီးကပ်ကပ် တွေ့မြင်ခဲ့ရမယ်လို့ ထင်ပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူး ကြီးတို့ နိုင်ငံ အနေနဲ့လည်း ရုရှား နိုင်ငံကထုတ်လုပ်တဲ့ လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေကိုဝယ်ယူပြီး ပျံသန်း အသုံးပြုနေ တယ်လို့သိရှိထားပါတယ်။ ဒီလိုပျံသန်းအသုံး ပြုမှုတွေနဲ့ ပတ်သက်ပြီးတော့ အဆွေတော်  ဗိုလ်ချုပ် မှူးကြီး အနေနဲ့ ဘယ်လိုမျိုးကျေနပ် အားရမှုတွေရှိလဲဆိုတာ သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ရုရှားနိုင်ငံမှာပြသတဲ့ ရုရှား ရဟတ်ယာဉ်၊ လေယာဉ်တွေကတော့ မူရင်းပေါ့။ မူရင်းကို ကျွန်တော် တို့ဒီမှာမြင်ရတာပေါ့။ ဒါတွေက စွမ်းရည်အင်မတန်ကောင်းတဲ့၊ အရည်အသွေးရှိတဲ့ လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေဖြစ်နေတာကို  တွေ့ရပါတယ်။ နောက်ပြီး ရဟတ်ယာဉ်က အမြင့်ကြီးပျံတာ မဟုတ်ဘဲ ခပ်နိမ့်နိမ့် ပျံတာပေါ့။
အဲ့ဒီအတွက် ကျွန်တော်တို့က သဲသဲကွဲကွဲ မြင်ရတယ်။ လေယာဉ်တွေကို သဲသဲကွဲကွဲမြင်ရသလို ရဟတ်ယာဉ်တွေ ကိုလည်း သဲသဲ ကွဲကွဲမြင်ရတယ်။ စွမ်းရည်ရှိတဲ့ လေယာဉ်တွေလို့ပြောရမယ်။ လေယာဉ်မှူးတွေရဲ့ မောင်းနှင်မှုက အင်မတန်ကျွမ်းကျင်ပါတယ်။
ညီညာမှုရှိတယ်လို့ ကျွန်တော်ပြောလိုပါ တယ်။ ဘာပဲပြောပြော ဒီလိုအရည်အသွေးပြည့်ဝတဲ့ လေယာဉ်တွေ ရဟတ်ယာဉ်တွေ ကိုမြင်ရတော့ မြန်မာနိုင်ငံမှာလည်း ဒါတွေ ကိုသုံးနေတာပဲဆိုပြီး ဝမ်းသာရပါတယ်။
Russia Today TV ။ ရုရှားနိုင်ငံကထုတ် လုပ်ထားတဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ပတ်သက်ပြီး ကျေနပ်အား ရမှုရှိသလား။
ဗိုလ်ချုပ်မှူးကြီး။  ရှိပါတယ်။ ကောင်းပါတယ်။ တကယ်လည်းကောင်းတဲ့ ရဟတ်ယာဉ်နဲ့လေယာဉ်တွေဖြစ်ပါ တယ်။
Russia Today TV ။ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေဆိုတာ နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက် ရေး အောင်မြင်မှုတွေ ရဲ့ ရလဒ်တွေဖြစ်ပါတယ်။ နှစ်နိုင်ငံစစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ် တွေနဲ့ပတ်သက်ပြီးတော့  အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့လက်ရှိအခြေအနေမှာ  ဘယ်လိုအမြင် မျိုးတွေ ရှိပါသလဲ။ ဘယ်လို မျိုးစိတ်ခံစားမှုတွေ ရှိပါသလဲ သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ရုရှားနဲ့မြန်မာ နှစ်နိုင်ငံ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုဟာ ဆယ်စုနှစ် ၂ ခုကို ကျော်သွား ပါပြီ။ တော်တော်ကြာပါပြီ။ တဖြည်းဖြည်းနဲ့စခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခုဆိုရင် နယ်ပယ်က အကျယ်ကြီးဖြစ်လာပြီး ခိုင်ခိုင် မာမာလည်းဖြစ်နေပါပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး များစွာ အထောက်အကူရတယ်ဆိုတာ ကျွန်တော် ရိုးသားစွာပြောလိုပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဟာ ကျေနပ်ဖွယ်ရာရှိတယ်လို့ပြောလိုပတယ်။ ဒါတွေက အင်မတန် အကျိုးရှိ ပါတယ်။ ရှေ့ဆက်ပြီးလည်း နှစ်နိုင်ငံစစ်ဘက်နည်း ပညာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ ဆောင်ရွက် သွား မယ်လို့ ကျွန်တော်ပြောလိုပါတယ်။
