Monday, May 31, 2021

ထိုင်းနိုင်ငံဘက် ဝင်ရောက်ခိုလှုံတဲ့ သတင်းထောက် ၃ ဦး မြန်မာနိုင်ငံ ပြန်ပို့ခံရဖွယ်ရှိ

 ထိုင်းနိုင်ငံဘက် ဝင်ရောက်ခိုလှုံတဲ့ သတင်းထောက် ၃ ဦး မြန်မာနိုင်ငံ ပြန်ပို့ခံရဖွယ်ရှိ

(Unicode)

မြန်မာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးပြီး ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ သတင်းထောက် ၃ ဦးကို တရားရုံးက ဒဏ်ငွေ ချမှတ်ခဲ့ပြီး ဌာနေပြန်ပို့ခံရနိုင်တယ်လို့ သူတို့ရဲ့ ရှေ့နေ အဖွဲ့ဝင် တဦးက အင်္ဂါနေ့မှာ AFP ကို ပြောပါတယ်။ ဌာနေပြန်ပို့ခံရရင်တော့ သူတို့ အတွက် အန္တရာယ် ရှိနိုင်တာပါ။

ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးကို ပြီးခဲ့တဲ့ မေလ အတွင်း ချင်းမိုင်မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က သူတို့ကို ထိုင်းတရားရုံးက ငွေဒဏ် ဘတ် ၄,၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ဆိုင်းငံ့ ထောင်ဒဏ် တနှစ် ပြစ်ဒဏ် ချမှတ်မှတ်ခဲ့ကြောင်း လူ့အခွင့်အရေး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ရှေ့နေ Nadthasiri Bergman က ပြောပါတယ်။ အလားတူ ပြစ်မှု ထပ်မံကျူးလွန်ရင် ထောင်ဒဏ် ၇ လ ချမှတ်ခံရနိုင်ကြောင်းလည်း တရားရုံးက ပြောဆိုခဲ့ပါတယ်။ ဥပဒေကြောင်း အရတော့ ပြစ်ဒဏ်ချမှတ်ပြီး ၇၂ နာရီ အတွင်းမှာ သူတို့ကို နိုင်ငံရင်းကို ပြန်ပို့နိုင်ကြောင်းလည်း ရှေ့နေ Bergman က AFP ကို ပြောပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ သူတို့ကို နိုင်ငံရင်းကို ပြန်ပို့တာ ဆိုင်းငံ့ပေးထားဖို့ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေထံ အယူခံ လျှောက်လွှာတင်ခဲ့ပြီး ဖြစ်ကြောင်းလည်း ရှေ့နေက ပြောပါတယ်။ အခုတော့ တတိယ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရရေး အတွက် စောင့်ဆိုင်းနေကြကြောင်းလည်း သူက ပြောပါတယ်။ DVB သတင်းထောက် သုံးဦးကို ဌာနေပြန်ပို့ရေး ရှောင်ရှားနိုင်မယ့် လူသားချင်း စာနာထောက်ကူမှုနဲ့ ဖြေရှင်းနိုင်ရေး ကြိုးစားနေကြောင်း ထိုင်းဘက်ကလည်း ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံဘက် ဝင်ရောက်ခိုလှုံတဲ့ သတင်းထောက် ၃ ဦး မြန်မာနိုင်ငံ ပြန်ပို့ခံရဖွယ်ရှိ (voanews.com)

No comments:

Post a Comment