MNDAA,AA,TNLA ညီနောင်မဟာမိတ်မှ နမ့်ဖတ်ကာစစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ပြီး လက် နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရမိ
ကွတ်ခိုင် | မားနဂါး | မေလ ၃၁ | ၂၀၂၁ခုနှစ် ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးပတ်ဝန်းကျင်မှာရှိတဲ့ ပန်ကိုင်EPC ရုံးတပ်စခန်း ၊ ခလရ ၁၂၃ တပ်စခန်း၊ နမ့်ခိုင်တံတားတပ်စခန်းတွေကို MNDAA,AA,TNLA ညီနောင်မဟာမိတ်တို့မှ ဒီမနက် ၁၂နာခွဲကျော်အချိန်ကနေ ၄နာရီထိတစ်ပြိုင်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း ဖမ်းဆီးသိမ်းဆည်းရမိတယ်လို့သိရပါတယ် ။
ဒီမနက် ပြင်းထန်တဲ့တိုက်ပွဲကြောင့် ခလရ ၁၂၃ တပ်စခန်းအနီးအနားရှိ ကျေးရွာနေအိမ်တစ်ချို့လည်း လက်နက်ကြီးလက်နက်ငယ်တွေကျရောက်ပေါက်ကွဲတာတွေရှိပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်ချို့ လည်းရှိနေတယ်လို့သိရပါတယ်။
ဒီမနက်ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတစ်ဦးပြောပြချက်အရ
"ညီနောက်မဟာမိတ်မှ မနေ့ည ၃နေရာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ နမ့်ဖတ်က ခလရ ၁၂၃၊ ပန်ကိုင် EPC ရုံးမှာ တပ်စွဲထားတဲ့စခန်းမှာ တစ်နေရာ၊ နမ့်ခိုင်တံတားမှာတစ်နေရာ တစ်ပြိုင်ထဲဝင်တိုက်တယ်။ ပန်ကိုင်တပ်စခန်း မှာတော့ ပြာကျပြီး လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရခဲ့တယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ် ။
စစ်ကောင်စီဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိတာရှိပြီး ကျဆုံးတာတွေလည်းရှိတယ်လို့ကြားသိရပြီး စာရင်းအတိ အကျတော့မသိရှိသေးကြောင်း သူကဆက်ပြောခဲ့ပါတယ် ။
ဒီကနေ့မနက်ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကျဆုံးမှုရှိမရှိဆိုတာနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ကို ဖုန်းဆက်သွယ်မေးမြန်းဖို့ကြိုးစားသော်လည်း ဖုန်းဆက်သွယ်လို့မရခဲ့ပါတယ် ။
တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးလက်နက်ငယ်တွေ ကျေးရွာရှိပြည်သူတွေရဲ့နေအိမ်တွေမှာ ကျရောက်တာတွေ ရှိခဲ့သော်လည်း ပြည်သူလူထုတွေကိုတော့ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့သိရပါတယ် ။
https://www.facebook.com/MarnagarMultimediaNews/posts/4589877111041478?__cft__[0]=AZWTKMi4dNKPIFbt3Ris8GZ0-Jd3As1Bt1RmWijKq11Cn7rnLAfWpzQm81buRqZdPE60FrzhH7vuIyvF6C_oVOa311zes_H8bJfIA-9eiJR-fbTaKG9M8okOj7rdZypPBjfSC5P3xpYf7V8ZRtnhrQUU&__tn__=%2CO%2CP-R
No comments:
Post a Comment