Russia Today TV ။ ရုရှားနိုင်ငံအနေနဲ့ အရှေ့တောင်အာရှမှာ မိတ်ဆွေနိုင်ငံတွေ အများအပြားရှိပါတယ်။ ရုရှားနိုင်ငံ အနေနဲ့ နိုင်ငံရေးပိုင်းသာမက စီးပွားရေးပိုင်းကပါတတ်နိုင်သလောက် ကူညီထောက်ပံ့ပေး နေတာ တွေရှိပါတယ်။ ဒီလိုမိတ်ဆွေနိုင်ငံ တွေထဲမှာ အဆွေတော်တို့မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ဒီလိုမျိုး သတ်မှတ်ထားတဲ့အချိန်မှာ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရုရှားနိုင်ငံအပေါ် ဘယ်လိုအမြင်မျိုးရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့က ရုရှားနိုင်ငံကို ဒီဘက်ခေတ်ကျမှ ဆက်ဆံတာမဟုတ် ပါဘူး။ လွန်ခဲ့တဲ့နှစ် ပေါင်း  ၇ဝ  လောက် ကတည်းက ဆက်ဆံလာခဲ့ကြတာပါ။ ကာလ ရှည်ကြာတဲ့သမိုင်းကြောင်းနဲ့ ရှည်လျားတဲ့ ဆက်ဆံရေးတွေရှိတယ်။ ရုရှားနိုင်ငံက မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဟိုးအရင် ကတည်းက ကူညီပေးခဲ့ တာဖြစ်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေဟာ နိုင်ငံရေးအရ သာမက စီးပွားရေး၊ ယဉ်ကျေးမှု နယ်ပယ် တွေမှာ လုပ်လို့ရတာ အများကြီး ရှိပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ခြင်းဖြင့် ပြည်သူတွေက တိုက်ရိုက်ပါဝင် လာပြီး ကျွန်တော်တို့ဘက်က ပြည်သူတွေက ခင်ဗျားတို့ ဘက်ကိုလာသလို ခင်ဗျားတို့ ဘက်က ပြည်သူ တွေကလည်း ကျွန်တော် တို့ဘက်ကိုလာပြီး စီးပွားရေးတွေ လုပ်ကြမယ်။ ပြည်သူတွေ ထိတွေ့မှုများ လာတာနဲ့အမျှ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဟာလည်း ပိုပြီးတော့ကောင်းလာမှာဖြစ်ပါတယ်။ ဒါတွေ ကို ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေနဲ့ ထပ်ပြီးအားဖြည့်ပေးပါတယ်။ ယဉ်ကျေးမှုကြောင့် ရင်းနှီးမှုပို ရတာပေါ့။ နှစ်ခု ပေါင်းလိုက်မယ် ဆိုရင်တော့ နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်က အများကြီး ကြီးမား ကျယ်ပြန့် လာမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
Russia Today TV ။   အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့    ရုရှား- မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးကို တိုးတက် အောင်မြင်အောင်  ဆောင်ရွက်ဖို့ဆန္ဒရှိတယ်ဆိုတာ သိရတဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်မိ ပါတယ်။ ဒီလိုမျိုးဆန္ဒရှိနေတဲ့ နိုင်ငံတော်ရဲ့ အကြီးအကဲခေါင်းဆောင်တစ်ယောက် မြန်မာနိုင်ငံမှာ ရှိတဲ့အတွက် မြန်မာ- ရုရှားနှစ်နိုင်ငံ ချစ်ကြည်ရေးဟာ ပိုမိုတိုးတက်မှု ရရှိခဲ့တယ် ဆိုတာ လက်တွေ့ကျကျ တွေ့ရှိခဲ့ရပါတယ်၊။ အဆွေတော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိ ထမ်းဆောင်နေတဲ့ တာဝန်တွေသာမက ဒီထက်ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့အထိ ဖြစ်နိုင်တယ် ဆိုတာကိုလည်း သိရှိထားပါတယ်။ ဒါကြောင့် ဒီလိုကြီး လေးတဲ့ နိုင်ငံတော်တာဝန် တွေကို ထမ်းဆောင်ခွင့်ရခဲ့မယ်ဆိုရင် ရုရှား- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး နဲ့ဆက်ဆံရေး ပိုင်းမှာ ဘယ်လိုအစီအစဉ်တွ ေဆောင်ရွက်မယ်ဆိုတဲ့ လျာထားအစီအမံတွေများ ရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်ကတော့ ဘယ်နေရာရောက်ရောက် ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ   ပိုပြီးမြင့်မားအောင် ဆောင်ရွက်ဖို့ရှိပါတယ်။ လုပ်ဆောင် ရမယ့်နယ်ပယ်တွေလည်း အများကြီးရှိပါ တယ်။ စီးပွားရေး အရ ပူးပေါင်းဆောင်ရွက် တာတွေရှိသလို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်  ပူးပေါင်းဆောင်ရွက်ရမယ့် နယ်ပယ် တွေရှိ ပါတယ်။ ဒါတွေက အင်မတန်အရေးကြီးပါတယ်။ ဒါတွေကိုလုပ်နိုင်မယ်ဆိုရင် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့    ကမ္ဘာ့တည်ငြိမ် အေးချမ်းရေး၊ ဒေသရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေကို အထောက်အကူရမှာပါ။ ရုရှားနိုင်ငံဟာ အင်အားကြီး နိုင်ငံတစ်ခု   ဖြစ်ပါတယ်။ ဒါကြောင့် လုပ်နိုင်မယ်ဆိုရင် အောင်မြင်မှု ရလဒ်ရရှိလိမ့်မယ်လို့    ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ရုရှား- မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အဓိက ထားပြီး မေးတဲ့အတွက် ကျွန်တော် တစ်ခုဖြည့်စွက် ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ နိုင်ငံတွေအားလုံးနဲ့ လွတ်လပ် တဲ့ဆက် ဆံရေး ရှိတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒနဲ့အညီ ကျွန်တော် တို့ဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှု၊  ကမ္ဘာ့နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ဘယ်နယ်ပယ်မှာမဆို နှစ်နိုင်ငံစလုံးအတွက် အကျိုး ရှိမယ်၊ ဒေသအတွက် အကျိုးရှိမယ်၊ ကမ္ဘာကြီးအတွက် အကျိုးရှိမယ်ဆိုရင် နိုင်ငံအားလုံးနဲ့ စိတ်တူသဘောတူ လုပ်လို့ရမယ့် နယ်ပယ်မှန်သမျှ လုပ်ချင်ပါတယ်။   ကျွန်တော့် စိတ်ထဲမှာရှိတဲ့ အတိုင်း ပြောတာပါ။ ရုရှားနိုင်ငံက ကျွန်တော်တို့ အပေါ်မှာ အမြဲတမ်းနားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ပေးတဲ့  နိုင်ငံမျိုးဖြစ်တဲ့ အတွက် ကျွန်တော်တို့ ဦးစားပေးစဉ်းစားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့  မြန်မာနိုင်ငံနဲ့စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက် ဖို့ရှိတဲ့  ဘယ်နိုင်ငံနဲ့မဆို ကျွန်တော်တို့ပူးပေါင်းဆောင် ရွက်သွားမယ်ဆိုတာပြောပါရစေ။
Russia Today TV ။   အဆွေတော် ဖြေကြားခဲ့သလိုပါပဲ။ ဒီလိုမျိုးဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့၊ ဆောင်ရွက် နိုင်ဖို့ အင်အားရှိတဲ့ နိုင်ငံအကြီးအကဲ တစ်ယောက်က ဘယ်နေရာ မှာပဲဖြစ်ဖြစ် ဒါတွေကိုဆက်လက်ဆောင်ရွက် မယ်ဆိုတာ အပြည့်အဝယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီထက်လုပ်ပိုင်ခွင့်ရှိပြီး ဆောင်ရွက်ခွင့်ရှိတဲ့ တာဝန် တွေကိုထမ်း ဆောင်ပြီး   နိုင်ငံ့အကျိုး၊ ကမ္ဘာ့အကျိုးနဲ့ ငြိမ်းချမ်းရေးရရှိအောင် သယ်ပိုးထမ်းဆောင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ယခုလိုပြောကြားပေးတဲ့ အတွက် အဆွေတော်ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဒီလိုမျိုး စိတ်ဆန္ဒရှိပါတယ်။
