နွေဦးတော်လှန်ရေး သီပေါနဲ့ နောင်ချိုက လူထု ၂ ဦး ကျဆုံး
ရွှေဖီမြေ၊ မေလ ၂ ရက်၊ လားရှိုး
ဒီနေ့ မေလ ၂ ရက် နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ သီပေါနဲ့ နောင်ချိုမြို့က သူရဲကောင်း ၂ ဦးပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် သီပေါမြို့နယ်က ကိုဖိုးလုံး(၂၅ နှစ်)နဲ့ နောင်ချိုမြို့နယ်က ဦးဝင်းနိုင်(၄၀ နှစ်)တို့ပဲ ဖြစ်ပါတယ်။
အစောပိုင်းက နောင်ချိုမြို့ထဲက လူထု ၂ ဦး ကျဆုံးတယ်လို့ ပြောဆိုကြပေမဲ့ ၁ ဦးသာ ကျဆုံးပြီး ၁ ဦးကတော့ ဆေးရုံမှာ အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဒီနေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ကို ရှမ်း/မြောက်ရှိ မန်တုံ၊ နမ့်ဆန်၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ လားရှိုးမြို့နယ်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။
https://www.facebook.com/shwepheemyaynews/posts/945781859571279?__cft__[0]=AZU37b1ROsORJvc7nDoJXaigO_wIO6wnYOLTN0O6knjyD2ga-9kHN3Xu2B8N9leKEMlByLP6ipG0K7aiX4V6w_VzvqRyiGGeiqslkFJ5TzogxyaDlNWaNsocZftDrMIU74ANDWmdeq94iJIbYXWgrlcf&__tn__=%2CO%2CP-R
No comments:
Post a Comment