ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့အကြား ၄နာရီကြာတိုက်ပွဲဖြစ်ပွား
ကွတ်ခိုင် | မေလ ၃၁ | ၂၀၂၁ခုနှစ် ။
ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးရှိ မူဆယ်မြို့နဲ့ကွတ်ခိုင်မြို့ကြား နမ့်ဖတ်ကာကျေးရွာမှာ မနေ့မေလ ၃ဝရက်နေ့ ည ၁၂နာရီကျော်အချိန်ကနေစတင်ပြီး ဒီမနက် ၄နာရီဝန်းကျင်ထိ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့အကြား လက်နက်ကြီးလက်နက်ငယ်ဖြင့် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါတယ် ။
၁၂နာရီကျော်အချိန်မှာစတင်ပြီး နမ့်ဖတ်ကာအထွက် ဘက်မှာစတင်ပြီး ပစ်ခတ်သံကြားရပြီး ၁နာရီဝန်းကျင်အချိန်မှာ ခြေလျင် ၁၂၃ တပ်ဝင်းထဲ လက်နက်ကြီးလက်နက်ငယ်တွေဖြင့် ပစ်ခတ်လာတဲ့သံတွေ ကြားရပြီး တိုက်ပွဲပြင်းထန်လာတယ်လို့ ဒေသခံတွေကနေတဆင့်သိရပါတယ် ။
မနေ့ညတိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး နမ့်ဖတ်ကာကျေးရွာရှိ ဒေသခံတစ်ဦးကပြောပြချက်အရ
"မနေ့ည ၁၂နာရီကျော်အချိန်မှာစပြီး နမ့်ဖတ်ကာ အပြင်ဘက်ခြမ်းမှာအရင်စပစ်ကြတယ်။ နောက်တော့ စစ်တပ်ထဲနဲ့လမ်းမကြီးတစ်လျှောက်မှာ လက်နက်ငယ်တွေနဲ့ပစ်ကြပြီး မိုးလင်းခါးနီးမှာ စစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ ၅လုံးလောက်ကွတ်ခိုင်အထွက် ရန်အောင်မြင်ဘက်ကိုလှမ်းပစ်သွားတယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ် ။
ညသန်းခေါင်အိပ်ပျော်နေတဲ့ချိန်လည်းဖြစ် အိမ်လည်းတပ်နဲ့နီးတဲ့ခါကျတော့ တိုက်ပွဲဖြစ်တော့ ဘယ်ကိုပြေးရမှန်း မသိ မနက်မိုးလင်းထိအိပ်မပျော်ဘဲကြောက်ပြီး စိုးရိမ်ရတယ်လို့ သူမကဆက်ပြောခဲ့ပါတယ်။
မနေ့ညကနေ့ မနက်ထိဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဘယ်အဖွဲ့အစည်းနဲ့ဖြစ်ပွားခဲ့တယ်ဆိုတာလည်း အတိအကျမ သိရှိသေးကြောင်းနဲ့ ထိခိုက်ကျဆုံးပျက်စီးမှုတွေကိုလည်း သေချာမသိရှိသေးကြောင်း သိရပါတယ် ။
https://www.facebook.com/MarnagarMultimediaNews/posts/4589359454426577
No comments:
Post a Comment