Russia Today TV ။  အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တော့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ ဒေသတွင်းလုံခြုံရေး၊ ကမ္ဘာ့လုံခြုံရေး၊ နိုင်ငံတကာ  ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် အရေးကြီးဆုံး အန္တရာယ်ပြုနေသူတွေကတော့ အကြမ်းဖက် သောင်းကျန်း သူတွေဖြစ် ပါတယ်။ ဒီလိုအကြမ်းဖက် သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့    အနည်းငယ် ပြောကြားပေးစေလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ အကြမ်းဖက် သောင်းကျန်းသူ ဘာကြောင့်ပေါ်လာသလဲ။ ကျွန်တော်တို့က သူတို့ရဲ့နောက်ခံ ဇာစ်မြစ်ကို ကြည့်ဖို့ လိုပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် တစ်အချက်ကတော့ နိုင်ငံရေးအရ ဖြေရှင်း ရမယ်။ ဒုတိယအချက်ကတော့ စစ်ရေးအရ ဖြေရှင်းရမယ်။ အကြမ်းဖက်တယ်ဆိုတာ လက်နက်နဲ့ သတ်ဖြတ်မှုတွ တွေလုပ် တဲ့ ကိစ္စဖြစ် တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ စစ်ရေး အရ ပြန်ပြီးရင်ဆိုင်ဖြေရှင်းမှာပေါ့။ စစ်ရေး အရ ဆိုရင်တော့ တစ်ဖက်လူကို အင်အားချည့်နဲ့ သွားအောင်လုပ်ရမှာပေါ့။ ဒါတွေကို ဦးစားပေးလုပ်ရမှာပေါ့။ ကျွန်တော်တို့က သူတို့ရဲ့ခြေတွေ၊ လက်တွေကိုဖြတ် တောက်နိုင်တယ်။ အမြစ်တွေ ဖြတ်တောက်နိုင်တယ်ဆို ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ ယိမ်းယိုင် သွားမှာဖြစ်ပါတယ်။ အဲ့ဒီအခါကျရင်တော့ သက်ဆိုင်ရာ ကာယကံရှင်နိုင်ငံ တစ်ခု၊ Respective ဖြစ်တဲ့ နိုင်ငံတစ်ခုနဲ့ မရဘူး။ ကျန်တဲ့ နိုင်ငံများကလည်း  ဝိုင်းဝန်း ကူညီ မှရမယ်။ အကြမ်းဖက်မှုဆိုတာကလည်း အဖွဲ့အစည်းတစ်ခုတည်း၊   သူ့ရဲ့   Only ရပ်တည်ချက်ဆိုတာ ဘယ်အကြမ်း ဖက် အဖွဲ့ အစည်းမှာမှမရှိဘူး။  သူတို့ရဲ့  နောက်မှာ အားပေးကူညီမှုတွေ၊  ပံ့ပိုးမှုတွေရှိတယ်။ ဘဏ္ဍာရေးအရ၊ ငွေကြေးအရ အားပေးကူညီမှုတွေရှိတယ်။ လက်နက်၊ ခဲယမ်း အားပေးကူညီမှုတွေ ရှိတယ်။ စားနပ်ရိက္ခာ အားပေးကူညီမှုတွေ ရှိတယ်။ ငွေကြေးအား ပေးကူညီမှုတွေရှိတယ်။ လူအင်အား အားပေး ကူညီမှု တွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုဖြတ်တောက်မလဲ။ အကြမ်းဖက် အဖွဲ့အစည်းကို ရင်ဆိုင်နေတဲ့ သက်ဆိုင်ရာ နိုင်ငံအဖွဲ့အစည်းတွေက သူတို့နဲ့ပူးတွဲဆောင် ရွက်နေတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် ဖို့လိုတယ်။ ဒါတွေမှာ သံတမန်ရေးရာ ကိစ္စတွေကလည်း သိပ်စကားပြောပါတယ်။ ပြောရရင်တော့ မိတ်ဆွေ ကောင်းတွေ လိုတာပေါ့။
ပူးပေါင်း ဆောင်ရွက်မယ့် မိတ်ဆွေကောင်းတွေရမယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ မိတ်ဆွေကောင်း ပီသမှုနဲ့ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဒီအကြမ်းဖက်မှုတွေ ကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ချေမှုန်းနိုင် ပါလိမ့်မယ်။ ဒီလိုမျိုးမဟုတ်ဘဲ နောက်ကနေပြီးတော့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အပြည့်အဝမလုပ်ဘဲ သူတို့လည်း လှုပ်သာ လူးသာဖြစ်အောင် ဒီဘက်မှာလည်း အဆင် ပြေအောင်ဆိုပြီး အဲလိုလုပ်နေမယ်ဆိုရင် အကြမ်းဖက်မှု နှိမ်နင်းရေးမှာ အခက်အခဲ ရှိနေလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပြန်ပြီးအနှစ်ချုပ်လိုက်ရင် အချက်  ၃ ချက်ပဲရှိပါတယ်။ ပထမအချက်ကတော့   စစ်ရေးနည်း လမ်းအရ  အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့ကို   နှိမ်နင်းတာ ပေါ့။ ဒုတိယအချက်ကတော့ နိုင်ငံရေးအရ သူတို့နဲ့ Negotiate  လုပ်ပြီး ဆွေးနွေးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဖြေရှင်းတာပေါ့။ တတိယ အချက်ကတော့  ခုနကပြောတဲ့သံတမန်နည်းလမ်းအရ ဖြေရှင်းတာဖြစ်ပြီး မိတ်ဆွေ နိုင်ငံ တွေ၊ အိမ်နီး ချင်းနိုင်ငံတွေနဲ့   ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းတာပေါ့။ ဒီနည်းလမ်း ၃ ခုနဲ့ပဲ ဖြေရှင်း  လို့ရပါမယ်။
Russia Today TV ။   အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဖြေကြားခဲ့တဲ့အဖြေတွေက အရမ်း တန်ဖိုးရှိပါတယ်။ ရုရှား တပ်မတော် မှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေတောင်မှ ဒီလို အတွေးအခေါ် မျိုးတွေ မရှိပါဘူး။ နိုင်ငံ့တာဝန်ထမ်းဆောင် နေတဲ့ နိုင်ငံတော်အကြီးအကဲတွေမှာပဲ ဒီလို မျိုး အတွေးအခေါ်တွေရှိပါတယ်။ နိုင်ငံရေး သမားတွေဆီမှာပဲ ဒီလိုမျိုးအတွေးအခေါ်တွေရှိပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တပ်မတော် တာဝန်တွေ ထမ်းဆောင်နေရင်းနဲ့တောင်မှ   ဒီလိုမျိုးပြည်သူတွေ အတွက်၊ တစ်ကမ္ဘာလုံးအတွက် တွေးပေး နိုင်တယ်ဆိုတာ အရမ်းဂုဏ်ယူရပါတယ်။ လတ်တလောမှာတော့ ကမ္ဘာမှာ အကြမ်းဖက် သောင်းကျန်းသူ တွေကိုသာ တိုက်ခိုက်နေရတာမဟုတ်ပါဘူး။ COVID-19 ကပ်ရောဂါ ဆိုးကြီးကို လည်း တိုက်ခိုက်နေရပါတယ်။
COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ဘာများပြောလို ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ COVID-19 ကပ်ရောဂါ နဲ့ပတ်သက်ပြီး တစ်နိုင်ငံတည်းလုပ်လို့တော့မရပါဘူး။ နိုင်ငံအားလုံး ပူးပေါင်းဆောင် ရွက်ဖို့လိုပါတယ်။ နိုင်ငံတွင်းနေထိုင်တဲ့ ပြည် သူပြည်သားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေလည်း လိုအပ်ပါတယ်။ ဒါ့ပြင် အစိုးရ၊ ဒါမှမဟုတ် အုပ်ချုပ်သူအဖွဲ့အစည်းတွေက လုံလောက်တဲ့ပံ့ပိုးပေးမှုတွေ လုပ်ပေးဖို့လည်း လိုပါတယ်။ ဒါကတော့ အင်မတန်လိုအပ်တဲ့ ကိစ္စတွေပါပဲ။ ဒီရောဂါကို ကျွန်တော်တို့ တားထား လို့မရဘူး။  ဘယ်နေရာကနေ ဝင်လာမလဲဆိုတာ ကျွန်တော်တို့မပြောနိုင် ဘူး။ မြင်လည်းမမြင်ရဘူး။ ကြားလည်း မကြားရဘူး။ အနံ့လည်း မရဘူး။ လွန်စွာ ကြီးမားတဲ့ အန္တရာယ်တစ်ခုပါ။ ဒီကိစ္စကို  နိုင်ငံအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုအပြည့် အဝလိုအပ်ပါတယ်။ ဒါက နံပါတ် ၁ အချက်  ဖြစ်ပါတယ်။ နောက်တစ်ခါ လုပ်ပေးနိုင် တဲ့သူ တွေက ဝိုင်းဝန်းကူညီဖို့လိုပါတယ်။ ငါနဲ့ မဆိုင်ဘူးဆိုပြီး နေလို့တော့မရဘူး။ အားလုံး ဝိုင်းဝန်း ကူညီရပါမယ်။ ဥပမာအနေနဲ့ဆိုရင် ကိုယ့်ကြောင့်မဖြစ်အောင်၊ သူ့ကြောင့် မဖြစ်အောင် ကိုယ် ဘယ်လို လုပ်မလဲဆိုတာ ဒီလိုမျိုး စဉ်းစားရပါမယ်။ ဒါဟာ ငါနဲ့မဆိုင်ဘူးဆို ပြီး နေလို့ရှိရင်တော့ အဲ့ဒီရောဂါဟာ သူ့ဆီ အချိန်မရွေး ရောက်လာနိုင်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းကို စိတ်ပူပါတယ်။ ဖြစ်နိုင်ရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူတွေအားလုံး၊ ပြည်သူတွေအားလုံး၊ နိုင်ငံအားလုံး လိုက်နာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါနဲ့ ပတ်သက်ပြီး အခုအချိန်အထိ ဘာအာမခံ ချက်မှ မပေးနိုင် သေးပါဘူး။
