Tuesday, June 1, 2021

 

အကြမ်းဖက်စစ်တပ်က CDM ဆရာမနေအိမ်မှ ငွေကျပ် ၂၂ သိန်းကျော်ခိုးယူ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာနေ CDM ဆရာမတစ်ဦးရဲ့ နေအိမ်ကို မေ ၃၁ ရက် နေ့လယ်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီး ပိုက်ဆံတွေ ခိုးယူသွားတယ်လို့ သိရပါတယ်။

“ကျမက အိမ်ကနေ ရှောင်နေတာပါ။ အခု အိမ်ကို ဝင်ပြီး ပိုက်ဆံ ကျပ် ၂၂ သိန်းကျော် ခိုးယူသွားတယ်”လို့ ငွေခိုးယူခံရတဲ့ CDM ကျောင်းဆရာမက ပြောပါတယ်။

သာစည်ရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့နဲ့ မနေ့က ပစ်ခတ်တိုက်ခိုက်မှုတွေ  ရှိခဲ့ပါတယ်။

http://burmese.dvb.no/archives/467297

No comments:

Post a Comment