Saturday, April 24, 2021

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တိုက်ပွဲဲများ ရက်ဆက်ဖြစ်ပွားမှုကြောင့် ကျေးရွာ ၁၀ ရွာမှ လူ ၅၀၀၀ ကျော် ဗန်းမော်မြို့နယ်သို့ ထွက်ပြေး

 ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တိုက်ပွဲဲများ ရက်ဆက်ဖြစ်ပွားမှုကြောင့် ကျေးရွာ ၁၀ ရွာမှ လူ ၅၀၀၀ ကျော် ဗန်းမော်မြို့နယ်သို့ ထွက်ပြေး

NEWS


PUBLISHED 25 APRIL 2021 ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေသဖြင့် ကျေးရွာ ၁၀ ရွာမှ လူ ၅၀၀၀ ကျော် ဗန်းမော်မြို့နယ် သို့ ထွက်ပြေးခဲ့ရပြီး နေထိုင်ရေးခက်ခဲနေကြောင်း ဒေသခံများက ပြောကြားသည်။


မိုးမောက်မြို့နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်နှင့် ဗန်းမော်မြို့အဝင်တွင် ကေအိုင်အေနှင့် တပ်မတော်တို့ ဧပြီ ၁၀ ရက်နောက် ပိုင်းမှစတင်ကာ တိုက်ခိုက်မှုများပြင်းထန်နေခြင်းကြောင့် မြို့သစ်၊ မင်းဂျမ်း၊ ကုန်းလော၊ နွယ်လန့်၊ နောင်ချိုစသည့်ကျေးရွာ ၁၀ ရွာ ကျော်မှာ ဗန်းမော်မြို့နှင့် မိုးမောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူ ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အတွင်းရေးမှူး (ကချင်ပြည်နယ်) စိုင်းကျော်သီဟက ဆိုသည်။


၎င်းက “ပစ်ခတ်တာတွေက ဧပြီ ၁၀ ရက် ကနေ စပြင်းထန်တာပါ။ သေဆုံးခဲ့တာလေးဦး ရှိတယ်။ အဓိကတော့ မိုးမောက်မြို့နဲ့ ဒေါ့ ဖုန်းယန်မြို့ကြားမှာ ပစ်နေကြတာ။ ဒီနေ့ (ဧပြီ ၂၄ ရက်) တော့ မြို့သစ် ရဲစခန်းကုန်းဘက်မှာ လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ပါ ပစ်နေ တာ သိရတယ်။ဗန်းမော်မြို့အဝင် တက္ကသိုလ် သွားတဲ့လမ်းဘက်က နန့်ဖားမှာ ဒီနေ့ညနေပိုင်း မှာ အခုပစ်နေတယ်။ အခု စစ်ရှောင်တွေက လူ ၅၀၀၀ ဝန်းကျင်ရှိသွားပြီ။ ရှမ်းအများစုက ဆွေမျိုးအိမ်မှာ၊ နီးစပ်ရာ ဘုန်းကြီးကျောင်း ၂၀ လောက်မှာ နေကြတယ်။ တချို့ကျောင်း တွေက လူ ၁၀၀၀ ကျော်လောက်အထိ ရှိနေ တာ။ နေထိုင်ရတာ၊ အိပ်ရတာ၊စားသောက် ရေးဘယ်ဘက်ကမှ အဆင်မပြေဘူး။ လက် လှမ်းမီသလောက် ကူညီကြတဲ့အဖွဲ့တွေ ရှိ တယ်။ အစိုးရတို့ ၊နိုင်ငံတကာတို့လည်း မြစ် ကြီးနား-ဗန်းမော်လမ်းကြောင်းမလုံခြုံလို့ လားမသိဘူး။ လာတာမတွေ့ဘူး။ ကျေးရွာ တွေမှာလည်း ကျွဲ၊ နွားတွေ မိုင်းနင်းတာတွေ ရှိနေတယ်။ အခုလို ရေရှည်ရင် ဒီကလူတွေက ရပ်တည်ဖို့ လုံးဝမလွယ်ဘူး” ဟု ဆိုသည်။


နိုင်ငံရေးအခြေအနေပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကချင်ပြည်နယ်တွင် မတ် ၁၁ ရက်တွင် ဖားကန့် ဇယ်ဇင်းဒေသ၊ မတ် ၁၂ ရက်တွင် ကာမိုင်းဒေသ၊ မတ် ၁၅ ရက်တွင် တနိုင်း လီဒိုလမ်းပိုင်းနှင့် မတ် ၁၅ ရက်နှင့် ၁၆ ရက်များတွင် မြစ်ဆုံအထက်ပိုင်း ဒေသများ နှင့် ဒေါ့ဖုန်းယန်းမြို့နယ်ခွဲတို့တွင်   ပစ်ခတ်မှု များဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

https://news-eleven.com/article/207272

No comments:

Post a Comment