လားရှိုးမြို့ရှိ ရပ်ကွက် ၅ ခုမှာ ပေါက်ကွဲမှုဖြစ်၊ မန်ဆူအနီးတစ်ဝိုက် သေနတ်ပစ်ခတ်မှု ရှိနေ
ရွှေဖီမြေ၊ မေလ ၂ ရက်၊ လားရှိုး
ဒီနေ့မနက် ၉ နာရီကျော်ကစတင်ပြီး လားရှိုးမြို့ရှိ ရပ်ကွက်တွေမှာ လက်လုပ်မိုင်းလို့ ယူဆရတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ရပ်ကွက် ၁၊ ၂၊ ၅၊ ၁၀၊ ၁၁ ရှိ သဇင်လမ်း၊ Asia Word ပိုင်ရှင် ဦးလော်စစ်ဟန်နေအိမ်ရှေ့၊ ရပ်ကွက်(၁၁) အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ အထက(၆) ကျောင်းအနီးတွေမှာ လက်လုပ်မိုင်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်တွေမှာ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိကြောင်းလည်း သိရပါတယ်။
မနက် ၁၀ နာရီခွဲမှာလည်း ရပ်ကွက်(၁၂)ရှိ မန်ဆူဘုရားတစ်ဝိုက် လက်နက်ငယ် ပစ်ခတ်တာတွေ ရှိနေတယ်လို့ ရပ်ကွက်တွင်း နေထိုင်သူက ပြောပါတယ်။
မန်ဆူတောင်ပေါ်ဘုရားမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေတယ်လို့လည်း ၎င်းက ဆိုပါတယ်။
https://www.facebook.com/shwepheemyaynews/posts/945524429597022?__cft__[0]=AZXaUp55QKSrirtX3NFWRfBVNZzWDcOGwtYIIvBW3k0alRNfsBWwDweV5-mJ-VEdM3sqZn8R-37xb4ErvIrkFKwU8b104hmnzTeAf3Meht4QK0mZeNMcEOAsEdXLhEUoDhzHotJfL95ahsfOH3QSKJZu&__tn__=%2CO%2CP-R
No comments:
Post a Comment