ရခိုင်ပြည်နယ်ရှိ ယာယီတိုက်ပွဲရှောင်နေရာများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဇွန် ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ စေတီတောင်ရွာဟောင်းဘုန်းတော်ကြီးကျောင်း၊ ရှော်မယ်(အ.မ.က)၊ ထမ္မရာဇ်မြို့ကွက်သစ်၊ တင်းထိန်ကန်ကျေးရွာ(ဘုန်းကြီး ကျောင်းဓမ္မာ ရုံ)၊ ပီပင်ရင်းကျေးရွာ(ဘုန်းကြီးကျောင်း)၊ တောင်မြင့်ကျေးရွာ(ဘုန်းကြီးကျောင်း ဓမ္မာရုံ)၊ စင်းဘော ကိုင်းကျေးရွာ၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်း၊ ဝက်လှကျေးရွာအုပ်စု (ဘုန်းတော်ကြီးကျောင်း)၊ တိန်ညိုကျေးရွာ၊ ပြလှကျေးရွာအုပ်စု(ဘုန်းတော်ကြီးကျောင်း)၊ နကန်ကျေးရွာ(အရှေ့) ဘုန်းတော် ကြီးကျောင်း၊ ပုဇွန်ဖေကျေးရွာ၊ ကုလားချောင်းဘုန်းတော်ကြီးကျောင်း၊ သျှစ်သောင်း ဘုန်းတော်ကြီး ကျောင်း၊ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း၊ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်း၊ ကျောက်ရာဇ်ကေဘုန်းတော်ကြီးကျောင်း၊ မြို့သစ် ဘုန်းတော်ကြီးကျောင်းနှင့် ဒိုင်းဂျီဘုန်းတော်ကြီး ကျောင်းဟောင်း စုစုပေါင်း ယာယီတိုက်ပွဲရှောင်နေရာ(၂၀)သို့ သွားရောက်၍ ဆပ်ပြာတောင့် (၁၁၈၁၀) ၊ အဝတ် Mask (၂၃၆၂၀)ခု၊ လက်သန့်ဆေးရည်(၅၈၄၄)ဗူး၊ Hand Speaker (၁၄) ခု၊ အပူချိန်တိုင်းကိရိယာ(၁၄)ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၁၄)ခု၊ ဗီနိုင်း(၁၄)ခုနှင့် လက်ဆေးစင်(၃၀)ခု တို့ကို သွားရောက်ထောက်ပံ့သည်။
အလားတူ ဇွန် ၂၉ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်ဘုန်းကြီးကျောင်း၊ တောင်မင်းဘုန်းကြီးကျောင်း၊ ဝါးတောင်တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်းကျေးရွာအရှေ့ ဘက်ကျေးရွာပိုင်ဘုံမြေနေရာ၊ မြို့နယ်သာသနာ့ဗိမာန်၊ ခရစ်တော်အသင်းကျောင်း၏ကျမ်းစာ ကျောင်း၊ မြို့မ(အ.မ.က)၊ မဟာကံကြီးသျှင်ဘုရား၊ နေပူခံတိုက်ပွဲရှောင်စခန်း၊ ပြည်တော်သာ ရပ်ကွက်(အ.ထ.က)စာသင်ကျောင်း၊ မြို့သစ်ရပ်ကွက် အ.မ.က(၃) စာသင်ကျောင်းတိုက်ပွဲရှောင် စခန်းနှင့် မြို့မရွှေကျောင်း စုစုပေါင်း ယာယီတိုက်ပွဲရှောင်နေရာ (၁၂)နေရာသို့ သွားရောက်၍ အဝတ် Mask (၁၁၃၆၈)ခုနှင့် လက်ဆေးစင်(၂၀)တို့ကို သွားရောက်ထောက်ပံ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့် တင်ပေးမှု ဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment