အရာရှိ၊စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်း ကျန်းသူအလောင်းတစ်လောင်း သိမ်းဆည်းရမိ
နေပြည်တော်၊ ဇွန် - ၃၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ထွက်ခွာလာ သောတပ်မတော်ယာဉ်တန်းတစ်ခုကို ယနေ့နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်း သူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများထုတ် ယူရန်အတွက်ယနေ့နံနက်ပိုင်းတွင်စစ်တောကျေးရွာမှ ကျောက်ဖြူမြို့သို့တပ်မတော်မော်တော်ယာဉ်များဖြင့်ထွက်ခွာလာခဲ့ကြောင်း၊ ကပ်သပြေကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ စစ်တော-ကျောက်ဖြူ သွားကားလမ်းပေါ် ရှိ သစ်သားတံတားအနီး အရောက်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးလိုက်ပါလာသည့်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်း သူများမှာ အရှေ့ဘက်သို့ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း ၊ တပ်မတော်သားများက စနစ်တကျလုံခြုံရေးလိုက်ပါ ဆောင်ရွက်ခဲ့မှုကြောင့် တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ထံမှအလောင်းတစ်လောင်း ကို မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူလည်းကောင်း၊ ဖြစ်စဉ် နေရာအနီးတစ်ဝိုက် မသင်္ကာဖွယ်အမျိုးသား ၁၀ ဦး ၊အမျိုးသမီး ၂ ဦး အားလည်းကောင်း ဖမ်းဆီးရမိပြီး မသင်္ကာဖွယ် ၁၂ ဦး အားလိုအပ်သည်များဆက်လက်စစ်ဆေးရန် ကျောက်ဖြူမြို့မရဲစခန်းသို့လွှဲပြောင်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ယခုဖြစ်စဉ်သည် ကျောက်ဖြူမြို့နယ်အတွင်းနယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် တပ်မတော်သားများက နယ်မြေလုံခြုံရေးများဆောင်ရွက်လျက်ရှိစဉ် ဇွန်လ ၂၆ ရက် ညပိုင်းတွင် သိုင်းချောင်း-သစ်ပုတ်တောင်သွားကားလမ်းပေါ်၌ ကပ်သပြေ ကျေးရွာတွင်နေထိုင်သော AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်ဆက်နွယ် သူ ၇ ဦးကိုမသင်္ကာဖွယ် အထောက်အထားများနှင့် အတူဖမ်းဆီး ရမိခဲ့ပြီး ကျောက်ဖြူ မြို့မရဲစခန်းတွင်တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ဖြစ်စဉ် နှင့်ဆက်စပ်လျက်ရှိကြောင်းလည်းသတင်းရရှိသည်။

No comments:
Post a Comment