Saturday, May 1, 2021

နမ့်ဆန်မြို့ ဆန္ဒပြပွဲ လူငယ် ၁ ဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးပြီး ပြန်လွှတ်ပေး (Update- 5 PM)

 နမ့်ဆန်မြို့ ဆန္ဒပြပွဲ လူငယ် ၁ ဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးပြီး ပြန်လွှတ်ပေး (Update- 5 PM)

ရွှေဖီမြေ၊ မေလ ၂ ရက်၊ နမ့်ဆန်
အင်တာနက်လိုင်းမရတဲ့ နမ့်ဆန်မြို့မှာ ဒီနေ့ မေလ ၂ ရက်မှာတော့ အင်အား ရာနဲ့ချီတဲ့ လူထုသပိတ်စစ်ကြောင်း ချီတက်ချိန်မှာ ဖမ်းဆီးခံရသူ ၁ ဦး ပြန်လွှတ်လာပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးရာ တစ်ဦးက လွတ်မြောက်ခဲ့ပြီး ၁ ဦးက ဖမ်းဆီးခံခဲ့တယ်လို့ ဆန္ဒပြပွဲထဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ သပိတ်စစ်ကြောင်း သူတို့စခန်းကို ဖြတ်တဲ့အချိန်မှာ နောက်ဆုံးမှာကျန်နေခဲ့တဲ့ အဖွဲ့ထဲက နှစ်ယောက်ကို သူတို့ ဖမ်းတာ။ ရိုက်တယ်လို့လည်း ပြောတယ်"
၎င်းတို့ ၂ ဦးဟာ မန်လန်းကျေးရွာနဲ့ ဇယန်းကြီးကျေးရွာကလို့ ဆိုပါတယ်။
ဖမ်းထားသူကို ပြန်လွှတ်ပေးရေး နမ့်ဆန်ရှိ သံဃာတော်အချို့က သွားရောက်ညှိနှိုင်းခဲ့ရာမှ စစ်တပ်က သူတို့ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို ဆေးကုသပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ပြန်လွှတ်လာတဲ့ မန်လန်းကျေးရွာသားကိုလည်း မြို့ထဲ အဝင်မခံစေတော့ဘဲ ငွန်ဆိုင်းကျေးရွာဘက်ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
https://www.facebook.com/shwepheemyaynews/posts/945538986262233?__cft__[0]=AZUeydtMq66gz6c3MzE3JmsrDLjt10-eBfzwp8YA_hJnc5ohy6Q1WLWhHmANcfkm2KN3tDHlEvEdLYop2g0AKr81DLcBoTMQo8-oc-wh-bxbkNemNStTuD-94rM50HRsmRgZsH17jwV9v647-kBWMojd&__tn__=%2CO%2CP-R

No comments:

Post a Comment