Friday, April 23, 2021

ရေယာဉ်ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်နှင့် ထိုင်းစစ်တပ်တွေ့ဆုံ

 ရေယာဉ်ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်နှင့် ထိုင်းစစ်တပ်တွေ့ဆုံ

April 24, 2021 185


ဧပြီ ၂၄ ရက် ၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ


ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ထိုင်းစစ်တပ်ရေယာဉ်တစ်စင်းကို စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ ယနေ့ (ဧပြီ ၂၄) နံနက်က နှစ်ဖက်တပ်များအကြား မိနစ်အနည်းငယ်ကြာ တွေ့ဆုံမှုပြုလုပ်ခဲ့သည့်ဟု ထိုင်းစစ်တပ်နှင့် နီးစပ်သူများက ပြောသည်။


ပြီးခဲ့သည့် မတ်လ ၂၂ရက်နေ့က ထိုင်း-မြန်မာနယ်ခြားမြစ်ဖြစ်သော သံလွင်မြစ်အတွင်း ဖြတ်သန်းမောင်းသွားသည့် နယ်ခြားစောင့် ထိုင်းရဲများ တင်ဆောင်လာသည့် ရေယာဉ်တစ်စီးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် ယခုလို ထိုင်းစစ်တပ်က မယ်ခါးထာတပ်စခန်းသို့ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


အဆိုပါ နှစ်ဘက်စစ်တပ်တွေ့ဆုံမှုတွင် ထိုင်းစစ်တပ် ရေယာဉ်ပစ်ခတ်ခံရမှုကိစ္စအပြင် စစ်ကောင်စီတပ်အတွက် ရိက္ခာသယ်ယူပို့ဆောင်ရေးကိစ္စနှင့် နယ်စပ်လုံခြုံရေးကိစ္စများကို ပြောဆိုခဲ့သည်ဟု ယုံကြည်ရကြောင်း ဒေသခံများက ပြောဆိုခဲ့ကြသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြု၍ မရရှိပေ။

http://kicnews.org/2021/04/%e1%80%b1%e1%80%9b%e1%80%9a%e1%80%ac%e1%80%a5%e1%80%b9%e1%80%95%e1%80%85%e1%80%b9%e1%80%81%e1%80%90%e1%80%b9%e1%80%81%e1%80%b6%e1%80%9b%e1%80%99%e1%82%88%e1%82%8f%e1%80%bd%e1%80%84%e1%80%b7%e1%80%b9/

No comments:

Post a Comment