Saturday, April 24, 2021

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ချီဖွေနှင့် ပန်ဝါမြို့ကြားတွင် မြေရှားသတ္တု ပိုမိုခိုးတူးမှုများ ရှိနေ

 မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ချီဖွေနှင့် ပန်ဝါမြို့ကြားတွင် မြေရှားသတ္တု ပိုမိုခိုးတူးမှုများ ရှိနေ

NEWS


PUBLISHED 25 APRIL 2021 ထွန်းလင်းအောင် (မြစ်ကြီးနား)

နိုင်ငံရေးအပြောင်းအလဲကာလတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၌ မြေရှားသတ္တု ပိုမိုခိုးတူးလာကြောင်း ဒေသခံများနှင့်  သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများက ပြောကြားသည်။

ချီဖွေနှင့်ပန်ဝါမြို့ကြားတွင် တူးဖော်နေကြခြင်းဖြစ်ပြီး တရားဝင်ရော တရားမဝင်ပါ အလွန်အကျွံတူးဖော်နေသည်ကို ဒေသခံများက စိုးရိမ်နေကြောင်း  ချီဖွေ ဒေသခံတစ်ဦးက ဆိုသည်။


အဆိုပါ ချီဖွေမြို့ဒေသခံက “အခုတူးနေကြတာ အစစ်အဆေးမရှိ။ တာဝန်ယူ၊တာဝန်ခံမယ့်လူမရှိတော့ တူးချင်သလိုတူး ကြတော့တာ။  နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင် အရင်က ဂါလန် ၃၀၀၀ ဆံ့ ဆီကားက တစ်ရက်မှ နှစ်စီး သုံးစီးရှိတာ အခု ၁၀ စီးကျော်တက်တယ်။ အလုပ်သမားတွေလည်း သောင်းဂဏန်းဖြစ်နေပြီ။ မြေရှားမှ မဟုတ်ဘူး အခြား ရွှေတွေ ၊အလှဆင်ကျောက်တွေကိုလည်း  ပို ပြီးတူးနေကြတာပဲ။ တရားဝင်ကုမ္ပဏီတွေကလည်း စမ်းသပ်တူးဖော်ဆိုပြီး ပြထားပေမဲ့ စမ်းသပ်တူးဖော်မဟုတ်ဘူး။ စီးပွားဖြစ်တွေချည်း ထုတ်နေကြတော့တာ။ ဒေသက ရွာတွေက ရေဒုက္ခရောက်တာပေါ့။ သုံးရေတွေကို တောင် ပေါ်ကနေ ဆွဲချတဲ့အခါ လုပ်ကွက်က အဲဒီမှာ ရောက်တယ်။ တောင်ကျချောင်းရေတွေက အိမ်မွေးတိရစ္ဆာန်တွေအတွက် သောက်ဖို့မ သင့်တော်တော့ဘူး။ ချီဖွေချောင်းတစ်ချောင်းလုံးပဲ” ဟု ပြောကြားသည်။


ကချင်ပြည်နယ် ချီဖွေမြို့နှင့် ပန်ဝါမြို့ကြား  ၁၅ မိုင်ဝန်းကျင်တွင် တောင်များကို အပေါက်များဖောက်၍ သတ္တုရည်များလောင်း ထည့်ကာအတွင်းမှ ရှားပါးသတ္တုများကို စုပ်ယူနေခြင်းဖြစ်ကြောင်း  ရှအစ် ကချင်လူမှုအဖွဲ့အစည်းနှင့် လောင်ဗျစ်ခေါင်ဒေသအဖွဲ့အစည်းတို့က ကွင်းဆင်းတွေ့ရှိများကို ၂၀၁၉ ခုနှစ်က ရှင်းလင်းပြောကြားထားသည်။


သတ္တုတူးဖော်နေသည့် ၁၅ မိုင် ပတ်လည်တွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး ချောင်းရေ မှာ အန္တရာယ်ရှိနေသည့် အနေအထားဖြစ်သဖြင့် ဒေသခံလူထုများ၊တိရစ္ဆာန်များအတွက် ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ရေနေသတ္တဝါများ ပျောက်ကွယ်သည့် အဆင့်ဖြစ်နေကြောင်း ပြောကြားသည်။ သတ္တုများတူးဖော်နေသည့် ချောင်းများသည် မေခမြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်နေပြီး ယင်းမြစ်မှတစ်ဆင့် ဧရာဝတီမြစ်အတွင်း စီးဝင်နေသည်။


မြေရှားသတ္တုနှင့်ပတ်သက်၍  ကချင်ပြည်နယ်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (KCWG) မှ ဦးဘရန်အောင်က “ကျွန် တော်တို့နိုင်ငံမှာ သတ္တုတွေနဲ့ပတ်သက်ရင် တိကျတဲ့မူဝါဒမရှိဘူး။ မြေရှားသတ္တုတွေကို နေပြည်တော်က တရားဝင်တူးခွင့်တော့ပေးတယ်။ စျေးကွက်မူမရှိဘူး။ နောက်ပြီး ကမ္ဘာ မှာ မြေရှားသတ္တုကို တရုတ်က အများဆုံးထွက်နေတယ်ဆိုပြီး မှတ်တမ်းတွေကပြောနေ တယ်။ တကယ်ရော တရုတ်က ဒီလောက်ထွက်နေလို့လားဆိုတာ မေးစရာရှိတယ်။ အခုကာလမှာ အလွန်အကျွံတူးတာက ဆိုးကျိုးတွေက  ဘယ်လိုလာမလဲ မခန့်မှန်းနိုင်အောင် ရှိနေပါတယ်။ ဘယ်ကာလမှာဖြစ်ဖြစ် သယံဇာတကို ထုတ်ယူသုံးစွဲသူဟာ ပတ်ဝန်းကျင်ပျက်စီးမှု နည်း၊ ကိုယ်ကျိုးစီးပွားလည်းဖြစ်တဲ့နည်းကို သုံးစေချင်တယ်” ဟု ပြောကြားသည်။

https://news-eleven.com/article/207273

No comments:

Post a Comment