Russia   Today   TV ။ ဒီနေ့မှာဆိုရင် ရုရှား နိုင်ငံမှာ ၇၅ နှစ်မြောက် မျိုးချစ်မဟာအောင်ပွဲ စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဆွေတော်တို့ မြန်မာနိုင်ငံမှာလည်း ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၂၇ ရက်က ၇၅ နှစ်မြောက် စိန်ရတု တပ်မတော်နေ့ ဖြစ်ပါတယ်။ အခမ်း အနားကို      မကျင်းပနိုင်ခဲ့ပေမယ့်လည်း အောင်ပွဲဆို တာတော့ အတူတူပဲဖြစ် ပါတယ်။ နှစ်နိုင်ငံမှာ ဒီလိုတူညီတဲ့အောင်ပွဲတွေရှိပြီး အတူတကွ    လက်တွဲ ဆောင်ရွက် နေရတဲ့ အတွက် လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ တစ်ခုတွေးမိတာက ဒီလို အဖြစ်ဆိုးတွေ ကမ္ဘာ့ စစ်ကြီးတွေ ဖြစ်ပေါ်ခဲ့တာကို ပြန်တွေးကြည့်မယ်ဆိုရင် နောင်တစ်ချိန် ဒါမျိုးမဖြစ်အောင် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ အနေနဲ့  ဘယ်လိုစုဝေး သင့်တယ်။  ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတာကိုလည်း ကြားသိ လိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။  အတိတ်ဆိုတာတော့ ရှိပါတယ်။ အတိတ်ဆိုတာ သင်ခန်းစာယူ ဖို့ပါပဲ။ အတိတ်ကို လက်ညှိုး ထိုးပြီး ပြဿနာ ရှာနေလို့ကတော့ ဘယ်တော့မှ မပြီးနိုင်ပါ ဘူး။ အခု ကျွန်တော်တို့ရဲ့ အောင်ပွဲဆိုတာ ကလည်း ဖက်ဆစ်ကို အောင်မြင်ခဲ့တာပါ။
လူမျိုးကို၊ နိုင်ငံကို အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖက်ဆစ်စနစ်ကို တိုက်ထုတ်လိုက်တာ၊ မရှိအောင် လုပ်တာပေါ့။ အဲ့ဒီ တော့ ဒီလိုမျိုးမဖြစ်အောင် ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ဘယ်လိုလုပ်ကြမလဲဆိုတာ စဉ်းစား ဖို့ပေါ့။ ငါတို့အပေါ်မှာ အနိုင်ကျင့်သွားတာ ဆိုပြီး၊ ဒီဟာကို ဒီအတိတ်ကို လက်ညှိုးထိုးပြီးတော့ လုပ်နေမယ် ဆိုရင်တော့ ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးအတွက် ဘယ်လိုမှ အာမခံချက်ရှိမှာမဟုတ်ပါဘူး။ ဘယ်လိုပဲစဉ်းစား၊ စဉ်းစား ဒီအဖြေပဲထွက်မှာပါ။ဒါ ကြောင့် အကောင်းဆုံးကတော့ ဒီအပေါ်မှာ သင်ခန်းစာ ယူပြီးတော့မှ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မဖြစ်အောင် ငါတို့ဘယ်လို လုပ်မလဲ။ ဒီထက်ကောင်းအောင် ဘယ်လို လုပ်မလဲ။   ဒီထက်ပိုပြီး တိုးတက်အောင်  ဘယ်လိုလုပ်မလဲဆိုတဲ့အမြင်မျိုးနဲ့ ကမ္ဘာ့နိုင်ငံ အားလုံးက လုပ်မယ်ဆို ရင်တော့ ကမ္ဘာကြီး ဟာ တည်ငြိမ်အေးချမ်းမှု၊ တိုးတက်မှုတွေရရှိ လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
