မြဝတီမြို့တွင် CDM လှုပ်ရှားမှု၌ ပါဝင်သည့် ကျောင်းအုပ်ဆရာမတစ်ဦး အဖမ်းခံရ
April 24, 2021 145
ဧပြီလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ငြိမ်းချမ်းစွာ အာဏာဖီဆန်မှု -CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ကရင် ပြည်နယ် မြဝတီမြို့နယ်မှ အလယ်တန်းကျောင်းအုပ် ဆရာမကြီး တစ်ဦးအား စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ယမန်နေ့ (ဧပြီလ ၂၃ ရက်) ၊ ညနေ ၃ နာရီအချိန်ခန့်က မြဝတီမြို့နယ် အ.လ.က ထီးကော်ထော် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဝင်းထိုက်သည် အမှတ် ၄ ရပ်ကွက် ကံ့ကော်တစ်ထောင်ဘုရား အနီး ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် တိမ်းရှောင်နေစဉ် စစ်ကားနှင့်ရဲကားများမှ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု Myawaddy Teacher Association Page တွင် ဖော်ပြထားသည်။
အဆိုပါ ကျောင်းအုပ်ဆရာမကြီး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အခမဲ့ ဥပဒေအကူအညီပေးလျက်ရှိသော မြဝတီမြို့ ပြည်သူ့ရှေ့နေများ အဖွဲ့ထံ ယခုအချိန်ထိတော့ အကူအညီတောင်းခံထားခြင်း မရှိသေးကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။
“ထီးကော်ထော် အလယ်တန်းကျောင်းအုပ်ဆရာမကြီး အဖမ်းခံရတဲ့ သတင်း ကျမတို့ဆီတော့ မရောက်သေးဘူး။ သူတကယ်အဖမ်းခံရတယ်ဆိုရင်တော့ လာမယ့် တနင်္လာနေ့ တရားရုံးဖွင့်ချိန် ချုပ်ရီမန်ယူ ရုံးထုတ်ပါလိမ့်မယ်”ဟု မြဝတီမြို့ ပြည်သူ့ရှေ့နေများအဖွဲ့ မှ ရှေ့နေတစ်ဦးက သုံးသပ် ပြောကြားသည်။
http://kicnews.org/2021/04/%e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%bc%e1%80%84%e1%80%b9-cdm-%e1%80%9c%e1%82%88%e1%80%95%e1%80%b9%e1%80%9b%e1%80%bd%e1%80%ac/
No comments:
Post a Comment