Tuesday, June 1, 2021

 

ဗန်းမော်မြို့တွင် အန်အယ်လ်ဒီ အလုပ်အမှုဆောင် ၁ ဦး အကြမ်းဖက်ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ညောင်ပင်ရပ်နေ အန်အယ်လ်ဒီ အလုပ်အမှုဆောင် ဦးဂတုံး (ခေါ်) ဦးဟိန်းဝင်းလတ်ကို စစ်တပ်နဲ့ ရဲတွေက မေလ ၃၁ ရက်နေ့ ည ၇ နာရီကျော်လောက်က နေအိမ်မှာ အကြမ်းဖက်ဝင်ရောက်  ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးဟိန်းဝင်းလတ်မှာ အစာအိမ်နာနဲ့  ကျန်းမာရေးမကောင်း ဖြစ်နေတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ လက်ရှိသူ့ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာနဲ့ ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

ကိုဟိန်းဝင်းလတ် အပါအဝင် ဗန်းမော်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ CDM ပြည်သူ့ဝန်ထမ်းတွေကို၊ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖမ်းဝရမ်းထုတ်ထားတာကြောင့် တိမ်းရှောင်နေကြရပါတယ်။

 လက်ရှိဗန်းမော်ခရိုင်မှာ ပုဒ်မ ၅၀၅ -က၊  သဘာဝဘေးစီမံဥပဒေပုဒ်မ ၂၅ တို့နဲ့ ဖမ်းဆီးခံရသူနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ အယောက်  ၃၀ နီးပါးလောက်ရှိနေပါတယ်။  ပုဒ်မ မထုတ်ဘဲ ဖမ်းဆီးထားခံရသူတွေလည်းရှိပြီး  တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

ဖမ်းဆီးထားသူတွေကို  ဗန်းမော်အကျဉ်းထောင်မှာ သီးသန့်ထားရှိပြီး မိဘဆွေမျိုးတွေနဲ့ တွေ့ ဆုံခွင့်မရကြဘူးလို့  အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

http://burmese.dvb.no/archives/467341

No comments:

Post a Comment