Saturday, May 1, 2021

RCSS တပ်ဖွဲ့ ပန်သပြေရွာထဲ ရောက်ရှိလာပြီး ကျေးရွာခံနဲ့ တိုက်ပွဲရှောင် အပါအဝင် လူ(၁)ထောင်ကျော်ကို ကျေးရွာကနေ ထွက်ခွာခိုင်

RCSS တပ်ဖွဲ့ ပန်သပြေရွာထဲ ရောက်ရှိလာပြီး ကျေးရွာခံနဲ့ တိုက်ပွဲရှောင် အပါအဝင် လူ(၁)ထောင်ကျော်ကို ကျေးရွာကနေ ထွက်ခွာခိုင်း
ရှှဖေီမွေ၊ မလေ ၂ ရကျ၊ နမ်မတူ
ဒီနေ့ နေ့လယ် ၂ နာရီခွဲမှာ နမ္မတူမြို့နယ် ပန်သပြေကျေးရွာထဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ်ဖွဲ့ ရောက်ရှိလာပြီး ပန်သပြေကျေးခံ (၈၀၀)ကျော်နဲ့ ပန်သပြေရွာရှိ တိုက်ပွဲရှောင် (၆၀၀)ကျော်တို့ကို ကျေးရွာကနေ ထွက်သွားခိုင်းနေပါတယ်။
ပန်သ​ေပြကျေးရွာသားတစ်ဦးက “အခု ကျွန်တော်တို့ ပိတ်မိသလိုဖြစ်နေပြီ။ ပန်လုံဘက်လည်း သွားမရဘူး။ မန်လီ၊ သီပေါဘက်လည်း ဆင်းမရဘူး။ သူတို့အခု ရွာထဲကနေ ထွက်သွားခိုင်းနေတယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” လို့ ပြောပါတယ်။
ကျေးရွာခံနဲ့ တိုက်ပွဲရှောင် ၁ ထောင်ကျော်ဟာ ပန်သပြေရွာအနီးရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (၁၃၀)နဲ့ တရုတ်ပိုက်လိုင်းစက်ရုံအနီးမှာ ရောက်ရှိနေကြတယ်လို့ သိရပါတယ်။
တိုက်ပွဲရှောင် (၆၀၀)ကျော်ဟာ ပန်လုံဒေသမှာ RCSS နဲ့ SSPP၊ TNLA ပူးပေါင်းတပ် တိုက်ပွဲကြောင့် ဧပြီလ ပထမအပတ်ကတည်းက ပန်သပြေရွာဘက် တိမ်းရှောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
တိုက်ပွဲရှောင်တစ်ဦးဖြစ်တဲ့ မန်ကျန်းရွာသားက “ကျနော်တို့ ဆန်စပါးတွေဆုံးရှုံးမှာဆိုးလို့ ပန်သပြေရွာဘက်ကို ရွှေ့လိုက်တာ။ အခု ပန်သပြေရွာသားတွေလည်း ထွက်ပြေးရတော့ မီးရှို့ခံရမှာလည်း ကြောက်တယ်။ နောက် RCSS ရောက်တဲ့ရွာတိုင်းမှာ မီးလောင်တာတွေဖြစ်တယ်” လို့ ဆိုပါတယ်။
အဆိုပါ ဒေသတွေမှာ RCSS နဲ့ SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေကြတာ ၁ လကျော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။
https://www.facebook.com/shwepheemyaynews/posts/945640449585420?__cft__[0]=AZU6cdJ1cSGFDitJh9HkoI7Hk1cDTvinFLIb5vA-bhGfz2LEMfGEiZWAecb-gOhJ94y0CFySDTbDUMFtmiwK3AvVxUKzj9uUwqsOLrolxKzcg01wuMNO4JBc5OxwOogeiSDoLIfeSDNW-5dMngusxzkI&__tn__=%2CO%2CP-R

No comments:

Post a Comment