အင်းစိန်မြို့နယ် ပေါက်တောဝ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးအနီး အသံဗုံး ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွား
NEWS
PUBLISHED 25 APRIL 2021
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပေါက်တောဝရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီးတွင် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက အသံဗုံး ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၂ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါရှိ အုပ်ချုပ်ရေးမှုးရုံး အနီးတွင် အသံဗုံးသုံးလုံးပေါက်ကွဲခဲ့ခြင်းဟု အနီးနေသူတစ်ဦးထံမှ သိရသည်။
“အုပ်ချုပ်ရေးမှုးရုံးဘေးနားက လမ်းထိပ်မှာ ပေါက်သွားတာ။အသံဗုံးပါ” ဟု အဆိုပါ ရုံးအနီးနေသူတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
“လူထိခိုက်ရတာတော့ မရှိဘူး။အရမ်းကြီးကြီးမားမား ပျက်ဆီးတာလည်း မရှိပါဘူး” ဟု အဆိုပါနေရာအနီးနေ သူတစ်ဦးက ပြောကြားသည်။
https://news-eleven.com/article/207282
No comments:
Post a Comment