Saturday, May 1, 2021

နောင်ချို သပိတ် ဖြိုခွင်းခံရ၊ တဦးသေပြီး ဒဏ်ရာရသူ အများအပြားရှိနေ

 နောင်ချို သပိတ် ဖြိုခွင်းခံရ၊ တဦးသေပြီး ဒဏ်ရာရသူ အများအပြားရှိနေ

အာဏာသိမ်း စစ်ကောင်စီမှ ပစ်၍ သေဆုံးသွားသူ တဦး / CJ

15.9k

By ဧရာဝတီ 2 May 2021

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် ယနေ့မနက်ပိုင်းက လူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရပြီး တဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိထားကြောင်း သိရသည်။


နောင်ချိုမြို့နယ် သပိတ်ကို ယနေ့မနက်ပိုင်း ၈ နာရီခွဲခန့်က စတင်ရန် စီစဉ်ခဲ့သော်လည်း စုရပ်နှင့် အနီးတဝိုက် နေရာအနှံ့အပြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်များ နေရာယူထားပြီး သပိတ်ပူးပေါင်းရန်လာသည့်သူ မှန်သမျှကို ကျည်အစစ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။


သပိတ်ကြောင်းတွင် ပါဝင်ခဲ့သည့် အမျိုးသမီးတဦးက “မနက် ၈ နာရီမခွဲခင်ကတည်းက ညီမတို့ သွားကြတယ်။ စုရပ်တွေ အားလုံးနဲ့ လမ်းတွေထဲမှာ စစ်သားတွေက နေရာယူထားပြီးပြီ။ ၉ နာရီလောက်မှာ စပစ်တော့ အားလုံး ထွက်ပြေးရတယ်။ မြင်မြင်ရာကို ပစ်တယ်။ အခုအချိန်ထိ (နေ့လည် ၂ နာရီခန့်)ကို ပိတ်မိနေတဲ့သူတွေ ရှိတုန်းပဲ” ဟု ပြောသည်။


အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဈေးရပ်ကွက် နယ်မြေ (၉ ) နေ အသက် (၄၀) အရွယ် ဦးဝင်းနိုင်ဆိုသူ မှာ ဆီးခုံတွင် ကျည်ထိမှန်ပြီးပွဲချင်းပြီးသေဆုံးခဲ့သည်။ ဒဏ်ရာရသူ အများအပြားရှိပြီး အမျိုးသား တဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့်

https://burma.irrawaddy.com/news/2021/05/02/241355.html

No comments:

Post a Comment