မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သြစတြေးလျ အရေးယူမှာ မဟုတ်
မြန်မာစစ်တပ် ခေါင်းဆောင်တွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်ပြီးချမှတ်သွားမှာ မဟုတ်ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီအပေါ် အနောက်နိုင်ငံအစိုးရတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ချမှတ်လာနေကြတဲ့အချိန်မှာ သြစတြေးလျနိုင်ငံက အခုလိုပြောလိုက်တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ မြန်မာ စစ်တပ်နဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် သြစတြေးလျရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့ကတော့ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ တိုးမြှင့် ချမှတ်ထားပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဖိအားပေး တိုက်တွန်းမှုတွေ ရှိနေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး Payne က ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်မယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကနေတဆင့် မြန်မာ့အရေး ဖြေရှင်းကိုင်တွယ်မှုတွေကို ထိခိုက်နိုင်သလို သြစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နားချ ပြောဆိုရာမှာ အကန့်အသတ်တွေ ဖြစ်လာလိမ့်မယ်လို့ ဝန်ကြီး Payne က ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သြစတြေးလျ အရေးယူမှာ မဟုတ် (voanews.com)

No comments:
Post a Comment