Thursday, April 1, 2021

NCA အသက်မဝင်တော့ကြောင်း CRPH ပြော

 NCA အသက်မဝင်တော့ကြောင်း CRPH ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA စာချုပ်သည် အသက်မဝင်တော့သည့် စာချုပ် တစ်ခု အဖြစ်သို့ ရောက်ရှိသွားပြီဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ပြောဆို လိုက်သည်။

ဧပြီလ ၂ ရက်နေ့ (ယနေ့) တွင် CRPH က ကရင်အမျိုးသား အစည်းအရုံး KNU မူတြော်(ဖာပွန်) ခရိုင်၊ တပ်မဟာ ၅ ၏ မတ်လ ၃၀ ရက်၊ ၂၀၂၁ ခုနှစ် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အပေါ် နားလည်စာနာကြောင်း သဘောထား ထုတ်ပြန်ချက်ထဲတွင် NCA စာချုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏ သဘောထား ကို ထည့်သွင်း ထား သည်။

CRPH က “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အဓမ္မ စစ်အာဏာ သိမ်းမှု ကြောင့် ပါဝင်ပတ်သက်ရမည့် အစုအဖွဲ့များမရှိတော့သည့်အတွက် အသက်မဝင်တော့သည့် စာချုပ်တစ်ခုဖြစ် လျက်ရှိပြီး NCA ကို ကျူးလွန်ဖောက်ဖျက်ခဲ့သူသည် စစ်အုပ်စုကိုယ်တိုင် ဖြစ်သည်မှာလည်း ထင်ရှားသည်” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် NCA စာချုပ်ဖြင့် တိုင်းရင်းသား အပေါ် စစ်ရေး၊ နိုင်ငံရေး အရ လွှမ်းမိုးမှုကို လုပ် ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

CRPH ၏ ထုတ်ပြန်ချက်ထဲတွင် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြင့် တစ် ဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ် ရပ်စဲထားသည် ဆိုသော်လည်း တခြားတဖက်တွင် စစ်ကောင်စီသည် နိုင်ငံရေးနှင့် စစ်ရေးတွင် အသာစီးယူ လွှမ်းမိုးထား လိုသော ၎င်းတို့၏မူလ ရည်ရွယ်ချက်အ တိုင်း နိုင်ငံရေးအရ အာဏာသိမ်းမှုနှင့် စစ်ရေးပြင်ဆင်မှုများကို တပြိုင်တည်း ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရသည်” ဟု ပါရှိသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေး တင်း မာမှုများနှင့် တိုက်ပွဲများကြောင့် မတ်လ (၂၇) ရက်မှ စတင်၍ စစ်သား နှင့် အရပ်သား မခွဲခြားဘဲ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်သေကြေခဲ့ရုံသာမက စစ်ဘေး ဒုက္ခသည် တစ် သောင်းကျော်သည် တော၊ တောင်များအတွင်း လှည့်လည် တိမ်းရှောင်နေမှုများကို ကြားသိရသည့် အတွက် လည်း အထူးဝမ်းနည်းမိကြောင်းနှင့် ညအချိန်တွင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးများ အပါအ ဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန်၊ အန္တရာယ်ပြုရန်၊ အကြမ်းဖက်ရန် အားထုတ်သော တရားမဝင် အာ ဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ် အား ပြင်းထန်စွာ ရှုံ့ချသည်ဟု CRPH က ဆိုသည်။

ထိုအနေအထားများကြောင့် မြန်မာပြည်သူများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ မိသားစုများ အနေ ဖြင့် စစ်ကြောင့်ထိခိုက် ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ပါရန် CRPH က မေတ္တာရပ်ခံထားသည်။

ထို့အပြင် KNU တပ်မဟာ ၅ ၏ မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည့် ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထု နှင့် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည် အာဏာကို တရား မဝင်သိမ်း ယူထား သော မြန်မာတပ်မတော်၏ ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး ကျွန်ုပ်တို့၌ အခြား ရွေးချယ်စရာလမ်း မရှိတော့ပါ ဟူ သော ဖော်ပြချက်အပေါ်တွင်လည်း ကောင်းစွာနားလည်သဘောပေါက်ပါ သည် ဟု CRPH ၏ ထုတ်ပြန်ချက်ထဲ တွင် တွေ့ရသည်။

ထို့ကြောင့် လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှု ကျူးလွန်လျက်ရှိသည့် စစ်အုပ်စုအား ဆန့်ကျင်ရေးနှင့် ဖက်ဒ ရယ်ဒီမိုက ရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်ရွယ်လျက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ သည် ညီနောင် တိုင်းရင်းသား အင်အားစုများ အားလုံးနှင့် လက်တွဲ ကြိုးပမ်းသွား မည်ဟု CRPH က ပြောသည်။

http://www.nmg-news.com/2021/04/02/13427

No comments:

Post a Comment