မုံရွာခရိုင် ဗကသ ကျောင်းသူ ၁ ဦးကို အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့် ခြိမ်းခြောက်ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အိုးရှင်းစင်တာမှာ မတ်လ ၃၁ ရက် ညနေက မုံရွာ ခရိုင်ဗ.က.သ အဖွဲ့ဝင် မဖူးသိမ့်သိမ့်တုန်ကို စစ်ကောင်စီလက်နက်ကိုင်တပ်တွေက သေနတ်နဲ့ခြိမ်းခြောက်ပြီး အကြမ်းဖက်ဖမ်းဆီးသွားပါတယ်။
မနေ့ ညနေ ၃ နာရီခွဲကျော်လောက်က အိုးရှင်းစင်တာရဲ့ ဆိုင်ကယ်ထားရာနေရာမှာ သေနတ်တွေကိုင်ဆောင်လာတဲ့ အမျိုးသား ၈ ယောက်လောက်က မဖူးသိမ့်သိမ့်တုန်ကို အကြမ်းဖက် ဖမ်းဆီးသွားတာလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
ဒီနောက် Alphat နဲ့ HONDA INSIGHT ကား ၂ စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မဖူးသိမ့်သိမ့်တုန်ရဲ့ HONDA CLICK ဆိုင်ကယ်ကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။
မဖူးသိမ့်သိမ့်တုန်ဟာ မုံရွာ ခရိုင်ဗ.က.သ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး လတ်တလော စစ်ဘေးရှောင်ပြည်သူတွေကို လိုက်လံကူညီနေသူဖြစ်ပါတယ်။
http://burmese.dvb.no/archives/467332
No comments:
Post a Comment