Tuesday, June 1, 2021

 

သိမ်ဇရပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ဆင်ဖြူတော်ဘုန်းကြီးကျောင်းအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့ကို  မေလ ၃၁ ရက် ညနေ ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်အုပ်စုဘက်က ၂ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရခဲ့ကာ သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

သိမ်ဇရပ်ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့အနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်‌တွေကို နည်းလမ်းမျိုးစုံနဲ့ ဆက်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

ဒါ‌ကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ စခန်း၊ ဌာန၊ ‌စက်တပ်ယာဉ်တွေ အနီးကို မသွားရောက်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

http://burmese.dvb.no/archives/467349

No comments:

Post a Comment