Russia   Today   TV ။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမှာ ၉ ဂဏန်းဟာ Lucky  ဂဏန်း လို့သိရှိရပါတယ်။ အခုလည်း ၉ ဂဏန်း ကို Lucky ဂဏန်းအဖြစ် မြန်မာပြည်သူတွေက ယုံကြည်တယ်လို့သိရှိရပါတယ်။ ရုရှားနိုင်ငံရဲ့ မျိုးချစ်အောင်ပွဲ အခမ်းအနား ကြီးရဲ့ မူရင်း Date ကလည်း မေလ ၉ ရက် ဖြစ်ပါတယ်။ မေလ ၉ ရက်မှာ ကျင်းပခဲ့ ရမှာဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ယနေ့မှ ကျင်းပခဲ့ရတာဖြစ်ပါတယ်။ အဆွေတော်တို့ မြန်မာနိုင်ငံ မှာလည်း ၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့ဟာ မတ်လ ၂၇ ရက် ဖြစ်တဲ့အတွက် ဒါကလည်း ၉ ဂဏန်းပါပဲ။
အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တပ်မ တော်နေ့အခမ်းအနားကို ပြန်လည်ကျင်းပမယ်ဆိုလို့ရှိရင် ဘယ်လို နေ့မျိုးကို ရွေးချယ် ပြီးတော့ ကျင်းပသွားမယ်။ ဘယ်တော့ လောက်မှာ ကျင်းပသွားမယ်ဆိုတာလေး သိချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ဘယ်တော့လောက် ကျင်းပရမလဲဆိုတာကတော့ လက်ရှိဖြစ်နေတဲ့ COVID-19  ကပ်ရောဂါ အခြေ အနေကို ဘယ်လိုထိန်းနိုင်မလဲ ဆိုတာလေးကို တစ်ချက်စဉ်းစားရမှာပေါ့။ နောက်တစ်ခုက ရာသီ ဥတုကို လည်း စဉ်းစားရမှာပေါ့။ နိုင်ငံမှာ လုပ်နေတဲ့ကိစ္စတွေက ကျွန်တော်တို့အတွက် ဘယ်လိုများ  အဆင်ပြေနိုင်မလဲ ဆိုတာ စဉ်းစားရတာပေါ့။ ဒီအပေါ်မှာမူတည်ပြီး  လုပ်ရမှာပေါ့။ ခင်ဗျား ခုနက ပြောသလိုပဲ ၉ ဂဏန်းဆိုတာကို ကျွန်တော်တို့ ဆီမှာ လူတော်တော်များများက အလေးထားတဲ့ရက်တွေဖြစ်ပါတယ်။ ၂၇ ရက်ကလည်း ၉   ဂဏန်းပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နောင်လုပ်မယ့် စစ်ရေးပြအခမ်း အနားကြီးကို ကံကောင်းစေမယ့်ရက် တစ်ခု ကိုရွေးပြီးတော့လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ ရည်ရွယ်တယ်ဆိုပေမယ့်လည်း သက်ဆိုင်ရာ အကြောင်းအရာတွေ အများ ကြီးရှိပါသေးတယ်။ ဒီအကြောင်းအရာတွေ အပေါ်မူတည်ပြီး စဉ်းစားရမှာပေါ့။ ဒီရက် မှာ လုပ်မယ်လို့ ရွေးထားပြီးတော့ ရွေးထား တဲ့ရက်အတိုင်းလုပ်တဲ့အချိန်မှာ အကြောင်းကြောင်းကြောင့် အနှောင့် အယှက်တွေဖြစ် လာခဲ့ရင် ကိုယ်လည်း စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က တော့ ဘယ်ရက် အဆင်ပြေမလဲဆိုတာ ဦးစား ပေးပြီး စဉ်းစားရမှာပါ။
Date ။         ဒီလိုမျိုးရက်ကောင်း ရက်မြတ်ရွေးပြီးတော့ ကျင်းပတဲ့အချိန်မှာပဲ တကယ်လို့   ရွေးလိုက်တဲ့ရက်မှာ အောင် အောင်မြင်မြင် ကျင်းပဖြစ်သွားတယ်ဆိုရင် အဲ့ဒီရက်ဟာ ရက်ကောင်းရက်မြတ်ပါပဲ။ ရက်ကောင်း ရက်မြတ်ဖြစ်လို့ ကျင်းပတာ မဟုတ်ပါဘူး။ ကျင်းပလို့ ရက်ကောင်းရက် မြတ်ဖြစ်သွားတာဖြစ် ပါတယ်။ ရုရှားနိုင်ငံမှာလည်း ယနေ့ကျင်းပလိုက်တဲ့ အတွက် ယနေ့၂၄ ရက်ဟာလည်း ရက်ကောင်းရက်မြတ် တစ်ခုဖြစ် သွားပါပြီ။ ဒါကြောင့်မို့ အဆွေတော် ဗိုလ်ချုပ်မှူးကြီးတို့ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုး ရက်ကောင်း ရက်မြတ်တစ်ခုမှာ ကျင်းပ နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျင်းပတဲ့ အချိန်မှာလည်း ခမ်းခမ်းအနားနားကျင်းပ မယ်ဆိုတာ ကြားသိထားရတဲ့ အတွက် ဒီအခမ်းအနားကို   ရုရှားနိုင်ငံလိုပဲ တစ်ကမ္ဘာလုံး သိအောင် ပြစေချင်လား ဆိုတဲ့ ဆန္ဒလေးကို သိရှိလိုပါတယ်။ တကယ်လို့ တစ်ကမ္ဘာလုံး သိအောင်ပြချင်တယ်ဆိုရင်လည်း Russia Today  TV  Channel ကနေ  ကူညီပေးဖို့ အသင့်ရှိပါတယ်။ ဖိတ်ကြားခဲ့ရင် လာရောက် ရိုက်ကူးပြီးတော့ တစ်ကမ္ဘာ လုံးကို ပြသပေး ချင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ စစ်ရေးပြအခမ်းအနားတွေဆိုတာကတော့ ပထမတစ်ချက် တိုင်းပြည်ရဲ့ ကာကွယ်ရေးစွမ်း ပကား ဘယ်လောက် ရှိတယ်။ တိုင်းပြည်ရဲ့ ကာကွယ်ရေးစိတ် ဓာတ်တွေ ဘယ်လောက်ရှိသလဲ။ ပြည်သူ တွေရဲ့ တိုင်းပြည် ချစ်စိတ် ဘယ်လောက်ရှိ သလဲ။ ဒါတွေကို ပြသတာပါ။ ဒီနေ့ အခမ်းအနားက လက်တွေ့ပြတာပေါ့။ ကမ္ဘာ့နိုင်ငံ တွေကို ကြည့်လိုက်ရင်လည်း သူတို့ရဲ့ နှစ်ပတ် လည်စစ်ရေးပြကြီးကို ကြီးကြီးကျယ်ကျယ် လုပ်ပြီး တော့မှ  အကုန်လုံးပြကြတာပေါ့။
တကယ်တော့ ဒါတွေက သူများကို ခြိမ်း ခြောက်ဖို့မဟုတ်ပါဘူး။ ငါတို့ရဲ့ ကာကွယ်ရေးစွမ်းပကားဘယ်လောက် ရှိတယ်။ တိုင်းပြည် ရဲ့ စည်းလုံးညီညွတ်မှု ဘယ်လောက်ရှိတယ်။ တိုင်းပြည်ရဲ့ စိတ်ဓာတ် ဘယ်လောက်ရှိ တယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ် ဘယ်လို ရှိတယ်ဆိုတာ ပြတာပါ။  ကျွန်တော်တို့ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးပြ အခမ်းအနား တွေကို   ခမ်းခမ်းနားနားလုပ်ခဲ့ပါတယ်။ လာမယ့် ၇၅ နှစ်မြောက် စိန်ရတုတပ်မတော် နေ့ စစ်ရေးပြ အခမ်းအနားကို ခမ်းခမ်းနားနား လုပ်ဖို့  ရည်ရွယ်ချက်ရှိပါတယ်။ ကမ္ဘာကို လည်းပြမှာပါ။ Live လည်း  ကျွန်တော်တို့ လွှင့်မှာပါ။ RT က လာပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် ဝမ်းမြောက်စွာကြိုဆိုကြောင်း ကျွန်တော် ပြော လိုပါတယ်။ ကျွန်တော် ဖိတ်လိုက်ပါမယ်။ စစ်ရေးပြအခမ်းအနား တစ်ခုပဲတော့ Promotion မလုပ်ဘဲ လာမယ်ဆို ရင် မြန်မာနိုင်ငံရဲ့ သာယာလှပမှု၊ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ချစ်ခင်ရင်းနှီးစွာ နေတတ်တဲ့ အပြုအမူတွေ၊ မြန်မာနိုင်ငံမှာ လူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ နေကြတဲ့ဟာတွေ၊ ဘာသာအားလုံး စုစည်းပြီး ညီညီ ညွတ်ညွတ်နဲ ့နေကြတဲ့ဟာတွေ၊ အမှန်တရား တွေကို ခင်ဗျားတို့ရိုက်ပြီး ကမ္ဘာကိုပြပေးမယ် ဆိုရင် ခင်ဗျားတို့ အတွက်လည်း ကောင်းသလို  မြန်မာနိုင်ငံအတွက်လည်း ကောင်းပါတယ်။  နှစ်နိုင်ငံချစ်ကြည်ရင် းနှီးမှု အတွက် လည်း  ကောင်းပါတယ်။ ဒါပေမဲ့  ပြမယ်ဆိုရင်တော့ ကဏ္ဍပေါင်း စုံကနေ ခင်ဗျားတို့လေ့လာပြီး ပြပေးဖို့ ကျွန်တော်ပြောလိုပါတယ်။
Russia   Today   TV ။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခုလိုမျိုးဖြေကြား ပေးတဲ့အတွက် ကျေးဇူး တင်ကြောင်း ပြော လိုပါတယ်။ အခုလိုမျိုး ဖိတ်ကြားမယ်ဆို တာ သိရတဲ့အတွက်လည်း ကျေးဇူးတင် ကြောင်းနဲ့ မိမိတို့ ရုရှား နိုင်ငံရဲ့ အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးတဲ့ အတွက်လည်း ရုရှားလူမျိုး တစ်ယောက် အနေနဲ့ ကျေးဇူး တင်ကြောင်း ထပ်မံပြောကြား လိုပါတယ်။
အဆွေတော်တို့ မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေး ရရှိပြီးတော့ တည်ငြိမ်အေးချမ်းပြီး တိုးတက်အောင်မြင်မှုတွေနဲ့ ဖြတ်သန်းနိုင် ပါစေလို့ ဆုတောင်းပေးပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ကောင်းပါပြီ၊ တောင်းတဲ့ ဆုနဲ့ ပြည့်ပါစေလို့လည်း ကျွန်တော်ပြန်ပြီး ဆုတောင်းပါတယ်။