Saturday, May 1, 2021

လားရှိုးမြို့ ရပ်ကွက် ၂ ထဲမှာ ပေါက်ကွဲမှုဖြစ်

  လားရှိုးမြို့ ရပ်ကွက် ၂ ထဲမှာ ပေါက်ကွဲမှုဖြစ်

ရွှေဖီမြေ၊ မေလ ၂ ရက်၊ လားရှိုး
လားရှိုးမြို့ ရပ်ကွက် ၂ မှာ ဒီနေ့မနက် ၉ နာရီ ၁၀ မိနစ်ခန့်က လက်လုပ်မိုင်းလို့ ယူဆရတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ရပ်ကွက် ၂ ရှိ Asia World ပိုင်ရှင် ဦးလောစစ်ဟန်ရဲ့ နေအိမ်ရှေ့မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်သူ မရှိကြောင်း အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဘက်က လာရောက် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလက စတင်ပြီး လားရှိုးမြို့ရှိ ရပ်ကွက်တွေထဲမှာ ဗုံးပေါက်ကွွဲမှု မကြာခဏ ဖြစ်ပွားနေပါတယ်။
https://www.facebook.com/shwepheemyaynews/posts/945461389603326?__cft__[0]=AZVRimaE-SHdKCO1EQ_jG2C2BmyVlDHVFout_a5I42FFVK-KSb18lmdptQ1bK6EWbA5hrv2n5q3GyyvytMAMozalEsaD4vXJ6UUjlQ17ubtxkFIvOLxWH2BBKAbRgYRohWHujMGGxzpGzZa8lh2y4RI_&__tn__=%2CO%2CP-R

No comments:

Post a Comment